အီဗ်ရာဟီမ် · 30/52
ဘာသာပြန် အသံနိုင်ငံ — စူရာ အီဗ်ရာဟီမ်
وَجَعَلُوا لِلَّهِ أَندَادًا لِّيُضِلُّوا عَن سَبِيلِهِ ۗ قُلْ تَمَتَّعُوا فَإِنَّ مَصِيرَكُمْ إِلَى النَّارِ ۝٣٠
Wa ja`aloo lillaahi andaadal liyudilloo `an sabeelih; qul tamatta`oo fa innaa maseerakum ilan Naar
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့ကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးတို့ကိုလည်းကောင်း၊) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ လွဲစေအံ့သောငှာ ထိုအရှင်မြတ်၏ ဂုဏ်ရည်တူများကို ပြုလုပ်ခဲ့ကြကုန်၏။(မှတ်ယူခဲ့ကြကုန်၏)။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား အချင်းတို့) အသင်တို့သည်(ဤလောကီဘဝ၌အနည်းငယ်)အကျိုးခံစားကြလေကုန်(နောက်ဆုံး)စခန်းသည် ငရဲမီး၌ပင်ဖြစ်ပေသည်ဟုပြောကြားပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ—

  • أَندَادًا (အန်ဒါဒန်) — ဤစကားလုံးသည် نِدّ (နိဒ်) ၏ အများကိန်းဖြစ်ပြီး "တူမျှသောအရာများ၊ ပြိုင်ဘက်များ၊ အလားတူဖက်တွဲများ" ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်နှင့် တူမျှသည်ဟု ယူဆ၍ ကိုးကွယ်သော ရုပ်တုများ၊ ဘုရားများကို ဆိုလိုသည်။
  • سَبِيلِهِ (စဗီလိဟိ) — "အရှင်မြတ်၏ လမ်းစဉ်" ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်သည့် တောင်ဟီးဒ် (توحيد) လမ်းစဉ်ကို ဆိုလိုသည်။
  • تَمَتَّعُوا (တမသ်သအူ) — "ခံစားကြလော့၊ အသုံးချကြလော့" ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် သတိပေးသည့် သဘောဖြင့် "လောကီအကျိုးခံစားမှုများကို ခေတ္တခံစားကြလော့" ဟု ဆိုလိုသည်။
  • مَصِيرَكُمْ (မ ဆီးရကူမ်) — "သင်တို့၏ ပြန်လည်ရောက်ရှိရာနေရာ၊ အဆုံးသတ်ရောက်ရှိရာနေရာ" ဟု အဓိပ္ပာယ်ရသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်—

ဤကာဖိရ် (မယုံကြည်သူ) များသည် အလ္လာဟ်အရှင်မြတ်အတွက် တူမျှဖက်တွဲများကို ဖန်တီးပြုလုပ်ကြပြီး ထိုအရာများကို အရှင်မြတ်နှင့်အတူ ကိုးကွယ်ကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ လူသားများကို အရှင်မြတ်၏ တောင်ဟီးဒ်လမ်းစဉ်မှ လမ်းလွဲစေရန်နှင့် အမှန်တရားလမ်းစဉ်မှ ဖယ်ခွာစေရန်ဖြစ်သည်။ သူတို့ကိုယ်တိုင်လည်း ထိုလမ်းစဉ်မှ လမ်းလွဲနေကြပြီး အခြားသူများကိုပါ လမ်းလွဲစေကြသည်။

ထိုအခါ အို—တမန်တော်မုဟမ္မဒ်(ဆွ)၊ သူတို့အား ပြောလိုက်ပါ— "သင်တို့သည် ဤလောကီဘဝတွင် မိမိတို့၏ ကာမဂုဏ်ခံစားမှုများ၊ စည်းစိမ်ဥစ္စာများနှင့် မှားယွင်းသော အတွေးအခေါ်များဖြင့် ခေတ္တခဏ ခံစားကြလော့။ ဤလောကီဘဝသည် အလွန်လျင်မြန်စွာ ကုန်ဆုံးသွားမည်ဖြစ်သည်။ သင်တို့၏ အဆုံးသတ်ရောက်ရှိရာနေရာသည် ဂျဟန္နမ် (ငရဲမီး) သာလျှင် ဖြစ်သည်။ ထိုနေရာမှလွဲ၍ အခြားပြန်လည်ရောက်ရှိရာနေရာ သင်တို့အတွက် မရှိပါ။"

ဤသည်မှာ သတိပေးခြင်းနှင့် ခြိမ်းခြောက်ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က "သင်တို့အလိုရှိသည်ကို ပြုလုပ်ကြလော့" (ဆူရဟ် ဖုဆွိလသ် ၄၀) ဟု မိန့်တော်မူသကဲ့သို့ပင် ဖြစ်သည်။

၃။ ဤအာယသ်တော



📜 အာယာသ် 28-32 — စူရာ အီဗ်ရာဟီမ်

28۞ أَلَمْ تَرَ إِلَى الَّذِينَ بَدَّلُوا نِعْمَتَ اللَّهِ كُفْرًا وَأَحَلُّوا قَوْمَهُمْ دَارَ الْبَوَارِ
(အို-နဗီတမန်တော်၊) အသင်သည် အကြင်သူတို့အား မမြင်ခဲ့လေသလော။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို သွေဖည်ငြင်းပယ်မှုနှင့် လဲလှယ်ခဲ့ကြကုန်သည်။ ၎င်းပြင် ထိုသူတို့သည် မိမိတု့ိ၏ အမျိုးသားတို့ကိုပျက်စီးရာဌာနသို့ဆွဲချ သက်ဆင်းစေခဲ့ကြကုန်သတည်း။
29جَهَنَّمَ يَصْلَوْنَهَا ۖ وَبِئْسَ الْقَرَارُ
ဂျဟန္နမ်ငရဲဘုံသို့၊ ၎င်းတို့သည် ယင်းဂျဟန္နမ်ငရဲဘုံသို့ လားကြပေမည်။ စင်စစ်မှာမူကား ယင်းဂျဟန္နမ်ငရဲဘုံသည် အလွန်ဆိုးရွားလှသော ရပ်တည်ရာဌာနပင် ဖြစ်လေသတည်း။
30وَجَعَلُوا لِلَّهِ أَندَادًا لِّيُضِلُّوا عَن سَبِيلِهِ ۗ قُلْ تَمَتَّعُوا فَإِنَّ مَصِيرَكُمْ إِلَى النَّارِ
ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့ကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးတို့ကိုလည်းကောင်း၊) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ လွဲစေအံ့သောငှာ ထိုအရှင်မြတ်၏ ဂုဏ်ရည်တူများကို ပြုလုပ်ခဲ့ကြကုန်၏။(မှတ်ယူခဲ့ကြကုန်၏)။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား အချင်းတို့) အသင်တို့သည်(ဤလောကီဘဝ၌အနည်းငယ်)အကျိုးခံစားကြလေကုန်(နောက်ဆုံး)စခန်းသည် ငရဲမီး၌ပင်ဖြစ်ပေသည်ဟုပြောကြားပါလေ။
31قُل لِّعِبَادِيَ الَّذِينَ آمَنُوا يُقِيمُوا الصَّلَاةَ وَيُنفِقُوا مِمَّا رَزَقْنَاهُمْ سِرًّا وَعَلَانِيَةً مِّن قَبْلِ أَن يَأْتِيَ يَوْمٌ لَّا بَيْعٌ فِيهِ وَلَا خِلَالٌ
(အို- နဗီတမန်တော်) အသင်သည် သက်ဝင်ယုံကြည်ကြကုန်သော ငါအရှင်မြတ်၏ကျွန်များအား ထိုသူတို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြရမည်။ ထို့ပြင် ငါအရှင်မြတ်က ထိုသူတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သည့် ဥစ္စာပစ္စည်းများအနက်မှ အကြင်နေ့ မဆိုက်ရောက်မီ လျှို့ဝှက်စွာလည်းကောင်း၊ ထင်ရှားစွာလည်းကောင်း၊ ပေးကမ်းစွန့်ကြဲကြရမည်ဟု ပြောကြားပါလေ။ ထိုနေ့တွင် ကုန်သွယ်မှုသည်လည်းရှိလိမ့်မည်မဟုတ်ပေ။ မိတ်ဖွဲ့ရင်းနှီး ကျွမ်းဝင်မှုဟူ၍လည်းရှိလိမ့်မည်မဟုတ်ပေ။
32اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَأَنزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجَ بِهِ مِنَ الثَّمَرَاتِ رِزْقًا لَّكُمْ ۖ وَسَخَّرَ لَكُمُ الْفُلْكَ لِتَجْرِيَ فِي الْبَحْرِ بِأَمْرِهِ ۖ وَسَخَّرَ لَكُمُ الْأَنْهَارَ
အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် မိုးကောင်းကင်မှ ရေကိုချပေးတော်မူခဲ့လေသည်။ တစ်ဖန် ထိုအရှင်မြတ်သည် ထိုရေဖြင့် အသင်တို့အဖို့ သစ်သီးဝလံများကို ရိက္ခာအဖြစ်ထွက်စေတော် မူခဲ့လေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ရွက်သင်္ဘောများကို၊ထိုရွက်သင်္ဘောများသည် ထိုအရှင်မြတ်၏ အမိန့်တော်နှင့်ပင်လယ်သမုဒ္ဒရာ၌သွားလာအံ့သောငှာ၊ အသင်တို့၏အမိန့်ကိုလိုက်နာစေတော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ၊ မြစ်ချောင်းများကိုလည်း နိုင်နှင်းစေတော်မူခဲ့၏။
အီဗ်ရာဟီမ်ကုရ်အာန် ညွှန်းကိန်း
52အာယာသ်
MeccanRevelation
30အာယာသ်

ဘာသာပြန် — အီဗ်ရာဟီမ် 30

စူရာ အီဗ်ရာဟီမ် အာယာသ် 30 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့ကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးတို့ကိုလည်းကောင်း၊) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ လွဲစေအံ့သောငှာ ထိုအရှင်မြတ်၏ ဂုဏ်ရည်တူများကို ပြုလုပ်ခဲ့ကြကုန်၏။(မှတ်ယူခဲ့ကြကုန်၏)။ (အို-နဗီတမန်တော်)…

စူရာ အာယာသ် 30/52 — စူရာ အီဗ်ရာဟီမ် إبراهيم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အီဗ်ရာဟီမ် နားထောင်, စူရာ အီဗ်ရာဟီမ် ဘာသာပြန်, စူရာ အီဗ်ရာဟီမ် mp3, စူရာ အီဗ်ရာဟီမ် pdf. အာယာသ် 28–32. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers