لَا تَحْسَبَنَّ الَّذِينَ كَفَرُوا مُعْجِزِينَ فِي الْأَرْضِ ۚ وَمَأْوَاهُمُ النَّارُ ۖ وَلَبِئْسَ الْمَصِيرُ ٥٧
🔤 Transliteration
Laa tahsabannal lazeena kafaroo mu`jizeena fil ard; wa maawaahumun Naaru wa labi`sal maseer
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အသင်သည် ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့ကို (၎င်းတို့သည် ငါအရှင်မြတ်အား) ကမ္ဘာမြေဝယ် မစွမ်းဆောင်နိုင်အောင် ပြုနိုင်ကြမည်ဟု အလျှင်း မထင်မှတ်လေ နှင့်။ အမှန်စင်စစ် ၎င်းတို့၏ ခိုလှုံရာဌာနမှာ ငရဲမီးပင်ဖြစ်ပေသည်။ စင်စစ်သော်ကား ယင်းငရဲမီးသည် အလွန်တရာ ဆိုး ရွားလှသောစခန်းပင် ဖြစ်ပေသတည်း။
🌐 Additional reference in ภาษาไทย
ကမ္မဋ္ဌာန်းဖြစ်သော စကားလုံးများ၏ အဓိပ္ပာယ်များ: لَا تَحْسَبَنَّ (လာ တဟ်စဗန်န): မထင်မှတ်လေနှင့်၊ မတွက်ဆလေနှင့်။ الَّذِينَ كَفَرُوا (အလ္လဇီန ကဖရူ): အလ္လာဟ်ကို ငြင်းပယ်သောသူများ။ مُعْجِزِينَ (မုအ်ဂျိဇီန): အလ္လာဟ်ကို လွတ်မြောက်အောင် လုပ်နိုင်သူများ၊ အလ္လာဟ်၏ အပြစ်ဒဏ်မှ လွတ်မြောက်နိုင်သူများ။ مَأْوَاهُمُ (မъအ်ဝါဟုမ်): သူတို့၏ ခိုလှုံရာနေရာ၊ ပြန်လည်ရောက်ရှိရာနေရာ။ الْمَصِيرُ (အလ်မသီးရ်): ပြန်လည်ရောက်ရှိရာနေရာ၊ အဆုံးသတ်ရောက်ရှိရာနေရာ။ ဤအာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: အို တမန်တော်မုဟမ္မဒ် (ဆွ)၊ အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်သောသူများသည် မြေကြီးပေါ်တွင် အလ္လာဟ်အရှင်မြတ်ကို လွတ်မြောက်အောင် လုပ်နိုင်သည်ဟု မထင်မှတ်လေနှင့်။ အလ္လာဟ်အရှင်မြတ်သည် သူတို့ကို ဖျက်ဆီးရန် အလွန်တတ်စွမ်းနိုင်တော်မူသောအရှင်ဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ဤလောကတွင် သူတို့မည်မျှပင် အင်အားကြီးမားစေကာမူ၊ ဥစ္စာဓနများစွာ ပိုင်ဆိုင်စေကာမူ၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ် အပြစ်ဒဏ်ချမှတ်လိုပါက မည်သည့်အရာကမျှ ဟန့်တားနိုင်မည်မဟုတ်ပေ။
ထို့နောက် သူတို့၏ နောက်ဆုံးပန်းတိုင်နှင့် ပြန်လည်ရောက်ရှိရာနေရာကို ဖော်ပြထားသည်။ ကိယာမသ်နေ့တွင် သူတို့၏ ခိုလှုံရာနေရာသည် ဂျဟန်နမ်မီးဖြစ်သည်။ ထိုမီးသည် အလွန်ဆိုးရွားသော ပြန်လည်ရောက်ရှိရာနေရာဖြစ်သည်။ ထိုနေရာသည် အလွန်ဆိုးရွားလှသော အဆုံးသတ်နေရာဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်က မိန့်တော်မူခဲ့သည်။
ဤအာယသ်တော်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား ရည်ရွယ်၍ မိန့်ကြားထားသော်လည်း၊ အမှန်တကယ်တွင် မုစ်လင်မ်အသိုင်းအဝိုင်းတစ်ခုလုံးအတွက် သင်ခန်းစာနှင့် လမ်းညွှန်ချက်ဖြစ်သည်။ မုအ်မင်န်များအနေဖြင့် ကာဖိရ်များ၏ အင်အားကြီးမားမှု၊ ဥစ္စာဓနကြွယ်ဝမှုကို ကြည့်၍ စိတ်ဓာတ်မကျသင့်ပေ။ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အုပ်စိုးနိုင်တော်မူသောအရှင်ဖြစ်ပြီး၊ မတရားသူများသည် နောက်ဆုံးတွင် အပြစ်ဒဏ်ခံရမည်ဖြစ်သည်။
ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
لَا تَحۡسَبَنَّ ٱلَّذِينَ كَفَرُواْ مُعۡجِزِينَ فِي ٱلۡأَرۡضِۚ وَمَأۡوَىٰهُمُ ٱلنَّارُۖ وَلَبِئۡسَ ٱلۡمَصِيرُ ٥٧
အသင်သည် ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့ကို (၎င်းတို့သည် ငါအရှင်မြတ်အား) ကမ္ဘာမြေဝယ် မစွမ်းဆောင်နိုင်အောင် ပြုနိုင်ကြမည်ဟု အလျှင်း မထင်မှတ်လေ နှင့်။ အမှန်စင်စစ် ၎င်းတို့၏ ခိုလှုံရာဌာနမှာ ငရဲမီးပင်ဖြစ်ပေသည်။ စင်စစ်သော်ကား ယင်းငရဲမီးသည် အလွန်တရာ ဆိုး ရွားလှသောစခန်းပင် ဖြစ်ပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 55-59 — စူရာ အန်-နူရ်
55 وَعَدَ اللَّهُ الَّذِينَ آمَنُوا مِنكُمْ وَعَمِلُوا الصَّالِحَاتِ لَيَسْتَخْلِفَنَّهُمْ فِي الْأَرْضِ كَمَا اسْتَخْلَفَ الَّذِينَ مِن قَبْلِهِمْ وَلَيُمَكِّنَنَّ لَهُمْ دِينَهُمُ الَّذِي ارْتَضَىٰ لَهُمْ وَلَيُبَدِّلَنَّهُم مِّن بَعْدِ خَوْفِهِمْ أَمْنًا ۚ يَعْبُدُونَنِي لَا يُشْرِكُونَ بِي شَيْئًا ۚ وَمَن كَفَرَ بَعْدَ ذَٰلِكَ فَأُولَٰئِكَ هُمُ الْفَاسِقُونَ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် အီမာန်သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့အား (ဤသို့) ကတိပေးတော်မူသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အလျင် ရှိခဲ့ကြကုန်သောသူတို့အား (ကမ္ဘာမြေဝယ်) အုပ်ချုပ်စေတော်မူခဲ့ သည့်နည်းတူ ၎င်းတို့အားလည်း အုပ်ချုပ်စေတော်မူမည်။ ထို့ ပြင် ၎င်းတို့အဖို့ မိမိနှစ်သက်တော်မူသော (အစ္စလာမ်)သာသနာတော်ကို ၎င်းတို့အကျိုးငှာ မြဲမြံခိုင်ခံ့စေတော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ စိုးရိမ်မှုနောက်တွင် ငြိမ်းချမ်းမှုကို ပြောင်းလဲ၍ ပေးတော်မူမည်။ (အကယ်၍) ၎င်းတို့သည် တစ်စုံတစ်ရာကို ငါအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်းမပြုဘဲ ငါအရှင်မြတ်အားသာလျှင် ကိုးကွယ်ဆည်းကပ်နေကြပါလျှင်၊ စင်စစ်သော်ကား မည်သူမဆို ထိုသည့်နောက်တွင် ကျေးဇူးကန်းခဲ့သည်ရှိသော်၊ ယင်းကဲ့သို့ သူတို့သည်သာလျှင် အမိန့်တော်ကို ဖီဆန်သူများ ဖြစ်ကြကုန်သတည်း။
56 وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَأَطِيعُوا الرَّسُولَ لَعَلَّكُمْ تُرْحَمُونَ
ထို့ပြင် အသင်တို့သည် "ဆွလာသ်"ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် "ဇကားသ်"ပေးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ အမိန့်ကို လိုက်နာကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် သနားကရုဏာပြုတော်မူခြင်းကို ခံကြရပေမည်။
57 لَا تَحْسَبَنَّ الَّذِينَ كَفَرُوا مُعْجِزِينَ فِي الْأَرْضِ ۚ وَمَأْوَاهُمُ النَّارُ ۖ وَلَبِئْسَ الْمَصِيرُ
အသင်သည် ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့ကို (၎င်းတို့သည် ငါအရှင်မြတ်အား) ကမ္ဘာမြေဝယ် မစွမ်းဆောင်နိုင်အောင် ပြုနိုင်ကြမည်ဟု အလျှင်း မထင်မှတ်လေ နှင့်။ အမှန်စင်စစ် ၎င်းတို့၏ ခိုလှုံရာဌာနမှာ ငရဲမီးပင်ဖြစ်ပေသည်။ စင်စစ်သော်ကား ယင်းငရဲမီးသည် အလွန်တရာ ဆိုး ရွားလှသောစခန်းပင် ဖြစ်ပေသတည်း။
58 يَا أَيُّهَا الَّذِينَ آمَنُوا لِيَسْتَأْذِنكُمُ الَّذِينَ مَلَكَتْ أَيْمَانُكُمْ وَالَّذِينَ لَمْ يَبْلُغُوا الْحُلُمَ مِنكُمْ ثَلَاثَ مَرَّاتٍ ۚ مِّن قَبْلِ صَلَاةِ الْفَجْرِ وَحِينَ تَضَعُونَ ثِيَابَكُم مِّنَ الظَّهِيرَةِ وَمِن بَعْدِ صَلَاةِ الْعِشَاءِ ۚ ثَلَاثُ عَوْرَاتٍ لَّكُمْ ۚ لَيْسَ عَلَيْكُمْ وَلَا عَلَيْهِمْ جُنَاحٌ بَعْدَهُنَّ ۚ طَوَّافُونَ عَلَيْكُم بَعْضُكُمْ عَلَىٰ بَعْضٍ ۚ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
အို-’မုအ်မင်န်’ သက်ဝင် ယုံကြည်သူအပေါင်းတို့၊ အသင်တို့၏ ကျွန်၊ ကျွန်မများသည်လည်းကောင်း၊ အသင်တို့အနက် အရွယ်မရောက်ကြသေးသော ယောက်ျားကလေးများသည်လည်းကောင်း၊ (အသင်တို့အိမ်များတွင် ဝင်ထွက်သွားလာရန်အလို့ငှာ) အချိန်သုံးချိန်တွင် အသင်တို့ထံ ခွင့်တောင်းကြရမည်။ ‘ဖဂျ်ရ် ဆွလာတ်’ အလျင် (တစ်ချိန်)၊ အသင်တို့သည် �ိမိတို့၏ အဝတ်အစားများကိုချွတ်၍ ထားလေ့ ရှိကြသော နေ့လယ်အချိန်၌(တစ်ချိန်)နှင့် ‘အိရှာအ် ဆွလာတ်’ အပြီး၌(တစ်ချိန်၊ဤ)သုံးချိန်ကား အသင်တို့၏ အရှက်လစ်လပ်ချိန်များတည်း။ (သို့ရာတွင်) ထို(သုံးချိန်)မှအပ(အခြားအချိန်များတွင်မူကား ခွင့်မတောင်းဘဲ ဝင်ထွက်သွားလာခြင်းကြောင့်) အသင်တို့အပေါ်၌လည်းကောင်း၊ ထိုသူတို့ အပေါ်၌ လည်းကောင်း၊ မည်သို့မျှ အပြစ်မရှိချေ။ ၎င်းတို့သည် အသင်တို့ထံ များစွာဝင်ထွက်သွားလာသူများ ဖြစ်ကြပေသည်။ အသင်တို့အနက် တစ်ဦးသည် တစ်ဦး၏ထံသို့ (ဝင်ထွက်သွားလာသူများသာဖြစ်ကြကုန်၏)။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် အမိန့်ပညတ်တော်များကို အသင်တို့အကျိုးငှာ ထုတ်ဖော် မိန့်ကြားတော်မူလေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
59 وَإِذَا بَلَغَ الْأَطْفَالُ مِنكُمُ الْحُلُمَ فَلْيَسْتَأْذِنُوا كَمَا اسْتَأْذَنَ الَّذِينَ مِن قَبْلِهِمْ ۚ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
သို့ရာတွင် အသင်တို့အနက်မှ ယောက်ျားကလေးများသည် အရွယ်ရောက်လာခဲ့ကြသော်၊ ၎င်းတို့သည်လည်း မိမိတို့အလျင် ခွင့်တောင်းခဲ့ကြသော သူများနည်းတူ ခွင့်တောင်းကြရပေမည်။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းနှင်နှင် မိမိအမိန့်ပညတ်တော်များကို အသင်တို့အကျိုးငှာ ထုတ် ဖော်မိန့်ကြားတော်မူလေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ဘာသာပြန် — အန်-နူရ် 57 စူရာ အန်-နူရ် အာယာသ် 57 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်သည် ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့ကို (၎င်းတို့သည် ငါအရှင်မြတ်အား) ကမ္ဘာမြေဝယ် မစွမ်းဆောင်နိုင်အောင် ပြုနိုင်ကြမည်ဟု အလျှင်း မထင်မှတ်လေ…
စူရာ အာယာသ် 57/64 — စူရာ အန်-နူရ် النور (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နူရ် နားထောင်, စူရာ အန်-နူရ် ဘာသာပြန်, စူရာ အန်-နူရ် mp3, စူရာ အန်-နူရ် pdf. အာယာသ် 55–59. မြန်မာဘာသာ: ภาษาไทย.