وَلَقَدْ كُنتُمْ تَمَنَّوْنَ الْمَوْتَ مِن قَبْلِ أَن تَلْقَوْهُ فَقَدْ رَأَيْتُمُوهُ وَأَنتُمْ تَنظُرُونَ ١٤٣
🔤 Transliteration
Wa laqad kuntum tamannnawnal mawta min qabli an talqawhu faqad ra aitumoohu wa antum tanzuroon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင် အသင်တို့သည် မရဏသေခြင်းတရားကို ထိုမရဏသေခြင်းတရားနှင့် မတွေ့ကြုံမီ အလျင်က မချွတ်မလွဲ တောင်းတလျက်ရှိခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ(ယခုမူကား)အသင်တို့သည် ထိုမရဏ သေခြင်းတရားကို (မ�မိတို့ တောင်းတသည့်အားလျော်စွာ) မလွဲဧကန် မျက်မြင်ဒိဋ္ဌတွေ့မြင်ခဲ့ ကြချေပြီတကား။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
تَمَنَّوْنَ (တမန်နောန) — သင်တို့သည် လိုလားတောင့်တကြသည်၊ ဆန္ဒရှိကြသည်။ الْمَوْتَ (အလ်မောတ်) — သေခြင်း၊ ဤနေရာတွင် အလ္လာဟ်လမ်းစဉ်တွင် ရှဟီးဒ် (အာဇာနည်) ဖြစ်ခြင်းကို ဆိုလိုသည်။ تَلْقَوْهُ (တလ်ကောဟု) — ထိုသေခြင်းနှင့် သင်တို့ ကြုံတွေ့ခြင်း၊ ရင်ဆိုင်ခြင်း။ رَأَيْتُمُوهُ (ရအိုင်တုမုဟု) — သင်တို့သည် ထိုအရာကို မြင်တွေ့ခဲ့ကြပြီ။ تَنظُرُونَ (တန်ဇုရူန) — သင်တို့သည် မျက်စိဖြင့် တိုက်ရိုက်ကြည့်ရှုနေကြသည်။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်က မုအ်မင်န်များအား မိန့်ကြားတော်မူခြင်းဖြစ်သည်။ သင်တို့သည် ဗဒ်ရ်စစ်ပွဲတွင် ရှဟီးဒ်ဖြစ်ခဲ့ကြသော မိမိတို့၏ ညီအစ်ကိုများရရှိခဲ့သည့် ဂုဏ်ကျေးဇူးကို မြင်တွေ့ခဲ့ရပြီးနောက်၊ အလ္လာဟ်လမ်းစဉ်တွင် ဂျိဟာဒ်ပြုခြင်းနှင့် ရှဟီးဒ်ဖြစ်ခြင်း၏ ဂုဏ်ကျေးဇူးကို ရရှိလိုသောဆန္ဒဖြင့် သေခြင်းကို လိုလားတောင့်တခဲ့ကြသည်။ ထိုသို့ ဆန္ဒရှိခဲ့သည်မှာ သင်တို့သည် သေခြင်းနှင့် မကြုံတွေ့ရသေးမီအချိန်တွင် ဖြစ်သည်။ ယခုအခါ သင်တို့သည် ထိုသေခြင်း၏ အကြောင်းရင်းများကို အုဟုဒ်စစ်ပွဲတွင် မျက်စိဖြင့် တိုက်ရိုက်မြင်တွေ့ခဲ့ကြပြီဖြစ်သည်။ သင်တို့သည် ထိုအရာကို မျက်မှောက်တွင် ကြည့်ရှုနေကြရသည်။ ဆိုလိုသည်မှာ သင်တို့ဆန္ဒရှိခဲ့သော စစ်တိုက်ခြင်းနှင့် ရှဟီးဒ်ဖြစ်ခြင်း၏ အခွင့်အလမ်းသည် ယခုအခါ သင်တို့ရှေ့မှောက်တွင် အမှန်တကယ် ရောက်ရှိလာပြီဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဇွဲလုံ့လဖြင့် ရှေ့ဆက်တိုက်ခိုက်ကြရမည်၊ သည်းခံကြရမည်ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
အလ္လာဟ်လမ်းစဉ်တွင် ရှဟီးဒ်ဖြစ်ခြင်းသည် အလွန်မြင့်မြတ်သော ဂုဏ်ကျေးဇူးဖြစ်ကြောင်း သိရှိစေသည်။ စစ်မှန်သော ယုံကြည်သူများသည် အလ္လာဟ်လမ်းစဉ်အတွက် အသက်စွန့်လွှတ်ရန် အသင့်ရှိကြသည်။ ဆန္ဒရှိရုံဖြင့် မလုံလောက်၊ လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း သွန်သင်ပေးသည်။ အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ သည်းခံခြင်းနှင့် ဇွဲလုံ့လသည် အရေးကြီးကြောင်း ဖော်ပြသည်။ အလ္လာဟ
وَلَقَدۡ كُنتُمۡ تَمَنَّوۡنَ ٱلۡمَوۡتَ مِن قَبۡلِ أَن تَلۡقَوۡهُ فَقَدۡ رَأَيۡتُمُوهُ وَأَنتُمۡ تَنظُرُونَ ١٤٣
၎င်းပြင် အသင်တို့သည် မရဏသေခြင်းတရားကို ထိုမရဏသေခြင်းတရားနှင့် မတွေ့ကြုံမီ အလျင်က မချွတ်မလွဲ တောင်းတလျက်ရှိခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ(ယခုမူကား)အသင်တို့သည် ထိုမရဏ သေခြင်းတရားကို (မ�မိတို့ တောင်းတသည့်အားလျော်စွာ) မလွဲဧကန် မျက်မြင်ဒိဋ္ဌတွေ့မြင်ခဲ့ ကြချေပြီတကား။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 141-145 — စူရာ အာလ်-အိမရာန်
141 وَلِيُمَحِّصَ اللَّهُ الَّذِينَ آمَنُوا وَيَمْحَقَ الْكَافِرِينَ
၎င်းပြင် (ယင်းကဲ့သို့ ပြုလုပ်တော်မူခြင်းမှာ)အလ္လာဟ်အရှင်မြတ်သည် ‘မုအ်မင်န်’ အီမာန် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသောသူတို့အား (ပြစ်မှုအပေါင်းတို့မှ) သန့်ရှင်း စင်ကြယ်စေတော် မူရန် အလို့ငှာလည်းကောင်း၊ ကာဖိရ်မယုံမကြည် သွေဖယ် ငြင်းပယ်သောသူများကို သုတ်သင်ရှင်းလင်းတော်မူရန် အလို့ငှာလည်းကောင်း၊ ဖြစ်ချေသတည်း။
142 أَمْ حَسِبْتُمْ أَن تَدْخُلُوا الْجَنَّةَ وَلَمَّا يَعْلَمِ اللَّهُ الَّذِينَ جَاهَدُوا مِنكُمْ وَيَعْلَمَ الصَّابِرِينَ
(အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည်’ဂျန္နတ်’အမတသုခဘုံသို့(လွယ်လင့်တကူလျင်မြန်ထုတ်ချောက်)ဝင်ရောက်နိုင်ကြလိမ့်မည်ဟု ထင်မှတ်ကြလေသလော။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (ယခုတိုင်)အသင်တို့အနက် စစ်မက်ပြိုင်ဆိုင်တိုက် ခိုက်သော သူတို့ကိုလည်း တွေ့ရှိတော်မမူသေးပေ။ ထိုနည်းတူစွာ ခန္တီတရား ထားရှိသူတို့ကိုလည်း တွေ့ရှိတော်မမူသေးချေ။
143 وَلَقَدْ كُنتُمْ تَمَنَّوْنَ الْمَوْتَ مِن قَبْلِ أَن تَلْقَوْهُ فَقَدْ رَأَيْتُمُوهُ وَأَنتُمْ تَنظُرُونَ
၎င်းပြင် အသင်တို့သည် မရဏသေခြင်းတရားကို ထိုမရဏသေခြင်းတရားနှင့် မတွေ့ကြုံမီ အလျင်က မချွတ်မလွဲ တောင်းတလျက်ရှိခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ(ယခုမူကား)အသင်တို့သည် ထိုမရဏ သေခြင်းတရားကို (မ�မိတို့ တောင်းတသည့်အားလျော်စွာ) မလွဲဧကန် မျက်မြင်ဒိဋ္ဌတွေ့မြင်ခဲ့ ကြချေပြီတကား။
144 وَمَا مُحَمَّدٌ إِلَّا رَسُولٌ قَدْ خَلَتْ مِن قَبْلِهِ الرُّسُلُ ۚ أَفَإِن مَّاتَ أَوْ قُتِلَ انقَلَبْتُمْ عَلَىٰ أَعْقَابِكُمْ ۚ وَمَن يَنقَلِبْ عَلَىٰ عَقِبَيْهِ فَلَن يَضُرَّ اللَّهَ شَيْئًا ۗ وَسَيَجْزِي اللَّهُ الشَّاكِرِينَ
အမှန်သော်ကား [တမန်တော် မုဟမ္မဒ်(ဆွ)]သည် ရစူလ် တမန်တော်တစ်ပါးမျှသာ ဖြစ်သည်။ ထို (ရစူလ်တမန်တော်) မုဟမ္မဒ်(ဆွ)၏ အလျင် (အခြား) ရစူလ် တမန်တော်များ(လည်း) မလွဲဧကန် လွန်လေခဲ့ကြချေပြီ။ သို့ဖြစ်ပေရာအကယ်၍သာ ထို (ရစူလ်တမန်တော်) မုဟမ္မဒ်(ဆွ)သည်(လည်း)ကွယ်လွန်သေဆုံးခဲ့လျှင် သော်လည်းကောင်း၊ သို့တည်းမဟုတ် သတ်ဖြတ် ခြင်းခံခဲ့ရလျှင်သော်လည်းကောင်း၊အသငတို့သည် (စစ်မြေပြင်မှဖြစ်စေ၊ အစ္စလာမ်သာသနာတော်မှ ဖြစ်စေ) မိမိတို့ခြေဖနှောင့်ဘက်သို့ ပြန်လှည့်၍ဆုတ်ခွာသွား ကြမည်လော။ အမှန်စင်စစ်သော်ကားမည်သူမဆို မိမိ ခြေမနှောင့်ဘက်သို့ ပြန်လှည့်၍ ဆုတ်ခွာသွားပါမူ ထိုသူသည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မျှအလျင်း ဆုံးရှုံးနစ်နာ စေနိုင်မည်မဟုတ်ချေ။ ထို့ပြင်တဝအလ္လာဟ်အရှင်မြတ်သည် ကျေးဇူး တော်များကို သိတတ်သောသူတို့အား မကြာမီ အကျိုး ကျေးဇူး ပေးသနားတော်မူအံ့။
145 وَمَا كَانَ لِنَفْسٍ أَن تَمُوتَ إِلَّا بِإِذْنِ اللَّهِ كِتَابًا مُّؤَجَّلًا ۗ وَمَن يُرِدْ ثَوَابَ الدُّنْيَا نُؤْتِهِ مِنْهَا وَمَن يُرِدْ ثَوَابَ الْآخِرَةِ نُؤْتِهِ مِنْهَا ۚ وَسَنَجْزِي الشَّاكِرِينَ
ထိုမှတစ်ပါး မည်သူတစ်ဦးတစ်ယောက်၌မျှအလ္လာဟ်အရှင်မြတ်၏ အမိန့်တော်မရှိဘဲလျက် သေဆုံးနိုင်ခွင့်မရှိချေ။ (လူတိုင်းအဖို့သေဆုံးရန်အတွက်) တ်မှတ်ထားသော အချိန်တစ်ချိန်သည် ရေးသားပြီးဖြစ်၏။ တဖန်မည်သူမဆို လောကီအကျိုးကို အလိုရှိ ခဲ့ပါမူ၊ ငါအရှင်မြတ်သည်(အလိုတော်ရှိပါလျှင်) ထိုသူအား လောကီအကျိုးကို ပေးသနားတော်မူအံ့။ ထိုနည်းတူစွာ မည်သူမဆို နောင်တမလွန်ဘဝ၏အကျိုးကျေးဇူးကို အလိုရှိခဲ့ပါလျှင်၊ ငါအရှင်မြတ်သည် ထိုသူအား နောင်တမလွန်ဘဝ၏ အကျိုးကို ပေးသနားတော်မူအံ့။၎င်းပြင် ငါအရှင်မြတ်သည် ကျေးဇူးသိတတ်သော သူတို့အားမကြာမီ အကျိုးပေးဆပ်တော်မူအံ့။
ဘာသာပြန် — အာလ်-အိမရာန် 143 စူရာ အာလ်-အိမရာန် အာယာသ် 143 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အသင်တို့သည် မရဏသေခြင်းတရားကို ထိုမရဏသေခြင်းတရားနှင့် မတွေ့ကြုံမီ အလျင်က မချွတ်မလွဲ တောင်းတလျက်ရှိခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ(ယခုမူကား)အသင်တို့သည် ထိုမရဏ…
စူရာ အာယာသ် 143/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 141–145. မြန်မာဘာသာ: ภาษาไทย.