အက်ရှ်-ရှူရာ · 47/53
ဘာသာပြန် အသံနိုင်ငံ — စူရာ အက်ရှ်-ရှူရာ
اسْتَجِيبُوا لِرَبِّكُم مِّن قَبْلِ أَن يَأْتِيَ يَوْمٌ لَّا مَرَدَّ لَهُ مِنَ اللَّهِ ۚ مَا لَكُم مِّن مَّلْجَإٍ يَوْمَئِذٍ وَمَا لَكُم مِّن نَّكِيرٍ ۝٤٧
Istajeeboo li Rabbikum min qabli any yaatiya Yawmul laa maradda lahoo minal laah; maa lakum mim malja iny yawma`izinw wa maa lakum min nakeer
📖 မြန်မာဘာသာ
အသင်တို့သည် အကြင်နေ့မရောက်မီ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကိုနာယူကြလေကုန်။ အလ္လာဟ်အရှင်မြတ် ထံတော်မှ ယင်းနေ့ကိုလွှဲဖယ်ခြင်း၊ ရွှေ့ဆိုင်းခြင်း၊ ဟူ၍ အလျှင်းရှိလိမ့်မည် မဟုတ်ပေ။(တစ်နည်း) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကို အလ္လာဟ်အရှင်မြတ် အထံတော်မှ အကြင်နေ့ရောက်မလာမီ နာယူကြလေကုန်။ ယင်းနေ့ကို မည်သူတစ်ဦးတစ်ယောက်မျှပင် ရွှေ့ဆိုင်းနိုင်မည်မဟုတ်ပေ။ ထို့နေ့တွင် အသင်တို့၌ ခိုလှုံရာဌာနဟူ၍လည်း အလျှင်းရှိမည် မဟုတ်ပေ။ အသင်တို့နှင့်ပတ်သက်၍ ဟန့်တားအံ့သောသူဟူ၍(အသင်တို့အားမမှတ်မိနိုင်ရန်အကြောင်းဟူ၍ အသင်တို့၌ ငြင်းဆိုနိုင်ခြင်းဟူ၍)လည်း ရှိလိမ့်မည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • اسْتَجِيبُوا (အစ်သဂျီးဗူး) — လိုက်နာပါ၊ ဖြေကြားပါ၊ နာခံပါ။
  • لِرَبِّكُم (လိရဗ္ဗိကူမ်) — သင်တို့၏ အရှင်သခင်အား။
  • لَا مَرَدَّ لَهُ (လာ မာရဒ်ဒ လဟူ) — မည်သူမျှ တွန်းလှန်တားဆီး၍ မရနိုင်သော။
  • مَلْجَأٍ (မလ်ဂျအင်) — ခိုလှုံရာ၊ အကာအကွယ်ရှာရာ။
  • نَكِيرٍ (နကီးရ်) — ငြင်းပယ်ခြင်း၊ မဟုတ်မမှန်ဟု ဆိုခြင်း။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို လူသားတို့၊ သင်တို့၏ အရှင်သခင်ထံတော်မှ ဖိတ်ခေါ်ချက်ကို လက်ခံလိုက်နာကြပါ။ သူ၏ အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြင့် အလျင်အမြန် ဆောင်ရွက်ကြပါ။ ရွှေ့ဆိုင်းခြင်း၊ နောက်ဆုတ်ခြင်းများကို မပြုလုပ်ကြပါနှင့်။ အကြောင်းမှာ မည်သူမျှ တွန်းလှန်၍ မရနိုင်သော ကိယာမသ်နေ့တော်ကြီးသည် ဆိုက်ရောက်လာမည် ဖြစ်သောကြောင့်တည်း။ ထိုနေ့တွင် သင်တို့အတွက် ခိုလှုံရာ မည်သည့်နေရာမျှ မရှိပါ။ သင်တို့ ပြုလုပ်ခဲ့သော အပြစ်များကို ငြင်းပယ်နိုင်သည့် အခွင့်အရေးလည်း သင်တို့အတွက် မရှိပါ။ ထိုနေ့တွင် သင်တို့သည် အကူအညီမဲ့သူများအဖြစ် မိမိတို့၏ အပြစ်များကို ဝန်ခံရမည့်သူများ ဖြစ်ကြရမည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်၏ ဖိတ်ခေါ်ချက်ကို ချက်ချင်း လက်ခံလိုက်နာခြင်းသည် မုအ်မင်န်တစ်ဦး၏ တာဝန်ဖြစ်သည်။ ကောင်းမှုကို ရွှေ့ဆိုင်းခြင်းသည် ဆုံးရှုံးမှုကို ဖြစ်စေသည်။
  • ကိယာမသ်နေ့သည် ဧကန်မုချ ဆိုက်ရောက်လာမည်ဖြစ်ပြီး မည်သူမျှ ၎င်းကို တားဆီးနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ယခုဘဝတွင် ကောင်းမှုများ ပြုလုပ်ရန် အခွင့်အရေးကို အလျင်အမြန် အသုံးချသင့်သည်။
  • ထိုနေ့တွင် မည်သည့် ခိုလှုံရာမျှ မရှိသဖြင့် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကိုးစားခြင်းသည် တစ်ခုတည်းသော လမ်းစဉ်ဖြစ်သည်။
  • အပြစ်များကို ငြင်းပယ်၍ မရနိုင်သဖြင့် ယခုဘဝတွင် အပြစ်များမှ လွတ်ကင်းရန် ကြိုးစားသင့်သည်။
  • အစ္စလာမ်သာသနာသည် လူသားတို့အား ကောင်းမှုကုသိုလ်များ အလျင်အမြန် ပြုလုပ်ရန် အားပေးတိုက်တွန်းသော သာသနာဖြစ်သည်။
  • ဤအာယသ်တော်သည် အလ္လာဟ်အရ


📜 အာယာသ် 45-49 — စူရာ အက်ရှ်-ရှူရာ

45وَتَرَاهُمْ يُعْرَضُونَ عَلَيْهَا خَاشِعِينَ مِنَ الذُّلِّ يَنظُرُونَ مِن طَرْفٍ خَفِيٍّ ۗ وَقَالَ الَّذِينَ آمَنُوا إِنَّ الْخَاسِرِينَ الَّذِينَ خَسِرُوا أَنفُسَهُمْ وَأَهْلِيهِمْ يَوْمَ الْقِيَامَةِ ۗ أَلَا إِنَّ الظَّالِمِينَ فِي عَذَابٍ مُّقِيمٍ
ထိုမှတစ်ပါး အသင်သည် ထိုသူတို့အား ယင်းငရဲမီးရှေ့ဝယ် အရှက်တကွဲအကျိုးနည်းမှုကြောင့် အောက်ကြို့လျက် ယူဆောင်လာစေခြင်း ခံကြရသည်ကို တွေ့မြင်ပေမည်။၎င်းတို့မှာ (ရဲရဲမကြည့်ဝံ့ကြဘဲ) ခိုးဝှက်စွာ ကြည့်နေကြပေမည်။၎င်းပြင် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့သည ်(ဤသို့)ပြောဆိုကြပေမည်။ အမှန်စင်စစ် ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မိမိတို့နှင့်တကွ မိမိတို့နှင့်ပတ်သက်သောသူများကိုပါဆုံးရှုံးပျက်စီးစေသူတို့သာလျှင် ပျက်စီးဆုံးရှုံးသူ (အစစ်အမှန်)များဖြစ်ကုန်၏။ သတိထားကြလေကုန်။ ဧကန်မလွဲ မတရားသောသူတို့သည် အမြဲထာဝရ ခံကြအံ့သောပြစ်ဒဏ်၌ ရှိကြပေမည်။
46وَمَا كَانَ لَهُم مِّنْ أَوْلِيَاءَ يَنصُرُونَهُم مِّن دُونِ اللَّهِ ۗ وَمَن يُضْلِلِ اللَّهُ فَمَا لَهُ مِن سَبِيلٍ
ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်မှလွဲ၍ ၎င်းတို့အား ကူညီစောင်မကြအံ့သော ကာကွယ်စောင့်ရှောက် မည့်သူများဟူ၍လည်း ၎င်းတို့၌ရှိကြမည်မဟုတ်ပေ။ စင်စစ်သော်ကား အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှား၌ပင်ရှိစေတော်မူပါလျှင် ထိုသူ၌ (လွတ်မြောက်ရန်ဟူ၍) မည်သည့်နည်းလမ်းမျှပင် မရှိတော့ပြီတကား။
47اسْتَجِيبُوا لِرَبِّكُم مِّن قَبْلِ أَن يَأْتِيَ يَوْمٌ لَّا مَرَدَّ لَهُ مِنَ اللَّهِ ۚ مَا لَكُم مِّن مَّلْجَإٍ يَوْمَئِذٍ وَمَا لَكُم مِّن نَّكِيرٍ
အသင်တို့သည် အကြင်နေ့မရောက်မီ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကိုနာယူကြလေကုန်။ အလ္လာဟ်အရှင်မြတ် ထံတော်မှ ယင်းနေ့ကိုလွှဲဖယ်ခြင်း၊ ရွှေ့ဆိုင်းခြင်း၊ ဟူ၍ အလျှင်းရှိလိမ့်မည် မဟုတ်ပေ။(တစ်နည်း) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကို အလ္လာဟ်အရှင်မြတ် အထံတော်မှ အကြင်နေ့ရောက်မလာမီ နာယူကြလေကုန်။ ယင်းနေ့ကို မည်သူတစ်ဦးတစ်ယောက်မျှပင် ရွှေ့ဆိုင်းနိုင်မည်မဟုတ်ပေ။ ထို့နေ့တွင် အသင်တို့၌ ခိုလှုံရာဌာနဟူ၍လည်း အလျှင်းရှိမည် မဟုတ်ပေ။ အသင်တို့နှင့်ပတ်သက်၍ ဟန့်တားအံ့သောသူဟူ၍(အသင်တို့အားမမှတ်မိနိုင်ရန်အကြောင်းဟူ၍ အသင်တို့၌ ငြင်းဆိုနိုင်ခြင်းဟူ၍)လည်း ရှိလိမ့်မည်မဟုတ်ပေ။
48فَإِنْ أَعْرَضُوا فَمَا أَرْسَلْنَاكَ عَلَيْهِمْ حَفِيظًا ۖ إِنْ عَلَيْكَ إِلَّا الْبَلَاغُ ۗ وَإِنَّا إِذَا أَذَقْنَا الْإِنسَانَ مِنَّا رَحْمَةً فَرِحَ بِهَا ۖ وَإِن تُصِبْهُمْ سَيِّئَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ فَإِنَّ الْإِنسَانَ كَفُورٌ
သို့ပါလျှက် ၎င်းတို့သည် မျက်နှာလွှဲခဲ့ကြလျှင်(အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့အပေါ် စောင့်ကြပ်သူအဖြစ် စေလွှတ်တော်မူခဲ့သည် မဟုတ်ပေ။ အသင်၏တာဝန်မှာ အမိန့်တော်များကို ပို့ဆောင်ခြင်းသာဖြစ်၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် (ထိုသို့သော)လူသားအား ကျေးဇူးတော် တစ်စုံတစ်ရာ(၏ရသာ)ကို မြည်းစမ်းစေတော် မူသောအခါ ထိုလူသားသည် ယင်းကျေးဇူးတော်ကြောင့် ဝမ်းမြောက်လေ့ရှိ၏။ သို့ရာတွင် အကယ်၍ ၎င်းတို့၌၎င်းတို့၏လက်များက ကြိုတင်ပို့နှင့်သော အပြုအမူကြောင့်ဘေးဒုက္ခတစ်စုံတစ်ရာ သက်ရောက်ပါလျှင် ဧကန်မလွဲ ထိုလူသားမှာ လွန်စွာ ကျေးဇူးကန်းသူ ဖြစ်သွားလေသတည်း။
49لِّلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ يَخْلُقُ مَا يَشَاءُ ۚ يَهَبُ لِمَن يَشَاءُ إِنَاثًا وَيَهَبُ لِمَن يَشَاءُ الذُّكُورَ
မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်မှုအာဏာသည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောအရာကို ဖန်ဆင်းတော်မူ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား (သမီး)မိန်းကလေးများကို ချီးမြှင့်တော်မူ၍ မိမိအလိုရှိတော်မူသောသူအား(သား)ယောက်ျားကလေးများကို ချီးမြှင့်တော်မူ၏။
အက်ရှ်-ရှူရာကုရ်အာန် ညွှန်းကိန်း
53အာယာသ်
MeccanRevelation
47အာယာသ်

ဘာသာပြန် — အက်ရှ်-ရှူရာ 47

စူရာ အက်ရှ်-ရှူရာ အာယာသ် 47 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်တို့သည် အကြင်နေ့မရောက်မီ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကိုနာယူကြလေကုန်။ အလ္လာဟ်အရှင်မြတ် ထံတော်မှ ယင်းနေ့ကိုလွှဲဖယ်ခြင်း၊ ရွှေ့ဆိုင်းခြင်း၊ ဟူ၍…

စူရာ အာယာသ် 47/53 — စူရာ အက်ရှ်-ရှူရာ الشورى (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အက်ရှ်-ရှူရာ နားထောင်, စူရာ အက်ရှ်-ရှူရာ ဘာသာပြန်, စူရာ အက်ရှ်-ရှူရာ mp3, စူရာ အက်ရှ်-ရှူရာ pdf. အာယာသ် 45–49. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers