အလ်-ဖူရ်ကာန် · 20/77
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဖူရ်ကာန်
وَمَا أَرْسَلْنَا قَبْلَكَ مِنَ الْمُرْسَلِينَ إِلَّا إِنَّهُمْ لَيَأْكُلُونَ الطَّعَامَ وَيَمْشُونَ فِي الْأَسْوَاقِ ۗ وَجَعَلْنَا بَعْضَكُمْ لِبَعْضٍ فِتْنَةً أَتَصْبِرُونَ ۗ وَكَانَ رَبُّكَ بَصِيرًا ۝٢٠
Wa maaa arsalnaa qablaka minal mursaleena illaaa innahum la yaakuloonat ta`aama wa yamshoona fil aswaaq; wa ja`alnaa ba`dakum liba`din fitnatan atasbiroon; wa kaana Rabbuka Baseera
📖 မြန်မာဘာသာ
စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင့်အလျင် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော် အပေါင်းတို့သည်လည်း ဧကန်မလွဲ အစားအစာကို မှီဝဲစားသုံးကြလေ သည်။ ထို့ပြင် ၎င်းတို့သည် ဈေးများတွင်လည်း လှည့်ပတ်သွားလာကြလေသည်။ စင်စစ်မှာမူကား ငါအရှင်မြတ်သည် အသင်တို့အနက် တစ်ဦးကိုတစ်ဦး၏အဖို့ စမ်းသပ်မှုပင် ပြုလုပ်တော်မူခဲ့ပေသည်။ အသင်တို့သည် သည်းခံမှုတရားရှိကြမည်လော။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ကောင်းစွာ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

  • ဖိတ်နသန် (فِتْنَةً) — စမ်းသပ်ခြင်း၊ စမ်းသပ်မှု၊ လူတစ်ဦးကို အခြားတစ်ဦးဖြင့် စမ်းသပ်ခြင်း။ ဤနေရာတွင် ယုံကြည်မှုနှင့် မယုံကြည်မှု၊ ချမ်းသာမှုနှင့် ဆင်းရဲမှု၊ ကျန်းမာမှုနှင့် ဖျားနာမှုတို့ဖြင့် အချင်းချင်း စမ်းသပ်ခြင်းကို ဆိုလိုသည်။
  • အသတ်ဆွဗိရူန် (أَتَصْبِرُونَ) — သင်တို့သည် သည်းခံကြသလော။ ဤသည်မှာ စမ်းသပ်မှု၏ ရည်ရွယ်ချက်ကို ဖော်ပြသော မေးခွန်းဖြစ်သည်။
  • ဗဆီရန် (بَصِيرًا) — အလွန်မြင်တော်မူသောအရှင်၊ ကောင်းမွန်စွာ သိတော်မူသောအရှင်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို—တမန်တော်မုဟမ္မဒ်၊ သင့်မတိုင်မီ ငါအရှင်မြတ် စေလွှတ်တော်မူခဲ့သော တမန်တော်အပေါင်းတို့သည် လူသားများသာဖြစ်ကြသည်။ သူတို့သည် အစားအစာကို စားသုံးကြသည်။ ဈေးအတွင်းများ၌ လမ်းလျှောက်သွားလာကြသည်။ ထို့ကြောင့် သင်သည် တမန်တော်များထဲတွင် ထူးခြားသော ပုဂ္ဂိုလ်မဟုတ်ပေ။ ထို့နောက် ငါအရှင်မြတ်သည် သင်တို့အနက် အချို့ကို အချို့ဖြင့် စမ်းသပ်မှုအဖြစ် ဖန်ဆင်းတော်မူခဲ့သည်။ ချမ်းသာသူသည် ဆင်းရဲသူအတွက် စမ်းသပ်မှုဖြစ်သည်။ ကျန်းမာသူသည် ဖျားနာသူအတွက် စမ်းသပ်မှုဖြစ်သည်။ ဤသို့ ကွဲပြားမှုများဖြင့် သင်တို့သည် သည်းခံကြသလော။ အကယ်၍ သည်းခံပါက အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အကျိုးဆုလာဘ်များ ပေးသနားတော်မူမည်။ အကယ်၍ သည်းမခံပါက အပြစ်ဒဏ်ကို ခံစားရမည်။ အမှန်စင်စစ် သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အရာခပ်သိမ်းကို အလွန်မြင်တော်မူသောအရှင်၊ ကောင်းမွန်စွာ သိတော်မူသောအရှင် ဖြစ်တော်မူသည်။ မည်သူသည် သည်းခံသည်၊ မည်သူသည် သည်းမခံသည်၊ မည်သူသည် အရှင်မြတ်အား နာခံသည်၊ မည်သူသည် မနာခံသည်ကို အရှင်မြတ်သည် အလွန်ကောင်းစွာ သိတော်မူသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အစ္စလာမ်သာသနာသည် လူသားတို့၏ သဘာဝနှင့် ကိုက်ညီသော သာသနာဖြစ်သည်။ တမန်တော်များသည်လည်း လူသားများဖြစ်ကြပြီး စားသောက်ခြင်း၊ လမ်းလျှောက်ခြင်းစသည့် လူသားတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းကြရသည်။ ဤအချက်သည် အစ္စလာမ်သာသနာကို လူသားတို့ လွယ်ကူစွာ


📜 အာယာသ် 18-22 — စူရာ အလ်-ဖူရ်ကာန်

18قَالُوا سُبْحَانَكَ مَا كَانَ يَنبَغِي لَنَا أَن نَّتَّخِذَ مِن دُونِكَ مِنْ أَوْلِيَاءَ وَلَٰكِن مَّتَّعْتَهُمْ وَآبَاءَهُمْ حَتَّىٰ نَسُوا الذِّكْرَ وَكَانُوا قَوْمًا بُورًا
(ထိုအခါ) ၎င်းတို့သည် (ဤသို့)လျှောက်ထားကြပေမည်။ (အို-အရှင်မြတ်၊) အရှင်မြတ်သည် စင်ကြယ် သန့်ရှင်းတော်မူပါ၏။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်မည့် အဆွေခင်ပွန်းများ မပြုလုပ်ဝံ့ကြပါ။ သို့ရာတွင် အရှင်မြတ်သည် ထိုသူတို့အားလည်းကောင်း၊ ထိုသူတို့၏ အဘ၊ ဘိုး၊ ဘေးတို့အားလည်းကောင်း၊ ချမ်းသာကြွယ်ဝစေတော်မူခဲ့ပါသည်။ နောက်ဆုံးတွင် ၎င်းတို့ သည်(အရှင်မြတ်အား) သတိရခြင်းကိုပင် မေ့လျော့ကြပြီးလျှင် ၎င်းတို့ကိုယ်တိုင်ပင် ပျက်စီးသွားခဲ့ကြပါသည်။
19فَقَدْ كَذَّبُوكُم بِمَا تَقُولُونَ فَمَا تَسْتَطِيعُونَ صَرْفًا وَلَا نَصْرًا ۚ وَمَن يَظْلِم مِّنكُمْ نُذِقْهُ عَذَابًا كَبِيرًا
ထိုသို့အားဖြင့် ၎င်းတို့သည် (အကိုးကွယ်ခံတို့သည်) အသင်တို့အား (ကိုးကွယ်သူတို့အား) အသင်တို့ ပြောဆိုကြကုန်သော စကားနှင့်စပ်လျဉ်း၍ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် မည်သို့မျှ လွှဲရှောင်နိုင်ကြမည် လည်းမဟုတ်ပေ။ မည်သည့် အကူအညီကိုမျှ ရရှိနိုင် ကြမည် လည်းမဟုတ်ပေ။ စင်စစ်သော်ကား အသင်တို့အနက် မည်သူမဆို မတရားပြုကျင့်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအားကြီး လေးသောပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူ အံ့သတည်း။
20وَمَا أَرْسَلْنَا قَبْلَكَ مِنَ الْمُرْسَلِينَ إِلَّا إِنَّهُمْ لَيَأْكُلُونَ الطَّعَامَ وَيَمْشُونَ فِي الْأَسْوَاقِ ۗ وَجَعَلْنَا بَعْضَكُمْ لِبَعْضٍ فِتْنَةً أَتَصْبِرُونَ ۗ وَكَانَ رَبُّكَ بَصِيرًا
စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင့်အလျင် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော် အပေါင်းတို့သည်လည်း ဧကန်မလွဲ အစားအစာကို မှီဝဲစားသုံးကြလေ သည်။ ထို့ပြင် ၎င်းတို့သည် ဈေးများတွင်လည်း လှည့်ပတ်သွားလာကြလေသည်။ စင်စစ်မှာမူကား ငါအရှင်မြတ်သည် အသင်တို့အနက် တစ်ဦးကိုတစ်ဦး၏အဖို့ စမ်းသပ်မှုပင် ပြုလုပ်တော်မူခဲ့ပေသည်။ အသင်တို့သည် သည်းခံမှုတရားရှိကြမည်လော။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ကောင်းစွာ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
21۞ وَقَالَ الَّذِينَ لَا يَرْجُونَ لِقَاءَنَا لَوْلَا أُنزِلَ عَلَيْنَا الْمَلَائِكَةُ أَوْ نَرَىٰ رَبَّنَا ۗ لَقَدِ اسْتَكْبَرُوا فِي أَنفُسِهِمْ وَعَتَوْا عُتُوًّا كَبِيرًا
စင်စစ် ငါအရှင်မြတ်နှင့်တွေ့ဆုံမှုကို မမျှော်လင့်ကြသော (မစိုးရိမ်ကြသော)သူတို့က အဘယ်ကြောင့် "မလာအိကဟ်" ကောင်းကင်တမန်များသည် ကျွန်ုပ်တို့ထံဆင်းသက်၍ မလာကြသနည်း။ သို့တည်းမဟုတ် အဘယ်ကြောင့် ကျွန်ုပ်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို မဖူးမြော်ကြရပါသနည်းဟု ပြောဆိုကြကုန်၏။ ဧကန်မလွဲ ၎င်းတို့သည် မိမိတို့စိတ်ထဲ၌ မိမိတို့ကိုယ်ကို အထင်ကြီးခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အကြီးအကျယ် ဆိုးသွမ်းခြင်းအားဖြင့် စည်းကမ်းကျူးလွန်ခဲ့ကြကုန်၏။
22يَوْمَ يَرَوْنَ الْمَلَائِكَةَ لَا بُشْرَىٰ يَوْمَئِذٍ لِّلْمُجْرِمِينَ وَيَقُولُونَ حِجْرًا مَّحْجُورًا
အကြင်နေ့တွင် ၎င်းတို့သည် "မလာအိကဟ်" ကောင်းကင်တမန်တို့အား တွေ့မြင်ကြပေမည်။ ထိုနေ့တွင် ပြစ်မှုရှိသူတို့၌ မည်သည့် ဝမ်းမြောက်ခြင်းမျှ မရှိသည့်ပြင်၊ ၎င်းတို့သည် (ကောင်းကင်တမန်တို့နှင့်)ကင်းပါရစေ၊ ကင်းဝေးပါစေ ဟု ပြောဆိုကြပေမည်။
အလ်-ဖူရ်ကာန်ကုရ်အာန် ညွှန်းကိန်း
77အာယာသ်
MeccanRevelation
20အာယာသ်

ဘာသာပြန် — အလ်-ဖူရ်ကာန် 20

စူရာ အလ်-ဖူရ်ကာန် အာယာသ် 20 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင့်အလျင် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော် အပေါင်းတို့သည်လည်း ဧကန်မလွဲ အစားအစာကို မှီဝဲစားသုံးကြလေ သည်။…

စူရာ အာယာသ် 20/77 — စူရာ အလ်-ဖူရ်ကာန် الفرقان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖူရ်ကာန် နားထောင်, စူရာ အလ်-ဖူရ်ကာန် ဘာသာပြန်, စူရာ အလ်-ဖူရ်ကာန် mp3, စူရာ အလ်-ဖူရ်ကာန် pdf. အာယာသ် 18–22. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers