أَمَّنْ هُوَ قَانِتٌ آنَاءَ اللَّيْلِ سَاجِدًا وَقَائِمًا يَحْذَرُ الْآخِرَةَ وَيَرْجُو رَحْمَةَ رَبِّهِ ۗ قُلْ هَلْ يَسْتَوِي الَّذِينَ يَعْلَمُونَ وَالَّذِينَ لَا يَعْلَمُونَ ۗ إِنَّمَا يَتَذَكَّرُ أُولُو الْأَلْبَابِ ٩
🔤 Transliteration
Amman huwa qaanitun aanaaa`al laili saajidanw wa qaaa`imai yahzarul Aakhirata wa yarjoo rahmata Rabbih; qul hal yastawil lazeena ya`lamoona wallazeena laa ya`lamoon; innamaa yatazakkaru ulul albaab
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အကြင်သူသည် ညဉ့်ဦးယံများတွင် "စဂျ်ဒဟ်"ပျပ်ဝပ်ဦးချလျက်လည်းကောင်း၊ မတ်တတ်ရပ်လျက်လည်းကောင်း၊ ဝတ်ပြုလျက်ရှိကြ၏။ "အာခိရတ်" တမလွန်ဘဝကို(လည်း)ကြောက်ရွံ့စိုးရိမ်လေ၏။ မိမိအရှင်မြတ်၏ ကရုဏာတော်ကိုလည်း မျှော်လင့်၏။ (ထိုသူသည် အထက်တွင်ဖော်ပြခဲ့သော မုရှ်ရစ်က်နှင့်တူပါသလော)။ (အို-နဗီတမန်တော်၊)(အသင်ပြောကြားပါလေ။) (အချင်းတို့၊)အသိအလိမ္မာ ဉာဏ်ပညာရှိသောသူတို့နှင့် အသိအလိမ္မာ ဉာဏ်ပညာကင်းမဲ့သောသူတို့သည် တူကြပါသလော။ (စင်စစ်မှာကား) ဉာဏ်ရှင်များသာလျှင် တရားရယူကြပေ သတည်း။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ: قَانِتٌ (ကာနိတ်) : ညဉ့်အချိန်များတွင် အလ္လာဟ်အရှင်မြတ်အား နာခံကိုးကွယ်သူ၊ ဝတ်ပြုသူ။آنَاءَ اللَّيْلِ (အာနာအုလ်လိုင်းလ်) : ညဉ့်၏ အချိန်အခါများ၊ ညဉ့်တစ်လျှောက် အစိတ်အပိုင်းများ။سَاجِدًا وَقَائِمًا (ဆာဂျိဒန် ဝါကာအိမာ) : ဆွဂျ်ဒဟ် (ဦးချ) ပြုလျက်၊ မတ်တတ်ရပ်လျက်။يَحْذَرُ الْآخِرَةَ (ယဟ်ဇရုလ် အာခိရဟ်) : နောင်တမလွန်ဘဝကို ကြောက်ရွံ့သည်။يَرْجُو رَحْمَةَ رَبِّهِ (ယရ်ဂျူ ရဟ်မသ ရဗ်ဗိဟိ) : မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကရုဏာတော်ကို မျှော်လင့်သည်။أُولُو الْأَلْبَابِ (အုလုလ် အလ်ဗာဗ်) : ဆင်ခြင်တုံတရားရှိသူများ၊ ပညာဉာဏ်ရှိသူများ။အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: ဤအာယသ်တော်သည် ကုဖ်ရ် (မယုံကြည်မှု) ၌ ပျော်မွေ့နေသော သူနှင့် အလ္လာဟ်အရှင်မြတ်အား နာခံကိုးကွယ်လျက် ညဉ့်အချိန်များတွင် ဆွဂျ်ဒဟ်ပြုခြင်း၊ မတ်တတ်ရပ်ခြင်းဖြင့် ဝတ်ပြုနေသောသူတို့သည် တူညီနိုင်ပါသလော ဟု နှိုင်းယှဉ်မေးခွန်းထုတ်ထားခြင်း ဖြစ်သည်။
ထိုသူသည် နောင်တမလွန်ဘဝ၏ ပြစ်ဒဏ်ကို ကြောက်ရွံ့ပြီး မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကရုဏာတော်ကို မျှော်လင့်လျက် ဝတ်ပြုကိုးကွယ်နေသူ ဖြစ်သည်။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အား ဒုက္ခရောက်ချိန်တွင်သာ ကိုးကွယ်ပြီး ချမ်းသာချိန်တွင် ငြင်းပယ်ကာ အရှင်မြတ်နှင့်တွဲဖက်တွဲဘက် ပြုလုပ်နေသော ကာဖိရ်နှင့် မည်သို့မျှ တူညီနိုင်မည် မဟုတ်ပေ။
အို တမန်တော်မြတ်၊ သင်သည် ဤသို့မေးမြန်းလိုက်ပါ - အလ္လာဟ်အရှင်မြတ်နှင့် မိမိတို့၏ သာသနာကို သိရှိသော သူများနှင့် မသိရှိသော သူများသည် တူညီနိုင်ပါသလော။ မည်သို့မျှ တူညီနိုင်မည် မဟုတ်ပေ။ ဤကဲ့သို့သော ရှင်းလင်းချက်များမှ ကွာဟချက်ကို သိမြင်နားလည်သူများမှာ ဆင်ခြင်တုံတရားရှိသော ပညာရှင်များသာ ဖြစ်ကြသည်။
ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ: အလ္လာဟ်အရှင်မြတ်အား နာခံကိုးကွယ်ခြင်းသည် မယုံကြည်မှုနှင့် လုံးဝမတူညီကြောင်း သိရှိနိုင်သည်။ ညဉ့်အချိန်များတ
أَمَّنۡ هُوَ قَٰنِتٌ ءَانَآءَ ٱلَّيۡلِ سَاجِدًا وَقَآئِمًا يَحۡذَرُ ٱلۡأٓخِرَةَ وَيَرۡجُواْ رَحۡمَةَ رَبِّهِۦۗ قُلۡ هَلۡ يَسۡتَوِي ٱلَّذِينَ يَعۡلَمُونَ وَٱلَّذِينَ لَا يَعۡلَمُونَۗ إِنَّمَا يَتَذَكَّرُ أُوْلُواْ ٱلۡأَلۡبَٰبِ ٩
အကြင်သူသည် ညဉ့်ဦးယံများတွင် "စဂျ်ဒဟ်"ပျပ်ဝပ်ဦးချလျက်လည်းကောင်း၊ မတ်တတ်ရပ်လျက်လည်းကောင်း၊ ဝတ်ပြုလျက်ရှိကြ၏။ "အာခိရတ်" တမလွန်ဘဝကို(လည်း)ကြောက်ရွံ့စိုးရိမ်လေ၏။ မိမိအရှင်မြတ်၏ ကရုဏာတော်ကိုလည်း မျှော်လင့်၏။ (ထိုသူသည် အထက်တွင်ဖော်ပြခဲ့သော မုရှ်ရစ်က်နှင့်တူပါသလော)။ (အို-နဗီတမန်တော်၊)(အသင်ပြောကြားပါလေ။) (အချင်းတို့၊)အသိအလိမ္မာ ဉာဏ်ပညာရှိသောသူတို့နှင့် အသိအလိမ္မာ ဉာဏ်ပညာကင်းမဲ့သောသူတို့သည် တူကြပါသလော။ (စင်စစ်မှာကား) ဉာဏ်ရှင်များသာလျှင် တရားရယူကြပေ သတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 7-11 — စူရာ အဇ်-ဇုမား
7 إِن تَكْفُرُوا فَإِنَّ اللَّهَ غَنِيٌّ عَنكُمْ ۖ وَلَا يَرْضَىٰ لِعِبَادِهِ الْكُفْرَ ۖ وَإِن تَشْكُرُوا يَرْضَهُ لَكُمْ ۗ وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۗ ثُمَّ إِلَىٰ رَبِّكُم مَّرْجِعُكُمْ فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
အကယ်၍ အသင်တို့သည် သွေဖည်ငြင်းပယ်ကြလျှင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား လိုလားတောင်းတခြင်း၊ မှီခိုအားထားခြင်း ကင်းရှင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ စင်စစ် ထိုအရှင်မြတ်သည် မိမိကျွန်များနှင့်ပတ်သက်၍ သွေဖည်ငြင်းပယ်မှုကို နှစ်မြို့တော်မူသည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ အသင်တို့သည် ကျေးဇူးသိတတ်ကြလျှင် အသင်တို့နှင့်ပတ်သက်၍ ယင်းကျေးဇူးသိတတ်ခြင်းကို နှစ်သက်တော်မူ၏။ စင်စစ်သော်ကား မည်သည့် ဝန်ထမ်းတစ်ဦးတစ်ယောက်မျှပင် သူတစ်ပါး၏ဝန်ထုပ်ကို ထမ်းဆောင်မည်မဟုတ်ပေ။ ထို့နောက် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံသို့ပင် ပြန်လည်သွားကြရပေမည်။ ထိုအခါ အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက်ရှိခဲ့သမျှသော ကိစ္စများကို အသင်တို့အား ထုတ်ဖော် ပြသတော်မူပေမည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ ရှိသမျှတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။
8 ۞ وَإِذَا مَسَّ الْإِنسَانَ ضُرٌّ دَعَا رَبَّهُ مُنِيبًا إِلَيْهِ ثُمَّ إِذَا خَوَّلَهُ نِعْمَةً مِّنْهُ نَسِيَ مَا كَانَ يَدْعُو إِلَيْهِ مِن قَبْلُ وَجَعَلَ لِلَّهِ أَندَادًا لِّيُضِلَّ عَن سَبِيلِهِ ۚ قُلْ تَمَتَّعْ بِكُفْرِكَ قَلِيلًا ۖ إِنَّكَ مِنْ أَصْحَابِ النَّارِ
စင်စစ်သော်ကား (မုရှ်ရစ်က်) လူသား၌ ဘေးအန္တရာယ် တစ်စုံတစ်ရာ ဆိုက်ရောက်ခဲ့သောအခါ ထိုလူသားမှာ ၎င်းဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်ဘက်သို့ စိတ်ရောကိုယ်လှည့်၍ ထိုအရှင်မြတ်အား ဟစ်ခေါ်(တသ)လေ၏။ထို့နောက် ၎င်းအား ထိုအရှင်မြတ်သည် မိမိအထံတော်မှ ကျေးဇူးတော်တစ်စုံတစ်ရာကို ချီးမြှင့်တော်မူသောအခါ ၎င်းမှာ ယခင်က ထိုအရှင်မြတ်အား မိမိဟစ်ခေါ်(တသ)လျက်ရှိခဲ့သည်ကို မေ့လျော့သွား၏။ ထိုမှတစ်ပါး၊ ၎င်းသည် (သူ တစ်ပါးတို့အား) ထိုအရှင်မြတ်၏လမ်းတော်မှ လွဲချော် တိမ်းပါးစေရန် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူများကို ပြုလုပ်သတ်မှတ်လေ၏။(အို-နဗီတမန်တော်) အသင်သည် (ထိုလူသားအား ဤသို့)ပြောကြားပါလေ။ အသင်သည် မိမိ၏သွေဖည်မှုဖြင့်(နေ့ရက်)အနည်းငယ်မျှ အကျိုးကျေးဇူး ခံစားလေလော့။ ဧကန်မလွဲ အသင်သည် ငရဲသားတို့တွင် အပါအဝင် ဖြစ်ပေသတည်း။
9 أَمَّنْ هُوَ قَانِتٌ آنَاءَ اللَّيْلِ سَاجِدًا وَقَائِمًا يَحْذَرُ الْآخِرَةَ وَيَرْجُو رَحْمَةَ رَبِّهِ ۗ قُلْ هَلْ يَسْتَوِي الَّذِينَ يَعْلَمُونَ وَالَّذِينَ لَا يَعْلَمُونَ ۗ إِنَّمَا يَتَذَكَّرُ أُولُو الْأَلْبَابِ
အကြင်သူသည် ညဉ့်ဦးယံများတွင် "စဂျ်ဒဟ်"ပျပ်ဝပ်ဦးချလျက်လည်းကောင်း၊ မတ်တတ်ရပ်လျက်လည်းကောင်း၊ ဝတ်ပြုလျက်ရှိကြ၏။ "အာခိရတ်" တမလွန်ဘဝကို(လည်း)ကြောက်ရွံ့စိုးရိမ်လေ၏။ မိမိအရှင်မြတ်၏ ကရုဏာတော်ကိုလည်း မျှော်လင့်၏။ (ထိုသူသည် အထက်တွင်ဖော်ပြခဲ့သော မုရှ်ရစ်က်နှင့်တူပါသလော)။ (အို-နဗီတမန်တော်၊)(အသင်ပြောကြားပါလေ။) (အချင်းတို့၊)အသိအလိမ္မာ ဉာဏ်ပညာရှိသောသူတို့နှင့် အသိအလိမ္မာ ဉာဏ်ပညာကင်းမဲ့သောသူတို့သည် တူကြပါသလော။ (စင်စစ်မှာကား) ဉာဏ်ရှင်များသာလျှင် တရားရယူကြပေ သတည်း။
10 قُلْ يَا عِبَادِ الَّذِينَ آمَنُوا اتَّقُوا رَبَّكُمْ ۚ لِلَّذِينَ أَحْسَنُوا فِي هَٰذِهِ الدُّنْيَا حَسَنَةٌ ۗ وَأَرْضُ اللَّهِ وَاسِعَةٌ ۗ إِنَّمَا يُوَفَّى الصَّابِرُونَ أَجْرَهُم بِغَيْرِ حِسَابٍ
(အို-နဗီတမန်တော်၊) အသင်သည် (တစ်ဆင့်)ပြောကြားပါလေ။ အို-ငါအရှင်မြတ်၏ သက်ဝင် ယုံကြည်သူကျွန်အပေါင်းတို့၊ အသင်တို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ဤမျက်မှောက်လောကီဘဝတွင် မကောင်းမှုပြုလုပ်ခဲ့ကြသော သူတို့အဖို့ ကောင်းမြတ်သောအကျိုးရှိ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ ပထဝီမြေသည်လည်း ကျယ်ဝန်းလှ၏။ စွဲမြဲကြံ့ခိုင်စွာရှိကြသော သူတို့သည်သာလျှင် မိမိတို့၏အကျိုးကို အသင်္ချေအသင်္ချာ ပေးဆပ်ခြင်းခံကြရပေမည်။
11 قُلْ إِنِّي أُمِرْتُ أَنْ أَعْبُدَ اللَّهَ مُخْلِصًا لَّهُ الدِّينَ
(အို-နဗီတမန်တော်၊) အသင်ပြောကြားပါလေ၊ ဧကန်စင်စစ် ကျွန်ုပ်သည် သက်သက် အလ္လာဟ်အရှင်မြတ်အဖို့သာလျှင် ဆည်းကပ်ကိုးကွယ်မှုကို သဒ္ဓါဖြူစင်စေလျက် ထိုအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ရန် အမိန့်ပေးတော်မူခြင်း ခံရသည်။
ဘာသာပြန် — အဇ်-ဇုမား 9 စူရာ အဇ်-ဇုမား အာယာသ် 9 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကြင်သူသည် ညဉ့်ဦးယံများတွင် "စဂျ်ဒဟ်"ပျပ်ဝပ်ဦးချလျက်လည်းကောင်း၊ မတ်တတ်ရပ်လျက်လည်းကောင်း၊ ဝတ်ပြုလျက်ရှိကြ၏။ "အာခိရတ်" တမလွန်ဘဝကို(လည်း)ကြောက်ရွံ့စိုးရိမ်လေ၏။ မိမိအရှင်မြတ်၏ ကရုဏာတော်ကိုလည်း မျှော်လင့်၏။…
စူရာ အာယာသ် 9/75 — စူရာ အဇ်-ဇုမား الزمر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အဇ်-ဇုမား နားထောင်, စူရာ အဇ်-ဇုမား ဘာသာပြန်, စူရာ အဇ်-ဇုမား mp3, စူရာ အဇ်-ဇုမား pdf. အာယာသ် 7–11. မြန်မာဘာသာ: ภาษาไทย.