အန်-နီဆာ · 88/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
۞ فَمَا لَكُمْ فِي الْمُنَافِقِينَ فِئَتَيْنِ وَاللَّهُ أَرْكَسَهُم بِمَا كَسَبُوا ۚ أَتُرِيدُونَ أَن تَهْدُوا مَنْ أَضَلَّ اللَّهُ ۖ وَمَن يُضْلِلِ اللَّهُ فَلَن تَجِدَ لَهُ سَبِيلًا ۝٨٨
Famaa lakum filmuna afiqeena fi`ataini wallaahu arkasahum bimaa kasaboo; atureedoona an tahdoo man adallal laahu wa mmai yudlilil laahu falan tajida lahoo sabeelaa
📖 မြန်မာဘာသာ
သို့ပါလျက် အသင်တို့သည် မည်သည့်အတွက်ကြောင့် ‘မုနာဖစ်က်’မွတ်စ်လင်မ်အယောင်ဆောင်တို့နှင့်ပတ်သက်၍ နှစ်စုကွဲနေကြပါသနည်း။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ထို ‘မုနာဖစ်က်’အယောင်ဆောင်မွတ်စ်လင်မ်တို့အား ၎င်းတို့၏ ပြုမူဆည်းပူးချက်တို့ကြောင့် ပြောင်းပြန်လှည့်ထားတော်မူခဲ့လေသည်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်က လမ်းမှားသို့ ချထားတော်မူသောသူတို့အား တရားလမ်းမှန်သို့ ရောက်စေလိုကြသလော။ စင်စစ် (အို- နဗီတမန်တော်) အလ္လာဟ်အရှင်မြတ်က လမ်းမှားသို့ ချထားတော်မူသောသူ၏အဖို့ မည်သည့်လမ်းကိုမျှ အသင် အလျင်း တွေ့ရှိလိမ့်မည်မဟုတ်ချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အနက်အဓိပ္ပာယ်ရှင်းလင်းချက်

အခန်းကြီး။ ။ အန်-နီဆာ (အမှတ် ၄) — အာယသ်အမှတ် ၈၈

အာယသ်တော်၏ အာရဗီစာသား။ ။ ۞ فَمَا لَكُمْ فِي الْمُنَافِقِينَ فِئَتَيْنِ وَاللَّهُ أَرْكَسَهُم بِمَا كَسَبُوا ۚ أَتُرِيدُونَ أَن تَهْدُوا مَنْ أَضَلَّ اللَّهُ ۖ وَمَن يُضْلِلِ اللَّهُ فَلَن تَجِدَ لَهُ سَبِيلًا


### ၁) အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • الْمُنَافِقِينَ (အလ်-မုနာဖိကီးန်)။ ။ အစ္စလာမ်ကို အပြင်ပန်းလက်ခံဟန်ဆောင်သော်လည်း အတွင်းစိတ်တွင် ကုဖ်ရ် (မယုံကြည်မှု) ကို ဖုံးကွယ်ထားသူများ။
  • فِئَتَيْنِ (ဖိအ်သိုင်းန်)။ ။ အုပ်စုနှစ်စု၊ အဖွဲ့နှစ်ဖွဲ့။
  • أَرْكَسَهُم (အာရ်ကဆဟွမ်)။ ။ သူတို့ကို ပြန်လှန်ချ၍ ကုဖ်ရ်သို့ ပြန်ရောက်စေခဲ့သည်။ "ရက်စ်" ၏ မူလအဓိပ္ပာယ်မှာ အရာတစ်ခုကို ဇောက်ထိုးပြန်လှန်ခြင်း ဖြစ်သည်။
  • كَسَبُوا (ကဆဗူ)။ ။ သူတို့ ရှာဖွေဆည်းပူးခဲ့ကြသည်။ ဤနေရာတွင် သူတို့၏ အစ္စလာမ်မှ လှည့်ထွက်သွားမှုကို ဆိုလိုသည်။
  • سَبِيلًا (ဆဗီးလန်)။ ။ လမ်း၊ တရားလမ်း၊ လမ်းစဉ်။

### ၂) အာယသ်တော်၏ အနက်အဓိပ္ပာယ် ရှင်းလင်းချက်

အို အီမာန်ယုံကြည်သူအပေါင်းတို့။ ။ မုနာဖိကီးန် (အယောင်ဆောင်မွတ်စ်လင်မ်) များနှင့် ပတ်သက်၍ သင်တို့သည် အဘယ်ကြောင့် အုပ်စုနှစ်စု ကွဲပြားနေကြသနည်း။ တစ်စုက သူတို့သည် ကုဖ်ရ်ကျပြီဖြစ်သောကြောင့် သူတို့ကို တိုက်ခိုက်ရမည်ဟု ဆိုကြပြီး၊ အခြားတစ်စုက သူတို့သည် အီမာန်ရှိသေးသည်ဟု ဆိုကာ တိုက်ခိုက်ခြင်းမှ ရှောင်ကြဉ်ရမည်ဟု ဆိုကြသည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ မကောင်းသော လုပ်ရပ်များကြောင့် သူတို့ကို ကုဖ်ရ်နှင့် လမ်းလွဲမှုထဲသို့ ပြန်လည်ချထားခဲ့ပြီး ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်သည် လမ်းမှန်သို့ ပို့ဆောင်တော်မမူသောသူကို သင်တို့သည် လမ်းမှန်ရရှိစေလိုကြသလော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကို လမ်းလွဲစေတော်မူသည်ဖြစ်အံ့၊ ထိုသူအတွက် လမ်းမှန်သို့ ရောက်စေမည့် မည်သည့်လမ်းကိုမျှ သင်တို့ ရှာဖွေတွေ့ရှိမည် မဟုတ်ပေ။

ဤအာယသ်တော်သည် အစ္စလာမ်ကို လက်ခံပြီးနောက် နောင်တရကာ ပြန်လည်လှည့်ထွက်သွားသူများနှင့်



📜 အာယာသ် 86-90 — စူရာ အန်-နီဆာ

86وَإِذَا حُيِّيتُم بِتَحِيَّةٍ فَحَيُّوا بِأَحْسَنَ مِنْهَا أَوْ رُدُّوهَا ۗ إِنَّ اللَّهَ كَانَ عَلَىٰ كُلِّ شَيْءٍ حَسِيبًا
တစ်ဖန် အသင်တို့သည် တနည်းနည်းအားဖြင့် (စလာမ်မေတ္တာပို့သလျက်) နှုတ်ခွန်းဆက်သခြင်းကို ခံကြရသောအခါ၊ အသင်တို့သည် ထိုနှုတ်ခွန်းဆက်သခြင်းခံကြရသည်ထက် ပိုမို၍ ကောင်းမြတ် သောနည်းမျိုးဖြင့် (စလာမ်မေတ္တာပို့၍) နှုတ်ခွန်းဆက်သကြလေကုန်။ သို့တည်းမဟုတ်ထို (နှုတ်ခွန်း ဆက်ခြင်းခံကြရသည်) အတိုင်းပင် တုံ့ပြန်ကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စစ်ဆေးတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
87اللَّهُ لَا إِلَٰهَ إِلَّا هُوَ ۚ لَيَجْمَعَنَّكُمْ إِلَىٰ يَوْمِ الْقِيَامَةِ لَا رَيْبَ فِيهِ ۗ وَمَنْ أَصْدَقُ مِنَ اللَّهِ حَدِيثًا
အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်တည်း။ ထိုအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာ အလျင်းမရှိပေ။ ထိုအရှင်မြတ်သည် မုချ အသင်တို့ကို‘ကိယာမတ်’ ခေါ် ရှင်ပြန်ထမည့်နေ့တွင် စုရုံးစေသော်မူအံ့။ ဤအရာ၌ ဒွိဟသံသယ အလျင်းမရှိရပေ။ စင်စစ်သော်ကား စကားအရာ၌ အလ္လာဟ်အရှင်မြတ်ထက် ပိုမိုမှန်ကန်စွာပြောဆိုသောသူ မည်သူရှိပါမည်နည်း။
88۞ فَمَا لَكُمْ فِي الْمُنَافِقِينَ فِئَتَيْنِ وَاللَّهُ أَرْكَسَهُم بِمَا كَسَبُوا ۚ أَتُرِيدُونَ أَن تَهْدُوا مَنْ أَضَلَّ اللَّهُ ۖ وَمَن يُضْلِلِ اللَّهُ فَلَن تَجِدَ لَهُ سَبِيلًا
သို့ပါလျက် အသင်တို့သည် မည်သည့်အတွက်ကြောင့် ‘မုနာဖစ်က်’မွတ်စ်လင်မ်အယောင်ဆောင်တို့နှင့်ပတ်သက်၍ နှစ်စုကွဲနေကြပါသနည်း။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ထို ‘မုနာဖစ်က်’အယောင်ဆောင်မွတ်စ်လင်မ်တို့အား ၎င်းတို့၏ ပြုမူဆည်းပူးချက်တို့ကြောင့် ပြောင်းပြန်လှည့်ထားတော်မူခဲ့လေသည်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်က လမ်းမှားသို့ ချထားတော်မူသောသူတို့အား တရားလမ်းမှန်သို့ ရောက်စေလိုကြသလော။ စင်စစ် (အို- နဗီတမန်တော်) အလ္လာဟ်အရှင်မြတ်က လမ်းမှားသို့ ချထားတော်မူသောသူ၏အဖို့ မည်သည့်လမ်းကိုမျှ အသင် အလျင်း တွေ့ရှိလိမ့်မည်မဟုတ်ချေ။
89وَدُّوا لَوْ تَكْفُرُونَ كَمَا كَفَرُوا فَتَكُونُونَ سَوَاءً ۖ فَلَا تَتَّخِذُوا مِنْهُمْ أَوْلِيَاءَ حَتَّىٰ يُهَاجِرُوا فِي سَبِيلِ اللَّهِ ۚ فَإِن تَوَلَّوْا فَخُذُوهُمْ وَاقْتُلُوهُمْ حَيْثُ وَجَدتُّمُوهُمْ ۖ وَلَا تَتَّخِذُوا مِنْهُمْ وَلِيًّا وَلَا نَصِيرًا
၎င်း (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် မိမိတို့ (ကိုယ်တိုင်) ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြသကဲ့သို့ပင် အသင်တို့လည်း ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြရန် တောင့်တကြခဲ့သည်။ သို့မှသာလျှင် အသင်တို့သည်လည်း (၎င်းတို့နှင့်) တန်းတူဖြစ်ကြကုန်အံ့။ သို့ဖြစ်သောကြောင့် ၎င်း (မုနာဖစ်က်) တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (မိမိတို့၏ အိုးအိမ်တို့ကို စွန့်လွှတ်ကာ) ရွှေ့ပြောင်းထွက်ခွာသွားခြင်း မပြုသမျှကာလပတ်လုံး အသင်တို့သည် ထိုသူတို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အဆွေခင်ပွန်းမပြုကြကုန်လင့်။ တစ်ဖန် အကယ်၍ ယင်းသူတို့သည် (မိမိတို့၏အိုးအိမ်များကို စွန့်လွှတ် ရွှေ့ပြောင်းထွက်ခွာသွားရန် အမိန့်တော်ကို) သွေဖည်လွှဲရှောင်သွားခဲ့ကြပါမူ၊ အသင်တို့သည် ၎င်းတို့အား တွေ့ရှိရာအရပ်၌ ဖမ်းဆီးကြကုန်။ သတ်ဖြတ်ကြကုန်၊ ၎င်းပြင် အသင်တို့သည် ထိုသူတို့အနက် မည်သူတစ်ဦးတယောက်ကိုမျှ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ မိမိတို့အား ကူညီစောင်မမည့်သူဟူ၍လည်းကောင်း (မှတ်ယူခြင်း) မပြုကြကုန်လင့်။
90إِلَّا الَّذِينَ يَصِلُونَ إِلَىٰ قَوْمٍ بَيْنَكُمْ وَبَيْنَهُم مِّيثَاقٌ أَوْ جَاءُوكُمْ حَصِرَتْ صُدُورُهُمْ أَن يُقَاتِلُوكُمْ أَوْ يُقَاتِلُوا قَوْمَهُمْ ۚ وَلَوْ شَاءَ اللَّهُ لَسَلَّطَهُمْ عَلَيْكُمْ فَلَقَاتَلُوكُمْ ۚ فَإِنِ اعْتَزَلُوكُمْ فَلَمْ يُقَاتِلُوكُمْ وَأَلْقَوْا إِلَيْكُمُ السَّلَمَ فَمَا جَعَلَ اللَّهُ لَكُمْ عَلَيْهِمْ سَبِيلًا
သို့ရာတွင် အကြင် (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် အကြင်အမျိုးသားတို့ထံ (သွားရောက်) ပူးပေါင်းကြကုန်၏။ အသင်တို့နှင့် ထိုအမျိုးသားတို့၏အကြားတွင် (တစ်ဖက်နှင့်တစ်ဖက် စစ်မဖြစ်ကြရန်) ပဋိညာဉ်ထားရှိပြီးဖြစ်၏။ သို့တည်းမဟုတ် ယင်း (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် အသင်တို့ထံသို့လာကြ၏။ ၎င်းတို့သည် အသင်တို့နှင့် တိုက်ခိုက်ရန်သော် လည်းကောင်း၊ မိမိတို့၏ အမျိုးသား (များဖြစ်သော ကာဖိရ်) တို့နှင့် တိုက်ခိုက်ရန်သော်လည်းကောင်း ရင်လေးလျက်ရှိကြကုန်၏။ သို့ရာတွင် အကယ်၍သာ အလ္လာဟ်အင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ဧကန်စင်စစ် ၎င်းတို့အား အသင်တို့အပေါ်ဝယ် အခွင့်အာဏာရှိစေတော်မူခဲ့အံ့။ (တစ်နည်း) နိုင်နင်းစေတော်မူခဲ့အံ့။ သို့ဖြစ်ခဲ့လျှင် မုချဧကန် ထိုသူတို့သည် အသင်တို့အား တိုက်ခိုက်ခဲ့ကြကုန်အံ့။ သို့ဖြစ်ပေရာ အကယ်၍ ၎င်းတို့သည် အသင်တို့ထံမှဆုတ်ခွာ၍ အသင်တို့နှင့်တိုက်ခိုက်ခြင်း မပြုဘဲနေခဲ့ကြပါသော်၊ ထို့ပြင် ၎င်းတို့သည် အသင်တို့ထံ စစ်မက်အရေးကျေအေးရန် ကမ်းလှမ်းခဲ့ကြပါသော် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ၎င်းတို့နှင့်ဆန့်ကျင်ဘက်ပြုကြရန် (ဝါ) စစ်တိုက်ကြရန် မည်သည့်နည်းလမ်းကိုမျှ ခွင့်ပြုတော်မူသည်မဟုတ်ချေ။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
88အာယာသ်

ဘာသာပြန် — အန်-နီဆာ 88

စူရာ အန်-နီဆာ အာယာသ် 88 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ပါလျက် အသင်တို့သည် မည်သည့်အတွက်ကြောင့် ‘မုနာဖစ်က်’မွတ်စ်လင်မ်အယောင်ဆောင်တို့နှင့်ပတ်သက်၍ နှစ်စုကွဲနေကြပါသနည်း။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ထို ‘မုနာဖစ်က်’အယောင်ဆောင်မွတ်စ်လင်မ်တို့အား ၎င်းတို့၏…

စူရာ အာယာသ် 88/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 86–90. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers