အာလ်-အိမရာန် · 170/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
فَرِحِينَ بِمَا آتَاهُمُ اللَّهُ مِن فَضْلِهِ وَيَسْتَبْشِرُونَ بِالَّذِينَ لَمْ يَلْحَقُوا بِهِم مِّنْ خَلْفِهِمْ أَلَّا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ۝١٧٠
Fariheena bimaaa aataa humul laahu min fadlihee wa yastabshiroona billazeena lam yalhaqoo bihim min fadlihee wa yastabshiroona billazeena lam yalhaqoo bihim min khalfihim allaa khawfun `alaihim wa laa hum yahzanoon
📖 မြန်မာဘာသာ
ထိုသူတို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်က မိမိ စည်းစိမ်ချမ်းသာ အကျိုးကျေးဇူးတော်ကို ခြီးမြှင့်ပေးသနားတော်မူသောကြောင့် နှစ်ထောင်း အားရ၊ ရွှင်လန်းလျက်ရှိကြသည်သာမက မိမိတို့နောက်၌ (ကျန်ရစ်ခဲ့သော) မိမိတို့နှင့်လာရောက် တွေ့ဆုံပူးပေါင်းခြင်း မရှိကြသေးသောသူတို့နှင့် ပတ်သက်၍လည်း ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်ကြကုန်သည်။ အကြောင်းတမူကား ထို (ကျန်ရစ်ခဲ့သော) သူတို့အဖို့မှာလည်း (မိမိတို့ထံ ရောက်ရှိလာကြ သောအခါ) မည်သို့မျှစိုးရိမ်ကြောင့်ကြခြင်းသည်လည်းကောင်း၊ ဝမ်းနည်းပူးဆွေးခြင်းသည်လည်းကောင်း မရှိခြင်းကြောင့်ပင်တည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 168-172 — စူရာ အာလ်-အိမရာန်

168الَّذِينَ قَالُوا لِإِخْوَانِهِمْ وَقَعَدُوا لَوْ أَطَاعُونَا مَا قُتِلُوا ۗ قُلْ فَادْرَءُوا عَنْ أَنفُسِكُمُ الْمَوْتَ إِن كُنتُمْ صَادِقِينَ
ထိုသူတို့သည် (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်စဉ်က) ကိုယ်တိုင် (မိမိတို့အိမ်များတွင်) ထိုင်နေခဲ့ကြပါလျက်(အုဟုဒ်စစ်မြေပြင်၌ကျဆုံးခဲ့သော) မိမိတို့၏ ညီသားအစ်ကိုများနှင့် ပတ်သက်ပြီး အကယ်၍သာ ထိုသူတို့သည် ကျွန်ုပ်တို့(ပြောစကား)ကို နာယူခဲ့ကြပါမူ (ယင်းကဲ့သို့) သတ်ဖြတ်ခြင်းခံကြရမည် မဟုတ်ပေတကား ဟု ပြောဆို (ဝေဘန်) ကြကုန်သည်။ (အို-နဗီတမန်တော်) အသင်သည် (ထိုသူတို့ အား)သို့ဖြစ်လျှင် အကယ်၍သာ အသင်တို့သည် မှန်ကန်စွာပြောဆိုသူများဖြစ်ခဲ့ကြပါလျှင် မိမိ တို့ကိုယ်မှ ‘မရဏ’ သေခြင်းတရားကို ဖယ်ရှား ကြပါလေကုန် ဟု ပြောဆိုဖြေကြားပါလေ။
169وَلَا تَحْسَبَنَّ الَّذِينَ قُتِلُوا فِي سَبِيلِ اللَّهِ أَمْوَاتًا ۚ بَلْ أَحْيَاءٌ عِندَ رَبِّهِمْ يُرْزَقُونَ
၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်အလ္လာဟ်အရှင်မြတ်၏ တရားလမ်းတော်၌ (စစ်တိုက်စဉ်)အသတ်ခံရသော သူတို့ကို သူသေများဟူ၍ အလျင်း မထင်မှတ်ပါလေနှင့်။ (ထိုသူတို့ကား သူသေများ) အလျင်းမဟုတ်၊ စင်စစ်မှာမူကား ထိုသူများသည် ၎င်းတို့၏ အရှင်မြတ်အထံတော်ဝယ်အသက်ရှင်နေသော သူများပင်ဖြစ်ကြသည့်ပြင် (အလ္လာဟ်အရှင်မြတ်၏) ကျွေးမွေးတော်မူခြင်းကိုလည်း ခံကြရကုန်၏။
170فَرِحِينَ بِمَا آتَاهُمُ اللَّهُ مِن فَضْلِهِ وَيَسْتَبْشِرُونَ بِالَّذِينَ لَمْ يَلْحَقُوا بِهِم مِّنْ خَلْفِهِمْ أَلَّا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ထိုသူတို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်က မိမိ စည်းစိမ်ချမ်းသာ အကျိုးကျေးဇူးတော်ကို ခြီးမြှင့်ပေးသနားတော်မူသောကြောင့် နှစ်ထောင်း အားရ၊ ရွှင်လန်းလျက်ရှိကြသည်သာမက မိမိတို့နောက်၌ (ကျန်ရစ်ခဲ့သော) မိမိတို့နှင့်လာရောက် တွေ့ဆုံပူးပေါင်းခြင်း မရှိကြသေးသောသူတို့နှင့် ပတ်သက်၍လည်း ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်ကြကုန်သည်။ အကြောင်းတမူကား ထို (ကျန်ရစ်ခဲ့သော) သူတို့အဖို့မှာလည်း (မိမိတို့ထံ ရောက်ရှိလာကြ သောအခါ) မည်သို့မျှစိုးရိမ်ကြောင့်ကြခြင်းသည်လည်းကောင်း၊ ဝမ်းနည်းပူးဆွေးခြင်းသည်လည်းကောင်း မရှိခြင်းကြောင့်ပင်တည်း။
171۞ يَسْتَبْشِرُونَ بِنِعْمَةٍ مِّنَ اللَّهِ وَفَضْلٍ وَأَنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُؤْمِنِينَ
ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်မှစည်းစိမ်ချမ်းသာ အကျိုးကျေးဇူးတော်များ(ခံစားရသော)ကြောင့်လည်းကောင်း၊ ထိုနည်းတူစွာ (အလ္လာဟ်အရှင်မြတ်၏)ရက်ရောစွာ ပေးသနားတော်မူခြင်း(ကိုရရှိသော)ကြောင့် လည်းကောင်း၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည်မုအ်မင်န် ယုံကြည်သောသူတို့၏အကျိုးကို ဖြုန်းတီးတော်မူမည် မဟုတ်သောကြောင့် လည်းကောင်း၊ ဝမ်းမြောက်ဝမ်းသာ ရှိကြကုန်၏။
172الَّذِينَ اسْتَجَابُوا لِلَّهِ وَالرَّسُولِ مِن بَعْدِ مَا أَصَابَهُمُ الْقَرْحُ ۚ لِلَّذِينَ أَحْسَنُوا مِنْهُمْ وَاتَّقَوْا أَجْرٌ عَظِيمٌ
အကြင်သူတို့သည်(အုဟုဒ်စစ်မြေပြင်၌) ဒဏ်ရာဒဏ်ချက်များ ရရှိပြီးနောက်တွင် အလ္လာဟ် အရှင်မြတ်နှင့်ရစူလ်တမန်တော်၏ ဖိတ်ခေါ်ချက်ကို က်ခံနာယူခဲ့ကြကုန်သည်။ ထိုသူတို့အနက်မှ ကောင်းမြတ်သော အကျင့် အမူတို့ကိုကျင့်မူသည့်အပြင် (ပြစ်မှုဒုစရိုက်တို့မှလည်း) ကြဉ်ရှောင်ကြကုန်သော သူတို့အဖို့မှာကား အလ္လာဟ်အရှင်မြတ်အထံတော်၌ထူးမြတ်ကြီးကျယ် လှသောအကျိုးဆုလာဘ်သည် အသင့်ရှိပေသည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
170အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 170

စူရာ အာလ်-အိမရာန် အာယာသ် 170 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုသူတို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်က မိမိ စည်းစိမ်ချမ်းသာ အကျိုးကျေးဇူးတော်ကို ခြီးမြှင့်ပေးသနားတော်မူသောကြောင့် နှစ်ထောင်း အားရ၊ ရွှင်လန်းလျက်ရှိကြသည်သာမက…

စူရာ အာယာသ် 170/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 168–172. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers