أَوْ يُلْقَىٰ إِلَيْهِ كَنزٌ أَوْ تَكُونُ لَهُ جَنَّةٌ يَأْكُلُ مِنْهَا ۚ وَقَالَ الظَّالِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلًا مَّسْحُورًا ٨
🔤 Transliteration
Aw yulqaaa ilaihi kanzun aw takoonu lahoo jannatuny yaakulu minhaa; wa qaalaz zaalimoona in tattabi`oona illaa rajulam mas hooraa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
သို့တည်းမဟုတ်၊ ၎င်း၏ထံသို့ ဘဏ္ဍာတိုက်တစ်ခုသည် အဘယ်ကြောင့် ချပေးခြင်းမခံရသနည်း၊ သို့တည်းမဟုတ် ၎င်း၌ ဥယျာဉ်တစ်ခုသည် အဘယ်ကြောင့် မရှိလေသနည်း။ (သို့ရှိခဲ့လျှင်) ၎င်းသည် ယင်းဥယျာဉ်မှ (သစ်သီးဝလံများ)ကို စားသုံးနိုင်ပေမည်" ထိုမှတစ်ပါး ထိုမတရားသောသူတို့က "အသင်တို့သည် စုန်းပြုစားခြင်းခံရသော ယောက်ျားတစ်ဦး၏နောက်သို့သာ လိုက်နေကြသည"ဟု ပြောဆိုကြကုန်၏။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ أَوْ يُلْقَىٰ إِلَيْهِ كَنزٌ — သို့မဟုတ် သူ့ထံသို့ (ကောင်းကင်မှ) ဘဏ္ဍာတစ်ခု ချပေးခံရမည်။كَنزٌ — သိုလှောင်ထားသော ဥစ္စာဘဏ္ဍာ၊ မြေအောက်တွင် မြှုပ်နှံထားသော ပစ္စည်းဥစ္စာ။جَنَّةٌ — ဥယျာဉ်၊ သစ်သီးပင်များ ပေါများသော ခြံ။مَّسْحُورًا — မှော်ပယောဂဖြင့် ဖမ်းစားခံရသူ၊ စိတ်ကို ထိခိုက်ခံရသူဟု ဆိုလိုသည်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် တမန်တော်မုဟမ္မဒ် (ဆွ) ကို မယုံကြည်သူများက ဤသို့ဆိုကြသည် — “ဤသူသည် ရစူလ်တမန်တော်ဟု ဆိုသော်လည်း ငါတို့ကဲ့သို့ပင် အစားအစာစားသည်၊ ဈေးများတွင် လမ်းလျှောက်၍ ရိက္ခာရှာဖွေသည်။ သူ့အား ကောင်းကင်မှ ဘဏ္ဍာတစ်ခု ချပေးသင့်သည် မဟုတ်လော၊ သို့မဟုတ် သူ့တွင် သစ်သီးများစားနိုင်သော ဥယျာဉ်တစ်ခု ရှိသင့်သည် မဟုတ်လော” ဟု ဆိုကြသည်။ ထို့နောက် မတရားသော သူများက “သင်တို့သည် မှော်ပယောဂဖြင့် ဖမ်းစားခံရသော လူတစ်ဦးကိုသာ လိုက်နာနေကြခြင်းဖြစ်သည်” ဟု ပြောဆိုကြသည်။
ဆိုလိုသည်မှာ သူတို့သည် တမန်တော်ကို ရစူလ်တမန်တော်အဖြစ် လက်ခံရန် ငြင်းပယ်ရာ၌ အကြောင်းပြချက်များကို ရှာဖွေကြသည်။ “သူသည် ငါတို့ကဲ့သို့ လူသားဖြစ်သည်၊ ငါတို့ထက် မြင့်မြတ်သော အထောက်အထား တစ်စုံတစ်ရာ မရှိ” ဟု ဆိုကြသည်။ ကောင်းကင်မှ ဘဏ္ဍာချပေးခြင်း၊ သို့မဟုတ် ဥယျာဉ်တစ်ခု ပိုင်ဆိုင်ခြင်းဖြင့် သူသည် ငါတို့ထက် ထူးခြားမှုရှိမည်ဟု ဆိုကြသည်။ သို့သော် ဤအဆိုများသည် အမှန်တရားကို ဖုံးကွယ်ရန် ဆင်ခြေပေးခြင်းသာဖြစ်သည်။ နောက်ဆုံးတွင် သူတို့သည် အစွန်းရောက်သွား၍ တမန်တော်ကို “မှော်ပယောဂဖြင့် ဖမ်းစားခံရသူ” ဟု စွပ်စွဲကြသည်။ ဤစွပ်စွဲချက်သည် လုံးဝမှားယွင်းသည်။ တမန်တော်သည် စိတ်ဓာတ်ကျန်းမာပြီး ဉာဏ်ပညာနှင့် ပြည့်စုံသူဖြစ်သည်။ သူတို့၏ စွပ်စွဲချက်များသည် မိမိတို့၏ မယုံကြည်မှုကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်းသာဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာသို့ ဖိတ်ခေါ်မှု ဤအာယသ်တော်သည် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကျမ်းတော်မြတ်အပေါ် ချစ်မြတ်နိုးမှု တိုးပွားစေသော သင်ခန်းစာများက
أَوۡ يُلۡقَىٰٓ إِلَيۡهِ كَنزٌ أَوۡ تَكُونُ لَهُۥ جَنَّةٌ يَأۡكُلُ مِنۡهَاۚ وَقَالَ ٱلظَّٰلِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلًا مَّسۡحُورًا ٨
သို့တည်းမဟုတ်၊ ၎င်း၏ထံသို့ ဘဏ္ဍာတိုက်တစ်ခုသည် အဘယ်ကြောင့် ချပေးခြင်းမခံရသနည်း၊ သို့တည်းမဟုတ် ၎င်း၌ ဥယျာဉ်တစ်ခုသည် အဘယ်ကြောင့် မရှိလေသနည်း။ (သို့ရှိခဲ့လျှင်) ၎င်းသည် ယင်းဥယျာဉ်မှ (သစ်သီးဝလံများ)ကို စားသုံးနိုင်ပေမည်" ထိုမှတစ်ပါး ထိုမတရားသောသူတို့က "အသင်တို့သည် စုန်းပြုစားခြင်းခံရသော ယောက်ျားတစ်ဦး၏နောက်သို့သာ လိုက်နေကြသည"ဟု ပြောဆိုကြကုန်၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 6-10 — စူရာ အလ်-ဖူရ်ကာန်
6 قُلْ أَنزَلَهُ الَّذِي يَعْلَمُ السِّرَّ فِي السَّمَاوَاتِ وَالْأَرْضِ ۚ إِنَّهُ كَانَ غَفُورًا رَّحِيمًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆို(ဖြေကြား)ပါလေ။ (အချင်းတို့၊) ဤ(ကုရ်အာန် ကျမ်းတော်)ကို မိုးကောင်းကင်များနှင့် ပထဝီမြေ၌ရှိကုန်သော လျှို့ဝှက်ချက်တို့ကို သိရှိတော်မူသော အရှင်မြတ်က ချပေးသနားတော်မူခဲ့ပေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော၊ အလွန်တရာ သနားကြင်နာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
7 وَقَالُوا مَالِ هَٰذَا الرَّسُولِ يَأْكُلُ الطَّعَامَ وَيَمْشِي فِي الْأَسْوَاقِ ۙ لَوْلَا أُنزِلَ إِلَيْهِ مَلَكٌ فَيَكُونَ مَعَهُ نَذِيرًا
ထိုမှတစ်ပါး ထို "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့က (ဤသို့)ပြောဆိုကြသေး၏။ "ဤရစူလ်တမန်တော်သည် မည်သို့သော ရစူလ်တမန်တော်နည်း။ ၎င်းသည် အစားအစာကို စားသုံးလေသည်။ ၎င်းပြင် ဈေးများတွင် လှည့်ပတ်သွားလာလေသည်။ ၎င်း၏ထံသို့ ကောင်းကင်တမန်တစ်ပါးပါးသည် အဘယ်ကြောင့် စေလွှတ်ခြင်းမခံရလေသနည်း။ သို့စေလွှတ်ခြင်းခံရပါလျှင် ထိုကောင်းကင်တမန်သည်လည်း ၎င်းနှင့်အတူ ကူညီသတိပေး နှိုးဆော်သူဖြစ်ပေမည်။
8 أَوْ يُلْقَىٰ إِلَيْهِ كَنزٌ أَوْ تَكُونُ لَهُ جَنَّةٌ يَأْكُلُ مِنْهَا ۚ وَقَالَ الظَّالِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلًا مَّسْحُورًا
သို့တည်းမဟုတ်၊ ၎င်း၏ထံသို့ ဘဏ္ဍာတိုက်တစ်ခုသည် အဘယ်ကြောင့် ချပေးခြင်းမခံရသနည်း၊ သို့တည်းမဟုတ် ၎င်း၌ ဥယျာဉ်တစ်ခုသည် အဘယ်ကြောင့် မရှိလေသနည်း။ (သို့ရှိခဲ့လျှင်) ၎င်းသည် ယင်းဥယျာဉ်မှ (သစ်သီးဝလံများ)ကို စားသုံးနိုင်ပေမည်" ထိုမှတစ်ပါး ထိုမတရားသောသူတို့က "အသင်တို့သည် စုန်းပြုစားခြင်းခံရသော ယောက်ျားတစ်ဦး၏နောက်သို့သာ လိုက်နေကြသည"ဟု ပြောဆိုကြကုန်၏။
9 انظُرْ كَيْفَ ضَرَبُوا لَكَ الْأَمْثَالَ فَضَلُّوا فَلَا يَسْتَطِيعُونَ سَبِيلًا
(အို-နဗီတမန်တော်) ၎င်းတို့သည် အသင်နှင့်ပက်သက်၍ မည်ကဲ့သို့သော ဥပမာပုံဆောင်ချက်များ ခိုင်းနှိုင်းခဲ့ကြသည်ကို အသင်ရှုပါလေ။ ထို့ကြောင့်ပင် ၎င်းတို့သည် လမ်းလွဲခဲ့ကြချေပြီ။ သို့ဖြစ်ပေရာ ၎င်းတို့သည်မည်သည့် (ထွက်) လမ်းကိုမျှပင် တွေ့ရှိနိုင်ကြတော့မည် မဟုတ်ပေတကား။
10 تَبَارَكَ الَّذِي إِن شَاءَ جَعَلَ لَكَ خَيْرًا مِّن ذَٰلِكَ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ وَيَجْعَل لَّكَ قُصُورًا
အကြင်အရှင်မြတ်သည် ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံတော်မူပေသည်။ အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင့်အား ထို့ထက်ပင်ပို၍ ကောင်းမွန်သော အကြင်ဥယျာဉ်များကို ချီးမြှင့်ပေးသနားတော်မူပေမည်။ ထိုဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိချေ မည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင့်အား ခမ်းနားသိုက်မြိုက်သော အဆောက်အအုံများကိုလည်း ချီးမြှင့်ပေးသနား တော်မူပေမည်။
ဘာသာပြန် — အလ်-ဖူရ်ကာန် 8 စူရာ အလ်-ဖူရ်ကာန် အာယာသ် 8 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့တည်းမဟုတ်၊ ၎င်း၏ထံသို့ ဘဏ္ဍာတိုက်တစ်ခုသည် အဘယ်ကြောင့် ချပေးခြင်းမခံရသနည်း၊ သို့တည်းမဟုတ် ၎င်း၌ ဥယျာဉ်တစ်ခုသည် အဘယ်ကြောင့် မရှိလေသနည်း။…
စူရာ အာယာသ် 8/77 — စူရာ အလ်-ဖူရ်ကာန် الفرقان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖူရ်ကာန် နားထောင်, စူရာ အလ်-ဖူရ်ကာန် ဘာသာပြန်, စူရာ အလ်-ဖူရ်ကာန် mp3, စူရာ အလ်-ဖူရ်ကာန် pdf. အာယာသ် 6–10. မြန်မာဘာသာ: ภาษาไทย.