۞ إِنَّ اللَّهَ لَا يَسْتَحْيِي أَن يَضْرِبَ مَثَلًا مَّا بَعُوضَةً فَمَا فَوْقَهَا ۚ فَأَمَّا الَّذِينَ آمَنُوا فَيَعْلَمُونَ أَنَّهُ الْحَقُّ مِن رَّبِّهِمْ ۖ وَأَمَّا الَّذِينَ كَفَرُوا فَيَقُولُونَ مَاذَا أَرَادَ اللَّهُ بِهَٰذَا مَثَلًا ۘ يُضِلُّ بِهِ كَثِيرًا وَيَهْدِي بِهِ كَثِيرًا ۚ وَمَا يُضِلُّ بِهِ إِلَّا الْفَاسِقِينَ ٢٦
🔤 Transliteration
Innal laaha laa yastahyeee ai yadriba masalam maa ba`oodatan famaa fawqahaa; faammal lazeena aamanoo faya`lamoona annahul haqqu mir rabbihim wa ammal lazeena kafaroo fayaqooloona maazaaa araadal laahu bihaazaa masalaa; yudillu bihee kaseeranw wa yahdee bihee kaseeraa; wa maa yudillu biheee illal faasiqeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်သည် ခြင်ကောင်နှင့် ဖြစ်စေ၊ ခြင်ကောင်�က် သေးငယ်သောအရာနှင့်ဖြစ်စေ၊ ပုံဆောင်ခြင်းကို (သေးနုပ်သည်ဟူ၍) ရှက်တော်မမူချေ။ ယုံကြည်သောမုအ်မင် များသည် ထိုပုံဆောင်ချက်ကို မိမိတို့အား မွေးမြူတော်မူသော အရှင့်ထံတော်မှ လျော်ကန် သင့်မြတ်လှသော ပုံဆောင်ချက် ဖြစ်သည်ဟူ၍ သိနားလည်ကြ သည်။ ကာဖိရ်တို့မှာမူ အလ္လာဟ်အရှင်မြတ်သည် ဤမျှသေးနုပ်သောအရာကို ပုံဆောင်ခြင်း အားဖြင့် မည်သို့သောအကြောင်းအရာကို ရည်စူးတော်မူပါသနည်းဟု (ပြက်ရယ်) ပြောဆိုကြလေသည်။ အလ္လာဟ်အရှင်သည် ထိုကဲ့သို့သော ပုံဆောင်ချက်ဖြင့် များစွာ သောသူများကို လမ်းမှားသို့ ပို့ဆောင်တော်မူ၍ များစွာသော သူများကိုကား တရားလမ်းမှန်သို့ ညွှန်ကြားပြသတော်မူသည်။ အမှန်စင်စစ်သော်ကား ထိုကဲ့သို့သော ပုံဆောင်ချက် ဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိအမိန့်တော်ကို မနာခံသော မသူတော်များမှအပ အခြားမည်သူ ကိုမျှ လမ်းမှားသို့ ပို့ဆောင်တော်မူသည် မဟုတ်ချေ။
🌐 Additional reference in ภาษาไทย
ကမ္မဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်။ လာ ယပ်စ်တဟ်ယီ (لَا يَسْتَحْيِي )၊ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်သည် တစ်စုံတစ်ခုကို ပြုလုပ်ရန် ရှက်ကြောက်ခြင်း၊ ဝန်လေးခြင်းမရှိကြောင်း ဆိုလိုသည်။ ဗအూఒသွာ (بَعُوضَةً )၊ ခြင်ကောင်။ ဖမာ ဖောင်ကာဟာ (فَمَا فَوْقَهَا )၊ ထိုခြင်ကောင်ထက် ကြီးသောအရာ သို့မဟုတ် သေးသောအရာ။ ယူဒွီလ္လု (يُضِلُّ )၊ လမ်းလွဲစေသည်။ ယဟ်ဒီ (يَهْدِي )၊ လမ်းမှန်ပြသည်။ ဖာစိကီးန် (الْفَاسِقِينَ )၊ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်မှ ထွက်သွားသူများ။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။ အလ္လာဟ်အရှင်မြတ်သည် ခြင်ကောင်ကဲ့သို့သော သေးငယ်သည့်အရာ သို့မဟုတ် ထိုထက်ကြီးသော အရာတစ်ခုခုကို ဥပမာအဖြစ် ဖော်ပြရန် ရှက်ကြောက်တော်မူသည် မဟုတ်ပေ။ အရှင်မြတ်သည် မိမိအလိုတော်ရှိသည့်အတိုင်း ဥပမာများကို ဖော်ပြနိုင်တော်မူသည်။ ဤသို့ ဥပမာဖော်ပြခြင်းကို ကြားသိရသောအခါ လူများသည် နှစ်မျိုးနှစ်စား ကွဲပြားသွားကြသည်။
အီမာန်ယုံကြည်သူများမှာ ဤဥပမာသည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံမှ လာရှိသော အမှန်တရားဖြစ်ကြောင်း သိရှိကြပြီး လက်ခံယုံကြည်ကြသည်။ သေးငယ်သည့်အရာဖြစ်စေ၊ ကြီးမားသည့်အရာဖြစ်စေ အရှင်မြတ်၏ ဥပမာဖော်ပြခြင်းတွင် ဉာဏ်ပညာကြီးမားစွာ ပါဝင်ကြောင်း နားလည်ကြသည်။
သို့သော် ကာဖိရ် ငြင်းပယ်သူများမှာ ဤဥပမာကို ပြက်ရယ်ပြုသည့်အနေဖြင့် ခြင်ကောင်၊ ယင်ကောင်၊ ပင့်ကူကဲ့သို့သော သေးငယ်သတ္တဝါများကို ဥပမာအဖြစ် ဖော်ပြရခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်းဟု မေးခွန်းထုတ်ကြသည်။
အလ္လာဟ်အရှင်မြတ်သည် ထိုဥပမာအားဖြင့် လူအများကို လမ်းလွဲစေတော်မူပြီး လူအများကို လမ်းမှန်ပြတော်မူသည်။ သို့သော် အရှင်မြတ်သည် မိမိ၏ အမိန့်တော်မှ ထွက်သွားသော ဖာစိကူန်များကိုသာ လမ်းလွဲစေတော်မူသည်။ အကြောင်းမှာ သူတို့သည် ဤဥပမာများကို ဆင်ခြင်သုံးသပ်ရန် မျက်နှာလွှဲထားကြသောကြောင့် ဖြစ်သည်။ ဤဥပမာများမှ သင်ခန်းစာယူသော ယုံကြည်သူများမှာမူ ပိုမိုလမ်းမှန်ရရှိကြသည်။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။ ပထမ၊ အစ္စလာမ်သာသနာတော်သည် သေးငယ်သည်ဟု ထင်ရသော အရာများကိုပင် အရေးပါသော သ
۞ إِنَّ ٱللَّهَ لَا يَسۡتَحۡيِۦٓ أَن يَضۡرِبَ مَثَلًا مَّا بَعُوضَةً فَمَا فَوۡقَهَاۚ فَأَمَّا ٱلَّذِينَ ءَامَنُواْ فَيَعۡلَمُونَ أَنَّهُ ٱلۡحَقُّ مِن رَّبِّهِمۡۖ وَأَمَّا ٱلَّذِينَ كَفَرُواْ فَيَقُولُونَ مَاذَآ أَرَادَ ٱللَّهُ بِهَٰذَا مَثَلًاۘ يُضِلُّ بِهِۦ كَثِيرًا وَيَهۡدِي بِهِۦ كَثِيرًاۚ وَمَا يُضِلُّ بِهِۦٓ إِلَّا ٱلۡفَٰسِقِينَ ٢٦
အလ္လာဟ်အရှင်မြတ်သည် ခြင်ကောင်နှင့် ဖြစ်စေ၊ ခြင်ကောင်�က် သေးငယ်သောအရာနှင့်ဖြစ်စေ၊ ပုံဆောင်ခြင်းကို (သေးနုပ်သည်ဟူ၍) ရှက်တော်မမူချေ။ ယုံကြည်သောမုအ်မင် များသည် ထိုပုံဆောင်ချက်ကို မိမိတို့အား မွေးမြူတော်မူသော အရှင့်ထံတော်မှ လျော်ကန် သင့်မြတ်လှသော ပုံဆောင်ချက် ဖြစ်သည်ဟူ၍ သိနားလည်ကြ သည်။ ကာဖိရ်တို့မှာမူ အလ္လာဟ်အရှင်မြတ်သည် ဤမျှသေးနုပ်သောအရာကို ပုံဆောင်ခြင်း အားဖြင့် မည်သို့သောအကြောင်းအရာကို ရည်စူးတော်မူပါသနည်းဟု (ပြက်ရယ်) ပြောဆိုကြလေသည်။ အလ္လာဟ်အရှင်သည် ထိုကဲ့သို့သော ပုံဆောင်ချက်ဖြင့် များစွာ သောသူများကို လမ်းမှားသို့ ပို့ဆောင်တော်မူ၍ များစွာသော သူများကိုကား တရားလမ်းမှန်သို့ ညွှန်ကြားပြသတော်မူသည်။ အမှန်စင်စစ်သော်ကား ထိုကဲ့သို့သော ပုံဆောင်ချက် ဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိအမိန့်တော်ကို မနာခံသော မသူတော်များမှအပ အခြားမည်သူ ကိုမျှ လမ်းမှားသို့ ပို့ဆောင်တော်မူသည် မဟုတ်ချေ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 24-28 — စူရာ အလ်-ဗကရ
24 فَإِن لَّمْ تَفْعَلُوا وَلَن تَفْعَلُوا فَاتَّقُوا النَّارَ الَّتِي وَقُودُهَا النَّاسُ وَالْحِجَارَةُ ۖ أُعِدَّتْ لِلْكَافِرِينَ
အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်နှင့် ယှဉ်ပြိုင်ခြင်းများကို အတိတ်ကာလတွင် မလုပ်နိုင်ခဲ့ကြ၊ ယခုမျက်မှောက် ပစ္စုပ္ပန်ကာလတွင် လုပ်နိုင်ကြသည်လည်းမဟုတ်၊ နောင်အနာဂတ်ကာလတွင်လည်း အလျှင်းလုပ်နိုင်ကြမည် မဟုတ်ပေ၊ သို့ဖြစ်ရာ အသင်တို့သည် ငရဲမီးဘေးမှ ဝေးစွာရှောင်ရှားကြကုန်၊ ထိုမီး၏မီးစာမှာ (အယူမှောက်မှားသော) ကာဖိရ် မိစ္ဆာဒိဋ္ဌိ များနှင့် (ထိုမိစ္ဆာ ဒိဋ္ဌိများ ဆည်းကပ်ကိုးကွယ်ကြသည့်) ကျောက်တုံးများ ဖြစ်ချေသည်။ ထိုမီးသည် ကာဖိရ် များအဘို့ အသင့်ပြုလုပ်ထားရှိပြီး ဖြစ်ပေသည်။
25 وَبَشِّرِ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أَنَّ لَهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ۖ كُلَّمَا رُزِقُوا مِنْهَا مِن ثَمَرَةٍ رِّزْقًا ۙ قَالُوا هَٰذَا الَّذِي رُزِقْنَا مِن قَبْلُ ۖ وَأُتُوا بِهِ مُتَشَابِهًا ۖ وَلَهُمْ فِيهَا أَزْوَاجٌ مُّطَهَّرَةٌ ۖ وَهُمْ فِيهَا خَالِدُونَ
(အို-နဗီတမန်တော်) အသင်သည် အီမာန်ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြကုန်သော မုအ်မင် များအား ပီတိသောမနဿ ဖြစ်စေသော မင်္ဂလာသတင်းကို ပေးလေလော့၊ ဧကန်ဆတ်ဆတ် ထိုသို့သော သီလဝန္တ ပုဂ္ဂိုလ်များ(စံစားနေထိုင်ရန် အလို့ငှာ) ဂျန္နတ် အမတသုခဘုံများ သည်အသင့်ရှိ၏။ ထိုသုခဘုံများအောက်၌ စမ်းရေချောင်းများလည်း (အယဉ်တွေတွေ) စီးဆင်းလျက်ရှိ၏။သုခဘုံသားများအား ထိုသုခဘုံ၏ သစ်သီးဝလံ များကို တည်ခင်းကျွေးမွေးသည့် အခါတိုင်း၌ အကျွန်ုပ်တို့သည် ဤသစ်သီးဝလံမျိုးကို ယခင် ကလည်း စားသုံးရဘူးပြီဟု ဆိုကြအံ့၊ ထိုနောက် ထိုသုခဘုံသားများသည်(ရသာခြားနား၍) သဏ္ဌာန် တူမျှသော သစ်သီးဝလံများ တည်ခင်းကျွေးမွေးခြင်းကိုလည်း ခံစားကြရဦးအံ့၊ ထိုသုခဘုံသားများ အဖို့ ထိုသုခဘုံတွင် သန့်စင်သော ကြင်ရာကြင်ဘက် များသည်လည်း ရှိဦးအံ့၊ ထို့ပြင်တဝ ထိုသုခဘုံသားများသည် ထိုသုခဘုံများ၌ ထာဝစဉ် စံစားကြရအံ့။
26 ۞ إِنَّ اللَّهَ لَا يَسْتَحْيِي أَن يَضْرِبَ مَثَلًا مَّا بَعُوضَةً فَمَا فَوْقَهَا ۚ فَأَمَّا الَّذِينَ آمَنُوا فَيَعْلَمُونَ أَنَّهُ الْحَقُّ مِن رَّبِّهِمْ ۖ وَأَمَّا الَّذِينَ كَفَرُوا فَيَقُولُونَ مَاذَا أَرَادَ اللَّهُ بِهَٰذَا مَثَلًا ۘ يُضِلُّ بِهِ كَثِيرًا وَيَهْدِي بِهِ كَثِيرًا ۚ وَمَا يُضِلُّ بِهِ إِلَّا الْفَاسِقِينَ
အလ္လာဟ်အရှင်မြတ်သည် ခြင်ကောင်နှင့် ဖြစ်စေ၊ ခြင်ကောင်�က် သေးငယ်သောအရာနှင့်ဖြစ်စေ၊ ပုံဆောင်ခြင်းကို (သေးနုပ်သည်ဟူ၍) ရှက်တော်မမူချေ။ ယုံကြည်သောမုအ်မင် များသည် ထိုပုံဆောင်ချက်ကို မိမိတို့အား မွေးမြူတော်မူသော အရှင့်ထံတော်မှ လျော်ကန် သင့်မြတ်လှသော ပုံဆောင်ချက် ဖြစ်သည်ဟူ၍ သိနားလည်ကြ သည်။ ကာဖိရ်တို့မှာမူ အလ္လာဟ်အရှင်မြတ်သည် ဤမျှသေးနုပ်သောအရာကို ပုံဆောင်ခြင်း အားဖြင့် မည်သို့သောအကြောင်းအရာကို ရည်စူးတော်မူပါသနည်းဟု (ပြက်ရယ်) ပြောဆိုကြလေသည်။ အလ္လာဟ်အရှင်သည် ထိုကဲ့သို့သော ပုံဆောင်ချက်ဖြင့် များစွာ သောသူများကို လမ်းမှားသို့ ပို့ဆောင်တော်မူ၍ များစွာသော သူများကိုကား တရားလမ်းမှန်သို့ ညွှန်ကြားပြသတော်မူသည်။ အမှန်စင်စစ်သော်ကား ထိုကဲ့သို့သော ပုံဆောင်ချက် ဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိအမိန့်တော်ကို မနာခံသော မသူတော်များမှအပ အခြားမည်သူ ကိုမျှ လမ်းမှားသို့ ပို့ဆောင်တော်မူသည် မဟုတ်ချေ။
27 الَّذِينَ يَنقُضُونَ عَهْدَ اللَّهِ مِن بَعْدِ مِيثَاقِهِ وَيَقْطَعُونَ مَا أَمَرَ اللَّهُ بِهِ أَن يُوصَلَ وَيُفْسِدُونَ فِي الْأَرْضِ ۚ أُولَٰئِكَ هُمُ الْخَاسِرُونَ
ထို(သူယုတ်မာ)တို့သည် အလ္လာဟ်အရှင်င်မြတ်နှင့် ခိုင်မာစွာ ပဋိညာဉ်သစ္စာထားကြပြီး သည့်နောက် ထိုပဋိညာဉ်ကို ဖောက်ဖျက်ကြ၏၊ (အချင်းချင်း) ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရန် အမိန့်တော်ချ မှတ်ထားသည်ကိုလည်း လိုက်နာကြသည်မရှိ၊ အဆက်ဖြတ်ကြ၏။ ထို့ပြင်တဝ ထိုသူတို့သည် ကမ္ဘာမြေပြင်၌လည်း (ကမ္ဘာသူကမ္ဘာသားတို့၏) ပျက်စီးရာ ပျက်စီးကြောင်းကို ပြုလုပ်ကြ၏။ (စင်စစ်မှာကား) ထိုသူများသည် ဆုံးရှုံးပျက်စီးသူများသာ ဖြစ်ကြပေသတည်း။
28 كَيْفَ تَكْفُرُونَ بِاللَّهِ وَكُنتُمْ أَمْوَاتًا فَأَحْيَاكُمْ ۖ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ثُمَّ إِلَيْهِ تُرْجَعُونَ
(ဟယ်-ကာဖိရ်တို့) အသင်တို့သည် အဘယ်နည်းဖြင့် အလ္လာဟ်အရှင်မြတ်(၏ကျေးဇူးတော်များ) ကိုငြင်းဆိုနိုင်ကြအံ့နည်း၊ အဖြစ်မှန်ကား အသင်တို့သည် (ရှေးဦးမဆွ ပဌမက) (အဝိညာဏက) သက်မဲ့ အရာဝတ္ထုများသာ ဖြစ်ကြရာထိုအသျှင်သည် အသင်တို့အား (သဝိညာဏက) သက်ရှိဘဝသို့ ပို့ဆောင်တော်မူ၏။ ထိုနောက်တဖန် ထိုအရှင်သည် (အသင်တို့၏ သက်တမ်းကုန်ဆုံးသည့်အခါ)သင်တို့အား သေစေ တော်မူဦးမည်ဖြစ်၏။ သို့သေစေတော်မူပြီးသည့်နောက် ထိုအရှင်သည်အသင်တို့အား တဖန် ရှင်ပြန်ထစေဦးမည်။ ထို့နောက်အသင်တို့သည် (မိမိတို့ပြုကျင့်ခဲ့သမျှသော ကောင်းမှုမကောင်းမှုများနှင့် လျော်ညီစွာထိုက်တန်ရာ အကျိုးများကို ခံစံရန် အလို့ငှာ) ထိုအရှင့်ထံတော်သို့ပင်လျှင် ပြန်လည်ရောက်ကြရမည်။
ဘာသာပြန် — အလ်-ဗကရ 26 စူရာ အလ်-ဗကရ အာယာသ် 26 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်သည် ခြင်ကောင်နှင့် ဖြစ်စေ၊ ခြင်ကောင်�က် သေးငယ်သောအရာနှင့်ဖြစ်စေ၊ ပုံဆောင်ခြင်းကို (သေးနုပ်သည်ဟူ၍) ရှက်တော်မမူချေ။ ယုံကြည်သောမုအ်မင် များသည်…
စူရာ အာယာသ် 26/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 24–28. မြန်မာဘာသာ: ภาษาไทย.