အီဗ်ရာဟီမ် · 4/52
ဘာသာပြန် အသံနိုင်ငံ — စူရာ အီဗ်ရာဟီမ်
وَمَا أَرْسَلْنَا مِن رَّسُولٍ إِلَّا بِلِسَانِ قَوْمِهِ لِيُبَيِّنَ لَهُمْ ۖ فَيُضِلُّ اللَّهُ مَن يَشَاءُ وَيَهْدِي مَن يَشَاءُ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ ۝٤
Wa maaa arsalnaa mir Rasoolin illaa bilisaani qawmihee liyubaiyina lahum faiudillul laahu mai yashaaa`u wa yahde mai yashaaa`; wa Huwal `Azeezul Hakeem
📖 မြန်မာဘာသာ
စင်စစ်တစ်မူကား ငါအရှင်မြတ်သည် ရစူလ်တမန်တော်တိုင်းကို ယင်း ရစူလ်တမန်တော်၏ အမျိုးသားတို့(ပြောဆိုသုံးစွဲသော)ဘာသာစကားနှင့်သာ ၎င်းတို့အား ယင်းရစူလ်တမန်တော်က (ငါအရှင်မြတ်၏အမိန့်ပညတ်တော်များကို)ထင်ရှား စွာ ထုတ်ဖော်ပြောဆို ရှင်းလင်းပြနိုင်ခြင်းငှာ စေလွှတ်တော်မူခဲ့ပေသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား လမ်းမှား၌ပင် ထားရှိတော် မူလေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ပြတော်မူပေသည်။ စင်စစ်သော်ကား ထိုအရှင်မြတ် သည်သာလျှင် တန်ခိုးအာနုဘော်နှင့်လွှမ်းမိုးတော် မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
  • ရစူလ် (رَسُولٍ) — အလ္လာဟ်အရှင်မြတ်ထံတော်မှ လူသားများထံ သတင်းစကားနှင့် ဝဟီ (ဗျာဒိတ်တော်) ကို သယ်ဆောင်လာသော တမန်တော်။
  • လိစာန် (لِسَانِ) — ဘာသာစကား၊ လျှာ။
  • ကောင်မ် (قَوْمِهِ) — လူမျိုး၊ အမျိုးသားများ၊ တမန်တော်ကို စေလွှတ်ခံရသော လူ့အဖွဲ့အစည်း။
  • လိ-ယုဘိုင်ယိန (لِيُبَيِّنَ) — ရှင်းလင်းစွာ ရှင်းပြရန်၊ ထင်ရှားစေရန်။
  • ဖယုဒှိလ္လုလ္လာဟု (فَيُضِلُّ اللَّهُ) — အလ္လာဟ်အရှင်မြတ်သည် လမ်းမှားသို့ ရောက်စေတော်မူသည်၊ လမ်းမှားစေတော်မူသည်။
  • ယဟ်ဒီ (يَهْدِي) — လမ်းမှန်သို့ ညွှန်ပြတော်မူသည်၊ လမ်းညွှန်တော်မူသည်။
  • အလ်အဇီးဇ် (الْعَزِيزُ) — ဘုန်းတန်ခိုးတော်နှင့် ပြည့်စုံတော်မူသော၊ မည်သူမျှ အနိုင်မယူနိုင်သော။
  • အလ်ဟကီမ် (الْحَكِيمُ) — ဉာဏ်ပညာတော်နှင့် ပြည့်စုံတော်မူသော၊ အရာခပ်သိမ်းကို သင့်လျော်စွာ စီမံတော်မူသော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် မည်သည့်တမန်တော်ကိုမဆို သူ့လူမျိုး၏ ဘာသာစကားဖြင့်သာ စေလွှတ်တော်မူခဲ့သည်။ ဤသို့ စေလွှတ်တော်မူခြင်း၏ ရည်ရွယ်ချက်မှာ တမန်တော်သည် မိမိလူမျိုးထံ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များ၊ ဥပဒေသတ်မှတ်ချက်များနှင့် လမ်းညွှန်ချက်များကို ရှင်းလင်းပြတ်သားစွာ ရှင်းပြနိုင်ရန်အတွက်ဖြစ်သည်။ သို့မှသာ သူတို့ထံ သက်သေအထောက်အထား ပြည့်စုံလာမည်ဖြစ်သည်။ သို့သော် လူသားများကို ယုံကြည်ရန် အတင်းအကြပ် ခိုင်းစေတော်မူခြင်း မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် တရားမျှတမှုတော်ဖြင့် အရှင်မြတ် အလိုတော်ရှိသူကို လမ်းမှားသို့ ရောက်စေတော်မူသည်။ အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် အလိုတော်ရှိသူကို လမ်းမှန်သို့ ညွှန်ပြတော်မူသည်။ အရှင်မြတ်သည် အလွန်တန်ခိုးကြီးတော်မူသောအရှင်၊ မည်သူမျှ အနိုင်မယူနိုင်သောအရှင်၊ ဉာဏ်ပညာတော်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ အရှင်မြတ်သည် လမ်းမှားစေတော်မူခြင်း၊ လမ်းမှန်ညွှန်တော်မူခြင်း အားလုံးကို ဉာဏ်ပညာတော်နှင့်အညီသာ ပြုလုပ်တော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကို


📜 အာယာသ် 2-6 — စူရာ အီဗ်ရာဟီမ်

2اللَّهِ الَّذِي لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَوَيْلٌ لِّلْكَافِرِينَ مِنْ عَذَابٍ شَدِيدٍ
အကြင် အလ္လာဟ်အရှင်မြတ်(၏လမ်းသို့) မိုးကောင်းကင်များ၌ရှိကုန်သောအရာများသည်လည်းကောင်း၊ပထဝီမြေ၌ရှိကုန်သောအရာများသည်လည်းကောင်း၊ ထိုအရှင်မြတ်သာလျှင် စိုးပိုင်တော်မူသော အရာများပင်။ ကာဖိရ်သွေဖည်ငြင်းပယ်ကုန်သော သူတို့၌မူကား ပြင်းထန်သော ပြစ်ဒဏ်ရှိသည်။
3الَّذِينَ يَسْتَحِبُّونَ الْحَيَاةَ الدُّنْيَا عَلَى الْآخِرَةِ وَيَصُدُّونَ عَن سَبِيلِ اللَّهِ وَيَبْغُونَهَا عِوَجًا ۚ أُولَٰئِكَ فِي ضَلَالٍ بَعِيدٍ
အကြင်သူတို့သည် ပစ္စက္ခ မျက်မှောက်လောကီဘဝ၌ အသက်ရှင်ခြင်းကို တမလွန်ဘဝထက် သာပို၍ပင် မြတ်နိုးကြကုန်သည်။ ထိုမှတစ်ပါး ၎င်းတို့သည် (လူတို့အား)အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ တားဆီးကုန်သည်။ ထို့ပြင်၎င်းတို့သည် ယင်း လမ်းတော်၌ ကွေ့ကောက်မှုကို ရှာဖွေလျက်ရှိကြကုန်သည်။ ဤသူတို့ကား (အမှန်နှင့်)အလွန်ဝေးလံသောလမ်းမှား၌ ရှိနေကြကုန်သတည်း။
4وَمَا أَرْسَلْنَا مِن رَّسُولٍ إِلَّا بِلِسَانِ قَوْمِهِ لِيُبَيِّنَ لَهُمْ ۖ فَيُضِلُّ اللَّهُ مَن يَشَاءُ وَيَهْدِي مَن يَشَاءُ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ
စင်စစ်တစ်မူကား ငါအရှင်မြတ်သည် ရစူလ်တမန်တော်တိုင်းကို ယင်း ရစူလ်တမန်တော်၏ အမျိုးသားတို့(ပြောဆိုသုံးစွဲသော)ဘာသာစကားနှင့်သာ ၎င်းတို့အား ယင်းရစူလ်တမန်တော်က (ငါအရှင်မြတ်၏အမိန့်ပညတ်တော်များကို)ထင်ရှား စွာ ထုတ်ဖော်ပြောဆို ရှင်းလင်းပြနိုင်ခြင်းငှာ စေလွှတ်တော်မူခဲ့ပေသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား လမ်းမှား၌ပင် ထားရှိတော် မူလေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ပြတော်မူပေသည်။ စင်စစ်သော်ကား ထိုအရှင်မြတ် သည်သာလျှင် တန်ခိုးအာနုဘော်နှင့်လွှမ်းမိုးတော် မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
5وَلَقَدْ أَرْسَلْنَا مُوسَىٰ بِآيَاتِنَا أَنْ أَخْرِجْ قَوْمَكَ مِنَ الظُّلُمَاتِ إِلَى النُّورِ وَذَكِّرْهُم بِأَيَّامِ اللَّهِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّكُلِّ صَبَّارٍ شَكُورٍ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာအား မိမိသက်သေလက္ခဏာတော် များနှင့်တကွ စေလွှတ်တော်မူ(၍ ဤသို့ အမိန့်တော် ထုတ်ပြန်တော်မူ)ခဲ့၏။ အသင်သည် မိမိအမျိုးသားတို့ကို အမှောင်ထုမှအလင်းသို့ ထုတ်ဆောင်ပါလေ။ ထိုမှတစ်ပါး အသင်သည်ယင်းအမျိုးသားတို့အား အလ္လာဟ်အရှင်မြတ် ကျေးဇူးတော်မူများကိုပြန်လည်၍ သတိရစေပါလေ။ ဧကန်မလွဲ ယင်းကျေးဇူးတော်များတွင် အလွန်ခန္တီတရားထားရှိသူတိုင်း၊ အလွန်ကျေးဇူးတော်ကို သိတတ်သူတိုင်းအဖို့ သက်သေလက္ခဏာများသည်ရှိကုန်သတည်း။
6وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ اذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ إِذْ أَنجَاكُم مِّنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ وَيُذَبِّحُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُم بَلَاءٌ مِّن رَّبِّكُمْ عَظِيمٌ
၎င်းပြင် (ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါ (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အား(ဤသို့)ပြောကြားခဲ့လေသည်။ (အချင်းတို့)အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို သတိရကြလေကုန်။ အကြင်အခါဝယ် ထိုအရှင်မြတ်သည် အသင်တို့အားဖိရ်အောင်(န်)၏ အခြွေအရံတို့၏ (ဘေးအန္တရာယ်များ)မှကယ်ဆယ်တော် မူခဲ့လေသည်။ ယင်း ဖိရ်အောင်(န်)၏ အခြွေအရံတို့သည် အသင်တို့၌ ပြင်းထန်လှစွာသော ဘေးအန္တရာယ်များကို သက်ရောက်စေလျက်ရှိခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည်အသင်တို့၏ သားယောက်ျားကလေးများကိုသတ်ဖြတ်၍၊အသင်တို့၏ (သမီး) မိန်းကလေးများကိုမူကား အသက်နှင့် ထားလေ့ရှိခဲ့ကြကုန်၏။ အမှန်သော်ကား ထိုတွင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကြီးကျယ်လှစွာသောစမ်းသပ်မှုသည် ရှိခဲ့ချေသတည်း။
အီဗ်ရာဟီမ်ကုရ်အာန် ညွှန်းကိန်း
52အာယာသ်
MeccanRevelation
4အာယာသ်

ဘာသာပြန် — အီဗ်ရာဟီမ် 4

စူရာ အီဗ်ရာဟီမ် အာယာသ် 4 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်တစ်မူကား ငါအရှင်မြတ်သည် ရစူလ်တမန်တော်တိုင်းကို ယင်း ရစူလ်တမန်တော်၏ အမျိုးသားတို့(ပြောဆိုသုံးစွဲသော)ဘာသာစကားနှင့်သာ ၎င်းတို့အား ယင်းရစူလ်တမန်တော်က (ငါအရှင်မြတ်၏အမိန့်ပညတ်တော်များကို)ထင်ရှား စွာ…

စူရာ အာယာသ် 4/52 — စူရာ အီဗ်ရာဟီမ် إبراهيم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အီဗ်ရာဟီမ် နားထောင်, စူရာ အီဗ်ရာဟီမ် ဘာသာပြန်, စူရာ အီဗ်ရာဟီမ် mp3, စူရာ အီဗ်ရာဟီမ် pdf. အာယာသ် 2–6. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers