အလ်-ဖူရ်ကာန် · 8/77
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဖူရ်ကာန်
أَوْ يُلْقَىٰ إِلَيْهِ كَنزٌ أَوْ تَكُونُ لَهُ جَنَّةٌ يَأْكُلُ مِنْهَا ۚ وَقَالَ الظَّالِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلًا مَّسْحُورًا ۝٨
Aw yulqaaa ilaihi kanzun aw takoonu lahoo jannatuny yaakulu minhaa; wa qaalaz zaalimoona in tattabi`oona illaa rajulam mas hooraa
📖 မြန်မာဘာသာ
သို့တည်းမဟုတ်၊ ၎င်း၏ထံသို့ ဘဏ္ဍာတိုက်တစ်ခုသည် အဘယ်ကြောင့် ချပေးခြင်းမခံရသနည်း၊ သို့တည်းမဟုတ် ၎င်း၌ ဥယျာဉ်တစ်ခုသည် အဘယ်ကြောင့် မရှိလေသနည်း။ (သို့ရှိခဲ့လျှင်) ၎င်းသည် ယင်းဥယျာဉ်မှ (သစ်သီးဝလံများ)ကို စားသုံးနိုင်ပေမည်" ထိုမှတစ်ပါး ထိုမတရားသောသူတို့က "အသင်တို့သည် စုန်းပြုစားခြင်းခံရသော ယောက်ျားတစ်ဦး၏နောက်သို့သာ လိုက်နေကြသည"ဟု ပြောဆိုကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 6-10 — စူရာ အလ်-ဖူရ်ကာန်

6قُلْ أَنزَلَهُ الَّذِي يَعْلَمُ السِّرَّ فِي السَّمَاوَاتِ وَالْأَرْضِ ۚ إِنَّهُ كَانَ غَفُورًا رَّحِيمًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆို(ဖြေကြား)ပါလေ။ (အချင်းတို့၊) ဤ(ကုရ်အာန် ကျမ်းတော်)ကို မိုးကောင်းကင်များနှင့် ပထဝီမြေ၌ရှိကုန်သော လျှို့ဝှက်ချက်တို့ကို သိရှိတော်မူသော အရှင်မြတ်က ချပေးသနားတော်မူခဲ့ပေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော၊ အလွန်တရာ သနားကြင်နာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
7وَقَالُوا مَالِ هَٰذَا الرَّسُولِ يَأْكُلُ الطَّعَامَ وَيَمْشِي فِي الْأَسْوَاقِ ۙ لَوْلَا أُنزِلَ إِلَيْهِ مَلَكٌ فَيَكُونَ مَعَهُ نَذِيرًا
ထိုမှတစ်ပါး ထို "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့က (ဤသို့)ပြောဆိုကြသေး၏။ "ဤရစူလ်တမန်တော်သည် မည်သို့သော ရစူလ်တမန်တော်နည်း။ ၎င်းသည် အစားအစာကို စားသုံးလေသည်။ ၎င်းပြင် ဈေးများတွင် လှည့်ပတ်သွားလာလေသည်။ ၎င်း၏ထံသို့ ကောင်းကင်တမန်တစ်ပါးပါးသည် အဘယ်ကြောင့် စေလွှတ်ခြင်းမခံရလေသနည်း။ သို့စေလွှတ်ခြင်းခံရပါလျှင် ထိုကောင်းကင်တမန်သည်လည်း ၎င်းနှင့်အတူ ကူညီသတိပေး နှိုးဆော်သူဖြစ်ပေမည်။
8أَوْ يُلْقَىٰ إِلَيْهِ كَنزٌ أَوْ تَكُونُ لَهُ جَنَّةٌ يَأْكُلُ مِنْهَا ۚ وَقَالَ الظَّالِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلًا مَّسْحُورًا
သို့တည်းမဟုတ်၊ ၎င်း၏ထံသို့ ဘဏ္ဍာတိုက်တစ်ခုသည် အဘယ်ကြောင့် ချပေးခြင်းမခံရသနည်း၊ သို့တည်းမဟုတ် ၎င်း၌ ဥယျာဉ်တစ်ခုသည် အဘယ်ကြောင့် မရှိလေသနည်း။ (သို့ရှိခဲ့လျှင်) ၎င်းသည် ယင်းဥယျာဉ်မှ (သစ်သီးဝလံများ)ကို စားသုံးနိုင်ပေမည်" ထိုမှတစ်ပါး ထိုမတရားသောသူတို့က "အသင်တို့သည် စုန်းပြုစားခြင်းခံရသော ယောက်ျားတစ်ဦး၏နောက်သို့သာ လိုက်နေကြသည"ဟု ပြောဆိုကြကုန်၏။
9انظُرْ كَيْفَ ضَرَبُوا لَكَ الْأَمْثَالَ فَضَلُّوا فَلَا يَسْتَطِيعُونَ سَبِيلًا
(အို-နဗီတမန်တော်) ၎င်းတို့သည် အသင်နှင့်ပက်သက်၍ မည်ကဲ့သို့သော ဥပမာပုံဆောင်ချက်များ ခိုင်းနှိုင်းခဲ့ကြသည်ကို အသင်ရှုပါလေ။ ထို့ကြောင့်ပင် ၎င်းတို့သည် လမ်းလွဲခဲ့ကြချေပြီ။ သို့ဖြစ်ပေရာ ၎င်းတို့သည်မည်သည့် (ထွက်) လမ်းကိုမျှပင် တွေ့ရှိနိုင်ကြတော့မည် မဟုတ်ပေတကား။
10تَبَارَكَ الَّذِي إِن شَاءَ جَعَلَ لَكَ خَيْرًا مِّن ذَٰلِكَ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ وَيَجْعَل لَّكَ قُصُورًا
အကြင်အရှင်မြတ်သည် ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံတော်မူပေသည်။ အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင့်အား ထို့ထက်ပင်ပို၍ ကောင်းမွန်သော အကြင်ဥယျာဉ်များကို ချီးမြှင့်ပေးသနားတော်မူပေမည်။ ထိုဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိချေ မည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင့်အား ခမ်းနားသိုက်မြိုက်သော အဆောက်အအုံများကိုလည်း ချီးမြှင့်ပေးသနား တော်မူပေမည်။
အလ်-ဖူရ်ကာန်ကုရ်အာန် ညွှန်းကိန်း
77အာယာသ်
MeccanRevelation
8အာယာသ်

ဘာသာပြန် — အလ်-ဖူရ်ကာန် 8

စူရာ အလ်-ဖူရ်ကာန် အာယာသ် 8 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့တည်းမဟုတ်၊ ၎င်း၏ထံသို့ ဘဏ္ဍာတိုက်တစ်ခုသည် အဘယ်ကြောင့် ချပေးခြင်းမခံရသနည်း၊ သို့တည်းမဟုတ် ၎င်း၌ ဥယျာဉ်တစ်ခုသည် အဘယ်ကြောင့် မရှိလေသနည်း။…

စူရာ အာယာသ် 8/77 — စူရာ အလ်-ဖူရ်ကာန် الفرقان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖူရ်ကာန် နားထောင်, စူရာ အလ်-ဖူရ်ကာန် ဘာသာပြန်, စူရာ အလ်-ဖူရ်ကာန် mp3, စူရာ အလ်-ဖူရ်ကာန် pdf. အာယာသ် 6–10. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers