အန်-နူရ် · 56/64
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နူရ်
وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَأَطِيعُوا الرَّسُولَ لَعَلَّكُمْ تُرْحَمُونَ ۝٥٦
Wa aqeemus Salaata wa aatuz Zakaata wa atee`ur Rasoola la`allakum turhamoon
📖 မြန်မာဘာသာ
ထို့ပြင် အသင်တို့သည် "ဆွလာသ်"ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် "ဇကားသ်"ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်ကို လိုက်နာကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် သနားကရုဏာပြုတော်မူခြင်းကို ခံကြရပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
  • وَأَقِيمُوا الصَّلَاةَ (ဝအရ်ကီမူဆ်ဆလာသ) — ဆွလာသ်ကို အပြည့်အဝ၊ မှန်ကန်စွာ ဆောက်တည်ကြလော့။ “အီကာမသ်” ဆိုသည်မှာ ရုကူအ်၊ စူဂျူဒ်၊ ဝါဂျိဗ်များနှင့် စွန္နသ်များအပါအဝင် အခြေခံအင်္ဂါများကို ပြည့်စုံစွာ ဖြည့်ဆည်းခြင်းဖြစ်သည်။
  • وَآتُوا الزَّكَاةَ (ဝအာသုဇဇကာသ) — ဇကာသ်ကို ၎င်း၏ ခံစားခွင့်ရှိသူများထံ ပေးဆောင်ကြလော့။
  • وَأَطِيعُوا الرَّسُولَ (ဝအသွီအုရ်ရဆူလ) — ရစူလ်တမန်တော် (ဆွ) ကို နာခံကြလော့။ ဆိုလိုသည်မှာ ကိုယ်တော် အမိန့်ပေးသည်များကို လိုက်နာခြင်း၊ တားမြစ်သည်များကို ရှောင်ကြဉ်ခြင်းဖြစ်သည်။
  • لَعَلَّكُمْ تُرْحَمُونَ (လအလ်လကုမ်သုရ်ဟမူန) — သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို ရရှိခံစားကြရမည့်အလားအလာအတွက်ဖြစ်သည်။ “လအလ်လ” သည် မျှော်လင့်ချက်နှင့် တောင့်တမှုကို ဖော်ပြသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်များအား အခြေခံအကျဆုံး ဝတ်ပြုမှုသုံးရပ်ကို ပြတ်သားစွာ အမိန့်ပေးထားတော်မူသည်။

ပထမအချက်မှာ ဆွလာသ်ကို အပြည့်အဝ ဆောက်တည်ရန်ဖြစ်သည်။ ဆွလာသ်သည် အီမာန်၏ နောက်တွင် အကြီးမားဆုံး ဝတ်ပြုမှုဖြစ်ပြီး၊ ၎င်းကို အချိန်မှန်၊ စိတ်ရောကိုယ်ပါ၊ ရိုးသားစွာ ဖြည့်ဆည်းရမည်။ ရုကူအ်၊ စူဂျူဒ်၊ ရှိသော အစိတ်အပိုင်းတိုင်းကို ပြည့်စုံစွာ လုပ်ဆောင်ရမည်။

ဒုတိယအချက်မှာ ဇကာသ်ကို ပေးဆောင်ရန်ဖြစ်သည်။ ဇကာသ်သည် ဥစ္စာပစ္စည်းကို သန့်ရှင်းစေပြီး၊ ဆင်းရဲသားများ၊ လိုအပ်နေသူများ၏ အခွင့်အရေးကို ဖြည့်ဆည်းပေးသည်။ သတ်မှတ်ထားသော အတိုင်းအတာအရ ၎င်း၏ ခံစားခွင့်ရှိသူများထံ ပေးအပ်ရမည်။

တတိယအချက်မှာ ရစူလ်တမန်တော် (ဆွ) ကို နာခံရန်ဖြစ်သည်။ ကိုယ်တော်၏ အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြင့် နာခံမှုကို ပြသရမည်။ ရစူလ်တမန်တော်ကို နာခံခြင်းသည် အလ္လာဟ်အရှင်မြတ်ကို နာခံခြင်းပင်ဖြစ်သည်။

ဤအမိန့်သုံးရပ်ကို လိုက်နာခြင်း၏ ရည်ရွယ်ချက်မှာ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို ရရှိရန်ဖြစ



📜 အာယာသ် 54-58 — စူရာ အန်-နူရ်

54قُلْ أَطِيعُوا اللَّهَ وَأَطِيعُوا الرَّسُولَ ۖ فَإِن تَوَلَّوْا فَإِنَّمَا عَلَيْهِ مَا حُمِّلَ وَعَلَيْكُم مَّا حُمِّلْتُمْ ۖ وَإِن تُطِيعُوهُ تَهْتَدُوا ۚ وَمَا عَلَى الرَّسُولِ إِلَّا الْبَلَاغُ الْمُبِينُ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်များကို လိုက်နာကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်း လိုက်နာကြလေကုန်။ ထို့နောက် အကယ်၍ အသင်တို့သည် ရှောင်ကြဉ်ခဲ့ကြလျှင် ထိုရစူလ်တမန်တော်မြတ်အပေါ်၌ မိမိတာဝန်ပေးခြင်း ခံခဲ့ရသည်နှင့်အညီ (အမိန့်တော်များကို ပို့ဆောင်ရန်သာ)ရှိပေသည်။ ထိုနည်းတူစွာ အသင်တို့အပေါ်၌လည်း မိမိတို့ တာဝန်ပေးခြင်းခံခဲ့ကြရသည် နှင့်အညီ(အမိန့်တော်များကိုလည်း လိုက်နာရန်သာ)ရှိပေသည်။ ၎င်းပြင် အကယ်၍ အသင်တို့သည် ထိုရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကို လိုက်နာကြလျှင်၊ အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြပေမည်။ စင်စစ်သော်ကား ရစူလ်တမန်တော်မြတ်၏ အပေါ်၌မူကား (ငါအရှင်မြတ်၏အမိန့်တော်များကို) ထင်ရှားပြတ်သားစွာ ပို့ဆောင်ခြင်းမှအပ အခြားမည်သည့် တာဝန်မျှ မရှိချေ။
55وَعَدَ اللَّهُ الَّذِينَ آمَنُوا مِنكُمْ وَعَمِلُوا الصَّالِحَاتِ لَيَسْتَخْلِفَنَّهُمْ فِي الْأَرْضِ كَمَا اسْتَخْلَفَ الَّذِينَ مِن قَبْلِهِمْ وَلَيُمَكِّنَنَّ لَهُمْ دِينَهُمُ الَّذِي ارْتَضَىٰ لَهُمْ وَلَيُبَدِّلَنَّهُم مِّن بَعْدِ خَوْفِهِمْ أَمْنًا ۚ يَعْبُدُونَنِي لَا يُشْرِكُونَ بِي شَيْئًا ۚ وَمَن كَفَرَ بَعْدَ ذَٰلِكَ فَأُولَٰئِكَ هُمُ الْفَاسِقُونَ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် အီမာန်သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အား (ဤသို့) ကတိပေးတော်မူသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အလျင် ရှိခဲ့ကြကုန်သောသူတို့အား (ကမ္ဘာမြေဝယ်) အုပ်ချုပ်စေတော်မူခဲ့ သည့်နည်းတူ ၎င်းတို့အားလည်း အုပ်ချုပ်စေတော်မူမည်။ ထို့ ပြင် ၎င်းတို့အဖို့ မိမိနှစ်သက်တော်မူသော (အစ္စလာမ်)သာသနာတော်ကို ၎င်းတို့အကျိုးငှာ မြဲမြံခိုင်ခံ့စေတော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ စိုးရိမ်မှုနောက်တွင် ငြိမ်းချမ်းမှုကို ပြောင်းလဲ၍ ပေးတော်မူမည်။ (အကယ်၍) ၎င်းတို့သည် တစ်စုံတစ်ရာကို ငါအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်းမပြုဘဲ ငါအရှင်မြတ်အားသာလျှင် ကိုးကွယ်ဆည်းကပ်နေကြပါလျှင်၊ စင်စစ်သော်ကား မည်သူမဆို ထိုသည့်နောက်တွင် ကျေးဇူးကန်းခဲ့သည်ရှိသော်၊ ယင်းကဲ့သို့ သူတို့သည်သာလျှင် အမိန့်တော်ကို ဖီဆန်သူများ ဖြစ်ကြကုန်သတည်း။
56وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَأَطِيعُوا الرَّسُولَ لَعَلَّكُمْ تُرْحَمُونَ
ထို့ပြင် အသင်တို့သည် "ဆွလာသ်"ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် "ဇကားသ်"ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်ကို လိုက်နာကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် သနားကရုဏာပြုတော်မူခြင်းကို ခံကြရပေမည်။
57لَا تَحْسَبَنَّ الَّذِينَ كَفَرُوا مُعْجِزِينَ فِي الْأَرْضِ ۚ وَمَأْوَاهُمُ النَّارُ ۖ وَلَبِئْسَ الْمَصِيرُ
အသင်သည် ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့ကို (၎င်းတို့သည် ငါအရှင်မြတ်အား) ကမ္ဘာမြေဝယ် မစွမ်းဆောင်နိုင်အောင် ပြုနိုင်ကြမည်ဟု အလျှင်း မထင်မှတ်လေ နှင့်။ အမှန်စင်စစ် ၎င်းတို့၏ ခိုလှုံရာဌာနမှာ ငရဲမီးပင်ဖြစ်ပေသည်။ စင်စစ်သော်ကား ယင်းငရဲမီးသည် အလွန်တရာ ဆိုး ရွားလှသောစခန်းပင် ဖြစ်ပေသတည်း။
58يَا أَيُّهَا الَّذِينَ آمَنُوا لِيَسْتَأْذِنكُمُ الَّذِينَ مَلَكَتْ أَيْمَانُكُمْ وَالَّذِينَ لَمْ يَبْلُغُوا الْحُلُمَ مِنكُمْ ثَلَاثَ مَرَّاتٍ ۚ مِّن قَبْلِ صَلَاةِ الْفَجْرِ وَحِينَ تَضَعُونَ ثِيَابَكُم مِّنَ الظَّهِيرَةِ وَمِن بَعْدِ صَلَاةِ الْعِشَاءِ ۚ ثَلَاثُ عَوْرَاتٍ لَّكُمْ ۚ لَيْسَ عَلَيْكُمْ وَلَا عَلَيْهِمْ جُنَاحٌ بَعْدَهُنَّ ۚ طَوَّافُونَ عَلَيْكُم بَعْضُكُمْ عَلَىٰ بَعْضٍ ۚ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
အို-’မုအ်မင်န်’ သက်ဝင် ယုံကြည်သူအပေါင်းတို့၊ အသင်တို့၏ ကျွန်၊ ကျွန်မများသည်လည်းကောင်း၊ အသင်တို့အနက် အရွယ်မရောက်ကြသေးသော ယောက်ျားကလေးများသည်လည်းကောင်း၊ (အသင်တို့အိမ်များတွင် ဝင်ထွက်သွားလာရန်အလို့ငှာ) အချိန်သုံးချိန်တွင် အသင်တို့ထံ ခွင့်တောင်းကြရမည်။ ‘ဖဂျ်ရ် ဆွလာတ်’ အလျင် (တစ်ချိန်)၊ အသင်တို့သည် �ိမိတို့၏ အဝတ်အစားများကိုချွတ်၍ ထားလေ့ ရှိကြသော နေ့လယ်အချိန်၌(တစ်ချိန်)နှင့် ‘အိရှာအ် ဆွလာတ်’ အပြီး၌(တစ်ချိန်၊ဤ)သုံးချိန်ကား အသင်တို့၏ အရှက်လစ်လပ်ချိန်များတည်း။ (သို့ရာတွင်) ထို(သုံးချိန်)မှအပ(အခြားအချိန်များတွင်မူကား ခွင့်မတောင်းဘဲ ဝင်ထွက်သွားလာခြင်းကြောင့်) အသင်တို့အပေါ်၌လည်းကောင်း၊ ထိုသူတို့ အပေါ်၌ လည်းကောင်း၊ မည်သို့မျှ အပြစ်မရှိချေ။ ၎င်းတို့သည် အသင်တို့ထံ များစွာဝင်ထွက်သွားလာသူများ ဖြစ်ကြပေသည်။ အသင်တို့အနက် တစ်ဦးသည် တစ်ဦး၏ထံသို့ (ဝင်ထွက်သွားလာသူများသာဖြစ်ကြကုန်၏)။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် အမိန့်ပညတ်တော်များကို အသင်တို့အကျိုးငှာ ထုတ်ဖော် မိန့်ကြားတော်မူလေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
အန်-နူရ်ကုရ်အာန် ညွှန်းကိန်း
64အာယာသ်
MedinanRevelation
56အာယာသ်

ဘာသာပြန် — အန်-နူရ် 56

စူရာ အန်-နူရ် အာယာသ် 56 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် အသင်တို့သည် "ဆွလာသ်"ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် "ဇကားသ်"ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ရစူလ်တမန်တော်မြတ်၏…

စူရာ အာယာသ် 56/64 — စူရာ အန်-နူရ် النور (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နူရ် နားထောင်, စူရာ အန်-နူရ် ဘာသာပြန်, စူရာ အန်-နူရ် mp3, စူရာ အန်-နူရ် pdf. အာယာသ် 54–58. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers