အက်ရှ်-ရှူရာ · 46/53
ဘာသာပြန် အသံနိုင်ငံ — စူရာ အက်ရှ်-ရှူရာ
وَمَا كَانَ لَهُم مِّنْ أَوْلِيَاءَ يَنصُرُونَهُم مِّن دُونِ اللَّهِ ۗ وَمَن يُضْلِلِ اللَّهُ فَمَا لَهُ مِن سَبِيلٍ ۝٤٦
Wa maa kaana lahum min awliyaaa`a yansuroonahum min doonil laah; wa mai yudlilil laahu famaa lahoo min sabeel
📖 မြန်မာဘာသာ
ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်မှလွဲ၍ ၎င်းတို့အား ကူညီစောင်မကြအံ့သော ကာကွယ်စောင့်ရှောက် မည့်သူများဟူ၍လည်း ၎င်းတို့၌ရှိကြမည်မဟုတ်ပေ။ စင်စစ်သော်ကား အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှား၌ပင်ရှိစေတော်မူပါလျှင် ထိုသူ၌ (လွတ်မြောက်ရန်ဟူ၍) မည်သည့်နည်းလမ်းမျှပင် မရှိတော့ပြီတကား။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းဖြစ်သော စကားလုံးများ၏ အဓိပ္ပာယ်များ
  • أَوْلِيَاءَ (အောင်လိယာအ်) — ကူညီရိုင်းပင်းသူများ၊ မဟာမိတ်များ၊ အုပ်ထိန်းသူများ။
  • يَنصُرُونَهُم (ယန်ဆွရူနဟွမ်) — သူတို့ကို ကယ်တင်ကြသည်၊ ကူညီကြသည်။
  • مِن دُونِ اللَّهِ (မိန်ဒူနိလ္လာဟ်) — အလ္လာဟ်အရှင်မြတ်မှလွဲ၍၊ အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်ကို ဖယ်ရှားပေးနိုင်သော အခြားသူများ။
  • يُضْلِلِ (ယွဒ်လိလ်) — လမ်းမှားစေသည်၊ လမ်းလွဲစေသည်။
  • سَبِيلٍ (ဆဗီးလ်) — လမ်း၊ လမ်းကြောင်း၊ နည်းလမ်း။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်ကို ခံရမည့် ကာဖိရ်များအကြောင်း ဖော်ပြထားပါသည်။ ထိုနေ့တွင် သူတို့အား အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်မှ ကယ်တင်ပေးနိုင်မည့် ကူညီရိုင်းပင်းသူ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပါ။ အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကို လမ်းမှားစေတော်မူသည်ဖြစ်အံ့၊ ထိုသူအတွက် ဟိဒါယသ် (လမ်းမှန်ညွှန်ပြခြင်း) သို့ ရောက်ရှိစေမည့် မည်သည့်လမ်းကြောင်းမျှ ရှိမည်မဟုတ်တော့ပါ။ အကြောင်းမှာ သူသည် မိမိ၏ ကာဖိရ်ဖြစ်ခြင်းနှင့် မတရားမှုကြောင့် လမ်းမှန်သို့ ရောက်ရှိစေမည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ခံထားရပြီး ဖြစ်သောကြောင့်တည်း။ ဟိဒါယသ်ပေးခြင်းနှင့် လမ်းမှားစေခြင်းသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်အတွင်း၌သာ ရှိပါသည်။ ဤလောကတွင် အမှန်တရားသို့ ရောက်ရှိစေမည့် လမ်းကိုလည်းကောင်း၊ နောင်တမလွန်ဘဝတွင် ဂျန္နသ်သို့ ရောက်ရှိစေမည့် လမ်းကိုလည်းကောင်း သူတို့ရှာမတွေ့နိုင်တော့ပါ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော အရှင်ဖြစ်တော်မူပြီး ဟိဒါယသ်ပေးခြင်း၊ လမ်းမှားစေခြင်းတို့သည် အရှင်မြတ်၏ လက်တော်အတွင်း၌သာ ရှိကြောင်း သိရှိစေပါသည်။
  • လူသားသည် မိမိ၏ ကောင်းမှုကုသိုလ်နှင့် ဆိုးမှုများအတွက် တာဝန်ရှိကြောင်း၊ ကာဖိရ်ဖြစ်ခြင်းနှင့် မတရားမှုသည် လမ်းမှန်သို့ ရောက်ရှိခြင်းကို တားဆီးစေကြောင်း သင်ခန်းစာရရှိပါသည်။
  • ဤလောကတွင် အလ္လာဟ်အရှင်မြတ်ထံ ဝန်ချတောင်းပန်ပြီး လမ်းမှန်သို့ ပြန်လည်လျှောက်လှမ်းရန် အခွင့်အရေးရှိကြောင်း သိရှ


📜 အာယာသ် 44-48 — စူရာ အက်ရှ်-ရှူရာ

44وَمَن يُضْلِلِ اللَّهُ فَمَا لَهُ مِن وَلِيٍّ مِّن بَعْدِهِ ۗ وَتَرَى الظَّالِمِينَ لَمَّا رَأَوُا الْعَذَابَ يَقُولُونَ هَلْ إِلَىٰ مَرَدٍّ مِّن سَبِيلٍ
စင်စစ်သော်ကား အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှား၌ပင် ရှိစေတော်မူပါလျှင် ထိုသူ၏အဖို့ ထိုအရှင်မြတ်မှတစ်ပါး (ဤပစ္စက္ခတွင် လည်း)အမှားကိုပြုပြင်၍ ပေးအံ့သောသူဟူ၍ အလျှင်း မရှိတော့ပြီ။ထိုမှတစ်ပါး (အို-နဗီတမန်တော်နောင် တမလွန်ဘဝတွင်လည်း) အသင်သည် မတရားသော သူတို့အား ၎င်းတို့သည်ပြစ်ဒဏ်ကို တွေ့မြင်ကြသောအခါ(ကမ္ဘာလောကသို့)ပြန်သွားရန်နည်းလမ်း တစ်စုံတစ်ရာရှိပါသလောဟု ပြောဆိုနေကြမည်ကို တွေ့မြင်ရပေမည်။
45وَتَرَاهُمْ يُعْرَضُونَ عَلَيْهَا خَاشِعِينَ مِنَ الذُّلِّ يَنظُرُونَ مِن طَرْفٍ خَفِيٍّ ۗ وَقَالَ الَّذِينَ آمَنُوا إِنَّ الْخَاسِرِينَ الَّذِينَ خَسِرُوا أَنفُسَهُمْ وَأَهْلِيهِمْ يَوْمَ الْقِيَامَةِ ۗ أَلَا إِنَّ الظَّالِمِينَ فِي عَذَابٍ مُّقِيمٍ
ထိုမှတစ်ပါး အသင်သည် ထိုသူတို့အား ယင်းငရဲမီးရှေ့ဝယ် အရှက်တကွဲအကျိုးနည်းမှုကြောင့် အောက်ကြို့လျက် ယူဆောင်လာစေခြင်း ခံကြရသည်ကို တွေ့မြင်ပေမည်။၎င်းတို့မှာ (ရဲရဲမကြည့်ဝံ့ကြဘဲ) ခိုးဝှက်စွာ ကြည့်နေကြပေမည်။၎င်းပြင် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့သည ်(ဤသို့)ပြောဆိုကြပေမည်။ အမှန်စင်စစ် ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မိမိတို့နှင့်တကွ မိမိတို့နှင့်ပတ်သက်သောသူများကိုပါဆုံးရှုံးပျက်စီးစေသူတို့သာလျှင် ပျက်စီးဆုံးရှုံးသူ (အစစ်အမှန်)များဖြစ်ကုန်၏။ သတိထားကြလေကုန်။ ဧကန်မလွဲ မတရားသောသူတို့သည် အမြဲထာဝရ ခံကြအံ့သောပြစ်ဒဏ်၌ ရှိကြပေမည်။
46وَمَا كَانَ لَهُم مِّنْ أَوْلِيَاءَ يَنصُرُونَهُم مِّن دُونِ اللَّهِ ۗ وَمَن يُضْلِلِ اللَّهُ فَمَا لَهُ مِن سَبِيلٍ
ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်မှလွဲ၍ ၎င်းတို့အား ကူညီစောင်မကြအံ့သော ကာကွယ်စောင့်ရှောက် မည့်သူများဟူ၍လည်း ၎င်းတို့၌ရှိကြမည်မဟုတ်ပေ။ စင်စစ်သော်ကား အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှား၌ပင်ရှိစေတော်မူပါလျှင် ထိုသူ၌ (လွတ်မြောက်ရန်ဟူ၍) မည်သည့်နည်းလမ်းမျှပင် မရှိတော့ပြီတကား။
47اسْتَجِيبُوا لِرَبِّكُم مِّن قَبْلِ أَن يَأْتِيَ يَوْمٌ لَّا مَرَدَّ لَهُ مِنَ اللَّهِ ۚ مَا لَكُم مِّن مَّلْجَإٍ يَوْمَئِذٍ وَمَا لَكُم مِّن نَّكِيرٍ
အသင်တို့သည် အကြင်နေ့မရောက်မီ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကိုနာယူကြလေကုန်။ အလ္လာဟ်အရှင်မြတ် ထံတော်မှ ယင်းနေ့ကိုလွှဲဖယ်ခြင်း၊ ရွှေ့ဆိုင်းခြင်း၊ ဟူ၍ အလျှင်းရှိလိမ့်မည် မဟုတ်ပေ။(တစ်နည်း) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကို အလ္လာဟ်အရှင်မြတ် အထံတော်မှ အကြင်နေ့ရောက်မလာမီ နာယူကြလေကုန်။ ယင်းနေ့ကို မည်သူတစ်ဦးတစ်ယောက်မျှပင် ရွှေ့ဆိုင်းနိုင်မည်မဟုတ်ပေ။ ထို့နေ့တွင် အသင်တို့၌ ခိုလှုံရာဌာနဟူ၍လည်း အလျှင်းရှိမည် မဟုတ်ပေ။ အသင်တို့နှင့်ပတ်သက်၍ ဟန့်တားအံ့သောသူဟူ၍(အသင်တို့အားမမှတ်မိနိုင်ရန်အကြောင်းဟူ၍ အသင်တို့၌ ငြင်းဆိုနိုင်ခြင်းဟူ၍)လည်း ရှိလိမ့်မည်မဟုတ်ပေ။
48فَإِنْ أَعْرَضُوا فَمَا أَرْسَلْنَاكَ عَلَيْهِمْ حَفِيظًا ۖ إِنْ عَلَيْكَ إِلَّا الْبَلَاغُ ۗ وَإِنَّا إِذَا أَذَقْنَا الْإِنسَانَ مِنَّا رَحْمَةً فَرِحَ بِهَا ۖ وَإِن تُصِبْهُمْ سَيِّئَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ فَإِنَّ الْإِنسَانَ كَفُورٌ
သို့ပါလျှက် ၎င်းတို့သည် မျက်နှာလွှဲခဲ့ကြလျှင်(အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့အပေါ် စောင့်ကြပ်သူအဖြစ် စေလွှတ်တော်မူခဲ့သည် မဟုတ်ပေ။ အသင်၏တာဝန်မှာ အမိန့်တော်များကို ပို့ဆောင်ခြင်းသာဖြစ်၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် (ထိုသို့သော)လူသားအား ကျေးဇူးတော် တစ်စုံတစ်ရာ(၏ရသာ)ကို မြည်းစမ်းစေတော် မူသောအခါ ထိုလူသားသည် ယင်းကျေးဇူးတော်ကြောင့် ဝမ်းမြောက်လေ့ရှိ၏။ သို့ရာတွင် အကယ်၍ ၎င်းတို့၌၎င်းတို့၏လက်များက ကြိုတင်ပို့နှင့်သော အပြုအမူကြောင့်ဘေးဒုက္ခတစ်စုံတစ်ရာ သက်ရောက်ပါလျှင် ဧကန်မလွဲ ထိုလူသားမှာ လွန်စွာ ကျေးဇူးကန်းသူ ဖြစ်သွားလေသတည်း။
အက်ရှ်-ရှူရာကုရ်အာန် ညွှန်းကိန်း
53အာယာသ်
MeccanRevelation
46အာယာသ်

ဘာသာပြန် — အက်ရှ်-ရှူရာ 46

စူရာ အက်ရှ်-ရှူရာ အာယာသ် 46 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်မှလွဲ၍ ၎င်းတို့အား ကူညီစောင်မကြအံ့သော ကာကွယ်စောင့်ရှောက် မည့်သူများဟူ၍လည်း ၎င်းတို့၌ရှိကြမည်မဟုတ်ပေ။ စင်စစ်သော်ကား အကြင်သူအား အလ္လာဟ်အရှင်မြတ်သည်…

စူရာ အာယာသ် 46/53 — စူရာ အက်ရှ်-ရှူရာ الشورى (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အက်ရှ်-ရှူရာ နားထောင်, စူရာ အက်ရှ်-ရှူရာ ဘာသာပြန်, စူရာ အက်ရှ်-ရှူရာ mp3, စူရာ အက်ရှ်-ရှူရာ pdf. အာယာသ် 44–48. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers