ဖုစ်စီလာ့ · 43/54
ဘာသာပြန် အသံနိုင်ငံ — စူရာ ဖုစ်စီလာ့
مَّا يُقَالُ لَكَ إِلَّا مَا قَدْ قِيلَ لِلرُّسُلِ مِن قَبْلِكَ ۚ إِنَّ رَبَّكَ لَذُو مَغْفِرَةٍ وَذُو عِقَابٍ أَلِيمٍ ۝٤٣
Maa yuqaalu laka illaa maa qad qeela lir Rusuli min qablik; inna Rabbaka lazoo maghfiratinw wa zoo `iqaabin aleem
📖 မြန်မာဘာသာ
အသင့်အလျင် ပွင့်ကြလေကုန်သော ရစူလ်တမန်တော်များ ပြောဆို(စွပ်စွဲ)ခြင်း ခံခဲ့ကြရသည့် အတိုင်းပင်အသင်လည်း ပြောဆို(စွပ်စွဲ)ခြင်းကိုခံရ၏။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အမှန်ပင်လွတ်ငြိမ်းချမ်းသာခွင့်ကို ပိုင်ဆိုင်တော်မူသောအရှင်၊ ပြင်းပြနာကျင်ဖွယ်�ြစ်သောပြစ်ဒဏ်ကို ပိုင်ဆိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • مَا يُقَالُ لَكَ (မာ ယုကာလု လက) — သင့်အား ပြောဆိုခြင်းခံရသည် မဟုတ်လော။
  • إِلَّا (အိလ္လာ) — မှလွဲ၍။
  • مَا قَدْ قِيلَ (မာ ကောဒ် ကိလ) — ယခင်က ပြောဆိုခဲ့ပြီးဖြစ်သော စကား။
  • لِلرُّسُلِ (လိရ်ရုစုလိ) — ရစူလ်တမန်တော်များအား။
  • مِن قَبْلِكَ (မိန် ကောဗ်လိက) — သင့်အလျင်က။
  • لَذُو مَغْفِرَةٍ (လဇူ မာဂ်ဖိရသ်) — အမှန်စင်စစ် ခွင့်လွှတ်ခြင်း၏ ပိုင်ရှင်ဖြစ်တော်မူသည်။
  • وَذُو عِقَابٍ أَلِيمٍ (ဝဇူ အိကဗ်ဗင်း အလီမ်) — နာကျင်ဖွယ်ရာ အပြစ်ဒဏ်၏ ပိုင်ရှင်လည်းဖြစ်တော်မူသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို ရစူလ်တမန်တော်၊ ဤမုရှ်ရိက်များသည် သင့်အား မဟုတ်မမှန်စွပ်စွဲခြင်း၊ ငြင်းပယ်ခြင်းများဖြင့် ပြောဆိုနေကြသည်မှာ သင့်အလျင်က ရစူလ်တမန်တော်များအား သူတို့၏လူမျိုးများက ပြောဆိုခဲ့ကြသည့် စကားမျိုးပင်ဖြစ်သည်။ ဤသည်မှာ ရစူလ်တမန်တော်များအားလုံး ကြုံတွေ့ခဲ့ရသော ဓလေ့ဖြစ်သည်။ ထို့ကြောင့် သင်သည် ဤလမ်းစဉ်တွင် ကြုံတွေ့ရသော ဒုက္ခအခက်အခဲများကို သည်းခံပါ။ အမှန်စင်စစ် သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိမိထံ ဝန်ချတောင်းပန်သော ကျေးကျွန်များ၏ အပြစ်များကို ခွင့်လွှတ်တော်မူသော အရှင်ဖြစ်တော်မူသည်။ သို့သော် မယုံကြည်မှုနှင့် ငြင်းပယ်မှုကို ဆက်လက်ပြုလုပ်နေသူများ၊ အပြစ်များကို မစွန့်လွှတ်ဘဲ ဆက်လက်ကျူးလွန်နေသူများအတွက်မူ နာကျင်ဖွယ်ရာ ပြင်းထန်သော အပြစ်ဒဏ်ကို ပေးတော်မူမည့် အရှင်လည်းဖြစ်တော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်သာသနာကို ချစ်မြတ်နိုးလာစေမည့် သင်ခန်းစာများ:
  • အစ္စလာမ်သာသနာ ဖြန့်ဝေရာတွင် ကြုံတွေ့ရသော ဒုက္ခအခက်အခဲများ၊ ငြင်းပယ်ခြင်းများသည် ရစူလ်တမန်တော်များအားလုံး ကြုံတွေ့ခဲ့ရသော ဓလေ့ဖြစ်ကြောင်း သိရှိရသည်။ ဤအသိသည် ယုံကြည်သူများအတွက် စိတ်သက်သာမှုနှင့် ခွန်အားကို ပေးသည်။
  • အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသော အရှင်ဖြစ်ကြောင်း သိရှိရသည်။ မည်သည့်အပြစ်မျှ ကြီးလွန်းသည်မဟုတ်၊ ဝန်ချတောင်းပန်ပါက အရှင်မြတ်သည် ခွင့်လွှတ်တော်မူသည်


📜 အာယာသ် 41-45 — စူရာ ဖုစ်စီလာ့

41إِنَّ الَّذِينَ كَفَرُوا بِالذِّكْرِ لَمَّا جَاءَهُمْ ۖ وَإِنَّهُ لَكِتَابٌ عَزِيزٌ
စင်စစ်ဧကန် အကြင်သူတို့သည် (ဤ)ဆုံးမဩဝါဒ(ကျမ်း)သည် 4င်းတို့ထံရောက်ရှိလာသောအခါ ငြင်းပယ်ကြကုန်၏။ (ငါအရှင်မြတ်သည် ၎င်းတို့အား အပြစ်ပေးတော်မူမည်။) အမှန်စင်စစ်သော်ကား ယင်းသည် မြင့်မြတ်လှစွာသောကျမ်းဂန်ပင် ဖြစ်ပေသည်။
42لَّا يَأْتِيهِ الْبَاطِلُ مِن بَيْنِ يَدَيْهِ وَلَا مِنْ خَلْفِهِ ۖ تَنزِيلٌ مِّنْ حَكِيمٍ حَمِيدٍ
အမှားသည် ယင်းကျမ်းမြတ်တွင် ၎င်း၏ရှေ့မှလည်း လာရောက်စွက်ဖက်နိုင်ခြင်းမရှိချေ။ ၎င်း၏ နောက်လည်း လာရောက်စွက်ဖက်နိုင်ခြင်းမရှိပေ။ ဤကျမ်းမြတ်မှာဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော ချီးမွမ်းထောပနာကိုခံယူထိုက်တော်မူသောအရှင်မြတ် အထံတော်မှ ချပေးတော်မူသောကျမ်းမြတ်ပင် ဖြစ်ပေသည်။
43مَّا يُقَالُ لَكَ إِلَّا مَا قَدْ قِيلَ لِلرُّسُلِ مِن قَبْلِكَ ۚ إِنَّ رَبَّكَ لَذُو مَغْفِرَةٍ وَذُو عِقَابٍ أَلِيمٍ
အသင့်အလျင် ပွင့်ကြလေကုန်သော ရစူလ်တမန်တော်များ ပြောဆို(စွပ်စွဲ)ခြင်း ခံခဲ့ကြရသည့် အတိုင်းပင်အသင်လည်း ပြောဆို(စွပ်စွဲ)ခြင်းကိုခံရ၏။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အမှန်ပင်လွတ်ငြိမ်းချမ်းသာခွင့်ကို ပိုင်ဆိုင်တော်မူသောအရှင်၊ ပြင်းပြနာကျင်ဖွယ်�ြစ်သောပြစ်ဒဏ်ကို ပိုင်ဆိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
44وَلَوْ جَعَلْنَاهُ قُرْآنًا أَعْجَمِيًّا لَّقَالُوا لَوْلَا فُصِّلَتْ آيَاتُهُ ۖ أَأَعْجَمِيٌّ وَعَرَبِيٌّ ۗ قُلْ هُوَ لِلَّذِينَ آمَنُوا هُدًى وَشِفَاءٌ ۖ وَالَّذِينَ لَا يُؤْمِنُونَ فِي آذَانِهِمْ وَقْرٌ وَهُوَ عَلَيْهِمْ عَمًى ۚ أُولَٰئِكَ يُنَادَوْنَ مِن مَّكَانٍ بَعِيدٍ
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် ယင်းကျမ်းမြတ်ကို အရဗီဘာသာစကား မဟုတ်သောလူမျိုးခြားဘာသာစကားဖြင့် (ကျရောက်သော)ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် ထုတ်ပြန်တော်မူခဲ့ပါလျှင် အမှန်ပင် ၎င်းတို့ကယင်းကုရ်အာန်ကျမ်းတော်မြတ်၏ အာယတ်တော်များသည်မည်သည့်အတွက်ကြောင့် ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပါသနည်း။ ရစူလ်တမန်တော်သည် ‘အရဗ်’အမျိုးသား ဖြစ်ပြီး(ကုရ်အာန်ကျမ်းတာ်မြတ်သည်) လူမျိုးခြား ဘာသာစကားဖြင့်ကျရောက်လာသည်လောဟူ၍ ပြောဆိုခဲ့ကြမည်သာ။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် မုအ်မင်န်သက်ဝင်ယုံကြည် သူတို့အဖို့ တရားလမ်းညွှန်နှင့် ရောဂါဝေဒနာပျောက် ကင်းစေသောဆေးပင် ဖြစ်ပေသည်။ သို့ရာတွင် သက်ဝင်ယုံကြည်ခြင်းမရှိကြသောသူတို့၏နားများ၌မူကား နားပင်းမှုဝေဒနာသည်ရှိနေပေရာ ယင်းကုရ်အာန်ကျမ်းတော်မြတ်မှာလည်း ၎င်းတို့နှင့်ပတ်သက်၍ မျက်မမြင်(မမြင်ဖွယ်ရာမထင်မရှား) ဖြစ်နေချေသည်။ ၎င်းတို့မှာ ရပ်ဝေးမှ ဟစ်ခေါ်ခြင်းခံကြရသူများပင်ဖြစ်ကြကုန်၏။
45وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ فَاخْتُلِفَ فِيهِ ۗ وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ لَقُضِيَ بَيْنَهُمْ ۚ وَإِنَّهُمْ لَفِي شَكٍّ مِّنْهُ مُرِيبٍ
ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် (နဗီတမန်တော်) မူစာအားလည်း ကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ သို့တစေလည်း ယင်းကျမ်းဂန်နှင့်စပ်လျဉ်း၍လည်း သဘောကွဲလွဲမှု ဖြစ်ခဲ့ရလေသည်။ အမှန်စင်စစ်သော်ကား အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံ တော်မှ အမိန့်တော်တစ်ရပ်သည်ရှိနှင့်ပြီး မဖြစ်ခဲ့ပါလျှင် အမှန်ပင် ၎င်းတို့၏အကြား၌ စီရင်ဆုံးဖြတ်ပြီး ဖြစ်ခဲ့မည်သာ။ ထို့ပြင် ဧကန်အမှန် 4င်းတို့သည် ယင်းအဆုံးအဖြတ် (ဝါ)ချိန်းချက်ထားသောပြစ်ဒဏ် နှင့်စပ်လျဉ်း၍ဝိစိကိစ္ဆာ ဖြစ်စေသော ဒွိဟသံသယ၌ပင် ရှိနေကြကုန်သတည်း။
ဖုစ်စီလာ့ကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
43အာယာသ်

ဘာသာပြန် — ဖုစ်စီလာ့ 43

စူရာ ဖုစ်စီလာ့ အာယာသ် 43 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင့်အလျင် ပွင့်ကြလေကုန်သော ရစူလ်တမန်တော်များ ပြောဆို(စွပ်စွဲ)ခြင်း ခံခဲ့ကြရသည့် အတိုင်းပင်အသင်လည်း ပြောဆို(စွပ်စွဲ)ခြင်းကိုခံရ၏။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော…

စူရာ အာယာသ် 43/54 — စူရာ ဖုစ်စီလာ့ فصلت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖုစ်စီလာ့ နားထောင်, စူရာ ဖုစ်စီလာ့ ဘာသာပြန်, စူရာ ဖုစ်စီလာ့ mp3, စူရာ ဖုစ်စီလာ့ pdf. အာယာသ် 41–45. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers