وَقَالُوا مَالِ هَٰذَا الرَّسُولِ يَأْكُلُ الطَّعَامَ وَيَمْشِي فِي الْأَسْوَاقِ ۙ لَوْلَا أُنزِلَ إِلَيْهِ مَلَكٌ فَيَكُونَ مَعَهُ نَذِيرًا ٧
🔤 Transliteration
Wa qaaloo maa li haazar Rasooli yaakulut ta`aama wa yamshee fil aswaaq; law laaa unzila ilaihi malakun fa yakoona ma`ahoo nazeeraa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ထို "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့က (ဤသို့)ပြောဆိုကြသေး၏။ "ဤရစူလ်တမန်တော်သည် မည်သို့သော ရစူလ်တမန်တော်နည်း။ ၎င်းသည် အစားအစာကို စားသုံးလေသည်။ ၎င်းပြင် ဈေးများတွင် လှည့်ပတ်သွားလာလေသည်။ ၎င်း၏ထံသို့ ကောင်းကင်တမန်တစ်ပါးပါးသည် အဘယ်ကြောင့် စေလွှတ်ခြင်းမခံရလေသနည်း။ သို့စေလွှတ်ခြင်းခံရပါလျှင် ထိုကောင်းကင်တမန်သည်လည်း ၎င်းနှင့်အတူ ကူညီသတိပေး နှိုးဆော်သူဖြစ်ပေမည်။
🌐 Additional reference in ภาษาไทย
စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက် မာလိ (مَالِ ): “ဘာဖြစ်သနည်း” သို့မဟုတ် “အဘယ်အကြောင်းရှိသနည်း” ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် အံ့အားသင့်ခြင်းနှင့် ကဲ့ရဲ့ပြောင်လှောင်ခြင်းကို ဖော်ပြသည်။ ဟာဇာ (هَٰذَا ): “ဤ” ဟု အဓိပ္ပာယ်ရသည်။ ရရှူလ် (الرَّسُولِ ): “တမန်တော်” ဟု အဓိပ္ပာယ်ရသည်။ လောင်လာ (لَوْلَا ): “အဘယ့်ကြောင့် … မဖြစ်သနည်း” သို့မဟုတ် “လျှင် … မဟုတ်လော” ဟု အဓိပ္ပာယ်ရသည်။ တစ်စုံတစ်ခုကို တောင်းဆိုသည့်သဘောဖြင့် သုံးသည်။ နဇီရာ (نَذِيرًا ): “သတိပေးသူ” ဟု အဓိပ္ပာယ်ရသည်။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် မယုံကြည်သူများသည် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) ကို ပြောင်လှောင်ကဲ့ရဲ့သောအားဖြင့် ဤသို့ဆိုကြသည်။ “ဤသူသည် တမန်တော်ဟု ဆိုသော်လည်း ငါတို့ကဲ့သို့ပင် အစားအစာစားသည်၊ ဈေးများတွင် လမ်းလျှောက်သွားလာပြီး စီးပွားရှာသည်။ ဤသို့ဖြစ်လျှင် သူသည် ငါတို့နှင့် မည်သို့ခွဲခြားနိုင်မည်နည်း။ အကယ်၍ သူသည် တမန်တော်အမှန်ဖြစ်ပါက ကောင်းကင်တမန်တစ်ပါးကို သူနှင့်အတူ စေလွှတ်ခဲ့ပါလျှင် ထိုကောင်းကင်တမန်သည် သူ၏ဖက်တွင် ရှိနေပြီး သူ၏ဖိတ်ခေါ်မှုကို ထောက်ခံသတိပေးသူအဖြစ် ရှိမည်ဖြစ်သည်။”
ဤစကားများသည် မယုံကြည်သူများ၏ မိုက်မဲမှုနှင့် ခေါင်းမာမှုကို ဖော်ပြသည်။ အမှန်မှာ တမန်တော်သည် လူသားဖြစ်သောကြောင့် အစားအစာစားခြင်း၊ ဈေးများတွင် လမ်းလျှောက်ခြင်းသည် သဘာဝအတိုင်းဖြစ်သည်။ ဤအချက်များသည် တမန်တော်ဖြစ်ခြင်းကို မည်သည့်နည်းနှင့်မျှ ထိခိုက်စေခြင်းမရှိပေ။ သူသည် လူသားများထဲမှ လူသားတစ်ဦးအဖြစ် နှိမ့်ချစွာဖြင့် မိမိ၏လိုအပ်ချက်များကို ဖြည့်ဆည်းနေခြင်းသာဖြစ်သည်။ ကောင်းကင်တမန်တစ်ပါး သူနှင့်အတူရှိရမည်ဟု သူတို့တောင်းဆိုခြင်းသည် သူတို့၏ မယုံကြည်မှုကို ဖုံးကွယ်ရန် အကြောင်းပြချက်တစ်ခုသာဖြစ်သည်။ အကယ်၍ ကောင်းကင်တမန်တစ်ပါး သူနှင့်အတူရှိခဲ့ပါက လူသားများအတွက် စမ်းသပ်မှုနှင့် ရွေးချယ်ခွင့်၏ အနှစ်သာရပျောက်ဆုံးသွားမည်ဖြစ်သည်။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
وَقَالُواْ مَالِ هَٰذَا ٱلرَّسُولِ يَأۡكُلُ ٱلطَّعَامَ وَيَمۡشِي فِي ٱلۡأَسۡوَاقِ لَوۡلَآ أُنزِلَ إِلَيۡهِ مَلَكٌ فَيَكُونَ مَعَهُۥ نَذِيرًا ٧
ထိုမှတစ်ပါး ထို "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့က (ဤသို့)ပြောဆိုကြသေး၏။ "ဤရစူလ်တမန်တော်သည် မည်သို့သော ရစူလ်တမန်တော်နည်း။ ၎င်းသည် အစားအစာကို စားသုံးလေသည်။ ၎င်းပြင် ဈေးများတွင် လှည့်ပတ်သွားလာလေသည်။ ၎င်း၏ထံသို့ ကောင်းကင်တမန်တစ်ပါးပါးသည် အဘယ်ကြောင့် စေလွှတ်ခြင်းမခံရလေသနည်း။ သို့စေလွှတ်ခြင်းခံရပါလျှင် ထိုကောင်းကင်တမန်သည်လည်း ၎င်းနှင့်အတူ ကူညီသတိပေး နှိုးဆော်သူဖြစ်ပေမည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 5-9 — စူရာ အလ်-ဖူရ်ကာန်
5 وَقَالُوا أَسَاطِيرُ الْأَوَّلِينَ اكْتَتَبَهَا فَهِيَ تُمْلَىٰ عَلَيْهِ بُكْرَةً وَأَصِيلًا
၎င်းပြင် ထိုကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့က"(ဤကုရ်အာန်ကျမ်းမြတ်သည်)ဤသူ ရေးမှတ်စေခဲ့သော ရှေးသူဟောင်းတို့၏ အခြေအမြစ် မရှိသောပုံပြင်များသာ ဖြစ်သည်။ တစ်ဖန် ထိုအခြေအမြစ်မရှိသော၊ ပုံပြင်များကို ဤသူ၏ရှေ့ဝယ် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း ဖတ်ကြားရလေသည်" ဟု ပြောဆိုကြကုန်၏။
6 قُلْ أَنزَلَهُ الَّذِي يَعْلَمُ السِّرَّ فِي السَّمَاوَاتِ وَالْأَرْضِ ۚ إِنَّهُ كَانَ غَفُورًا رَّحِيمًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆို(ဖြေကြား)ပါလေ။ (အချင်းတို့၊) ဤ(ကုရ်အာန် ကျမ်းတော်)ကို မိုးကောင်းကင်များနှင့် ပထဝီမြေ၌ရှိကုန်သော လျှို့ဝှက်ချက်တို့ကို သိရှိတော်မူသော အရှင်မြတ်က ချပေးသနားတော်မူခဲ့ပေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော၊ အလွန်တရာ သနားကြင်နာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
7 وَقَالُوا مَالِ هَٰذَا الرَّسُولِ يَأْكُلُ الطَّعَامَ وَيَمْشِي فِي الْأَسْوَاقِ ۙ لَوْلَا أُنزِلَ إِلَيْهِ مَلَكٌ فَيَكُونَ مَعَهُ نَذِيرًا
ထိုမှတစ်ပါး ထို "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့က (ဤသို့)ပြောဆိုကြသေး၏။ "ဤရစူလ်တမန်တော်သည် မည်သို့သော ရစူလ်တမန်တော်နည်း။ ၎င်းသည် အစားအစာကို စားသုံးလေသည်။ ၎င်းပြင် ဈေးများတွင် လှည့်ပတ်သွားလာလေသည်။ ၎င်း၏ထံသို့ ကောင်းကင်တမန်တစ်ပါးပါးသည် အဘယ်ကြောင့် စေလွှတ်ခြင်းမခံရလေသနည်း။ သို့စေလွှတ်ခြင်းခံရပါလျှင် ထိုကောင်းကင်တမန်သည်လည်း ၎င်းနှင့်အတူ ကူညီသတိပေး နှိုးဆော်သူဖြစ်ပေမည်။
8 أَوْ يُلْقَىٰ إِلَيْهِ كَنزٌ أَوْ تَكُونُ لَهُ جَنَّةٌ يَأْكُلُ مِنْهَا ۚ وَقَالَ الظَّالِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلًا مَّسْحُورًا
သို့တည်းမဟုတ်၊ ၎င်း၏ထံသို့ ဘဏ္ဍာတိုက်တစ်ခုသည် အဘယ်ကြောင့် ချပေးခြင်းမခံရသနည်း၊ သို့တည်းမဟုတ် ၎င်း၌ ဥယျာဉ်တစ်ခုသည် အဘယ်ကြောင့် မရှိလေသနည်း။ (သို့ရှိခဲ့လျှင်) ၎င်းသည် ယင်းဥယျာဉ်မှ (သစ်သီးဝလံများ)ကို စားသုံးနိုင်ပေမည်" ထိုမှတစ်ပါး ထိုမတရားသောသူတို့က "အသင်တို့သည် စုန်းပြုစားခြင်းခံရသော ယောက်ျားတစ်ဦး၏နောက်သို့သာ လိုက်နေကြသည"ဟု ပြောဆိုကြကုန်၏။
9 انظُرْ كَيْفَ ضَرَبُوا لَكَ الْأَمْثَالَ فَضَلُّوا فَلَا يَسْتَطِيعُونَ سَبِيلًا
(အို-နဗီတမန်တော်) ၎င်းတို့သည် အသင်နှင့်ပက်သက်၍ မည်ကဲ့သို့သော ဥပမာပုံဆောင်ချက်များ ခိုင်းနှိုင်းခဲ့ကြသည်ကို အသင်ရှုပါလေ။ ထို့ကြောင့်ပင် ၎င်းတို့သည် လမ်းလွဲခဲ့ကြချေပြီ။ သို့ဖြစ်ပေရာ ၎င်းတို့သည်မည်သည့် (ထွက်) လမ်းကိုမျှပင် တွေ့ရှိနိုင်ကြတော့မည် မဟုတ်ပေတကား။
ဘာသာပြန် — အလ်-ဖူရ်ကာန် 7 စူရာ အလ်-ဖူရ်ကာန် အာယာသ် 7 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ထို "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့က (ဤသို့)ပြောဆိုကြသေး၏။ "ဤရစူလ်တမန်တော်သည် မည်သို့သော ရစူလ်တမန်တော်နည်း။ ၎င်းသည် အစားအစာကို…
စူရာ အာယာသ် 7/77 — စူရာ အလ်-ဖူရ်ကာန် الفرقان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖူရ်ကာန် နားထောင်, စူရာ အလ်-ဖူရ်ကာန် ဘာသာပြန်, စူရာ အလ်-ဖူရ်ကာန် mp3, စူရာ အလ်-ဖူရ်ကာန် pdf. အာယာသ် 5–9. မြန်မာဘာသာ: ภาษาไทย.