အလ်-ဖူရ်ကာန် · 19/77
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဖူရ်ကာန်
فَقَدْ كَذَّبُوكُم بِمَا تَقُولُونَ فَمَا تَسْتَطِيعُونَ صَرْفًا وَلَا نَصْرًا ۚ وَمَن يَظْلِم مِّنكُمْ نُذِقْهُ عَذَابًا كَبِيرًا ۝١٩
Faqad kazzabookum bimaa taqooloona famaa tastatee`oona sarfanw wa laa nasraa; wa mai yazlim minkum nuziqhu `azaaban kabeeraa
📖 မြန်မာဘာသာ
ထိုသို့အားဖြင့် ၎င်းတို့သည် (အကိုးကွယ်ခံတို့သည်) အသင်တို့အား (ကိုးကွယ်သူတို့အား) အသင်တို့ ပြောဆိုကြကုန်သော စကားနှင့်စပ်လျဉ်း၍ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် မည်သို့မျှ လွှဲရှောင်နိုင်ကြမည် လည်းမဟုတ်ပေ။ မည်သည့် အကူအညီကိုမျှ ရရှိနိုင် ကြမည် လည်းမဟုတ်ပေ။ စင်စစ်သော်ကား အသင်တို့အနက် မည်သူမဆို မတရားပြုကျင့်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအားကြီး လေးသောပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူ အံ့သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းဖြစ်သော စကားလုံးများ၏ အဓိပ္ပာယ်များ
  • كَذَّبُوكُم : သူတို့သည် သင်တို့ကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည်။
  • صَرْفًا : ဖယ်ရှားခြင်း၊ ကာကွယ်ခြင်း၊ လွတ်မြောက်စေခြင်း။
  • نَصْرًا : ကူညီခြင်း၊ အားပေးခြင်း။
  • يَظْلِم : မတရားပြုခြင်း၊ ဤနေရာတွင် အလ္လာဟ်နှင့်တွဲဖက်ကိုးကွယ်ခြင်း (ရှိရ်က်) ကို ဆိုလိုသည်။
  • نُذِقْهُ : ငါအရှင်မြတ်သည် သူ့အား မြည်းစမ်းစေမည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်အား စွန့်ပြီး အခြားအရာများကို ကိုးကွယ်ခဲ့ကြသော မုရှ်ရိက်များအား ပြောဆိုထားခြင်းဖြစ်သည်။ သူတို့သည် မိမိတို့ကိုးကွယ်ခဲ့ကြသော ရုပ်တုများ၊ ဘုရားများသည် သူတို့အတွက် ကူညီနိုင်သည်၊ အကျိုးပြုနိုင်သည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် ကိယာမသ်နေ့တွင် ထိုကိုးကွယ်ရာများကိုယ်တိုင် သူတို့အား ငြင်းပယ်ကြမည်။ သင်တို့သည် ငါတို့ကို ကိုးကွယ်ခဲ့သည်ဆိုသော စကားသည် မမှန်ဟု သူတို့က ဆိုကြမည်။ ထိုအခါ မုရှ်ရိက်များသည် မိမိတို့ထံ ရောက်လာသော ပြစ်ဒဏ်ကို ဖယ်ရှားနိုင်မည်မဟုတ်၊ ကူညီမည့်သူလည်း ရှိမည်မဟုတ်ပေ။ သူတို့သည် အလွန်အားနည်းသောကြောင့် မည်သည့်နည်းနှင့်မျှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သတိပေးတော်မူသည်။ သင်တို့ထဲမှ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အခြားအရာများကို တွဲဖက်ကိုးကွယ်ခြင်းဖြင့် မိမိကိုယ်ကို မတရားပြုလုပ်ပါက ငါအရှင်မြတ်သည် သူ့အား အလွန်ကြီးလေးသော ပြစ်ဒဏ်ကို မြည်းစမ်းစေမည်။ ထိုပြစ်ဒဏ်သည် ငရဲမီးဖြစ်သည်။ ဤသတိပေးချက်သည် မုရှ်ရိက်များအတွက်သာမက မုအ်မင်န်များအတွက်လည်း သတိပေးချက်ဖြစ်သည်။ အကြောင်းမှာ မည်သူမဆို ရှိရ်က် (တွဲဖက်ကိုးကွယ်ခြင်း) ကို ကျူးလွန်ပါက ထိုပြစ်ဒဏ်ကို ခံစားရမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာသို့ ဖိတ်ခေါ်ချက်
  • အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူသည်။ သူ့အား စွန့်ပြီး အခြားအရာများကို ကိုးကွယ်ခြင်းသည် အကျိုးမရှိသည့်အပြင် ကြီးလေးသော ပြစ်ဒဏ်ကို ခံစားရမည်။
  • ကိယာမသ်နေ့တွင် မည်သူမျှ မည်သူ့ကိုမျှ မကူညီနိုင်ပါ။ လူ


📜 အာယာသ် 17-21 — စူရာ အလ်-ဖူရ်ကာန်

17وَيَوْمَ يَحْشُرُهُمْ وَمَا يَعْبُدُونَ مِن دُونِ اللَّهِ فَيَقُولُ أَأَنتُمْ أَضْلَلْتُمْ عِبَادِي هَٰؤُلَاءِ أَمْ هُمْ ضَلُّوا السَّبِيلَ
၎င်းပြင် အကြင်နေ့တွင် ထိုအရှင်မြတ်သည် ထိုသူတို့သူတို့ အားလည်းကောင်း၊ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အပြင် �ိုးကွယ်ကြသောသူတို့အား လည်းကောင်း၊ စုရုံးတော်မူပြီးလျှင် "အသင်တို့သည်ပင် ငါအရှင်မြတ်၏ ဤကျွန်များကို လမ်းလွဲစေခဲ့ကြလေသလော။ သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင်ပင် လမ်းလွဲခဲ့ကြလေသလော"ဟု မေးမြန်း တော်မူပေမည်။
18قَالُوا سُبْحَانَكَ مَا كَانَ يَنبَغِي لَنَا أَن نَّتَّخِذَ مِن دُونِكَ مِنْ أَوْلِيَاءَ وَلَٰكِن مَّتَّعْتَهُمْ وَآبَاءَهُمْ حَتَّىٰ نَسُوا الذِّكْرَ وَكَانُوا قَوْمًا بُورًا
(ထိုအခါ) ၎င်းတို့သည် (ဤသို့)လျှောက်ထားကြပေမည်။ (အို-အရှင်မြတ်၊) အရှင်မြတ်သည် စင်ကြယ် သန့်ရှင်းတော်မူပါ၏။ ကျွန်တော်မျိုးတို့သည် အရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်မည့် အဆွေခင်ပွန်းများ မပြုလုပ်ဝံ့ကြပါ။ သို့ရာတွင် အရှင်မြတ်သည် ထိုသူတို့အားလည်းကောင်း၊ ထိုသူတို့၏ အဘ၊ ဘိုး၊ ဘေးတို့အားလည်းကောင်း၊ ချမ်းသာကြွယ်ဝစေတော်မူခဲ့ပါသည်။ နောက်ဆုံးတွင် ၎င်းတို့ သည်(အရှင်မြတ်အား) သတိရခြင်းကိုပင် မေ့လျော့ကြပြီးလျှင် ၎င်းတို့ကိုယ်တိုင်ပင် ပျက်စီးသွားခဲ့ကြပါသည်။
19فَقَدْ كَذَّبُوكُم بِمَا تَقُولُونَ فَمَا تَسْتَطِيعُونَ صَرْفًا وَلَا نَصْرًا ۚ وَمَن يَظْلِم مِّنكُمْ نُذِقْهُ عَذَابًا كَبِيرًا
ထိုသို့အားဖြင့် ၎င်းတို့သည် (အကိုးကွယ်ခံတို့သည်) အသင်တို့အား (ကိုးကွယ်သူတို့အား) အသင်တို့ ပြောဆိုကြကုန်သော စကားနှင့်စပ်လျဉ်း၍ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် မည်သို့မျှ လွှဲရှောင်နိုင်ကြမည် လည်းမဟုတ်ပေ။ မည်သည့် အကူအညီကိုမျှ ရရှိနိုင် ကြမည် လည်းမဟုတ်ပေ။ စင်စစ်သော်ကား အသင်တို့အနက် မည်သူမဆို မတရားပြုကျင့်သည်ရှိသော် ငါအရှင်မြတ်သည် ထိုသူအားကြီး လေးသောပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူ အံ့သတည်း။
20وَمَا أَرْسَلْنَا قَبْلَكَ مِنَ الْمُرْسَلِينَ إِلَّا إِنَّهُمْ لَيَأْكُلُونَ الطَّعَامَ وَيَمْشُونَ فِي الْأَسْوَاقِ ۗ وَجَعَلْنَا بَعْضَكُمْ لِبَعْضٍ فِتْنَةً أَتَصْبِرُونَ ۗ وَكَانَ رَبُّكَ بَصِيرًا
စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင့်အလျင် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော် အပေါင်းတို့သည်လည်း ဧကန်မလွဲ အစားအစာကို မှီဝဲစားသုံးကြလေ သည်။ ထို့ပြင် ၎င်းတို့သည် ဈေးများတွင်လည်း လှည့်ပတ်သွားလာကြလေသည်။ စင်စစ်မှာမူကား ငါအရှင်မြတ်သည် အသင်တို့အနက် တစ်ဦးကိုတစ်ဦး၏အဖို့ စမ်းသပ်မှုပင် ပြုလုပ်တော်မူခဲ့ပေသည်။ အသင်တို့သည် သည်းခံမှုတရားရှိကြမည်လော။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ကောင်းစွာ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
21۞ وَقَالَ الَّذِينَ لَا يَرْجُونَ لِقَاءَنَا لَوْلَا أُنزِلَ عَلَيْنَا الْمَلَائِكَةُ أَوْ نَرَىٰ رَبَّنَا ۗ لَقَدِ اسْتَكْبَرُوا فِي أَنفُسِهِمْ وَعَتَوْا عُتُوًّا كَبِيرًا
စင်စစ် ငါအရှင်မြတ်နှင့်တွေ့ဆုံမှုကို မမျှော်လင့်ကြသော (မစိုးရိမ်ကြသော)သူတို့က အဘယ်ကြောင့် "မလာအိကဟ်" ကောင်းကင်တမန်များသည် ကျွန်ုပ်တို့ထံဆင်းသက်၍ မလာကြသနည်း။ သို့တည်းမဟုတ် အဘယ်ကြောင့် ကျွန်ုပ်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို မဖူးမြော်ကြရပါသနည်းဟု ပြောဆိုကြကုန်၏။ ဧကန်မလွဲ ၎င်းတို့သည် မိမိတို့စိတ်ထဲ၌ မိမိတို့ကိုယ်ကို အထင်ကြီးခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အကြီးအကျယ် ဆိုးသွမ်းခြင်းအားဖြင့် စည်းကမ်းကျူးလွန်ခဲ့ကြကုန်၏။
အလ်-ဖူရ်ကာန်ကုရ်အာန် ညွှန်းကိန်း
77အာယာသ်
MeccanRevelation
19အာယာသ်

ဘာသာပြန် — အလ်-ဖူရ်ကာန် 19

စူရာ အလ်-ဖူရ်ကာန် အာယာသ် 19 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုသို့အားဖြင့် ၎င်းတို့သည် (အကိုးကွယ်ခံတို့သည်) အသင်တို့အား (ကိုးကွယ်သူတို့အား) အသင်တို့ ပြောဆိုကြကုန်သော စကားနှင့်စပ်လျဉ်း၍ မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြချေပြီ။…

စူရာ အာယာသ် 19/77 — စူရာ အလ်-ဖူရ်ကာန် الفرقان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖူရ်ကာန် နားထောင်, စူရာ အလ်-ဖူရ်ကာန် ဘာသာပြန်, စူရာ အလ်-ဖူရ်ကာန် mp3, စူရာ အလ်-ဖူရ်ကာန် pdf. အာယာသ် 17–21. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers