အက်ရှ်-ရှူရာ · 45/53
ဘာသာပြန် အသံနိုင်ငံ — စူရာ အက်ရှ်-ရှူရာ
وَتَرَاهُمْ يُعْرَضُونَ عَلَيْهَا خَاشِعِينَ مِنَ الذُّلِّ يَنظُرُونَ مِن طَرْفٍ خَفِيٍّ ۗ وَقَالَ الَّذِينَ آمَنُوا إِنَّ الْخَاسِرِينَ الَّذِينَ خَسِرُوا أَنفُسَهُمْ وَأَهْلِيهِمْ يَوْمَ الْقِيَامَةِ ۗ أَلَا إِنَّ الظَّالِمِينَ فِي عَذَابٍ مُّقِيمٍ ۝٤٥
Wa taraahum yu`radoona `alaihaa khaashi`eena minazzulli yanzuroona min tarfin khaifiyy; wa qaalal lazeena aamanooo innal khaasireenal lazeena khasiroon anfusahum wa ahleehim Yawmal Qiyaamah; alaaa innaz zaalimeena fee`azaabim muqeem
📖 မြန်မာဘာသာ
ထိုမှတစ်ပါး အသင်သည် ထိုသူတို့အား ယင်းငရဲမီးရှေ့ဝယ် အရှက်တကွဲအကျိုးနည်းမှုကြောင့် အောက်ကြို့လျက် ယူဆောင်လာစေခြင်း ခံကြရသည်ကို တွေ့မြင်ပေမည်။၎င်းတို့မှာ (ရဲရဲမကြည့်ဝံ့ကြဘဲ) ခိုးဝှက်စွာ ကြည့်နေကြပေမည်။၎င်းပြင် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့သည ်(ဤသို့)ပြောဆိုကြပေမည်။ အမှန်စင်စစ် ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မိမိတို့နှင့်တကွ မိမိတို့နှင့်ပတ်သက်သောသူများကိုပါဆုံးရှုံးပျက်စီးစေသူတို့သာလျှင် ပျက်စီးဆုံးရှုံးသူ (အစစ်အမှန်)များဖြစ်ကုန်၏။ သတိထားကြလေကုန်။ ဧကန်မလွဲ မတရားသောသူတို့သည် အမြဲထာဝရ ခံကြအံ့သောပြစ်ဒဏ်၌ ရှိကြပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • يُعْرَضُونَ عَلَيْهَا — သူတို့ကို ငရဲမီးပေါ်သို့ တင်ပြခံရသည်၊ ငရဲမီးရှေ့သို့ ခေါ်ဆောင်ခံရသည်။
  • خَاشِعِينَ — ကျိုးနွံ့သော၊ နှိမ့်ချသော၊ ကြောက်ရွံ့တုန်လှုပ်သော။
  • مِنَ الذُّلِّ — ဂုဏ်သိက္ခာကျဆင်းခြင်း၊ အရှက်ရခြင်း၊ နိမ့်ကျခြင်းကြောင့်။
  • مِن طَرْفٍ خَفِيٍّ — မျက်စိထောင့်ဖြင့် ခိုးကြည့်ခြင်း၊ အားနည်းသော အကြည့်ဖြင့် ကြည့်ခြင်း။
  • خَسِرُوا أَنفُسَهُمْ وَأَهْلِيهِمْ — မိမိတို့ကိုယ်ကိုယ်လည်းကောင်း၊ မိမိတို့၏ မိသားစုများကိုလည်းကောင်း ဆုံးရှုံးခဲ့ကြသည်။
  • عَذَابٍ مُّقِيمٍ — အမြဲတည်ရှိသော၊ မကုန်ဆုံးသော ပြစ်ဒဏ်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်၊ အသင်သည် ထိုမတရားသူများကို ငရဲမီးရှေ့သို့ တင်ပြခံရသည့်အခါ မြင်ရမည်ဖြစ်သည်။ သူတို့သည် အလွန်အမင်း ကျိုးနွံ့နှိမ့်ချလျက်၊ ဂုဏ်သိက္ခာကျဆင်းမှုနှင့် အရှက်ရမှုကြောင့် မျက်လုံးများကို မျက်စိထောင့်ဖြင့် ခိုးကြည့်နေကြမည်။ ငရဲမီးကို တိုက်ရိုက်မကြည့်ရဲဘဲ အလွန်ကြောက်ရွံ့တုန်လှုပ်သော အခြေအနေဖြင့် ကြည့်နေကြမည်။ ထိုအချိန်တွင် အီမာန်ယုံကြည်သူများက “အမှန်စင်စစ် ဆုံးရှုံးသူများသည် ကိယာမသ်နေ့တွင် မိမိတို့ကိုယ်ကိုယ်လည်းကောင်း၊ မိမိတို့၏ မိသားစုများကိုလည်းကောင်း ဆုံးရှုံးခဲ့ကြသူများဖြစ်သည်” ဟု ပြောဆိုကြမည်။ အကြောင်းမှာ သူတို့သည် ကုဖ်ရ်နှင့် ပြစ်မှုများကြောင့် ဂျန္နသ်ကို ဆုံးရှုံးခဲ့ကြပြီး ငရဲမီးထဲသို့ ဝင်ရောက်ရမည်ဖြစ်သည်။ သတိပြုပါ၊ မတရားသူများသည် အမြဲမကုန်ဆုံးသော ပြစ်ဒဏ်ထဲတွင် ရှိနေကြမည်ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အီမာန်ယုံကြည်ခြင်းနှင့် ကောင်းမှုကုသိုလ်များသည် လူတစ်ဦး၏ အစစ်အမှန်အမြတ်ဖြစ်သည်။ ကုဖ်ရ်နှင့် ပြစ်မှုများသည် အစစ်အမှန်ဆုံးရှုံးမှုဖြစ်သည်။
  • ကိယာမသ်နေ့တွင် မိမိကိုယ်ကိုယ်နှင့် မိသားစုကို ဆုံးရှုံးခြင်းသည် အကြီးမားဆုံးသော ဆုံးရှုံးမှုဖြစ်သည်။ ထို့ကြောင့် ဤလောကတွင် မိမိနှင့် မိသားစုကို အီမာန်နှင့် ကောင်းမှုဖြင့် ထိန်းသိမ်းရမည်။
  • အလ္လာဟ်အရှင်မြတ်သည် တရားစီရင်မည့်န


📜 အာယာသ် 43-47 — စူရာ အက်ရှ်-ရှူရာ

43وَلَمَن صَبَرَ وَغَفَرَ إِنَّ ذَٰلِكَ لَمِنْ عَزْمِ الْأُمُورِ
သို့ရာတွင် မည်သူမဆို သည်းခံခြင်းကိုလည်းကောင်း၊ ခွင့်လွှတ်ခြင်းကိုလည်းကောင်း၊ ပြုခဲ့ပါလျှင် ဧကန်မလွဲဤသို့ပြုလုပ်ခြင်းကား သတိ္တနှင့်သက်ဆိုင်သော အမှုကိစ္စတို့တွင် အမှန်ပင် အပါအဝင်ဖြစ်ချေသတည်း။
44وَمَن يُضْلِلِ اللَّهُ فَمَا لَهُ مِن وَلِيٍّ مِّن بَعْدِهِ ۗ وَتَرَى الظَّالِمِينَ لَمَّا رَأَوُا الْعَذَابَ يَقُولُونَ هَلْ إِلَىٰ مَرَدٍّ مِّن سَبِيلٍ
စင်စစ်သော်ကား အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှား၌ပင် ရှိစေတော်မူပါလျှင် ထိုသူ၏အဖို့ ထိုအရှင်မြတ်မှတစ်ပါး (ဤပစ္စက္ခတွင် လည်း)အမှားကိုပြုပြင်၍ ပေးအံ့သောသူဟူ၍ အလျှင်း မရှိတော့ပြီ။ထိုမှတစ်ပါး (အို-နဗီတမန်တော်နောင် တမလွန်ဘဝတွင်လည်း) အသင်သည် မတရားသော သူတို့အား ၎င်းတို့သည်ပြစ်ဒဏ်ကို တွေ့မြင်ကြသောအခါ(ကမ္ဘာလောကသို့)ပြန်သွားရန်နည်းလမ်း တစ်စုံတစ်ရာရှိပါသလောဟု ပြောဆိုနေကြမည်ကို တွေ့မြင်ရပေမည်။
45وَتَرَاهُمْ يُعْرَضُونَ عَلَيْهَا خَاشِعِينَ مِنَ الذُّلِّ يَنظُرُونَ مِن طَرْفٍ خَفِيٍّ ۗ وَقَالَ الَّذِينَ آمَنُوا إِنَّ الْخَاسِرِينَ الَّذِينَ خَسِرُوا أَنفُسَهُمْ وَأَهْلِيهِمْ يَوْمَ الْقِيَامَةِ ۗ أَلَا إِنَّ الظَّالِمِينَ فِي عَذَابٍ مُّقِيمٍ
ထိုမှတစ်ပါး အသင်သည် ထိုသူတို့အား ယင်းငရဲမီးရှေ့ဝယ် အရှက်တကွဲအကျိုးနည်းမှုကြောင့် အောက်ကြို့လျက် ယူဆောင်လာစေခြင်း ခံကြရသည်ကို တွေ့မြင်ပေမည်။၎င်းတို့မှာ (ရဲရဲမကြည့်ဝံ့ကြဘဲ) ခိုးဝှက်စွာ ကြည့်နေကြပေမည်။၎င်းပြင် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့သည ်(ဤသို့)ပြောဆိုကြပေမည်။ အမှန်စင်စစ် ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မိမိတို့နှင့်တကွ မိမိတို့နှင့်ပတ်သက်သောသူများကိုပါဆုံးရှုံးပျက်စီးစေသူတို့သာလျှင် ပျက်စီးဆုံးရှုံးသူ (အစစ်အမှန်)များဖြစ်ကုန်၏။ သတိထားကြလေကုန်။ ဧကန်မလွဲ မတရားသောသူတို့သည် အမြဲထာဝရ ခံကြအံ့သောပြစ်ဒဏ်၌ ရှိကြပေမည်။
46وَمَا كَانَ لَهُم مِّنْ أَوْلِيَاءَ يَنصُرُونَهُم مِّن دُونِ اللَّهِ ۗ وَمَن يُضْلِلِ اللَّهُ فَمَا لَهُ مِن سَبِيلٍ
ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်မှလွဲ၍ ၎င်းတို့အား ကူညီစောင်မကြအံ့သော ကာကွယ်စောင့်ရှောက် မည့်သူများဟူ၍လည်း ၎င်းတို့၌ရှိကြမည်မဟုတ်ပေ။ စင်စစ်သော်ကား အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှား၌ပင်ရှိစေတော်မူပါလျှင် ထိုသူ၌ (လွတ်မြောက်ရန်ဟူ၍) မည်သည့်နည်းလမ်းမျှပင် မရှိတော့ပြီတကား။
47اسْتَجِيبُوا لِرَبِّكُم مِّن قَبْلِ أَن يَأْتِيَ يَوْمٌ لَّا مَرَدَّ لَهُ مِنَ اللَّهِ ۚ مَا لَكُم مِّن مَّلْجَإٍ يَوْمَئِذٍ وَمَا لَكُم مِّن نَّكِيرٍ
အသင်တို့သည် အကြင်နေ့မရောက်မီ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကိုနာယူကြလေကုန်။ အလ္လာဟ်အရှင်မြတ် ထံတော်မှ ယင်းနေ့ကိုလွှဲဖယ်ခြင်း၊ ရွှေ့ဆိုင်းခြင်း၊ ဟူ၍ အလျှင်းရှိလိမ့်မည် မဟုတ်ပေ။(တစ်နည်း) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကို အလ္လာဟ်အရှင်မြတ် အထံတော်မှ အကြင်နေ့ရောက်မလာမီ နာယူကြလေကုန်။ ယင်းနေ့ကို မည်သူတစ်ဦးတစ်ယောက်မျှပင် ရွှေ့ဆိုင်းနိုင်မည်မဟုတ်ပေ။ ထို့နေ့တွင် အသင်တို့၌ ခိုလှုံရာဌာနဟူ၍လည်း အလျှင်းရှိမည် မဟုတ်ပေ။ အသင်တို့နှင့်ပတ်သက်၍ ဟန့်တားအံ့သောသူဟူ၍(အသင်တို့အားမမှတ်မိနိုင်ရန်အကြောင်းဟူ၍ အသင်တို့၌ ငြင်းဆိုနိုင်ခြင်းဟူ၍)လည်း ရှိလိမ့်မည်မဟုတ်ပေ။
အက်ရှ်-ရှူရာကုရ်အာန် ညွှန်းကိန်း
53အာယာသ်
MeccanRevelation
45အာယာသ်

ဘာသာပြန် — အက်ရှ်-ရှူရာ 45

စူရာ အက်ရှ်-ရှူရာ အာယာသ် 45 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး အသင်သည် ထိုသူတို့အား ယင်းငရဲမီးရှေ့ဝယ် အရှက်တကွဲအကျိုးနည်းမှုကြောင့် အောက်ကြို့လျက် ယူဆောင်လာစေခြင်း ခံကြရသည်ကို တွေ့မြင်ပေမည်။၎င်းတို့မှာ (ရဲရဲမကြည့်ဝံ့ကြဘဲ)…

စူရာ အာယာသ် 45/53 — စူရာ အက်ရှ်-ရှူရာ الشورى (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အက်ရှ်-ရှူရာ နားထောင်, စူရာ အက်ရှ်-ရှူရာ ဘာသာပြန်, စူရာ အက်ရှ်-ရှူရာ mp3, စူရာ အက်ရှ်-ရှူရာ pdf. အာယာသ် 43–47. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers