ادْعُوهُمْ لِآبَائِهِمْ هُوَ أَقْسَطُ عِندَ اللَّهِ ۚ فَإِن لَّمْ تَعْلَمُوا آبَاءَهُمْ فَإِخْوَانُكُمْ فِي الدِّينِ وَمَوَالِيكُمْ ۚ وَلَيْسَ عَلَيْكُمْ جُنَاحٌ فِيمَا أَخْطَأْتُم بِهِ وَلَٰكِن مَّا تَعَمَّدَتْ قُلُوبُكُمْ ۚ وَكَانَ اللَّهُ غَفُورًا رَّحِيمًا ٥
🔤 Transliteration
Ud`oohum li aabaaa`ihim huwa aqsatu `indal laah; fa illam ta`lamooo aabaaa`ahum fa ikhwaanukum fid deeni wa mawaaleekum; wa laisa `alaikum junaahun feemaaa akhtaatum bihee wa laakim maa ta`ammadat quloobukum; wa kaanal laahu Ghafoorar Raheemaa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အသင်တို့သည် ၎င်းတို့အား ၎င်းတို့၏ဖခင်များနှင့်ဆက်စပ်ကာ (မည်သူမည်ဝါ၏သားဖြစ်သည်)ဟု ခေါ်ဝေါ်ကြလေကုန်။ ဤသည်သာလျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ တရားအမျှတဆုံးဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည် ၎င်းတို့၏ဖခင်များကို မသိခဲ့ကြလျှင် ၎င်းတို့သည်အသင်တို့၏ သာသနာဝင်ညီအစ်ကိုများ ဖြစ်ကြသည့်ပြင်၊အသင်တို့၏ အဆွေခင်ပွန်းများလည်း ဖြစ်ကြကုန်၏။ စင်စစ်သော်ကား အသင်တို့အပေါ်၌ အသင်တို့ မေ့မှား၍ပြုမူခဲ့ကြကုန်သော အမှုကိစ္စနှင့်စပ်လျဉ်း ၍ အပြစ်တစ်စုံတစ်ရာ မရှိပေ။ သို့ရာတွင် အသင်တို့၏စိတ်က ကြံရွယ်ပြုလုပ်ခဲ့ကြကုန်သော အမှုကိစ္စ၌မူ(အပြစ်)ရှိသည်။ အမှန်စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ ادْعُوهُمْ (အိဒ်အူဟွမ်း) — သူတို့ကို ခေါ်ဆိုကြပါ၊ အမည်တပ်ကြပါ။لِآبَائِهِمْ (လိအာဗာအိဟိမ်း) — သူတို့၏ အဖေအရင်းများနှင့် ဆက်စပ်၍။أَقْسَطُ (အက်ကသွတ်) — အမျှတဆုံး၊ အဖြောင့်မတ်ဆုံး၊ တရားမျှတဆုံး။مَوَالِيكُمْ (မာဝါလီကွမ်း) — သင်တို့၏ မိတ်ဆွေများ၊ အုပ်ထိန်းသူများ၊ သာသနာ့ညီအစ်ကိုများ။جُنَاحٌ (ဂျုနာဟွန်) — အပြစ်၊ ဒုစရိုက်၊ တာဝန်ခံမှု။تَعَمَّدَتْ (တာအမ္မဒတ်) — ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သည်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်တွင် မွတ်စ်လင်မ်များအား မိမိတို့၏ သားအဖြစ် မွေးစားထားသူများကို သူတို့၏ အဖေအရင်းအမှန်များနှင့် ဆက်စပ်၍ ခေါ်ဆိုရန် ညွှန်ကြားထားသည်။ ဤသို့ ခေါ်ဆိုခြင်းသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အမျှတဆုံး၊ အဖြောင့်မတ်ဆုံးသော နည်းလမ်းဖြစ်သည်။ အကယ်၍ သူတို့၏ အဖေအရင်းများကို မသိရှိပါက သူတို့ကို သာသနာ့ညီအစ်ကိုများအဖြစ် သို့မဟုတ် သာသနာ့မိတ်ဆွေများအဖြစ် ခေါ်ဆိုနိုင်သည်။ ဤသို့ ခေါ်ဆိုခြင်းသည် သာသနာ့အခြေခံဖြစ်သော ညီအစ်ကိုဆက်ဆံရေးနှင့် ချစ်ခင်ရင်းနှီးမှုကို ထင်ဟပ်စေသည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မိမိတို့ မရည်ရွယ်ဘဲ မှားယွင်းစွာ ခေါ်ဆိုမိခြင်းအတွက် အပြစ်မရှိကြောင်း မိန့်တော်မူသည်။ သို့သော် ရည်ရွယ်ချက်ရှိရှိ မှားယွင်းစွာ ခေါ်ဆိုခြင်းမှာမူ အပြစ်ရှိသည်။ အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့ကြောင့် မရည်ရွယ်ဘဲ မှားယွင်းမိခြင်းအတွက် ခွင့်လွှတ်တော်မူပြီး၊ အပြစ်မှ ဝန်ချတောင်းပန်သူများအတွက်လည်း ကရုဏာထားတော်မူသည်။
ဤအာယသ်တော်သည် ဇိုင်ဒ်ဗင်ဟာရိစာ (ရဒျိယလ္လာဟုအန်ဟု) ကို "မုဟမ္မဒ်၏သား" ဟု ခေါ်ဆိုခဲ့ကြသော အခြေအနေတွင် ကျရောက်ခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် မွေးစားသားများကို သူတို့၏ အဖေအရင်းများနှင့်သာ ဆက်စပ်ခေါ်ဆိုရန် မိန့်တော်မူခဲ့သည်။ အကယ်၍ အဖေအရင်းကို မသိပါက သာသနာ့ညီအစ်ကိုအဖြစ် သို့မဟုတ် သာသ
ٱدۡعُوهُمۡ لِأٓبَآئِهِمۡ هُوَ أَقۡسَطُ عِندَ ٱللَّهِۚ فَإِن لَّمۡ تَعۡلَمُوٓاْ ءَابَآءَهُمۡ فَإِخۡوَٰنُكُمۡ فِي ٱلدِّينِ وَمَوَٰلِيكُمۡۚ وَلَيۡسَ عَلَيۡكُمۡ جُنَاحٌ فِيمَآ أَخۡطَأۡتُم بِهِۦ وَلَٰكِن مَّا تَعَمَّدَتۡ قُلُوبُكُمۡۚ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا ٥
အသင်တို့သည် ၎င်းတို့အား ၎င်းတို့၏ဖခင်များနှင့်ဆက်စပ်ကာ (မည်သူမည်ဝါ၏သားဖြစ်သည်)ဟု ခေါ်ဝေါ်ကြလေကုန်။ ဤသည်သာလျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ တရားအမျှတဆုံးဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည် ၎င်းတို့၏ဖခင်များကို မသိခဲ့ကြလျှင် ၎င်းတို့သည်အသင်တို့၏ သာသနာဝင်ညီအစ်ကိုများ ဖြစ်ကြသည့်ပြင်၊အသင်တို့၏ အဆွေခင်ပွန်းများလည်း ဖြစ်ကြကုန်၏။ စင်စစ်သော်ကား အသင်တို့အပေါ်၌ အသင်တို့ မေ့မှား၍ပြုမူခဲ့ကြကုန်သော အမှုကိစ္စနှင့်စပ်လျဉ်း ၍ အပြစ်တစ်စုံတစ်ရာ မရှိပေ။ သို့ရာတွင် အသင်တို့၏စိတ်က ကြံရွယ်ပြုလုပ်ခဲ့ကြကုန်သော အမှုကိစ္စ၌မူ(အပြစ်)ရှိသည်။ အမှန်စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 3-7 — စူရာ အလ်-အာ့ဇာ့ဗ်
3 وَتَوَكَّلْ عَلَى اللَّهِ ۚ وَكَفَىٰ بِاللَّهِ وَكِيلًا
ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ပါလေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသော အရှင်မြတ်အဖြစ် လုံလောက်တော်မူပေသတည်း။
4 مَّا جَعَلَ اللَّهُ لِرَجُلٍ مِّن قَلْبَيْنِ فِي جَوْفِهِ ۚ وَمَا جَعَلَ أَزْوَاجَكُمُ اللَّائِي تُظَاهِرُونَ مِنْهُنَّ أُمَّهَاتِكُمْ ۚ وَمَا جَعَلَ أَدْعِيَاءَكُمْ أَبْنَاءَكُمْ ۚ ذَٰلِكُمْ قَوْلُكُم بِأَفْوَاهِكُمْ ۖ وَاللَّهُ يَقُولُ الْحَقَّ وَهُوَ يَهْدِي السَّبِيلَ
အလ္လာဟ်အရှင်မြတ်သည် မည်သည့် လူတစ်ဦးတစ်ယောက်အဖို့မျှ ၎င်း၏ခန္ဓာကိုယ်၌ စိတ်နှလုံးနှစ်ခု ပြုလုပ်တော်မူခဲ့သည်မဟုတ်ပေ။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏ အကြင်ဇနီးကြင်ရာများကို အသင်တို့၏မိခင်(အရင်းအခြာ)များ ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ အသင်တို့ ထိုဇနီးမိန်းမတို့အား အသင်မသည် ကျွန်ုပ်အပေါ်၌ မိခင်ကဲ့သို့’ဟရာမ်’ ဖြစ်သည် ဟု ပြောဆို၍(ဇိဟာရ် ပြုလုပ်)ကြကုန်၏။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့၏မွေးစားသားများကိုလည်း အသင်တို့၏ သား(အရင်းအခြာ)များ ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ ထိုသည်တို့ကား အသင်တို့ မိမိတို့နှုတ်များဖြင့် ပြောဆိုကြသော အသင်တို့၏ ပြောဆိုချက်မျှပင်ဖြစ်ပေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား အမှန်ကို မိန့်ကြားတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ် သည်သာလျှင် (ဖြောင့်မတ်သော)လမ်းကို ညွှန်ပြတော်မူ၏။
5 ادْعُوهُمْ لِآبَائِهِمْ هُوَ أَقْسَطُ عِندَ اللَّهِ ۚ فَإِن لَّمْ تَعْلَمُوا آبَاءَهُمْ فَإِخْوَانُكُمْ فِي الدِّينِ وَمَوَالِيكُمْ ۚ وَلَيْسَ عَلَيْكُمْ جُنَاحٌ فِيمَا أَخْطَأْتُم بِهِ وَلَٰكِن مَّا تَعَمَّدَتْ قُلُوبُكُمْ ۚ وَكَانَ اللَّهُ غَفُورًا رَّحِيمًا
အသင်တို့သည် ၎င်းတို့အား ၎င်းတို့၏ဖခင်များနှင့်ဆက်စပ်ကာ (မည်သူမည်ဝါ၏သားဖြစ်သည်)ဟု ခေါ်ဝေါ်ကြလေကုန်။ ဤသည်သာလျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ တရားအမျှတဆုံးဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည် ၎င်းတို့၏ဖခင်များကို မသိခဲ့ကြလျှင် ၎င်းတို့သည်အသင်တို့၏ သာသနာဝင်ညီအစ်ကိုများ ဖြစ်ကြသည့်ပြင်၊အသင်တို့၏ အဆွေခင်ပွန်းများလည်း ဖြစ်ကြကုန်၏။ စင်စစ်သော်ကား အသင်တို့အပေါ်၌ အသင်တို့ မေ့မှား၍ပြုမူခဲ့ကြကုန်သော အမှုကိစ္စနှင့်စပ်လျဉ်း ၍ အပြစ်တစ်စုံတစ်ရာ မရှိပေ။ သို့ရာတွင် အသင်တို့၏စိတ်က ကြံရွယ်ပြုလုပ်ခဲ့ကြကုန်သော အမှုကိစ္စ၌မူ(အပြစ်)ရှိသည်။ အမှန်စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
6 النَّبِيُّ أَوْلَىٰ بِالْمُؤْمِنِينَ مِنْ أَنفُسِهِمْ ۖ وَأَزْوَاجُهُ أُمَّهَاتُهُمْ ۗ وَأُولُو الْأَرْحَامِ بَعْضُهُمْ أَوْلَىٰ بِبَعْضٍ فِي كِتَابِ اللَّهِ مِنَ الْمُؤْمِنِينَ وَالْمُهَاجِرِينَ إِلَّا أَن تَفْعَلُوا إِلَىٰ أَوْلِيَائِكُم مَّعْرُوفًا ۚ كَانَ ذَٰلِكَ فِي الْكِتَابِ مَسْطُورًا
နဗီတမန်တော်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့နှင့် ၎င်းတို့ကိုယ်တိုင်ထက်ပင် ပိုမို၍နီးစပ်၏။၎င်းပြင် ထိုနဗီတမန်တော်မြတ်၏ ကြင်ရာတော်များသည်မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ မိခင်များပင် ဖြစ်ကြကုန်၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်၏ကျမ်းဂန်၌ သွေးရင်းသားရင်း တော်စပ်သူတို့မှာ အချင်းချင်း တစ်ဦးနှင့်တစ်ဦးအခြား မုအ်မင်န် သက်ဝင်ယုံကြည်သူ တို့ထက်လည်းကောင်း၊မုဟာဂျိရီန် မိမိတို့၏အိုးအိမ်စည်းစိမ်များကိုစွန့်ကာ (မက္ကာမြို့မှ) ရွှေ့ပြောင်းခဲ့ကြကုန်သော သူတို့ထက်လည်းကောင်း၊ပိုမို၍နီးစပ်သူများ ဖြစ်ကြကုန်၏။ သို့ရာတွင် အသင်တို့သည်မိမိတို့၏အဆွေခင်ပွန်းများအား တစ်စုံတစ်ရာ ကျေးဇူးပြုလိုကြသည်ရှိသော်(ပြုနိုင်ခွင့်ရှိ၏)။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ မှတ်တမ်းတော်၌ ရေးသားပြီးဖြစ်ချေသတည်း။
7 وَإِذْ أَخَذْنَا مِنَ النَّبِيِّينَ مِيثَاقَهُمْ وَمِنكَ وَمِن نُّوحٍ وَإِبْرَاهِيمَ وَمُوسَىٰ وَعِيسَى ابْنِ مَرْيَمَ ۖ وَأَخَذْنَا مِنْهُم مِّيثَاقًا غَلِيظًا
၎င်းပြင် (ပြန်လည်သတိရပါလေ၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် နဗီတမန်တော်တို့ထံမှ ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့၏။ (ထိုတမန်တော်များတွင် အသင့်ထံမှလည်းကောင်း၊ နူဟ် ထံမှလည်းကောင်း၊ အီဗ်ရာဟီမ်၏ထံမှလည်းကောင်း၊ မူစာ ၏ထံမှလည်းကောင်း၊ မရ်ယမ်၏သားတော်အီစာ၏ထံမှလည်းကောင်း၊ (ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့၏)။ စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့ထံမှခိုင်မာသော ဝန်ခံချက်ကို ယူတော်မူခဲ့၏။
ဘာသာပြန် — အလ်-အာ့ဇာ့ဗ် 5 စူရာ အလ်-အာ့ဇာ့ဗ် အာယာသ် 5 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်တို့သည် ၎င်းတို့အား ၎င်းတို့၏ဖခင်များနှင့်ဆက်စပ်ကာ (မည်သူမည်ဝါ၏သားဖြစ်သည်)ဟု ခေါ်ဝေါ်ကြလေကုန်။ ဤသည်သာလျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ တရားအမျှတဆုံးဖြစ်၏။ သို့ရာတွင် အကယ်၍…
စူရာ အာယာသ် 5/73 — စူရာ အလ်-အာ့ဇာ့ဗ် الأحزاب (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ဇာ့ဗ် နားထောင်, စူရာ အလ်-အာ့ဇာ့ဗ် ဘာသာပြန်, စူရာ အလ်-အာ့ဇာ့ဗ် mp3, စူရာ အလ်-အာ့ဇာ့ဗ် pdf. အာယာသ် 3–7. မြန်မာဘာသာ: ภาษาไทย.