အဇ်-ဇုမား · 10/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အဇ်-ဇုမား
قُلْ يَا عِبَادِ الَّذِينَ آمَنُوا اتَّقُوا رَبَّكُمْ ۚ لِلَّذِينَ أَحْسَنُوا فِي هَٰذِهِ الدُّنْيَا حَسَنَةٌ ۗ وَأَرْضُ اللَّهِ وَاسِعَةٌ ۗ إِنَّمَا يُوَفَّى الصَّابِرُونَ أَجْرَهُم بِغَيْرِ حِسَابٍ ۝١٠
Qul yaa `ibaadil lazeena aamanut taqoo Rabbakum; lillazeena ahsanoo fee haazihid dunyaa hasanah; wa ardul laahi waasi`ah; innamaa yuwaffas saabiroona ajrahum bighayri hisab
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်၊) အသင်သည် (တစ်ဆင့်)ပြောကြားပါလေ။ အို-ငါအရှင်မြတ်၏ သက်ဝင် ယုံကြည်သူကျွန်အပေါင်းတို့၊ အသင်တို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ဤမျက်မှောက်လောကီဘဝတွင် မကောင်းမှုပြုလုပ်ခဲ့ကြသော သူတို့အဖို့ ကောင်းမြတ်သောအကျိုးရှိ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ ပထဝီမြေသည်လည်း ကျယ်ဝန်းလှ၏။ စွဲမြဲကြံ့ခိုင်စွာရှိကြသော သူတို့သည်သာလျှင် မိမိတို့၏အကျိုးကို အသင်္ချေအသင်္ချာ ပေးဆပ်ခြင်းခံကြရပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ် ရှင်းလင်းချက်
  • အတ္တကူ ရဗ္ဗကုမ် (اتقوا ربكم): သင့်တို့၏ အရှင်သခင်ကို ကြောက်ရွံ့ခြင်း၊ အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်း။
  • ဟစနသုန် (حسنة): ကောင်းမှုကုသိုလ်၊ ကောင်းကျိုးချမ်းသာ။
  • ဝါစိအသုန် (واسعة): ကျယ်ဝန်းသော။
  • ယူဝဖ်ဖာ (يوفى): အပြည့်အဝ ပေးဆပ်ခြင်း။
  • ဗိဂိုင်ရိ ဟိသာဗ် (بغير حساب): အတွက်အချက်၊ ကန့်သတ်ချက် မရှိဘဲ။
  1. အာယသ်တော်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်

အို တမန်တော်၊ အီမာန်ယုံကြည်သော ငါ့ကျွန်များအား ပြောလိုက်ပါ- သင်တို့၏ အရှင်သခင်ကို ကြောက်ရွံ့ပါ။ အမိန့်တော်များကို လိုက်နာ၍ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြင့် တက္ကွါပြုပါ။ ဤလောကီဘဝတွင် ကောင်းမှုကုသိုလ်ပြုသူများအတွက် ကောင်းကျိုးချမ်းသာ ရှိသည်။ ထိုကောင်းကျိုးသည် ဤလောကီတွင်လည်း ကျန်းမာရေး၊ စည်းစိမ်ဥစ္စာ၊ အောင်မြင်မှုအဖြစ် ရရှိမည်။ နောင်တမလွန်ဘဝတွင်လည်း ဂျန္နသ်သုခဘုံဟူသော အကောင်းဆုံးဆုလာဘ်ကို ရရှိမည်။ အလ္လာဟ်အရှင်မြတ်၏ မြေပြင်သည် ကျယ်ဝန်းလှသည်။ သင်တို့သည် အလ္လာဟ်ကို ဝတ်ပြုကိုးကွယ်ရန်၊ ဒီန် (သာသနာ) ကို ထူထောင်ရန် နေရာတစ်ခုကို ရှာဖွေရန် ဟိဂျ်ရသ် (ရွှေ့ပြောင်းခြင်း) ပြုနိုင်သည်။ မည်သည့်အတားအဆီးမှ သင်တို့ကို မတားဆီးနိုင်ပါ။ စိတ်ရှည်သည်းခံသူများအတွက်သာ သူတို့၏ ဆုလာဘ်ကို နောင်တမလွန်ဘဝတွင် အတွက်အချက်၊ ကန့်သတ်ချက်၊ ပမာဏ မရှိဘဲ အပြည့်အဝ ပေးဆပ်ခံရမည်။ ဤသည် စိတ်ရှည်သည်းခံသူများ၏ ဆုလာဘ်ကို ကြီးမြတ်စေခြင်း ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိအား ယုံကြည်သူများကို "ငါ့ကျွန်များ" ဟု ချစ်ခင်စွာ ခေါ်ဆိုခြင်းသည် အီမာန်၏ ဂုဏ်ကျေးဇူးကို ပြသသည်။
  • တက္ကွါ (ကြောက်ရွံ့ခြင်း) သည် ဤလောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံးအတွက် ကောင်းကျိုးကို ယူဆောင်လာသည်။
  • ကောင်းမှုပြုသူများအတွက် ဤလောကီတွင်လည်း ကောင်းကျိုးရရှိမည်ဟု ကတိပေးထားခြင်းသည် အစ္စလာမ်သာသနာသည် လောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံးကို အလေးထားသော သာသနာဖြစ်ကြောင်း ပြသသည်။
  • အလ္လာဟ်၏ မြေပြင်သည် ကျယ်ဝန်းသည်ဟု ဖော်ပြခြင်းသည် ဒီန် (သာသနာ) ကို


📜 အာယာသ် 8-12 — စူရာ အဇ်-ဇုမား

8۞ وَإِذَا مَسَّ الْإِنسَانَ ضُرٌّ دَعَا رَبَّهُ مُنِيبًا إِلَيْهِ ثُمَّ إِذَا خَوَّلَهُ نِعْمَةً مِّنْهُ نَسِيَ مَا كَانَ يَدْعُو إِلَيْهِ مِن قَبْلُ وَجَعَلَ لِلَّهِ أَندَادًا لِّيُضِلَّ عَن سَبِيلِهِ ۚ قُلْ تَمَتَّعْ بِكُفْرِكَ قَلِيلًا ۖ إِنَّكَ مِنْ أَصْحَابِ النَّارِ
စင်စစ်သော်ကား (မုရှ်ရစ်က်) လူသား၌ ဘေးအန္တရာယ် တစ်စုံတစ်ရာ ဆိုက်ရောက်ခဲ့သောအခါ ထိုလူသားမှာ ၎င်းဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်ဘက်သို့ စိတ်ရောကိုယ်လှည့်၍ ထိုအရှင်မြတ်အား ဟစ်ခေါ်(တသ)လေ၏။ထို့နောက် ၎င်းအား ထိုအရှင်မြတ်သည် မိမိအထံတော်မှ ကျေးဇူးတော်တစ်စုံတစ်ရာကို ချီးမြှင့်တော်မူသောအခါ ၎င်းမှာ ယခင်က ထိုအရှင်မြတ်အား မိမိဟစ်ခေါ်(တသ)လျက်ရှိခဲ့သည်ကို မေ့လျော့သွား၏။ ထိုမှတစ်ပါး၊ ၎င်းသည် (သူ တစ်ပါးတို့အား) ထိုအရှင်မြတ်၏လမ်းတော်မှ လွဲချော် တိမ်းပါးစေရန် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူများကို ပြုလုပ်သတ်မှတ်လေ၏။(အို-နဗီတမန်တော်) အသင်သည် (ထိုလူသားအား ဤသို့)ပြောကြားပါလေ။ အသင်သည် မိမိ၏သွေဖည်မှုဖြင့်(နေ့ရက်)အနည်းငယ်မျှ အကျိုးကျေးဇူး ခံစားလေလော့။ ဧကန်မလွဲ အသင်သည် ငရဲသားတို့တွင် အပါအဝင် ဖြစ်ပေသတည်း။
9أَمَّنْ هُوَ قَانِتٌ آنَاءَ اللَّيْلِ سَاجِدًا وَقَائِمًا يَحْذَرُ الْآخِرَةَ وَيَرْجُو رَحْمَةَ رَبِّهِ ۗ قُلْ هَلْ يَسْتَوِي الَّذِينَ يَعْلَمُونَ وَالَّذِينَ لَا يَعْلَمُونَ ۗ إِنَّمَا يَتَذَكَّرُ أُولُو الْأَلْبَابِ
အကြင်သူသည် ညဉ့်ဦးယံများတွင် "စဂျ်ဒဟ်"ပျပ်ဝပ်ဦးချလျက်လည်းကောင်း၊ မတ်တတ်ရပ်လျက်လည်းကောင်း၊ ဝတ်ပြုလျက်ရှိကြ၏။ "အာခိရတ်" တမလွန်ဘဝကို(လည်း)ကြောက်ရွံ့စိုးရိမ်လေ၏။ မိမိအရှင်မြတ်၏ ကရုဏာတော်ကိုလည်း မျှော်လင့်၏။ (ထိုသူသည် အထက်တွင်ဖော်ပြခဲ့သော မုရှ်ရစ်က်နှင့်တူပါသလော)။ (အို-နဗီတမန်တော်၊)(အသင်ပြောကြားပါလေ။) (အချင်းတို့၊)အသိအလိမ္မာ ဉာဏ်ပညာရှိသောသူတို့နှင့် အသိအလိမ္မာ ဉာဏ်ပညာကင်းမဲ့သောသူတို့သည် တူကြပါသလော။ (စင်စစ်မှာကား) ဉာဏ်ရှင်များသာလျှင် တရားရယူကြပေ သတည်း။
10قُلْ يَا عِبَادِ الَّذِينَ آمَنُوا اتَّقُوا رَبَّكُمْ ۚ لِلَّذِينَ أَحْسَنُوا فِي هَٰذِهِ الدُّنْيَا حَسَنَةٌ ۗ وَأَرْضُ اللَّهِ وَاسِعَةٌ ۗ إِنَّمَا يُوَفَّى الصَّابِرُونَ أَجْرَهُم بِغَيْرِ حِسَابٍ
(အို-နဗီတမန်တော်၊) အသင်သည် (တစ်ဆင့်)ပြောကြားပါလေ။ အို-ငါအရှင်မြတ်၏ သက်ဝင် ယုံကြည်သူကျွန်အပေါင်းတို့၊ အသင်တို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ဤမျက်မှောက်လောကီဘဝတွင် မကောင်းမှုပြုလုပ်ခဲ့ကြသော သူတို့အဖို့ ကောင်းမြတ်သောအကျိုးရှိ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ ပထဝီမြေသည်လည်း ကျယ်ဝန်းလှ၏။ စွဲမြဲကြံ့ခိုင်စွာရှိကြသော သူတို့သည်သာလျှင် မိမိတို့၏အကျိုးကို အသင်္ချေအသင်္ချာ ပေးဆပ်ခြင်းခံကြရပေမည်။
11قُلْ إِنِّي أُمِرْتُ أَنْ أَعْبُدَ اللَّهَ مُخْلِصًا لَّهُ الدِّينَ
(အို-နဗီတမန်တော်၊) အသင်ပြောကြားပါလေ၊ ဧကန်စင်စစ် ကျွန်ုပ်သည် သက်သက် အလ္လာဟ်အရှင်မြတ်အဖို့သာလျှင် ဆည်းကပ်ကိုးကွယ်မှုကို သဒ္ဓါဖြူစင်စေလျက် ထိုအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ရန် အမိန့်ပေးတော်မူခြင်း ခံရသည်။
12وَأُمِرْتُ لِأَنْ أَكُونَ أَوَّلَ الْمُسْلِمِينَ
ထိုမှတစ်ပါး ကျွန်ုပ်သည် အဦးဆုံးမွတ်စ်လင်မ် ဖြစ်ရန်လည်း အမိန့်ပေးတော်မူခြင်း ခံရသည်။
အဇ်-ဇုမားကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MeccanRevelation
10အာယာသ်

ဘာသာပြန် — အဇ်-ဇုမား 10

စူရာ အဇ်-ဇုမား အာယာသ် 10 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်၊) အသင်သည် (တစ်ဆင့်)ပြောကြားပါလေ။ အို-ငါအရှင်မြတ်၏ သက်ဝင် ယုံကြည်သူကျွန်အပေါင်းတို့၊ အသင်တို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား…

စူရာ အာယာသ် 10/75 — စူရာ အဇ်-ဇုမား الزمر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အဇ်-ဇုမား နားထောင်, စူရာ အဇ်-ဇုမား ဘာသာပြန်, စူရာ အဇ်-ဇုမား mp3, စူရာ အဇ်-ဇုမား pdf. အာယာသ် 8–12. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers