အလ်-ဟဒီးဒ် · 15/29
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟဒီးဒ်
فَالْيَوْمَ لَا يُؤْخَذُ مِنكُمْ فِدْيَةٌ وَلَا مِنَ الَّذِينَ كَفَرُوا ۚ مَأْوَاكُمُ النَّارُ ۖ هِيَ مَوْلَاكُمْ ۖ وَبِئْسَ الْمَصِيرُ ۝١٥
Fal Yawma laa yu`khazu minkum fidyatunw wa laa minal lazeena kafaroo; maawaakumun Naaru hiya maw laakum wa bi`sal maseer
📖 မြန်မာဘာသာ
သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့ထံမှလည်း မည်သည့်လျော်ကြေးမျှ လက်ခံယူမည်မဟုတ်ပေ၊’ကာဖိရ်’ သွေဖည်ငြင်းပယ် သူတို့ထံမှလည်း လက်ခံမည် မဟုတ်ပေ၊ အသင်တို့ (အားလုံးတို့)၏ နေရာထိုင်ခင်းများမှာ(ငရဲ)မီးပင်ဖြစ်၏။ ယင်း(ငရဲ) မီးသည်ပင်လျှင် အသင်တို့၏အဖော်ဖြစ်၏။ စင်စစ်မှာမူကား ယင်းပြန်လည်ရာစခန်းမှာ ဆိုးယုတ်လှပေစွတကား။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ဖိဒ်ယဟ် (فِدْيَةٌ): လွတ်ငြိမ်းချမ်းသာခွင့်အတွက် ပေးဆပ်သော အခွန် သို့မဟုတ် လျော်ကြေးငွေ။
  • မඃဝါကုမ် (مَأْوَاكُمُ): သင်တို့၏ ခိုလှုံရာ၊ နောက်ဆုံးရောက်ရှိရာနေရာ။
  • မောလာကုမ် (مَوْلَاكُمْ): သင်တို့နှင့် အသင့်တော်ဆုံး၊ သင်တို့ကို ပိုင်ဆိုင်ထိုက်တန်သူ။
  • ဗိအ်စလ် မဆွီရ် (بِئْسَ الْمَصِيرُ): အလွန်ဆိုးရွားသော အဆုံးသတ်ရောက်ရာနေရာ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ထိုနေ့တွင် အရှင်မြတ်က မိစ္ဆာယုံကြည်သူများနှင့် အီမာန်ယုံကြည်မှုကို ဖုံးကွယ်ထားသော မုနာဖိကူန်များအား မိန့်တော်မူမည်မှာ ယခုအခါ သင်တို့ထဲမှ မည်သူမျှ ငရဲမီးမှ လွတ်မြောက်ရန် လျော်ကြေးငွေ သို့မဟုတ် အခွန်တစ်စုံတစ်ရာ ပေးဆပ်၍ မရနိုင်တော့ပေ။ ထို့အတူ မိစ္ဆာယုံကြည်သူများလည်း မည်သည့် လျော်ကြေးကိုမျှ ပေး၍ လွတ်မြောက်ခွင့် မရနိုင်တော့ပေ။ သင်တို့အားလုံး၏ နောက်ဆုံးရောက်ရှိရာနေရာသည် ငရဲမီးပင်ဖြစ်၏။ ထိုငရဲမီးသည် သင်တို့နှင့် အသင့်တော်ဆုံးဖြစ်ပြီး သင်တို့သည် ထိုငရဲမီးနှင့် အသင့်တော်ဆုံးဖြစ်ကြ၏။ စင်စစ် ထိုငရဲမီးသည် အလွန်ဆိုးရွားလှသော အဆုံးသတ်ရောက်ရာနေရာပင် ဖြစ်ပေသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အရှင်မြတ်သည် တရားစီရင်တော်မူသောနေ့တွင် မည်သည့်ဥစ္စာပစ္စည်းဖြင့်မျှ ငရဲမီးမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သိရှိစေသည်။
  • လောကီဘဝတွင် အီမာန်ယုံကြည်မှုကို စိတ်ရင်းမှန်ဖြင့် လက်ခံကျင့်သုံးရန် လိုအပ်ကြောင်း သွန်သင်ပေးသည်။
  • မုနာဖိကူန်များ၏ အပြုအမူသည် နောက်ဆုံးတွင် ငရဲမီးသို့ ရောက်ရှိစေမည်ဖြစ်ကြောင်း သတိပေးသည်။
  • အရှင်မြတ်ထံ ပြန်လည်ရောက်ရှိရမည့်နေ့ကို အမြဲသတိရပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်ရန် အားပေးသည်။
  • အစ္စလာမ်သာသနာသည် စိတ်ရင်းမှန်ဖြင့် ယုံကြည်ခြင်း၏ အရေးပါမှုကို အလေးပေးသွန်သင်ပေးကြောင်း သိရှိစေသည်။
  • ဤအာယသ်တော်သည် အီမာန်ယုံကြည်သူများအား မုနာဖိကူန်များ၏ လက္ခဏာများမှ ရှောင်ကြဉ်ရန် သတိပေးနှိုးဆော်ပေးသည်။


📜 အာယာသ် 13-17 — စူရာ အလ်-ဟဒီးဒ်

13يَوْمَ يَقُولُ الْمُنَافِقُونَ وَالْمُنَافِقَاتُ لِلَّذِينَ آمَنُوا انظُرُونَا نَقْتَبِسْ مِن نُّورِكُمْ قِيلَ ارْجِعُوا وَرَاءَكُمْ فَالْتَمِسُوا نُورًا فَضُرِبَ بَيْنَهُم بِسُورٍ لَّهُ بَابٌ بَاطِنُهُ فِيهِ الرَّحْمَةُ وَظَاهِرُهُ مِن قِبَلِهِ الْعَذَابُ
အကြင်နေ့တွင် ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်�င်မ် ယောက်ျား မိန်းမတို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား (ဤသို့) ပြောဆိုကြပေမည်။ (အချင်းတို့)၊အသင်တို့၏အလင်းရောင်မှ (အနည်းငယ်မျှ) ရယူနိုင်ကြရန် အသင်တို့သည် ကျွန်ုပ်တို့အား လှည့်၍ ကြည့်ကြလေကုန်၊ စောင့်ဆိုင်းကြလေကုန်။ (ထိုအခါ ၎င်းတို့သည် ဤသို့)ပြောဆို ပြန်ကြားခြင်းကို ခံကြရပေမည်။ အသင်တို့သည် နောက်သို့ပြန်သွားပြီးလျှင် အလင်းရောင်ကို ရှာဖွေကြလေကုန်။ထိုအချိန်၌ပင် ၎င်းတို့၏အကြား၌ တံတိုင်းတစ်ခု စိုက်ထူလိုက်ပေမည်။ ယင်းတံတိုင်းတွင် တံခါးတစ်ခု ရှိပေမည်။ ယင်းတံခါး၏အတွင်းဘက်၌ ကရုဏာသည်ရှိ၍၊ ၎င်း၏အပြင်ဘက်၌မူကား ပြစ်ဒဏ် သည်ရှိပေမည်။
14يُنَادُونَهُمْ أَلَمْ نَكُن مَّعَكُمْ ۖ قَالُوا بَلَىٰ وَلَٰكِنَّكُمْ فَتَنتُمْ أَنفُسَكُمْ وَتَرَبَّصْتُمْ وَارْتَبْتُمْ وَغَرَّتْكُمُ الْأَمَانِيُّ حَتَّىٰ جَاءَ أَمْرُ اللَّهِ وَغَرَّكُم بِاللَّهِ الْغَرُورُ
ထို ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည် ထိုမုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ကျွန်ုပ်တို့သည် (လောကီဘဝတွင်) အသင်တို့နှင့်အတူ ရှိခဲ့ကြသည် မဟုတ်လောဟု ဟစ်အော် ပြောဆိုကြပေမည်။ (ထိုအခါ) ထိုမုအ်မင်န် သက်ဝင် ယုံကြည်သူတို့က (ဤသို့) ဖြေကြားကြပေမည်။ အဘယ်ကြောင့် မဟုတ်ပါသနည်း။ (အမှန်ပင်) အတူရှိခဲ့ကြပေသည်။ သို့ရာတွင် အသင်တို့သည် မိမိတို့ကိုယ်ကို ဖြားယောင်း ခဲ့ကြပေသည်။ ၎င်းပြင် အသင်တို့သည် (အစ္စလာမ်သာသနာတော် ပျက်စီးရန်) စောင့်ဆိုင်း၍ နေခဲ့ကြပေသည်။ ထို့ပြင် အသင်တို့သည် အစ္စလာမ်သာသနာ တော်နှင့်စပ်လျဉ်း၍ ဒွိဟသံသယ ဖြစ်နေခဲ့ကြပေသည်။ အချည်းနှီးသော အာသာဆန္ဒများသည်လည်း အသင်တို့အား သွေးဆောင် ဖြားယောင်းခဲ့ပေသည်။ နောက်ဆုံးတွင်(‘မရဏ’ သေခြင်းတရားတည်း ဟူသော) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည်ရောက်ရှိ၍ လာခဲ့ပေသည်။ ထိုမှတစ်ပါး လွန်စွာ ဖြားယောင်းသူ(ဖြစ်သော ‘ရှိုင်တွာန်’မိစ္ဆာကောင်)သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သွေးဆောင် ဖြားယောင်းခဲ့ပေသည်။
15فَالْيَوْمَ لَا يُؤْخَذُ مِنكُمْ فِدْيَةٌ وَلَا مِنَ الَّذِينَ كَفَرُوا ۚ مَأْوَاكُمُ النَّارُ ۖ هِيَ مَوْلَاكُمْ ۖ وَبِئْسَ الْمَصِيرُ
သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့ထံမှလည်း မည်သည့်လျော်ကြေးမျှ လက်ခံယူမည်မဟုတ်ပေ၊’ကာဖိရ်’ သွေဖည်ငြင်းပယ် သူတို့ထံမှလည်း လက်ခံမည် မဟုတ်ပေ၊ အသင်တို့ (အားလုံးတို့)၏ နေရာထိုင်ခင်းများမှာ(ငရဲ)မီးပင်ဖြစ်၏။ ယင်း(ငရဲ) မီးသည်ပင်လျှင် အသင်တို့၏အဖော်ဖြစ်၏။ စင်စစ်မှာမူကား ယင်းပြန်လည်ရာစခန်းမှာ ဆိုးယုတ်လှပေစွတကား။
16۞ أَلَمْ يَأْنِ لِلَّذِينَ آمَنُوا أَن تَخْشَعَ قُلُوبُهُمْ لِذِكْرِ اللَّهِ وَمَا نَزَلَ مِنَ الْحَقِّ وَلَا يَكُونُوا كَالَّذِينَ أُوتُوا الْكِتَابَ مِن قَبْلُ فَطَالَ عَلَيْهِمُ الْأَمَدُ فَقَسَتْ قُلُوبُهُمْ ۖ وَكَثِيرٌ مِّنْهُمْ فَاسِقُونَ
မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ အလ္လာဟ်အရှင်မြတ်၏ဆုံးမဩဝါဒ သတိပေး နှိုးဆော်ချက်၏ ရှေ့ဝယ်လည်းကောင်း၊ ကျရောက်လာပြီး ဖြစ်သော အမှန်တရား၏ရှေ့ဝယ်လည်းကောင်း၊ စိတ်နှလုံးများ ကိုင်းညွှတ်ရန် အချိန်တန်ပြီ မဟုတ်လော။ ထိုမှတစ်ပါး ၎င်းတို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြရန်။ ထိုသူတို့သည် ကျမ်းဂန်ကို ချီးမြှင့် ပေးသနားတော်မူခြင်း ခံခဲ့ရလေ၏။ သို့ရာတွင် ၎င်းတို့အပေါ်ဝယ် ကာလပရိစ္ဆေဒသည် အဓွန့်ရှည်ခဲ့သောအခါ၊ ၎င်းတို့၏ စိတ်နှလုံးမှာ ခက်ထန်မာမြင်း၍ လာခဲ့လေ၏။ ထိုမှတစ်ပါး ၎င်းတို့တွင် မြောက်မြားစွာတို့မှာ သွေဖည်သူများပင် ဖြစ်ကြကုန်၏။
17اعْلَمُوا أَنَّ اللَّهَ يُحْيِي الْأَرْضَ بَعْدَ مَوْتِهَا ۚ قَدْ بَيَّنَّا لَكُمُ الْآيَاتِ لَعَلَّكُمْ تَعْقِلُونَ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပထဝီမြေကို သေလွန် သွေ့ခြောက်ပြီးနောက် ပြန်လည်၍ ရှင်စေတော်မူကြောင်း အသင်တို့သည် ကောင်းစွာ သိရှိထားကြလေကုန်။ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ သိနားလည်ကြအံ့သောငှာ သက်သေလက္ခဏာတော်များကို ရှင်းလင်းဖော်ပြတော်မူခဲ့ပြီး ဖြစ်ပေသတည်း။
အလ်-ဟဒီးဒ်ကုရ်အာန် ညွှန်းကိန်း
29အာယာသ်
MedinanRevelation
15အာယာသ်

ဘာသာပြန် — အလ်-ဟဒီးဒ် 15

စူရာ အလ်-ဟဒီးဒ် အာယာသ် 15 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့ထံမှလည်း မည်သည့်လျော်ကြေးမျှ လက်ခံယူမည်မဟုတ်ပေ၊’ကာဖိရ်’ သွေဖည်ငြင်းပယ် သူတို့ထံမှလည်း လက်ခံမည် မဟုတ်ပေ၊ အသင်တို့…

စူရာ အာယာသ် 15/29 — စူရာ အလ်-ဟဒီးဒ် الحديد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဒီးဒ် နားထောင်, စူရာ အလ်-ဟဒီးဒ် ဘာသာပြန်, စူရာ အလ်-ဟဒီးဒ် mp3, စူရာ အလ်-ဟဒီးဒ် pdf. အာယာသ် 13–17. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers