لَّيْسَ عَلَى الْأَعْمَىٰ حَرَجٌ وَلَا عَلَى الْأَعْرَجِ حَرَجٌ وَلَا عَلَى الْمَرِيضِ حَرَجٌ ۗ وَمَن يُطِعِ اللَّهَ وَرَسُولَهُ يُدْخِلْهُ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ۖ وَمَن يَتَوَلَّ يُعَذِّبْهُ عَذَابًا أَلِيمًا ١٧
🔤 Transliteration
Laisa `alal a`maa harajunw wa laa `alal a`raji harajunw wa laa `alal mareedi haraj` wa many yutil`il laaha wa Rasoolahoo yudkhilhu jannaatin tajree min tahtihal anhaaru wa many yatawalla yu`azzibhu `azaaban aleemaa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(သို့ရာတွင်) မျက်စိကွယ်သော သူ၏အပေါ်၌(စစ်တိုက်ရန် မလိုက်နိုင်သောကြောင့်) အပြစ် တစ်စုံတစ်ရာမရှိချေ။ ၎င်းပြင် ခြေကျိုး၏အပေါ်၌လည်း မည်သည့်အပြစ်မျှ မရှိချေ။ ထိုနည်းတူစွာ ဝေဒနာရှင်၏အပေါ်၌လည်း အပြစ် တစ်စုံတစ်ရာမျှမရှိချေ။ စင်စစ်တမူကား မည်သူမဆို အလ္လာဟ်အရှင်မြတ် အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏ အမိန့်တော်ကိုလည်းကောင်း၊ လိုက်နာသည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းအား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ယင်းဥယျာဉ်များ၏အောက်၌ ချောင်းများ၊စီဆင်းလျက် ရှိကြပေမည်။ သို့ရာတွင် မည်သူမဆို (အမိန့်တော်ကို လိုက်နာခြင်းမရှိဘဲ) မျက်နှာလွှဲသည်ရှိသော် ထို အရှင်မြတ်သည် ၎င်းအား ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို စီရင်တပ်ရိုက်တော်မူအံ့သတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ် حَرَجٌ (ဟရဂျ်) — အပြစ်၊ ကျဉ်းကျပ်မှု၊ တာဝန်ဝတ္တရား ခံယူရမည့် ဝန်ထုပ်ဝန်ပိုး။الْأَعْمَىٰ (အလ်အъမာ) — မျက်စိကန်းသူ။الْأَعْرَجِ (အလ်အъရဂျ်) — ခြေမသန်သူ၊ ခြေကျိုးခြေနင်းသူ။الْمَرِيضِ (အလ်မာရီဒ်) — ဖျားနာသူ၊ ရောဂါစွဲကပ်နေသူ။يَتَوَلَّ (ယတဝလ္လာ) — ကျောခိုင်းလှည့်သွားသည်၊ မျက်နှာလွှဲသည်၊ နာခံမှုမှ လွှဲဖယ်သည်။تَجْرِي مِن تَحْتِهَا الْأَنْهَارُ — သူမ၏ အောက်မှ မြစ်ချောင်းများ စီးဆင်းလျက်ရှိသည်။၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက် ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ တိုက်ပွဲဝင်ရန် တာဝန်ရှိသော်လည်း ခန္ဓာကိုယ်အားနည်းချက် သို့မဟုတ် ရောဂါဝေဒနာကြောင့် မစွမ်းဆောင်နိုင်သူများအတွက် သက်သာခွင့်ကို ဖော်ပြထားခြင်း ဖြစ်သည်။ မျက်စိကန်းသူ၊ ခြေမသန်သူနှင့် ဖျားနာသူတို့သည် တိုက်ပွဲမှ နောက်ဆုတ်နေခြင်းအတွက် မည်သည့်အပြစ်မျှ မရှိပါ။ အကြောင်းမှာ သူတို့သည် မစွမ်းဆောင်နိုင်သော အကြောင်းရင်းများ ရှိနေသောကြောင့် ဖြစ်သည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ကို နာခံသူများအတွက် ကောင်းချီးမင်္ဂလာ သတင်းကောင်းကို ပေးသနားတော်မူသည်။ ထိုသူများကို သစ်ပင်များနှင့် နန်းတော်များ၏ အောက်မှ မြစ်ချောင်းများ စီးဆင်းနေသော ဂျန္နသ်ဥယျာဉ်များထဲသို့ ဝင်ရောက်စေတော်မူမည် ဖြစ်သည်။ သို့သော် မည်သူမျှ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ကို ကျောခိုင်းလွှဲဖယ်ပြီး နာခံမှုမှ လှည့်ထွက်သွားပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူအား အလွန်နာကျင်ဖွယ်ကောင်းသော ပြင်းထန်သည့် ပြစ်ဒဏ်ဖြင့် ပြစ်ဒဏ်ပေးတော်မူမည် ဖြစ်သည်။
ဤအာယသ်တော်သည် ဟူဒိုင်ဗီယာ စာချုပ်ကာလတွင် ရောဂါဝေဒနာရှင်များနှင့် မသန်စွမ်းသူများ၏ မေးခွန်းများအတွက် အဖြေအဖြစ် ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ သူတို့သည် မိမိတို့၏ အားနည်းချက်များကြောင့် တိုက်ပွဲမှ နောက်ဆုတ်နေခြင်းအတွက် အပြစ်မရှိကြောင်း ရှင်းလင်းစွာ သိရှိစေခဲ့သည်။ သို့သော် စွမ်းဆောင်နိုင်သူများအတွက်မူ အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်ကို နာခံ
لَّيۡسَ عَلَى ٱلۡأَعۡمَىٰ حَرَجٌ وَلَا عَلَى ٱلۡأَعۡرَجِ حَرَجٌ وَلَا عَلَى ٱلۡمَرِيضِ حَرَجٌۗ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ يُدۡخِلۡهُ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ وَمَن يَتَوَلَّ يُعَذِّبۡهُ عَذَابًا أَلِيمًا ١٧
(သို့ရာတွင်) မျက်စိကွယ်သော သူ၏အပေါ်၌(စစ်တိုက်ရန် မလိုက်နိုင်သောကြောင့်) အပြစ် တစ်စုံတစ်ရာမရှိချေ။ ၎င်းပြင် ခြေကျိုး၏အပေါ်၌လည်း မည်သည့်အပြစ်မျှ မရှိချေ။ ထိုနည်းတူစွာ ဝေဒနာရှင်၏အပေါ်၌လည်း အပြစ် တစ်စုံတစ်ရာမျှမရှိချေ။ စင်စစ်တမူကား မည်သူမဆို အလ္လာဟ်အရှင်မြတ် အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏ အမိန့်တော်ကိုလည်းကောင်း၊ လိုက်နာသည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းအား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ယင်းဥယျာဉ်များ၏အောက်၌ ချောင်းများ၊စီဆင်းလျက် ရှိကြပေမည်။ သို့ရာတွင် မည်သူမဆို (အမိန့်တော်ကို လိုက်နာခြင်းမရှိဘဲ) မျက်နှာလွှဲသည်ရှိသော် ထို အရှင်မြတ်သည် ၎င်းအား ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို စီရင်တပ်ရိုက်တော်မူအံ့သတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 15-19 — စူရာ အလ်-ဖသ်
15 سَيَقُولُ الْمُخَلَّفُونَ إِذَا انطَلَقْتُمْ إِلَىٰ مَغَانِمَ لِتَأْخُذُوهَا ذَرُونَا نَتَّبِعْكُمْ ۖ يُرِيدُونَ أَن يُبَدِّلُوا كَلَامَ اللَّهِ ۚ قُل لَّن تَتَّبِعُونَا كَذَٰلِكُمْ قَالَ اللَّهُ مِن قَبْلُ ۖ فَسَيَقُولُونَ بَلْ تَحْسُدُونَنَا ۚ بَلْ كَانُوا لَا يَفْقَهُونَ إِلَّا قَلِيلًا
မကြာမီပင် နောက်ကျစ်ရစ်ခဲ့ကြသော သူတို့သည် လက်ရပစ္စည်းများကိုယူရန် အသင်တို့သွားကြသောအခါ’အသင်တို့သည် ကျွန်ုပ်တို့အား မိမိတို့နှင့်အတူလိုက်ရန် ခွင့်ပြုကြလေကုန်’ ဟူ၍ ပြောဆိုကြပေမည်။ (အို-နဗီတမန်တော်၊)အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ကျွန်ုပ်တို့နှင့်အတူ အလျှင်းမလိုက်နိုင်ကြပေ။ ဤအတိုင်း ရှေ�ဦးမဆွကပင် အလ္လာဟ်အရှင်မြတ်က မိန့်ကြားထားတော်မူ၏။ထိုအခါ ၎င်းတို့က အလျှင်းမဟုတ်၊ စင်စစ်မှာမူကား အသင်တို့သည် ကျွန်ုပ်တို့အား မနာလိုကြသည်ဟု အမှန်ပင် ပြောဆိုကြပေမည်။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် အနည်းငယ်မျှသာလျှင် နားလည်ကြကုန်သတည်း။
16 قُل لِّلْمُخَلَّفِينَ مِنَ الْأَعْرَابِ سَتُدْعَوْنَ إِلَىٰ قَوْمٍ أُولِي بَأْسٍ شَدِيدٍ تُقَاتِلُونَهُمْ أَوْ يُسْلِمُونَ ۖ فَإِن تُطِيعُوا يُؤْتِكُمُ اللَّهُ أَجْرًا حَسَنًا ۖ وَإِن تَتَوَلَّوْا كَمَا تَوَلَّيْتُم مِّن قَبْلُ يُعَذِّبْكُمْ عَذَابًا أَلِيمًا
(အို-နဗီတမန်တော်၊) အသင်သည် နောက်ကျန်ရစ်ခဲ့ကြလေသော၊ ကန္တာရတွင် လှည့်လည်နေထိုင်ကြကုန်သော အရဗ်တောကျေးသားတို့အား ပြောကြားပါလေ။ "(အချင်းတို့၊) မကြာမြင့်မီပင် အသင်တို့သည် အလွန်အမင်း တိုက်ခိုက်မှုပြုခဲ့ကြသော အမျိုးသားတို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ရန် ဖိတ်ခေါ်ခြင်းကို ခံကြရပေမည်။ အသင်တို့သည် ၎င်းတို့နှင့် တိုက်ခိုက်ကြရပေမည်။ သို့တည်းမဟုတ် ၎င်းတို့သည် (လက်နက်ချ အညံ့ခံ၍ အစ္စလာမ်သာသနာတော်၏ အမိန့်ကို) နာခံကြရပေမည်။ထိုအခါ အကယ်၍ အသင်တို့သည် အမိန့်တော်ကို လိုက်နာကြပါလျှင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ကောင်းမြတ်သောအကျိုးကို ချီးမြှင့် ပေးသနားတော်မူပေမည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် ယခင်နည်းတူ မျက်နှာလွှဲကြပါမူ ထိုအရှင်မြတ်သည် အသင်တို့အား ပြင်းပြစွာသော ပြစ်ဒဏ်ကို ပေးတော်မူပေမည်။
17 لَّيْسَ عَلَى الْأَعْمَىٰ حَرَجٌ وَلَا عَلَى الْأَعْرَجِ حَرَجٌ وَلَا عَلَى الْمَرِيضِ حَرَجٌ ۗ وَمَن يُطِعِ اللَّهَ وَرَسُولَهُ يُدْخِلْهُ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ۖ وَمَن يَتَوَلَّ يُعَذِّبْهُ عَذَابًا أَلِيمًا
(သို့ရာတွင်) မျက်စိကွယ်သော သူ၏အပေါ်၌(စစ်တိုက်ရန် မလိုက်နိုင်သောကြောင့်) အပြစ် တစ်စုံတစ်ရာမရှိချေ။ ၎င်းပြင် ခြေကျိုး၏အပေါ်၌လည်း မည်သည့်အပြစ်မျှ မရှိချေ။ ထိုနည်းတူစွာ ဝေဒနာရှင်၏အပေါ်၌လည်း အပြစ် တစ်စုံတစ်ရာမျှမရှိချေ။ စင်စစ်တမူကား မည်သူမဆို အလ္လာဟ်အရှင်မြတ် အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏ အမိန့်တော်ကိုလည်းကောင်း၊ လိုက်နာသည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းအား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ယင်းဥယျာဉ်များ၏အောက်၌ ချောင်းများ၊စီဆင်းလျက် ရှိကြပေမည်။ သို့ရာတွင် မည်သူမဆို (အမိန့်တော်ကို လိုက်နာခြင်းမရှိဘဲ) မျက်နှာလွှဲသည်ရှိသော် ထို အရှင်မြတ်သည် ၎င်းအား ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို စီရင်တပ်ရိုက်တော်မူအံ့သတည်း။
18 ۞ لَّقَدْ رَضِيَ اللَّهُ عَنِ الْمُؤْمِنِينَ إِذْ يُبَايِعُونَكَ تَحْتَ الشَّجَرَةِ فَعَلِمَ مَا فِي قُلُوبِهِمْ فَأَنزَلَ السَّكِينَةَ عَلَيْهِمْ وَأَثَابَهُمْ فَتْحًا قَرِيبًا
(အို-နဗီတမန်တော်၊) ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့သည် သစ်ပင်အောက်တွင် အသင်နှင့် ‘ဗိုင်အတ်’ပြုနေကြစဉ်အခါ၌ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် ကျေနပ်တော်မူခဲ့၏။ တစ်ဖန် ထိုအရှင်မြတ်သည် ၎င်းတို့၏ စိတ်တွင်း၌ရှိသည်ကို သိတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် စိတ်တည်ငြိမ်မှုကို ချပေး သနားတော်မူခဲ့၏။ ထို့ပြင် ၎င်းတို့အား ထိုအရှင်မြတ်သည် နီးကပ်စွာသော အောင်မြင်မှုကိုလည်း ချီးမြှင့်တော်မူခဲ့၏။
19 وَمَغَانِمَ كَثِيرَةً يَأْخُذُونَهَا ۗ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
ထိုမှတစ်ပါး မြောက်မြားစွာသော လက်ရပစ္စည်းများကိုလည်း (ချီးမြှင့်တော်မူခဲ့ပေရာ) ၎င်းတို့သည် ယင်းလက်ရပစ္စည်းများကို ယူငင်လျက် ရှိကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
ဘာသာပြန် — အလ်-ဖသ် 17 စူရာ အလ်-ဖသ် အာယာသ် 17 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (သို့ရာတွင်) မျက်စိကွယ်သော သူ၏အပေါ်၌(စစ်တိုက်ရန် မလိုက်နိုင်သောကြောင့်) အပြစ် တစ်စုံတစ်ရာမရှိချေ။ ၎င်းပြင် ခြေကျိုး၏အပေါ်၌လည်း မည်သည့်အပြစ်မျှ မရှိချေ။…
စူရာ အာယာသ် 17/29 — စူရာ အလ်-ဖသ် الفتح (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖသ် နားထောင်, စူရာ အလ်-ဖသ် ဘာသာပြန်, စူရာ အလ်-ဖသ် mp3, စူရာ အလ်-ဖသ် pdf. အာယာသ် 15–19. မြန်မာဘာသာ: ภาษาไทย.