ဟူဒ် · 7/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
وَهُوَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ وَكَانَ عَرْشُهُ عَلَى الْمَاءِ لِيَبْلُوَكُمْ أَيُّكُمْ أَحْسَنُ عَمَلًا ۗ وَلَئِن قُلْتَ إِنَّكُم مَّبْعُوثُونَ مِن بَعْدِ الْمَوْتِ لَيَقُولَنَّ الَّذِينَ كَفَرُوا إِنْ هَٰذَا إِلَّا سِحْرٌ مُّبِينٌ ۝٧
Wa Huwal lazee khalaqas samaawaati wal alrda fee sittati aiyaaminw wa kaana `Arshuhoo alal maaa`i liyablu wakum aiyukum ahsanu `amalaa; wa la`in qulta innakum mab`oosoona mim ba`dil mawti la yaqoolanal lazeena kafaroo in haazaaa illaa sihrum mubeen
📖 မြန်မာဘာသာ
၎င်းပြင် ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ခြောက်ရက်တွင် ဖန်ဆင်းတော်မူခဲ့လေသည်။ စင်စစ်သော်ကား (ထိုမိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းတော်မမူမီက) ထိုအရှင်မြတ်၏ (အရ်ရှ်)ပလ’င်တော်သည် ရေပေါ်၌ ရှိခဲ့လေသည်။ (ယင်းကဲ့သို့ မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ မိုးနှင့်မြေစပ်ကြားဝယ် ရှိရှိသမျှသောသက်ရှိ သက်မဲ့တို့ကိုလည်းကောင်း၊ ဖန်ဆင်းတော် မူခြင်းကား)ထိုအရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှာဖြစ်ပေသည်။ အမှန်သော်ကား အကယ်၍ အသင်သည် (လူများအား) ဧကန်စင်စစ် အသင်တို့သည်သေပြီးနောက် ရှင်ပြန်ထကြရမည့်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ပါလျှင် (၎င်းတို့အနက်) ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ကထင်ရှားလှစွာသော စုန်းပယောဂ အတတ်မျှပင် ဖြစ်သည်ဟူ၍ပြောဆိုကြမည်မှာ ဧကန်မလွဲတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • السَّمَاوَاتِ (အစ်စမာဝါးသ်): မိုးကောင်းကင်များ၊ ကောင်းကင်ဘုံများ
  • الْأَرْضَ (အလ်အရ်ဒ်): မြေကြီး
  • سِتَّةِ أَيَّامٍ (သိသ်သတိ အယျာမ်): ခြောက်ရက်
  • عَرْشُهُ (အရ်ရှုဟု): အလ္လာဟ်အရှင်မြတ်၏ ပလ္လင်တော် (အရ်ရှ်)
  • الْمَاءِ (အလ်မာအ်): ရေ
  • لِيَبْلُوَكُمْ (လိယဗ်လုဝကုမ်): သင်တို့ကို စမ်းသပ်ရန်၊ စစ်ဆေးရန်
  • أَحْسَنُ عَمَلًا (အဟ်စနု အမာလန်): အကျင့်အကောင်းဆုံး၊ လုပ်ရပ်အကောင်းဆုံး
  • مَبْعُوثُونَ (မဗ်အူးသွန်န): ရှင်ပြန်ထမြောက်ခြင်းခံရမည့်သူများ
  • سِحْرٌ مُّبِينٌ (သိဟ်ရုန် မုဗီးန်): ထင်ရှားသော မှော်ပညာ၊ ရှင်းလင်းသော မှော်အတတ်
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေကြီးကို ခြောက်ရက်အတွင်း ဖန်ဆင်းတော်မူခဲ့သော အရှင်ဖြစ်တော်မူသည်။ ထိုမိုးကောင်းကင်များနှင့် မြေကြီးကို မဖန်ဆင်းမီ အရှင်မြတ်၏ ပလ္လင်တော်သည် ရေပေါ်တွင် တည်ရှိတော်မူခဲ့သည်။ အရှင်မြတ်သည် ဤအရာများကို အလဟဿ ဖန်ဆင်းတော်မူခဲ့ခြင်း မဟုတ်ဘဲ၊ လူသားတို့အနက် မည်သူက အကျင့်အကောင်းဆုံးဖြင့် ပြုမူကျင့်ကြံသည်ကို စမ်းသပ်စစ်ဆေးတော်မူရန်အတွက် ဖြစ်သည်။ ထိုစမ်းသပ်မှုသည် လူတို့၏ လုပ်ရပ်များထဲမှ အရှင်မြတ်နှစ်သက်တော်မူသော၊ အရှင်မြတ်၏ ရစူလ်တမန်တော် သွန်သင်ပြသခဲ့သည့်အတိုင်း လိုက်နာကျင့်သုံးသော၊ အရှင်မြတ်အတွက်သာ သီးသန့်ပြုလုပ်သော အကျင့်အကောင်းဆုံးကို မည်သူပြုလုပ်သည်ကို ခွဲခြားသိရှိစေရန် ဖြစ်သည်။

အို တမန်တော်မုဟမ္မဒ်၊ အကယ်၍ သင်သည် ဤမယုံကြည်သူများအား "သင်တို့သည် သေဆုံးပြီးနောက် အမှန်ပင် ရှင်ပြန်ထမြောက်ခြင်းခံရမည်" ဟု ပြောဆိုခဲ့လျှင် သူတို့သည် ချက်ချင်းပင် ငြင်းပယ်လျက် "ဤကျမ်းတော်မြတ်ကုရ်အာန်သည် ထင်ရှားသော မှော်ပညာမှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်" ဟု ဆိုကြမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို ဖန်ဆင်းနိုင်သော တန်ခိုးတော်ရှင်ဖြစ်ကြောင်း သိရှိစေသည်။ မိုးကောင်းကင်နှင့် မြေကြီးကဲ့သို့ ကြီးမားလှသော အရာများကို ခြောက်ရက်အတွင်း ဖန်ဆင်းတော်မူခဲ့ခြင်းသည် အရှင်မြတ်၏


📜 အာယာသ် 5-9 — စူရာ ဟူဒ်

5أَلَا إِنَّهُمْ يَثْنُونَ صُدُورَهُمْ لِيَسْتَخْفُوا مِنْهُ ۚ أَلَا حِينَ يَسْتَغْشُونَ ثِيَابَهُمْ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
သတိပြုကြလေကုန်၊ ဧကန်မလွဲ ၎င်းတို့သည်(မိမိတို့၏စကားများကို) အလ္လာဟ်အရှင်မြတ်အပေါ် ၌လျှို့ဝှက်ဖုံးအုပ်နိုင်ကြရန် မိမိတို့၏ ရင်ဘတ်စိတ်ကို ခေါက်ကြလေသည်။ သတိပြုကြလေကုန်။ ထိုသူတို့သည် မိမိတို့၏အဝတ်အထည်များကို လွှမ်းခြုံကြသောအခါ(၌လည်း)ထိုအရှင်မြတ်သည် ထိုသူတို့ ဖုံးကွယ်ထားကြသည်များ ကိုလည်းကောင်း၊ ယင်းသူတို့ ထင်ရှားစေကြသည်များကိုလည်းကောင်း၊သိရှိတော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စတ်နှလုံးအတွင်း ကိန်းအောင်းလျက်ရှိသည်တို့ကို အကြွင်းမဲ့ သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
6۞ وَمَا مِن دَابَّةٍ فِي الْأَرْضِ إِلَّا عَلَى اللَّهِ رِزْقُهَا وَيَعْلَمُ مُسْتَقَرَّهَا وَمُسْتَوْدَعَهَا ۚ كُلٌّ فِي كِتَابٍ مُّبِينٍ
အမှန်သော်ကား ကမ္ဘာမြေဝယ် ရှိရှိသမျှသော(သွားလာသော)သက်ရှိသတ္တဝါအပေါင်းတို့ကို စားနပ်ရိက္ခာပေးသနားတော်မူ ရန် အလ္လာဟ်အရှင်မြတ်အပေါ်၌တာဝန်ဖြစ်ပေသည်။ (ဝါ)မိမိ ကိုယ်တော်တိုင် တာဝန်ယူထားတော်မူပေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းသတ္တဝါများ၏ တာရှည်နေထိုင်ရာဌာနများကိုလည်းကောင်း၊ ခေတ္တနေထိုင်ရာဌာနများကိုလည်းကောင်း၊ သိရှိတော်မူပေသည်။ အလုံးစုံတို့ကား ထင်ရှားလှစွာသော(မှတ်တမ်း)တွင်(လည်းရေးသားပြီး) ရှိနေ၏ပေသတည်း။
7وَهُوَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ وَكَانَ عَرْشُهُ عَلَى الْمَاءِ لِيَبْلُوَكُمْ أَيُّكُمْ أَحْسَنُ عَمَلًا ۗ وَلَئِن قُلْتَ إِنَّكُم مَّبْعُوثُونَ مِن بَعْدِ الْمَوْتِ لَيَقُولَنَّ الَّذِينَ كَفَرُوا إِنْ هَٰذَا إِلَّا سِحْرٌ مُّبِينٌ
၎င်းပြင် ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ခြောက်ရက်တွင် ဖန်ဆင်းတော်မူခဲ့လေသည်။ စင်စစ်သော်ကား (ထိုမိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းတော်မမူမီက) ထိုအရှင်မြတ်၏ (အရ်ရှ်)ပလ’င်တော်သည် ရေပေါ်၌ ရှိခဲ့လေသည်။ (ယင်းကဲ့သို့ မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ မိုးနှင့်မြေစပ်ကြားဝယ် ရှိရှိသမျှသောသက်ရှိ သက်မဲ့တို့ကိုလည်းကောင်း၊ ဖန်ဆင်းတော် မူခြင်းကား)ထိုအရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှာဖြစ်ပေသည်။ အမှန်သော်ကား အကယ်၍ အသင်သည် (လူများအား) ဧကန်စင်စစ် အသင်တို့သည်သေပြီးနောက် ရှင်ပြန်ထကြရမည့်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ပါလျှင် (၎င်းတို့အနက်) ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ကထင်ရှားလှစွာသော စုန်းပယောဂ အတတ်မျှပင် ဖြစ်သည်ဟူ၍ပြောဆိုကြမည်မှာ ဧကန်မလွဲတည်း။
8وَلَئِنْ أَخَّرْنَا عَنْهُمُ الْعَذَابَ إِلَىٰ أُمَّةٍ مَّعْدُودَةٍ لَّيَقُولُنَّ مَا يَحْبِسُهُ ۗ أَلَا يَوْمَ يَأْتِيهِمْ لَيْسَ مَصْرُوفًا عَنْهُمْ وَحَاقَ بِهِم مَّا كَانُوا بِهِ يَسْتَهْزِئُونَ
၎င်းပြင် အကယ်၍ ငါအရှင်မြတ်သည် ပြစ်ဒဏ်ကို ၎င်းတို့အပေါ်မှ ရေတွက်(သတ်မှတ်) ထားပြီးဖြစ်သောအချိန်ကာလတိုင်အောင် ရွှေ့ဆိုင်း၍ထားတော်မူခဲ့ပါလျှင် ၎င်းတို့သည် ထိုပြစ်ဒဏ်ကို မည်သည့်အရာက ချုပ်၍ထားဘိသနည်းဟူ၍ မုချပြောဆိုကြလေသည်။ သတိပြုကြလေကုန်၊ထိုပြစ်ဒဏ် သည် ၎င်းတို့ထံ ရောက်ရှိလာမည့်နေ့တွင် ၎င်းတို့အပေါ်မှ လွှဲဖယ်သွားမည်မဟုတ်ပေ။ ထို့ပြင် ၎င်းတို့ ပြက်ချော်ပြောင်လှောင်လျက် ရှိကြကုန်သော ပြစ်ဒဏ်သည် ၎င်းတို့အားဝိုင်းဝန်း၍ ထားရှိပေမည်။
9وَلَئِنْ أَذَقْنَا الْإِنسَانَ مِنَّا رَحْمَةً ثُمَّ نَزَعْنَاهَا مِنْهُ إِنَّهُ لَيَئُوسٌ كَفُورٌ
စင်စစ်သော်ကား အကယ်၍ ငါအရှင်မြတ်သည် မနုဿလူသားများကို မိမိအထံတော်မှ ကရုဏာ တော်၏ရသကို မြည်းစမ်းစေတော်မူပြီးနောက် ငါအရှင်မြတ်သည် ယင်းမနုဿလူသားထံမှ ထိုကရုဏာတော်ကို ရုပ်သိမ်းတော်မူခဲ့ပါလျှင်၊ ဧကန်မလွဲ ထိုမနုဿလူသားသည် မျှော်လင့်ချက်ကင်းမဲ့သူများ၊ လွန်စွာကျေးဇူးတော်ကိုမသိတတ်သူများ ဖြစ်သွားတတ်ကြကုန်သတည်း။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
7အာယာသ်

ဘာသာပြန် — ဟူဒ် 7

စူရာ ဟူဒ် အာယာသ် 7 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ခြောက်ရက်တွင် ဖန်ဆင်းတော်မူခဲ့လေသည်။ စင်စစ်သော်ကား (ထိုမိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းတော်မမူမီက) ထိုအရှင်မြတ်၏…

စူရာ အာယာသ် 7/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 5–9. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers