အလ်-ဗကရ · 27/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
الَّذِينَ يَنقُضُونَ عَهْدَ اللَّهِ مِن بَعْدِ مِيثَاقِهِ وَيَقْطَعُونَ مَا أَمَرَ اللَّهُ بِهِ أَن يُوصَلَ وَيُفْسِدُونَ فِي الْأَرْضِ ۚ أُولَٰئِكَ هُمُ الْخَاسِرُونَ ۝٢٧
Allazeena yanqudoona `ahdal laahi mim ba`di meesaaqihee wa yaqt`oona maaa amaral laahu biheee ai yoosala wa yufsidoona fil ard; ulaaa`ika hum khaasirron
📖 မြန်မာဘာသာ
ထို(သူယုတ်မာ)တို့သည် အလ္လာဟ်အရှင်င်မြတ်နှင့် ခိုင်မာစွာ ပဋိညာဉ်သစ္စာထားကြပြီး သည့်နောက် ထိုပဋိညာဉ်ကို ဖောက်ဖျက်ကြ၏၊ (အချင်းချင်း) ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရန် အမိန့်တော်ချ မှတ်ထားသည်ကိုလည်း လိုက်နာကြသည်မရှိ၊ အဆက်ဖြတ်ကြ၏။ ထို့ပြင်တဝ ထိုသူတို့သည် ကမ္ဘာမြေပြင်၌လည်း (ကမ္ဘာသူကမ္ဘာသားတို့၏) ပျက်စီးရာ ပျက်စီးကြောင်းကို ပြုလုပ်ကြ၏။ (စင်စစ်မှာကား) ထိုသူများသည် ဆုံးရှုံးပျက်စီးသူများသာ ဖြစ်ကြပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါများ ရှင်းလင်းချက်

  • يَنقُضُونَ (ယန်ကုဒူန) — ချိုးဖျက်ကြသည်၊ ဖီဆန်ကြသည်၊ စွန့်လွှတ်ကြသည်။
  • عَهْدَ اللَّهِ (အဟ်ဒလ္လာဟ်) — အလ္လာဟ်အရှင်မြတ်၏ ကတိသစ္စာ၊ အရှင်မြတ်က လူသားတို့ထံမှ ယူထားသော ပဋိညာဉ်။
  • مِيثَاقِهِ (မီဆာကိဟိ) — ခိုင်မာစွာ ခိုင်လုံစေခြင်း၊ ထပ်လောင်းအတည်ပြုခြင်း။
  • يُوصَلَ (ယူဝဆလ) — ဆက်စပ်ရမည်၊ ချိတ်ဆက်ရမည်။
  • الْخَاسِرُونَ (အလ်ခါဆိရူန) — ဆုံးရှုံးသူများ၊ နစ်နာသူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ရှေးယခင်က ဖော်ပြခဲ့သော သူများ၏ လက္ခဏာကို ထပ်မံရှင်းလင်းဖော်ပြထားခြင်း ဖြစ်သည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် ပြုထားသော ကတိသစ္စာကို ချိုးဖျက်ကြသည်။ ဆိုလိုသည်မှာ အရှင်မြတ်တစ်ဆူတည်းကို ကိုးကွယ်ရမည်၊ အရှင်မြတ်၏ ရစူလ်တမန်တော်များကို လိုက်နာရမည်ဟူသော ကတိကဝတ်ကို ဖီဆန်ကြခြင်း ဖြစ်သည်။ အရှင်မြတ်သည် ရစူလ်တမန်တော်များ စေလွှတ်ခြင်း၊ ကျမ်းတော်များ ချပေးခြင်းဖြင့် ထိုကတိသစ္စာကို ထပ်လောင်းအတည်ပြုပေးခဲ့သော်လည်း သူတို့သည် ချိုးဖျက်ကြသည်။

ထို့အပြင် အလ္လာဟ်အရှင်မြတ်က ဆက်စပ်ရန် အမိန့်ပေးထားသည့် အရာများကို ဖြတ်တောက်ကြသည်။ ဥပမာ — ဆွေမျိုးရင်းချာများနှင့် ဆက်ဆံရေး ဖြတ်တောက်ခြင်း၊ မုဟမ္မဒ် (ဆွ) နှင့် အခြားရစူလ်တမန်တော်များအားလုံးကို သက်ဝင်ယုံကြည်ခြင်းကို စွန့်လွှတ်ခြင်း စသည်တို့ ဖြစ်သည်။

ထိုမှတစ်ပါး သူတို့သည် ကမ္ဘာမြေပေါ်တွင် ဖျက်ဆီးမှုများ ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ အပြစ်ဒုစရိုက်များ ကျူးလွန်ခြင်း၊ လူများကို အစ္စလာမ်သာသနာနှင့် ကုရ်အာန်ကျမ်းတော်မြတ်ထံ လာရောက်ခြင်းမှ တားဆီးပိတ်ပင်ခြင်း စသည်တို့ ဖြစ်သည်။

ထိုသို့သော သူများသည် ဤလောကီဘဝနှင့် နောင်တမလွန်ဘဝ နှစ်ဌာနစလုံးတွင် အမှန်တကယ် ဆုံးရှုံးသူများ ဖြစ်ကြသည်။ သူတို့၏ ကံကြမ္မာသည် ဆုတ်ယုတ်ပျက်စီးခြင်းသာ ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ

  • အလ္လာဟ်အရှင်မြတ်နှင့် ပြုထားသော ကတိသစ္စာကို တည်ကြည်စွာ ဖြည့်ဆည်းခြင်းသည် အီမာန်ယုံကြည်မှု၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်ကြောင်း သိရှိစေသည်။


📜 အာယာသ် 25-29 — စူရာ အလ်-ဗကရ

25وَبَشِّرِ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أَنَّ لَهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ۖ كُلَّمَا رُزِقُوا مِنْهَا مِن ثَمَرَةٍ رِّزْقًا ۙ قَالُوا هَٰذَا الَّذِي رُزِقْنَا مِن قَبْلُ ۖ وَأُتُوا بِهِ مُتَشَابِهًا ۖ وَلَهُمْ فِيهَا أَزْوَاجٌ مُّطَهَّرَةٌ ۖ وَهُمْ فِيهَا خَالِدُونَ
(အို-နဗီတမန်တော်) အသင်သည် အီမာန်ယုံကြည်ခြင်း သဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြကုန်သော မုအ်မင် များအား ပီတိသောမနဿ ဖြစ်စေသော မင်္ဂလာသတင်းကို ပေးလေလော့၊ ဧကန်ဆတ်ဆတ် ထိုသို့သော သီလဝန္တ ပုဂ္ဂိုလ်များ(စံစားနေထိုင်ရန် အလို့ငှာ) ဂျန္နတ် အမတသုခဘုံများ သည်အသင့်ရှိ၏။ ထိုသုခဘုံများအောက်၌ စမ်းရေချောင်းများလည်း (အယဉ်တွေတွေ) စီးဆင်းလျက်ရှိ၏။သုခဘုံသားများအား ထိုသုခဘုံ၏ သစ်သီးဝလံ များကို တည်ခင်းကျွေးမွေးသည့် အခါတိုင်း၌ အကျွန်ုပ်တို့သည် ဤသစ်သီးဝလံမျိုးကို ယခင် ကလည်း စားသုံးရဘူးပြီဟု ဆိုကြအံ့၊ ထိုနောက် ထိုသုခဘုံသားများသည်(ရသာခြားနား၍) သဏ္ဌာန် တူမျှသော သစ်သီးဝလံများ တည်ခင်းကျွေးမွေးခြင်းကိုလည်း ခံစားကြရဦးအံ့၊ ထိုသုခဘုံသားများ အဖို့ ထိုသုခဘုံတွင် သန့်စင်သော ကြင်ရာကြင်ဘက် များသည်လည်း ရှိဦးအံ့၊ ထို့ပြင်တဝ ထိုသုခဘုံသားများသည် ထိုသုခဘုံများ၌ ထာဝစဉ် စံစားကြရအံ့။
26۞ إِنَّ اللَّهَ لَا يَسْتَحْيِي أَن يَضْرِبَ مَثَلًا مَّا بَعُوضَةً فَمَا فَوْقَهَا ۚ فَأَمَّا الَّذِينَ آمَنُوا فَيَعْلَمُونَ أَنَّهُ الْحَقُّ مِن رَّبِّهِمْ ۖ وَأَمَّا الَّذِينَ كَفَرُوا فَيَقُولُونَ مَاذَا أَرَادَ اللَّهُ بِهَٰذَا مَثَلًا ۘ يُضِلُّ بِهِ كَثِيرًا وَيَهْدِي بِهِ كَثِيرًا ۚ وَمَا يُضِلُّ بِهِ إِلَّا الْفَاسِقِينَ
အလ္လာဟ်အရှင်မြတ်သည် ခြင်ကောင်နှင့် ဖြစ်စေ၊ ခြင်ကောင်�က် သေးငယ်သောအရာနှင့်ဖြစ်စေ၊ ပုံဆောင်ခြင်းကို (သေးနုပ်သည်ဟူ၍) ရှက်တော်မမူချေ။ ယုံကြည်သောမုအ်မင် များသည် ထိုပုံဆောင်ချက်ကို မိမိတို့အား မွေးမြူတော်မူသော အရှင့်ထံတော်မှ လျော်ကန် သင့်မြတ်လှသော ပုံဆောင်ချက် ဖြစ်သည်ဟူ၍ သိနားလည်ကြ သည်။ ကာဖိရ်တို့မှာမူ အလ္လာဟ်အရှင်မြတ်သည် ဤမျှသေးနုပ်သောအရာကို ပုံဆောင်ခြင်း အားဖြင့် မည်သို့သောအကြောင်းအရာကို ရည်စူးတော်မူပါသနည်းဟု (ပြက်ရယ်) ပြောဆိုကြလေသည်။ အလ္လာဟ်အရှင်သည် ထိုကဲ့သို့သော ပုံဆောင်ချက်ဖြင့် များစွာ သောသူများကို လမ်းမှားသို့ ပို့ဆောင်တော်မူ၍ များစွာသော သူများကိုကား တရားလမ်းမှန်သို့ ညွှန်ကြားပြသတော်မူသည်။ အမှန်စင်စစ်သော်ကား ထိုကဲ့သို့သော ပုံဆောင်ချက် ဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိအမိန့်တော်ကို မနာခံသော မသူတော်များမှအပ အခြားမည်သူ ကိုမျှ လမ်းမှားသို့ ပို့ဆောင်တော်မူသည် မဟုတ်ချေ။
27الَّذِينَ يَنقُضُونَ عَهْدَ اللَّهِ مِن بَعْدِ مِيثَاقِهِ وَيَقْطَعُونَ مَا أَمَرَ اللَّهُ بِهِ أَن يُوصَلَ وَيُفْسِدُونَ فِي الْأَرْضِ ۚ أُولَٰئِكَ هُمُ الْخَاسِرُونَ
ထို(သူယုတ်မာ)တို့သည် အလ္လာဟ်အရှင်င်မြတ်နှင့် ခိုင်မာစွာ ပဋိညာဉ်သစ္စာထားကြပြီး သည့်နောက် ထိုပဋိညာဉ်ကို ဖောက်ဖျက်ကြ၏၊ (အချင်းချင်း) ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရန် အမိန့်တော်ချ မှတ်ထားသည်ကိုလည်း လိုက်နာကြသည်မရှိ၊ အဆက်ဖြတ်ကြ၏။ ထို့ပြင်တဝ ထိုသူတို့သည် ကမ္ဘာမြေပြင်၌လည်း (ကမ္ဘာသူကမ္ဘာသားတို့၏) ပျက်စီးရာ ပျက်စီးကြောင်းကို ပြုလုပ်ကြ၏။ (စင်စစ်မှာကား) ထိုသူများသည် ဆုံးရှုံးပျက်စီးသူများသာ ဖြစ်ကြပေသတည်း။
28كَيْفَ تَكْفُرُونَ بِاللَّهِ وَكُنتُمْ أَمْوَاتًا فَأَحْيَاكُمْ ۖ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ثُمَّ إِلَيْهِ تُرْجَعُونَ
(ဟယ်-ကာဖိရ်တို့) အသင်တို့သည် အဘယ်နည်းဖြင့် အလ္လာဟ်အရှင်မြတ်(၏ကျေးဇူးတော်များ) ကိုငြင်းဆိုနိုင်ကြအံ့နည်း၊ အဖြစ်မှန်ကား အသင်တို့သည် (ရှေးဦးမဆွ ပဌမက) (အဝိညာဏက) သက်မဲ့ အရာဝတ္ထုများသာ ဖြစ်ကြရာထိုအသျှင်သည် အသင်တို့အား (သဝိညာဏက) သက်ရှိဘဝသို့ ပို့ဆောင်တော်မူ၏။ ထိုနောက်တဖန် ထိုအရှင်သည် (အသင်တို့၏ သက်တမ်းကုန်ဆုံးသည့်အခါ)သင်တို့အား သေစေ တော်မူဦးမည်ဖြစ်၏။ သို့သေစေတော်မူပြီးသည့်နောက် ထိုအရှင်သည်အသင်တို့အား တဖန် ရှင်ပြန်ထစေဦးမည်။ ထို့နောက်အသင်တို့သည် (မိမိတို့ပြုကျင့်ခဲ့သမျှသော ကောင်းမှုမကောင်းမှုများနှင့် လျော်ညီစွာထိုက်တန်ရာ အကျိုးများကို ခံစံရန် အလို့ငှာ) ထိုအရှင့်ထံတော်သို့ပင်လျှင် ပြန်လည်ရောက်ကြရမည်။
29هُوَ الَّذِي خَلَقَ لَكُم مَّا فِي الْأَرْضِ جَمِيعًا ثُمَّ اسْتَوَىٰ إِلَى السَّمَاءِ فَسَوَّاهُنَّ سَبْعَ سَمَاوَاتٍ ۚ وَهُوَ بِكُلِّ شَيْءٍ عَلِيمٌ
ထို(အလ္လာဟ်)အရှင်မြတ်သည် သင်တို့အကျိုးအလို့ငှာ ပထဝီမြ ွင် ရှိရှိသမျှသော ဝတ္ထုအစုစုကို ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်သည် မိမိဆန္ဒတော် အတိုင်းမိုးကောင်းကင်ဘက်သို့ လှည့်တော်မူ၍ မိုးခုနစ်ထပ်ကို နေထားကျနစွာ ပြုလုပ်တော်မူ၏၊ စင်စစ်တမူကား ထိုအရှင်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူသည်။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
27အာယာသ်

ဘာသာပြန် — အလ်-ဗကရ 27

စူရာ အလ်-ဗကရ အာယာသ် 27 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို(သူယုတ်မာ)တို့သည် အလ္လာဟ်အရှင်င်မြတ်နှင့် ခိုင်မာစွာ ပဋိညာဉ်သစ္စာထားကြပြီး သည့်နောက် ထိုပဋိညာဉ်ကို ဖောက်ဖျက်ကြ၏၊ (အချင်းချင်း) ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရန်…

စူရာ အာယာသ် 27/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 25–29. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers