۞ وَاذْكُرُوا اللَّهَ فِي أَيَّامٍ مَّعْدُودَاتٍ ۚ فَمَن تَعَجَّلَ فِي يَوْمَيْنِ فَلَا إِثْمَ عَلَيْهِ وَمَن تَأَخَّرَ فَلَا إِثْمَ عَلَيْهِ ۚ لِمَنِ اتَّقَىٰ ۗ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّكُمْ إِلَيْهِ تُحْشَرُونَ ٢٠٣
🔤 Transliteration
Wazkurul laaha feee ayyaamim ma`doodaat; faman ta`ajjala fee yawmaini falaaa ismaa `alaihi wa man taakhkhara falaaa isma `alayh; limanit-taqaa; wattaqul laaha wa`lamooo annakum ilaihi tuhsharoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတပါးတုံ အသင်တို့သည် သတ်မှတ်ထား သောနေ့များတွင် အလ္လာဟ်အရှင်မြတ်အား သတိရကြကုန်လော့။ သို့ရာတွင် အကြင်သူသည် နှစ်ရက်အတွင်း၌ပင် အလျင်တဆော ပြန်ခဲ့သော် ထိုသူ့အပေါ်ဝယ် တစုံတရာအပြစ် မရှိချေ။ ထိုနည်း တူစွာ အကြင်သူသည် နှောင့်နှေးကြန့်ကြာ ခဲ့ပါမူ၊ ထိုသူ့အပေါ်၌လည်း တစ်စုံတစ်ရာ အပြစ်မရှိချေ။ (ယင်းကဲ့သို့ခွင့်ပြုခြင်းသည်) ပြစ်မှု ဒုစရိုက်တို့မှ ရှောင်ရှား သူတို့အတွက်သာဖြစ်သည်။ ထို့ကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေကာ ပြစ်မှုဒုစရိုက် တို့ကို ကြဉ်ရှောင်ကြကုန်။ ထိုမှတပါး အသင်တို့သည် ထိုအရှင်မြတ်၏ အထံတော်၌ပင် စုရုံးကြရမည်ကိုလည်း (ကောင်းစွာ) သိထားကြကုန်။
🌐 Additional reference in ภาษาไทย
ကမ္မဋ္ဌာန်းကျင့်သုံးရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်များ: အယျာမ်မာအ်ဒူဒါးသ် (أَيَّامٍ مَّعْدُودَاتٍ ) : ရေတွက်ထားသော ရက်များ၊ အနည်းငယ်သော ရက်များဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် ဇုလ်ဟိဂျ္ဂျဟ်လ၏ ၁၁၊ ၁၂၊ ၁၃ ရက်များဖြစ်သော တရှ်ရီက်ရက်များကို ဆိုလိုသည်။တအဂျ်ဂျလာ (تَعَجَّلَ ) : အလျင်အမြန်လုပ်ဆောင်သည်၊ မြန်ဆန်စွာ ထွက်ခွာသည်။နဖရ် (نَفْر ) : မီနာမှ ထွက်ခွာခြင်း။လိမနိတ္တကြာ (لِمَنِ اتَّقَىٰ ) : အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သော၊ တက္ကဝါရှိသော သူအတွက်။တုဟ်ရှရူန (تُحْشَرُونَ ) : သင်တို့သည် စုရုံးခြင်းခံရမည်၊ ပြန်လည်ရှင်သန်ထူးမည်။ဤအာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: အလ္လာဟ်အရှင်မြတ်သည် မုစ်လင်မ်များအား ရေတွက်ထားသော ရက်များဖြစ်သည့် ဇုလ်ဟိဂျ္ဂျဟ်လ၏ ၁၁၊ ၁၂၊ ၁၃ ရက်များတွင် အလ္လာဟ်အရှင်မြတ်ကို သတိရတသ ဖွင့်ဆိုခြင်း၊ တက္ဗီးရ်ပြုခြင်း၊ တဟ်လီးလ်ပြုခြင်းဖြင့် အာရုံစိုက်ရန် အမိန့်ပေးတော်မူသည်။ ဤရက်များသည် ဟဂျ်ပြုသူများအတွက် မီနာတွင် နေထိုင်ပြီး ဂျမ်ရသ်များကို ကျောက်ခဲပစ်ခြင်း၊ အလ္လာဟ်အရှင်မြတ်ကို သတိရတသခြင်း ပြုလုပ်ရသော ရက်များဖြစ်သည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ဟဂျ်ပြုသူများအား ရွေးချယ်ခွင့်ပေးတော်မူသည်။ မည်သူမျှ ၁၂ ရက်မြောက်နေ့တွင် ဂျမ်ရသ်ကျောက်ခဲပစ်ပြီးနောက် မီနာမှ ထွက်ခွာလိုပါက ထွက်ခွာနိုင်သည်။ ဤသို့ အလျင်အမြန်ထွက်ခွာခြင်းသည် သူ့အပေါ် အပြစ်မရှိပါ။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် သူ့အား သက်သာခွင့်ပေးတော်မူသောကြောင့်ဖြစ်သည်။ ထို့အပြင် မည်သူမျှ ၁၃ ရက်မြောက်နေ့အထိ ဆက်လက်နေထိုင်ပြီး ဂျမ်ရသ်ကျောက်ခဲပစ်ပြီးမှ ထွက်ခွာလိုပါကလည်း ထွက်ခွာနိုင်သည်။ ဤသို့ နောက်ကျမှထွက်ခွာခြင်းသည် သူ့အပေါ် အပြစ်မရှိပါ။ သို့သော် နောက်ကျမှထွက်ခွာခြင်းသည် ပိုမိုကောင်းမြတ်သည်။ အကြောင်းမှာ ၎င်းသည် ထပ်ဆောင်းကုသိုလ်ရရှိခြင်းနှင့် တမန်တော်မုဟမ္မဒ် (ဆွ) ၏ လုပ်ရပ်ကို လိုက်နာခြင်းဖြစ်သောကြောင့်ဖြစ်သည်။
ဤရွေးချယ်ခွင့်နှင့် အပြစ်မရှိခြင်းသည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သော၊ တက္ကဝါရှိသော သူများအတွ
۞ وَٱذۡكُرُواْ ٱللَّهَ فِيٓ أَيَّامٍ مَّعۡدُودَٰتٍۚ فَمَن تَعَجَّلَ فِي يَوۡمَيۡنِ فَلَآ إِثۡمَ عَلَيۡهِ وَمَن تَأَخَّرَ فَلَآ إِثۡمَ عَلَيۡهِۖ لِمَنِ ٱتَّقَىٰۗ وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّكُمۡ إِلَيۡهِ تُحۡشَرُونَ ٢٠٣
ထိုမှတပါးတုံ အသင်တို့သည် သတ်မှတ်ထား သောနေ့များတွင် အလ္လာဟ်အရှင်မြတ်အား သတိရကြကုန်လော့။ သို့ရာတွင် အကြင်သူသည် နှစ်ရက်အတွင်း၌ပင် အလျင်တဆော ပြန်ခဲ့သော် ထိုသူ့အပေါ်ဝယ် တစုံတရာအပြစ် မရှိချေ။ ထိုနည်း တူစွာ အကြင်သူသည် နှောင့်နှေးကြန့်ကြာ ခဲ့ပါမူ၊ ထိုသူ့အပေါ်၌လည်း တစ်စုံတစ်ရာ အပြစ်မရှိချေ။ (ယင်းကဲ့သို့ခွင့်ပြုခြင်းသည်) ပြစ်မှု ဒုစရိုက်တို့မှ ရှောင်ရှား သူတို့အတွက်သာဖြစ်သည်။ ထို့ကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေကာ ပြစ်မှုဒုစရိုက် တို့ကို ကြဉ်ရှောင်ကြကုန်။ ထိုမှတပါး အသင်တို့သည် ထိုအရှင်မြတ်၏ အထံတော်၌ပင် စုရုံးကြရမည်ကိုလည်း (ကောင်းစွာ) သိထားကြကုန်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 201-205 — စူရာ အလ်-ဗကရ
201 وَمِنْهُم مَّن يَقُولُ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً وَفِي الْآخِرَةِ حَسَنَةً وَقِنَا عَذَابَ النَّارِ
ထို့ပြင်တဝ ယင်းတို့အနက်မှပင် အချို့သော ပုဂ္ဂိုလ်တို့သည် (ပစ္စုပ္ပန်နှင့် တမလွန်ဘဝ နှစ်ဌာနလုံး ၏သုခ ချမ်းသာများကို ရှေးရှုကာ) အို-ကျွန်တော်မျိုး တို့အားမွေးမြူ တော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ကို ဤပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ နောင် တမလွန်ဘဝ၌လည်းကောင်း၊ (နှစ်ဘဝ လုံး၌ပင်) ကောင်းကျိုး ချမ်းသာမင်္ဂလာများကို ပေးသနားတော် မူပါ။ ငရဲမီး၏ ဘေးဒဏ်မှလည်း ကယ်ဆယ်တော်မူပါဟု ဆုတောင်းပတ္တနာ ပြုကြလေသည်။
202 أُولَٰئِكَ لَهُمْ نَصِيبٌ مِّمَّا كَسَبُوا ۚ وَاللَّهُ سَرِيعُ الْحِسَابِ
(နှစ်ဘဝ၏ သုခချမ်းသာများကို ဆုတောင်း ပတ္ထနာပြုကြသော) ဤသူများသည် နှစ်ဘဝလုံး၌ပင် မိမိတို့ပြု ကျင့်ခဲ့ကြသော အကျင့်သီလတို့၏ ကုသိုလ်အကျိုးများကို ရရှိကြမည့်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ဆောလျင်စွာ စစ်ဆေး မေးမြန်းတော်မူမည့်အရှင် ဖြစ်တော်မူ၏။
203 ۞ وَاذْكُرُوا اللَّهَ فِي أَيَّامٍ مَّعْدُودَاتٍ ۚ فَمَن تَعَجَّلَ فِي يَوْمَيْنِ فَلَا إِثْمَ عَلَيْهِ وَمَن تَأَخَّرَ فَلَا إِثْمَ عَلَيْهِ ۚ لِمَنِ اتَّقَىٰ ۗ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّكُمْ إِلَيْهِ تُحْشَرُونَ
ထိုမှတပါးတုံ အသင်တို့သည် သတ်မှတ်ထား သောနေ့များတွင် အလ္လာဟ်အရှင်မြတ်အား သတိရကြကုန်လော့။ သို့ရာတွင် အကြင်သူသည် နှစ်ရက်အတွင်း၌ပင် အလျင်တဆော ပြန်ခဲ့သော် ထိုသူ့အပေါ်ဝယ် တစုံတရာအပြစ် မရှိချေ။ ထိုနည်း တူစွာ အကြင်သူသည် နှောင့်နှေးကြန့်ကြာ ခဲ့ပါမူ၊ ထိုသူ့အပေါ်၌လည်း တစ်စုံတစ်ရာ အပြစ်မရှိချေ။ (ယင်းကဲ့သို့ခွင့်ပြုခြင်းသည်) ပြစ်မှု ဒုစရိုက်တို့မှ ရှောင်ရှား သူတို့အတွက်သာဖြစ်သည်။ ထို့ကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေကာ ပြစ်မှုဒုစရိုက် တို့ကို ကြဉ်ရှောင်ကြကုန်။ ထိုမှတပါး အသင်တို့သည် ထိုအရှင်မြတ်၏ အထံတော်၌ပင် စုရုံးကြရမည်ကိုလည်း (ကောင်းစွာ) သိထားကြကုန်။
204 وَمِنَ النَّاسِ مَن يُعْجِبُكَ قَوْلُهُ فِي الْحَيَاةِ الدُّنْيَا وَيُشْهِدُ اللَّهَ عَلَىٰ مَا فِي قَلْبِهِ وَهُوَ أَلَدُّ الْخِصَامِ
ထို့ပြင်တဝ၊ လူတို့အနက်အချို့ ဤသို့လည်း ရှိ၏။ လောကီရေးနှင့်စပ်လျဉ်း၍ ထိုသူ၏(ဖွဲ့နွဲ့) ပြောဆိုသော စကားများသည် အသင့်အားနှစ်သိမ့်စေ၏။ ဤမျှမကသေး၊ ထိုသူသည် မိမိ၏စိတ်တွင်းရှိ စကားများ(မှန်ကန်ကြောင်း) နှင့်စပ်လျဉ်း၍ အလ္လာဟ် အရှင်မြတ်ကိုပင် သက်သေထား၏။ အမှန်သော်ကား ထိုသူသည် ရန်သူများအနက် ပိုမိုလွန်ကဲသော ရန်သူကြီးပင် ဖြစ်ပေသည်။
205 وَإِذَا تَوَلَّىٰ سَعَىٰ فِي الْأَرْضِ لِيُفْسِدَ فِيهَا وَيُهْلِكَ الْحَرْثَ وَالنَّسْلَ ۗ وَاللَّهُ لَا يُحِبُّ الْفَسَادَ
ထိုမျှမကသေးချေ၊ ထို(မုနာဖစ်က်)သည် (အသင့်ထံမှ) ပြန်သွားသောအခါ မြေပြင်ဝယ် ပျက်စီးကြောင်း များကို ပြုမူရန်လည်းကောင်း၊ လယ်ယာ ကိုင်းကျွန်းများနှင့် (ကျွဲနွား) တိရစ္ဆာန်များကို ဖျက်ဆီးရန်လည်းကောင်း၊ ကြိုးပမ်းအားထုတ် လေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ယင်းကဲ့ သို့) ဖျက်ဆီး ခြင်းကို စိုးစဉ်းမျှ နှစ်သက်တော်မမူပေ။
ဘာသာပြန် — အလ်-ဗကရ 203 စူရာ အလ်-ဗကရ အာယာသ် 203 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတပါးတုံ အသင်တို့သည် သတ်မှတ်ထား သောနေ့များတွင် အလ္လာဟ်အရှင်မြတ်အား သတိရကြကုန်လော့။ သို့ရာတွင် အကြင်သူသည် နှစ်ရက်အတွင်း၌ပင် အလျင်တဆော…
စူရာ အာယာသ် 203/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 201–205. မြန်မာဘာသာ: ภาษาไทย.