အလ်-ဗကရ · 204/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَمِنَ النَّاسِ مَن يُعْجِبُكَ قَوْلُهُ فِي الْحَيَاةِ الدُّنْيَا وَيُشْهِدُ اللَّهَ عَلَىٰ مَا فِي قَلْبِهِ وَهُوَ أَلَدُّ الْخِصَامِ ۝٢٠٤
Wa minan naasi mai yu`jibuka qawluhoo fil hayaatid dunyaa wa yushhidul laaha `alaa maa fee qalbihee wa huwa aladdulkhisaam
📖 မြန်မာဘာသာ
ထို့ပြင်တဝ၊ လူတို့အနက်အချို့ ဤသို့လည်း ရှိ၏။ လောကီရေးနှင့်စပ်လျဉ်း၍ ထိုသူ၏(ဖွဲ့နွဲ့) ပြောဆိုသော စကားများသည် အသင့်အားနှစ်သိမ့်စေ၏။ ဤမျှမကသေး၊ ထိုသူသည် မိမိ၏စိတ်တွင်းရှိ စကားများ(မှန်ကန်ကြောင်း) နှင့်စပ်လျဉ်း၍ အလ္လာဟ် အရှင်မြတ်ကိုပင် သက်သေထား၏။ အမှန်သော်ကား ထိုသူသည် ရန်သူများအနက် ပိုမိုလွန်ကဲသော ရန်သူကြီးပင် ဖြစ်ပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 202-206 — စူရာ အလ်-ဗကရ

202أُولَٰئِكَ لَهُمْ نَصِيبٌ مِّمَّا كَسَبُوا ۚ وَاللَّهُ سَرِيعُ الْحِسَابِ
(နှစ်ဘဝ၏ သုခချမ်းသာများကို ဆုတောင်း ပတ္ထနာပြုကြသော) ဤသူများသည် နှစ်ဘဝလုံး၌ပင် မိမိတို့ပြု ကျင့်ခဲ့ကြသော အကျင့်သီလတို့၏ ကုသိုလ်အကျိုးများကို ရရှိကြမည့်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ဆောလျင်စွာ စစ်ဆေး မေးမြန်းတော်မူမည့်အရှင် ဖြစ်တော်မူ၏။
203۞ وَاذْكُرُوا اللَّهَ فِي أَيَّامٍ مَّعْدُودَاتٍ ۚ فَمَن تَعَجَّلَ فِي يَوْمَيْنِ فَلَا إِثْمَ عَلَيْهِ وَمَن تَأَخَّرَ فَلَا إِثْمَ عَلَيْهِ ۚ لِمَنِ اتَّقَىٰ ۗ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّكُمْ إِلَيْهِ تُحْشَرُونَ
ထိုမှတပါးတုံ အသင်တို့သည် သတ်မှတ်ထား သောနေ့များတွင် အလ္လာဟ်အရှင်မြတ်အား သတိရကြကုန်လော့။ သို့ရာတွင် အကြင်သူသည် နှစ်ရက်အတွင်း၌ပင် အလျင်တဆော ပြန်ခဲ့သော် ထိုသူ့အပေါ်ဝယ် တစုံတရာအပြစ် မရှိချေ။ ထိုနည်း တူစွာ အကြင်သူသည် နှောင့်နှေးကြန့်ကြာ ခဲ့ပါမူ၊ ထိုသူ့အပေါ်၌လည်း တစ်စုံတစ်ရာ အပြစ်မရှိချေ။ (ယင်းကဲ့သို့ခွင့်ပြုခြင်းသည်) ပြစ်မှု ဒုစရိုက်တို့မှ ရှောင်ရှား သူတို့အတွက်သာဖြစ်သည်။ ထို့ကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေကာ ပြစ်မှုဒုစရိုက် တို့ကို ကြဉ်ရှောင်ကြကုန်။ ထိုမှတပါး အသင်တို့သည် ထိုအရှင်မြတ်၏ အထံတော်၌ပင် စုရုံးကြရမည်ကိုလည်း (ကောင်းစွာ) သိထားကြကုန်။
204وَمِنَ النَّاسِ مَن يُعْجِبُكَ قَوْلُهُ فِي الْحَيَاةِ الدُّنْيَا وَيُشْهِدُ اللَّهَ عَلَىٰ مَا فِي قَلْبِهِ وَهُوَ أَلَدُّ الْخِصَامِ
ထို့ပြင်တဝ၊ လူတို့အနက်အချို့ ဤသို့လည်း ရှိ၏။ လောကီရေးနှင့်စပ်လျဉ်း၍ ထိုသူ၏(ဖွဲ့နွဲ့) ပြောဆိုသော စကားများသည် အသင့်အားနှစ်သိမ့်စေ၏။ ဤမျှမကသေး၊ ထိုသူသည် မိမိ၏စိတ်တွင်းရှိ စကားများ(မှန်ကန်ကြောင်း) နှင့်စပ်လျဉ်း၍ အလ္လာဟ် အရှင်မြတ်ကိုပင် သက်သေထား၏။ အမှန်သော်ကား ထိုသူသည် ရန်သူများအနက် ပိုမိုလွန်ကဲသော ရန်သူကြီးပင် ဖြစ်ပေသည်။
205وَإِذَا تَوَلَّىٰ سَعَىٰ فِي الْأَرْضِ لِيُفْسِدَ فِيهَا وَيُهْلِكَ الْحَرْثَ وَالنَّسْلَ ۗ وَاللَّهُ لَا يُحِبُّ الْفَسَادَ
ထိုမျှမကသေးချေ၊ ထို(မုနာဖစ်က်)သည် (အသင့်ထံမှ) ပြန်သွားသောအခါ မြေပြင်ဝယ် ပျက်စီးကြောင်း များကို ပြုမူရန်လည်းကောင်း၊ လယ်ယာ ကိုင်းကျွန်းများနှင့် (ကျွဲနွား) တိရစ္ဆာန်များကို ဖျက်ဆီးရန်လည်းကောင်း၊ ကြိုးပမ်းအားထုတ် လေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့ သို့) ဖျက်ဆီး ခြင်းကို စိုးစဉ်းမျှ နှစ်သက်တော်မမူပေ။
206وَإِذَا قِيلَ لَهُ اتَّقِ اللَّهَ أَخَذَتْهُ الْعِزَّةُ بِالْإِثْمِ ۚ فَحَسْبُهُ جَهَنَّمُ ۚ وَلَبِئْسَ الْمِهَادُ
ထိုမှတစ်ပါးတုံ မည်သည့်အခါမဆို (မုစ်လင်မ် တစ်ဦးက) ထို(မုနာဖစ်က်)ကို အသင်သည် အလ္လာဟ် အရှင် မြတ်အား ကြောက်ရွံ့ပါလေဟု ပြောဆိုသည်ရှိသော် ထိုသူ့အား(ထိုသူ၏) ဂုဏ်မာနသည် မကောင်းမှုဒုစရိုက်ဖက်သို့ ဆွဲဆောင် သွားလေ၏။ သို့ဖြစ်ရာ ထိုသူအဘို့ ဂျဟန္နမ် ငရဲသည် လုံလောက်၏။ အမှန်သော်ကား (ဂျဟန္နမ် ငရဲသည်) အလွန်ဆိုး ရွားလှသောနေရာ ဌာနဖြစ်ပေသည်။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
204အာယာသ်

ဘာသာပြန် — အလ်-ဗကရ 204

စူရာ အလ်-ဗကရ အာယာသ် 204 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ၊ လူတို့အနက်အချို့ ဤသို့လည်း ရှိ၏။ လောကီရေးနှင့်စပ်လျဉ်း၍ ထိုသူ၏(ဖွဲ့နွဲ့) ပြောဆိုသော စကားများသည် အသင့်အားနှစ်သိမ့်စေ၏။ ဤမျှမကသေး၊…

စူရာ အာယာသ် 204/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 202–206. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers