အလ်-ဗကရ · 164/286
ဘာသာပြန် အသံနိုင်ငံ — အလ်-ဗကရ
إِنَّ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ وَاخْتِلَافِ اللَّيْلِ وَالنَّهَارِ وَالْفُلْكِ الَّتِي تَجْرِي فِي الْبَحْرِ بِمَا يَنفَعُ النَّاسَ وَمَا أَنزَلَ اللَّهُ مِنَ السَّمَاءِ مِن مَّاءٍ فَأَحْيَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا وَبَثَّ فِيهَا مِن كُلِّ دَابَّةٍ وَتَصْرِيفِ الرِّيَاحِ وَالسَّحَابِ الْمُسَخَّرِ بَيْنَ السَّمَاءِ وَالْأَرْضِ لَآيَاتٍ لِّقَوْمٍ يَعْقِلُونَ ۝١٦٤
Inna fee khalqis samaawaati wal ardi wakhtilaafil laili wannahaari walfulkil latee tajree fil hahri bimaa yanfa`unnaasa wa maaa anzalal laahu minas samaaa`i mim maaa`in fa ahyaa bihil arda ba`da mawtihaa wa bas sa feehaa min kulli daaabbatinw wa tasreefir riyaahi wassahaabil musakhkhari bainas samaaa`i wal ardi la aayaatil liqawminy ya`qiloon
📖 မြန်မာဘာသာ
မိုးကောင်းကင်များနှင့် ပထဝီမြေပြင်ကို ဖန်ဆင်းတော်မူခြင်း၌လည်းကောင်း၊ နေ့နှင့်ည ပြောင်းလွဲသွားလာခြင်း၌လည်းကောင်း၊ လူသားတို့အား အကျိုးဖြစ်ထွန်းစေသော ဝတ္ထုပစ္စည်းများကို တင်ဆောင်၍ ပင်လယ်သမုဒ္ဒရာများတွင် စုံဆန် သွားလာနေသော ရေယာဉ်များ၌လည်းကောင်း၊ မြေသေမြေဟောင်း မြေသရောင်းကို ပြန်လည်ရှင်စေပြီး (မြေဩ ဇာဖြစ်စေ၍ သစ်ပင်ဝါးပင် အမျိုးမျိုး ပေါက်ရောက်စေရန် အလို့ငှာ) မိုးကောင်းကင်မှ အလ္လာဟ်အရှင်မြတ် ရွာသွန်းစေတော်မူသော မိုးရေ၌လည်းကောင်း၊ ထိုမြေပြင်၌ (အလ္လာဟ် အရှင်မြတ်) ပေါက်ပွားပျံ့နှံ့စေတော်မူသော တိရစ္ဆာန်အမျိုးမျိုး ၌လည်းကောင်း၊ လေများကို တိုက်ခတ်စေတော်မူခြင်း၌ လည်းကောင်း၊ မိုးနှင့်မြေကြားဝယ် (အလ္လာဟ်အရှင်မြတ်၏အမိန့် တော်ကို) နာခံလျှက်ရှိသော မိုးတိမ်များ၌ လည်းကောင်း၊ နိသမ္မဉာဏ်အရင်းခံ၍ စဉ်းစားဆင်ခြင် သိမြင်နားလည်ကြကုန်သော လူများအဖို့ မုချဧကန်( တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော် ဉာဏ်တော် ကရုဏာတော်များကို ညွှန်ပြသော) သက်သေလက္ခဏာများ ရှိပေသတည်း။
🎧 နားထောင်

📜 အာယာသ် 162-166 — အလ်-ဗကရ

162خَالِدِينَ فِيهَا ۖ لَا يُخَفَّفُ عَنْهُمُ الْعَذَابُ وَلَا هُمْ يُنظَرُونَ
(ယင်းသူတို့သည်) ထို(ကျိန်ဆဲခြင်း)၌ အမြဲတစေ နေကြရမည့်သူများဖြစ်ကြ၏။ ၎င်းတို့ထံမှ အပြစ်ဒဏ်သည် ပေါ့ပါးသွားမည်လည်းမဟုတ်၊ ၎င်းပြင် ယင်းသူတို့သည် အပြစ်ဒဏ်စီရင်ခြင်းကို ဆိုင်းငံ့ခွင့်လည်း ရရှိကြမည်မဟုတ်ချေ။
163وَإِلَٰهُكُمْ إِلَٰهٌ وَاحِدٌ ۖ لَّا إِلَٰهَ إِلَّا هُوَ الرَّحْمَٰنُ الرَّحِيمُ
စင်စစ်အားဖြင့် တစ်ဆူတည်းဖြစ်တော်မူသော ခဝပ်ကိုးကွယ်ရာ အရှင်သည်သာလျှင် အသင်တို့၏ ကိုးကွယ်ရာ အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိချေ။ ထိုအသျှင်မြတ်သည် အနန္တကရုဏာတော်ရှင်၊ အလွန် သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူ၏။
164إِنَّ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ وَاخْتِلَافِ اللَّيْلِ وَالنَّهَارِ وَالْفُلْكِ الَّتِي تَجْرِي فِي الْبَحْرِ بِمَا يَنفَعُ النَّاسَ وَمَا أَنزَلَ اللَّهُ مِنَ السَّمَاءِ مِن مَّاءٍ فَأَحْيَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا وَبَثَّ فِيهَا مِن كُلِّ دَابَّةٍ وَتَصْرِيفِ الرِّيَاحِ وَالسَّحَابِ الْمُسَخَّرِ بَيْنَ السَّمَاءِ وَالْأَرْضِ لَآيَاتٍ لِّقَوْمٍ يَعْقِلُونَ
မိုးကောင်းကင်များနှင့် ပထဝီမြေပြင်ကို ဖန်ဆင်းတော်မူခြင်း၌လည်းကောင်း၊ နေ့နှင့်ည ပြောင်းလွဲသွားလာခြင်း၌လည်းကောင်း၊ လူသားတို့အား အကျိုးဖြစ်ထွန်းစေသော ဝတ္ထုပစ္စည်းများကို တင်ဆောင်၍ ပင်လယ်သမုဒ္ဒရာများတွင် စုံဆန် သွားလာနေသော ရေယာဉ်များ၌လည်းကောင်း၊ မြေသေမြေဟောင်း မြေသရောင်းကို ပြန်လည်ရှင်စေပြီး (မြေဩ ဇာဖြစ်စေ၍ သစ်ပင်ဝါးပင် အမျိုးမျိုး ပေါက်ရောက်စေရန် အလို့ငှာ) မိုးကောင်းကင်မှ အလ္လာဟ်အရှင်မြတ် ရွာသွန်းစေတော်မူသော မိုးရေ၌လည်းကောင်း၊ ထိုမြေပြင်၌ (အလ္လာဟ် အရှင်မြတ်) ပေါက်ပွားပျံ့နှံ့စေတော်မူသော တိရစ္ဆာန်အမျိုးမျိုး ၌လည်းကောင်း၊ လေများကို တိုက်ခတ်စေတော်မူခြင်း၌ လည်းကောင်း၊ မိုးနှင့်မြေကြားဝယ် (အလ္လာဟ်အရှင်မြတ်၏အမိန့် တော်ကို) နာခံလျှက်ရှိသော မိုးတိမ်များ၌ လည်းကောင်း၊ နိသမ္မဉာဏ်အရင်းခံ၍ စဉ်းစားဆင်ခြင် သိမြင်နားလည်ကြကုန်သော လူများအဖို့ မုချဧကန်( တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော် ဉာဏ်တော် ကရုဏာတော်များကို ညွှန်ပြသော) သက်သေလက္ခဏာများ ရှိပေသတည်း။
165وَمِنَ النَّاسِ مَن يَتَّخِذُ مِن دُونِ اللَّهِ أَندَادًا يُحِبُّونَهُمْ كَحُبِّ اللَّهِ ۖ وَالَّذِينَ آمَنُوا أَشَدُّ حُبًّا لِّلَّهِ ۗ وَلَوْ يَرَى الَّذِينَ ظَلَمُوا إِذْ يَرَوْنَ الْعَذَابَ أَنَّ الْقُوَّةَ لِلَّهِ جَمِيعًا وَأَنَّ اللَّهَ شَدِيدُ الْعَذَابِ
သို့ရာတွင် လူသားတို့အနက်မှ အချို့တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပြိုင်ဆိုင်၍ (မိမိတို့၏) ဦးစီးနာယကများကို ကိုးကွယ်ကြလေသည်။ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အား ချစ်ကြည်မြတ်နိုးဘိသကဲ့သို့ပင် မိမိတို့၏ ဦးစီးနာယကများကို ချစ်ကြည်မြတ်နိုးကြကုန်၏။ သို့ရာတွင် ယုံကြည်ခြင်း သဒ္ဓါတရား ရှိကြသူတို့ မှာမူ အလ္လာဟ်အရှင်မြတ် ကိုသာလျှင် အလွန်ထက်သန်သော (ယုံကြည်ခြင်း သဒ္ဓါတရား ဖြင့်) ချစ်ကြည်မြတ်နိုး (ကိုးကွယ်) ကြလေသတည်း။ (တစ်ဆူ တည်းသော အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ရမည်ဟူသောဒေသနာတော်ကို) ကျူးလွန်သူတို့သည် (နောင်တမလွန် ဘဝ၌) အပြစ်ငရဲများကို မျက်ဝါးထင်ထင်တွေ့ မြင်ကြသည့်အခါ အလုံးစုံသော တန်ခိုးအာဏာတို့သည် အလ္လာဟ်အရှင်မြတ်၌ သာလျှင် တည်ရှိကြောင်း၊ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်သော ပြစ်ဒဏ်များကို စီရင်တော်မူသောအရှင် ဖြစ်ကြောင်းကို သိရှိကြလိမ့်မည်။ အကယ်၍သာ ထိုကျူးလွန်သူတို့သည် (မိမိတို့ကိုယ်တိုင်တွေ့ ကြုံရမည့် နောင်ရေးများကို) ဤဘဝ၌ပင် ကြိုတင်၍ သိမြင်ထားကြပါမူ ကောင်းလေစွတကား။
166إِذْ تَبَرَّأَ الَّذِينَ اتُّبِعُوا مِنَ الَّذِينَ اتَّبَعُوا وَرَأَوُا الْعَذَابَ وَتَقَطَّعَتْ بِهِمُ الْأَسْبَابُ
အကြင်အချိန်အခါဝယ် (လူအပေါင်းတို့ကို လှည့် ဖြားသွေးဆောင်ကြကုန်သော) ခေါင်းဆောင် တို့သည် မိမိတို့၏ တပည့်နောက်လိုက်တို့အား စွန့်ပစ်ကြကုန်အံ့၊ ထိုအခါ ယင်း ခေါင်းဆောင်များနှင့် နောက်လိုက်တပည့်တို့သည် ပြစ်ဒဏ်များ ကို (မျက်ဝါးထင်ထင်) ရှုမြင်ကြအံ့၊ (၎င်းပြင်) ယင်းသူတို့၌ တဦးနှင့်တဦး ဆက်သွယ်မှုများသည်လည်း ပြတ်တောက်သွားလတ္တံ့။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
164အာယာသ်

ဘာသာပြန် — အလ်-ဗကရ 164

စူရာ အလ်-ဗကရ အာယာသ် 164 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မိုးကောင်းကင်များနှင့် ပထဝီမြေပြင်ကို ဖန်ဆင်းတော်မူခြင်း၌လည်းကောင်း၊ နေ့နှင့်ည ပြောင်းလွဲသွားလာခြင်း၌လည်းကောင်း၊ လူသားတို့အား အကျိုးဖြစ်ထွန်းစေသော ဝတ္ထုပစ္စည်းများကို တင်ဆောင်၍ ပင်လယ်သမုဒ္ဒရာများတွင်…

စူရာ အာယာသ် 164/286 — အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-ဗကရ နားထောင်, အလ်-ဗကရ ဘာသာပြန်, အလ်-ဗကရ mp3, အလ်-ဗကရ pdf. အာယာသ် 162–166. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers