အာလ်-အိမရာန် · 142/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
أَمْ حَسِبْتُمْ أَن تَدْخُلُوا الْجَنَّةَ وَلَمَّا يَعْلَمِ اللَّهُ الَّذِينَ جَاهَدُوا مِنكُمْ وَيَعْلَمَ الصَّابِرِينَ ۝١٤٢
Am hasibtum an tadkhulul Jannnata wa lammaa ya`lamil laahul lazeena jaahadoo minkum wa ya`lamas saabireen
📖 မြန်မာဘာသာ
(အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည်’ဂျန္နတ်’အမတသုခဘုံသို့(လွယ်လင့်တကူလျင်မြန်ထုတ်ချောက်)ဝင်ရောက်နိုင်ကြလိမ့်မည်ဟု ထင်မှတ်ကြလေသလော။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (ယခုတိုင်)အသင်တို့အနက် စစ်မက်ပြိုင်ဆိုင်တိုက် ခိုက်သော သူတို့ကိုလည်း တွေ့ရှိတော်မမူသေးပေ။ ထိုနည်းတူစွာ ခန္တီတရား ထားရှိသူတို့ကိုလည်း တွေ့ရှိတော်မမူသေးချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 140-144 — စူရာ အာလ်-အိမရာန်

140إِن يَمْسَسْكُمْ قَرْحٌ فَقَدْ مَسَّ الْقَوْمَ قَرْحٌ مِّثْلُهُ ۚ وَتِلْكَ الْأَيَّامُ نُدَاوِلُهَا بَيْنَ النَّاسِ وَلِيَعْلَمَ اللَّهُ الَّذِينَ آمَنُوا وَيَتَّخِذَ مِنكُمْ شُهَدَاءَ ۗ وَاللَّهُ لَا يُحِبُّ الظَّالِمِينَ
အကယ်၍ အသင်တို့၌ (အုဟုဒ် စစ်ပြေပြင်တွင်) တစုံတရာ ဒဏ်ရာဒဏ်ချက် ထိရောက်ခဲ့ပါလျှင် ယင်းကဲ့သို့ ဒဏ်ရာဒဏ်ချက်သည်ပင် (ဗဒ်ရ်စစ် မြေပြင်တွင်) ထိုရန်သူများ၌လည်း ထိရောက်ခဲ့ပြီး ဖြစ်ပေသည်။ (နိုင်တစ်ခါရှုံးတစ်လှည့်ဖြစ်သော) ဤခေတ်သမယများကို ငါအရှင်မြတ်သည်လူသား တို့စပ်ကြားတွင်လှည့်ပတ်ရောက်စေတော်မူသည်။(ယင်းသို့ ပြုလုပ်တော်မူခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည်အီမာန်ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြသော ‘မုအ်မင်န်’တို့ကို သိရှိတော်မူရန် အလို့ငှာလည်းကောင်း၊ အသင်တို့အနက်မှ အချို့တို့ကို (အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌) အသက်စွန့်သွားသော အာဇာနည်များအဖြစ် ပြုလုပ်တော် မူရန်အလို့ငှာလည်းကောင်း ဖြစ်ချေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရား ကျူးကျော် စော်ကားသော သူများကိုနှစ်သက်တော်မူသည် မဟုတ်ချေ။
141وَلِيُمَحِّصَ اللَّهُ الَّذِينَ آمَنُوا وَيَمْحَقَ الْكَافِرِينَ
၎င်းပြင် (ယင်းကဲ့သို့ ပြုလုပ်တော်မူခြင်းမှာ)အလ္လာဟ်အရှင်မြတ်သည် ‘မုအ်မင်န်’ အီမာန် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသောသူတို့အား (ပြစ်မှုအပေါင်းတို့မှ) သန့်ရှင်း စင်ကြယ်စေတော် မူရန် အလို့ငှာလည်းကောင်း၊ ကာဖိရ်မယုံမကြည် သွေဖယ် ငြင်းပယ်သောသူများကို သုတ်သင်ရှင်းလင်းတော်မူရန် အလို့ငှာလည်းကောင်း၊ ဖြစ်ချေသတည်း။
142أَمْ حَسِبْتُمْ أَن تَدْخُلُوا الْجَنَّةَ وَلَمَّا يَعْلَمِ اللَّهُ الَّذِينَ جَاهَدُوا مِنكُمْ وَيَعْلَمَ الصَّابِرِينَ
(အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည်’ဂျန္နတ်’အမတသုခဘုံသို့(လွယ်လင့်တကူလျင်မြန်ထုတ်ချောက်)ဝင်ရောက်နိုင်ကြလိမ့်မည်ဟု ထင်မှတ်ကြလေသလော။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (ယခုတိုင်)အသင်တို့အနက် စစ်မက်ပြိုင်ဆိုင်တိုက် ခိုက်သော သူတို့ကိုလည်း တွေ့ရှိတော်မမူသေးပေ။ ထိုနည်းတူစွာ ခန္တီတရား ထားရှိသူတို့ကိုလည်း တွေ့ရှိတော်မမူသေးချေ။
143وَلَقَدْ كُنتُمْ تَمَنَّوْنَ الْمَوْتَ مِن قَبْلِ أَن تَلْقَوْهُ فَقَدْ رَأَيْتُمُوهُ وَأَنتُمْ تَنظُرُونَ
၎င်းပြင် အသင်တို့သည် မရဏသေခြင်းတရားကို ထိုမရဏသေခြင်းတရားနှင့် မတွေ့ကြုံမီ အလျင်က မချွတ်မလွဲ တောင်းတလျက်ရှိခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ(ယခုမူကား)အသင်တို့သည် ထိုမရဏ သေခြင်းတရားကို (မ�မိတို့ တောင်းတသည့်အားလျော်စွာ) မလွဲဧကန် မျက်မြင်ဒိဋ္ဌတွေ့မြင်ခဲ့ ကြချေပြီတကား။
144وَمَا مُحَمَّدٌ إِلَّا رَسُولٌ قَدْ خَلَتْ مِن قَبْلِهِ الرُّسُلُ ۚ أَفَإِن مَّاتَ أَوْ قُتِلَ انقَلَبْتُمْ عَلَىٰ أَعْقَابِكُمْ ۚ وَمَن يَنقَلِبْ عَلَىٰ عَقِبَيْهِ فَلَن يَضُرَّ اللَّهَ شَيْئًا ۗ وَسَيَجْزِي اللَّهُ الشَّاكِرِينَ
အမှန်သော်ကား [တမန်တော် မုဟမ္မဒ်(ဆွ)]သည် ရစူလ် တမန်တော်တစ်ပါးမျှသာ ဖြစ်သည်။ ထို (ရစူလ်တမန်တော်) မုဟမ္မဒ်(ဆွ)၏ အလျင် (အခြား) ရစူလ် တမန်တော်များ(လည်း) မလွဲဧကန် လွန်လေခဲ့ကြချေပြီ။ သို့ဖြစ်ပေရာအကယ်၍သာ ထို (ရစူလ်တမန်တော်) မုဟမ္မဒ်(ဆွ)သည်(လည်း)ကွယ်လွန်သေဆုံးခဲ့လျှင် သော်လည်းကောင်း၊ သို့တည်းမဟုတ် သတ်ဖြတ် ခြင်းခံခဲ့ရလျှင်သော်လည်းကောင်း၊အသငတို့သည် (စစ်မြေပြင်မှဖြစ်စေ၊ အစ္စလာမ်သာသနာတော်မှ ဖြစ်စေ) မိမိတို့ခြေဖနှောင့်ဘက်သို့ ပြန်လှည့်၍ဆုတ်ခွာသွား ကြမည်လော။ အမှန်စင်စစ်သော်ကားမည်သူမဆို မိမိ ခြေမနှောင့်ဘက်သို့ ပြန်လှည့်၍ ဆုတ်ခွာသွားပါမူ ထိုသူသည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မျှအလျင်း ဆုံးရှုံးနစ်နာ စေနိုင်မည်မဟုတ်ချေ။ ထို့ပြင်တဝအလ္လာဟ်အရှင်မြတ်သည် ကျေးဇူး တော်များကို သိတတ်သောသူတို့အား မကြာမီ အကျိုး ကျေးဇူး ပေးသနားတော်မူအံ့။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
142အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 142

စူရာ အာလ်-အိမရာန် အာယာသ် 142 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည်’ဂျန္နတ်’အမတသုခဘုံသို့(လွယ်လင့်တကူလျင်မြန်ထုတ်ချောက်)ဝင်ရောက်နိုင်ကြလိမ့်မည်ဟု ထင်မှတ်ကြလေသလော။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (ယခုတိုင်)အသင်တို့အနက် စစ်မက်ပြိုင်ဆိုင်တိုက် ခိုက်သော သူတို့ကိုလည်း တွေ့ရှိတော်မမူသေးပေ။…

စူရာ အာယာသ် 142/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 140–144. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers