အလ်-ဟဒီးဒ် · 16/29
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟဒီးဒ်
۞ أَلَمْ يَأْنِ لِلَّذِينَ آمَنُوا أَن تَخْشَعَ قُلُوبُهُمْ لِذِكْرِ اللَّهِ وَمَا نَزَلَ مِنَ الْحَقِّ وَلَا يَكُونُوا كَالَّذِينَ أُوتُوا الْكِتَابَ مِن قَبْلُ فَطَالَ عَلَيْهِمُ الْأَمَدُ فَقَسَتْ قُلُوبُهُمْ ۖ وَكَثِيرٌ مِّنْهُمْ فَاسِقُونَ ۝١٦
Alam yaani laillzeena aamanooo an takhsha`a quloo buhum lizikril laahi wa maa nazala minal haqqi wa laa yakoonoo kallazeena ootul Kitaaba min qablu fataala `alaihimul amadu faqasat quloobuhum wa kaseerum minhum faasiqoon
📖 မြန်မာဘာသာ
မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ အလ္လာဟ်အရှင်မြတ်၏ဆုံးမဩဝါဒ သတိပေး နှိုးဆော်ချက်၏ ရှေ့ဝယ်လည်းကောင်း၊ ကျရောက်လာပြီး ဖြစ်သော အမှန်တရား၏ရှေ့ဝယ်လည်းကောင်း၊ စိတ်နှလုံးများ ကိုင်းညွှတ်ရန် အချိန်တန်ပြီ မဟုတ်လော။ ထိုမှတစ်ပါး ၎င်းတို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြရန်။ ထိုသူတို့သည် ကျမ်းဂန်ကို ချီးမြှင့် ပေးသနားတော်မူခြင်း ခံခဲ့ရလေ၏။ သို့ရာတွင် ၎င်းတို့အပေါ်ဝယ် ကာလပရိစ္ဆေဒသည် အဓွန့်ရှည်ခဲ့သောအခါ၊ ၎င်းတို့၏ စိတ်နှလုံးမှာ ခက်ထန်မာမြင်း၍ လာခဲ့လေ၏။ ထိုမှတစ်ပါး ၎င်းတို့တွင် မြောက်မြားစွာတို့မှာ သွေဖည်သူများပင် ဖြစ်ကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ စကားလုံးများ၏ အဓိပ္ပာယ်များ

  • أَلَمْ يَأْنِ : မရောက်လာသေးဘူးလော၊ အချိန်မကျသေးဘူးလော
  • تَخْشَعَ : နူးညံ့ပြီး ကြောက်ရွံ့ရိုကျိုးသည်၊ နှိမ့်ချသည်
  • الْأَمَدُ : ကာလ၊ အချိန်အကြာကြီး
  • فَقَسَتْ : ခက်မာသွားသည်၊ မာကျောသွားသည်
  • فَاسِقُونَ : အမိန့်တော်ကို ဖီဆန်သူများ၊ နာခံမှုမရှိသူများ

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အီမာန်ယုံကြည်သူများအား သတိပေးနှိုးဆော်သည့် အာယသ်တော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မုဟမ္မဒ် (ဆွ) ကို ယုံကြည်လက်ခံပြီး လမ်းညွှန်မှုကို လိုက်နာသူများအနေဖြင့် အလ္လာဟ်အရှင်မြတ်ကို သတိရဖော်ပြသည့်အခါ၌လည်းကောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ရွတ်နာယူသည့်အခါ၌လည်းကောင်း သူတို့၏ စိတ်နှလုံးများ နူးညံ့ကြောက်ရွံ့ရိုကျိုးလာရန် အချိန်မကျသေးဘူးလော့ဟု မေးခွန်းထုတ်ကာ သတိပေးထားသည်။

ထို့ပြင် မိမိတို့ထက် ရှေးကာလက ကျမ်းတော်များ ချီးမြှင့်ပေးအပ်ခြင်းခံခဲ့ရသော ယဟူဒီများနှင့် ခရစ်ယာန်များကဲ့သို့ မဖြစ်ကြရန် သတိပေးထားသည်။ သူတို့သည် မိမိတို့၏ တမန်တော်များနှင့် ကာလအကြာကြီး ကွာဟသွားသောအခါ သူတို့၏ စိတ်နှလုံးများ ခက်မာလာခဲ့ကြသည်။ လောကီအရာများဘက်သို့ ယိမ်းယိုင်သွားပြီး အလ္လာဟ်အရှင်မြတ်၏ ဆုံးမသြဝါဒများကို လျစ်လျူရှုလာကြသည်။ ရလဒ်အနေဖြင့် သူတို့အနက် အများစုသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ဖီဆန်သူများ ဖြစ်သွားကြသည်။

ဤအာယသ်တော်သည် အီမာန်ယုံကြည်သူများအား အလ္လာဟ်အရှင်မြတ်၏ သတိရဖော်ပြမှုနှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို နာယူသည့်အခါ စိတ်နှလုံးနူးညံ့ကြောက်ရွံ့ရိုကျိုးရန်၊ စိတ်နှလုံးခက်မာခြင်းမှ ရှောင်ကြဉ်ရန် နှိုးဆော်သွန်သင်ထားသည်။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

  • အလ္လာဟ်အရှင်မြတ်ကို သတိရဖော်ပြသည့်အခါတိုင်း စိတ်နှလုံးကို နူးညံ့ကြောက်ရွံ့ရိုကျိုးစေရမည်။ ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ရွတ်နာယူသည့်အခါ နှလုံးသားဖြင့် ခံစားရမည်။
  • စိတ်နှလုံးခက်မာခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် ဝေးကွာစေသော အန္တရာယ်ကြီးတစ်ခုဖြစ်သည်။ ထို့ကြောင့် နှလုံးသားကို


📜 အာယာသ် 14-18 — စူရာ အလ်-ဟဒီးဒ်

14يُنَادُونَهُمْ أَلَمْ نَكُن مَّعَكُمْ ۖ قَالُوا بَلَىٰ وَلَٰكِنَّكُمْ فَتَنتُمْ أَنفُسَكُمْ وَتَرَبَّصْتُمْ وَارْتَبْتُمْ وَغَرَّتْكُمُ الْأَمَانِيُّ حَتَّىٰ جَاءَ أَمْرُ اللَّهِ وَغَرَّكُم بِاللَّهِ الْغَرُورُ
ထို ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည် ထိုမုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ကျွန်ုပ်တို့သည် (လောကီဘဝတွင်) အသင်တို့နှင့်အတူ ရှိခဲ့ကြသည် မဟုတ်လောဟု ဟစ်အော် ပြောဆိုကြပေမည်။ (ထိုအခါ) ထိုမုအ်မင်န် သက်ဝင် ယုံကြည်သူတို့က (ဤသို့) ဖြေကြားကြပေမည်။ အဘယ်ကြောင့် မဟုတ်ပါသနည်း။ (အမှန်ပင်) အတူရှိခဲ့ကြပေသည်။ သို့ရာတွင် အသင်တို့သည် မိမိတို့ကိုယ်ကို ဖြားယောင်း ခဲ့ကြပေသည်။ ၎င်းပြင် အသင်တို့သည် (အစ္စလာမ်သာသနာတော် ပျက်စီးရန်) စောင့်ဆိုင်း၍ နေခဲ့ကြပေသည်။ ထို့ပြင် အသင်တို့သည် အစ္စလာမ်သာသနာ တော်နှင့်စပ်လျဉ်း၍ ဒွိဟသံသယ ဖြစ်နေခဲ့ကြပေသည်။ အချည်းနှီးသော အာသာဆန္ဒများသည်လည်း အသင်တို့အား သွေးဆောင် ဖြားယောင်းခဲ့ပေသည်။ နောက်ဆုံးတွင်(‘မရဏ’ သေခြင်းတရားတည်း ဟူသော) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည်ရောက်ရှိ၍ လာခဲ့ပေသည်။ ထိုမှတစ်ပါး လွန်စွာ ဖြားယောင်းသူ(ဖြစ်သော ‘ရှိုင်တွာန်’မိစ္ဆာကောင်)သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သွေးဆောင် ဖြားယောင်းခဲ့ပေသည်။
15فَالْيَوْمَ لَا يُؤْخَذُ مِنكُمْ فِدْيَةٌ وَلَا مِنَ الَّذِينَ كَفَرُوا ۚ مَأْوَاكُمُ النَّارُ ۖ هِيَ مَوْلَاكُمْ ۖ وَبِئْسَ الْمَصِيرُ
သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့ထံမှလည်း မည်သည့်လျော်ကြေးမျှ လက်ခံယူမည်မဟုတ်ပေ၊’ကာဖိရ်’ သွေဖည်ငြင်းပယ် သူတို့ထံမှလည်း လက်ခံမည် မဟုတ်ပေ၊ အသင်တို့ (အားလုံးတို့)၏ နေရာထိုင်ခင်းများမှာ(ငရဲ)မီးပင်ဖြစ်၏။ ယင်း(ငရဲ) မီးသည်ပင်လျှင် အသင်တို့၏အဖော်ဖြစ်၏။ စင်စစ်မှာမူကား ယင်းပြန်လည်ရာစခန်းမှာ ဆိုးယုတ်လှပေစွတကား။
16۞ أَلَمْ يَأْنِ لِلَّذِينَ آمَنُوا أَن تَخْشَعَ قُلُوبُهُمْ لِذِكْرِ اللَّهِ وَمَا نَزَلَ مِنَ الْحَقِّ وَلَا يَكُونُوا كَالَّذِينَ أُوتُوا الْكِتَابَ مِن قَبْلُ فَطَالَ عَلَيْهِمُ الْأَمَدُ فَقَسَتْ قُلُوبُهُمْ ۖ وَكَثِيرٌ مِّنْهُمْ فَاسِقُونَ
မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ အလ္လာဟ်အရှင်မြတ်၏ဆုံးမဩဝါဒ သတိပေး နှိုးဆော်ချက်၏ ရှေ့ဝယ်လည်းကောင်း၊ ကျရောက်လာပြီး ဖြစ်သော အမှန်တရား၏ရှေ့ဝယ်လည်းကောင်း၊ စိတ်နှလုံးများ ကိုင်းညွှတ်ရန် အချိန်တန်ပြီ မဟုတ်လော။ ထိုမှတစ်ပါး ၎င်းတို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြရန်။ ထိုသူတို့သည် ကျမ်းဂန်ကို ချီးမြှင့် ပေးသနားတော်မူခြင်း ခံခဲ့ရလေ၏။ သို့ရာတွင် ၎င်းတို့အပေါ်ဝယ် ကာလပရိစ္ဆေဒသည် အဓွန့်ရှည်ခဲ့သောအခါ၊ ၎င်းတို့၏ စိတ်နှလုံးမှာ ခက်ထန်မာမြင်း၍ လာခဲ့လေ၏။ ထိုမှတစ်ပါး ၎င်းတို့တွင် မြောက်မြားစွာတို့မှာ သွေဖည်သူများပင် ဖြစ်ကြကုန်၏။
17اعْلَمُوا أَنَّ اللَّهَ يُحْيِي الْأَرْضَ بَعْدَ مَوْتِهَا ۚ قَدْ بَيَّنَّا لَكُمُ الْآيَاتِ لَعَلَّكُمْ تَعْقِلُونَ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပထဝီမြေကို သေလွန် သွေ့ခြောက်ပြီးနောက် ပြန်လည်၍ ရှင်စေတော်မူကြောင်း အသင်တို့သည် ကောင်းစွာ သိရှိထားကြလေကုန်။ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ သိနားလည်ကြအံ့သောငှာ သက်သေလက္ခဏာတော်များကို ရှင်းလင်းဖော်ပြတော်မူခဲ့ပြီး ဖြစ်ပေသတည်း။
18إِنَّ الْمُصَّدِّقِينَ وَالْمُصَّدِّقَاتِ وَأَقْرَضُوا اللَّهَ قَرْضًا حَسَنًا يُضَاعَفُ لَهُمْ وَلَهُمْ أَجْرٌ كَرِيمٌ
ဧကန်စင်စစ် လှူဒါန်းကြကုန်သော ယောက်ျားမိန်းမတို့သည် အလ္လာဟ်အရှင်မြတ်အား ကောင်းမြတ်သော(စေတနာနှင့်) ကြွေးမြီ ချေးငှားခဲ့ကြကုန်၏။ ယင်းအလှူဒါနသည် ၎င်းတို့အဖို့ ဆထက်တိုးစေခြင်း ခံရသည့်ပြင် ၎င်းတို့အဖို့ မြင့်မြတ်လှစွာသော အကျိုးသည်လည်း ရှိချိမ့်မည်။
အလ်-ဟဒီးဒ်ကုရ်အာန် ညွှန်းကိန်း
29အာယာသ်
MedinanRevelation
16အာယာသ်

ဘာသာပြန် — အလ်-ဟဒီးဒ် 16

စူရာ အလ်-ဟဒီးဒ် အာယာသ် 16 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ အလ္လာဟ်အရှင်မြတ်၏ဆုံးမဩဝါဒ သတိပေး နှိုးဆော်ချက်၏ ရှေ့ဝယ်လည်းကောင်း၊ ကျရောက်လာပြီး ဖြစ်သော အမှန်တရား၏ရှေ့ဝယ်လည်းကောင်း၊ စိတ်နှလုံးများ…

စူရာ အာယာသ် 16/29 — စူရာ အလ်-ဟဒီးဒ် الحديد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဒီးဒ် နားထောင်, စူရာ အလ်-ဟဒီးဒ် ဘာသာပြန်, စူရာ အလ်-ဟဒီးဒ် mp3, စူရာ အလ်-ဟဒီးဒ် pdf. အာယာသ် 14–18. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers