အလ်-ဟဒီးဒ် · 27/29
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟဒီးဒ်
ثُمَّ قَفَّيْنَا عَلَىٰ آثَارِهِم بِرُسُلِنَا وَقَفَّيْنَا بِعِيسَى ابْنِ مَرْيَمَ وَآتَيْنَاهُ الْإِنجِيلَ وَجَعَلْنَا فِي قُلُوبِ الَّذِينَ اتَّبَعُوهُ رَأْفَةً وَرَحْمَةً وَرَهْبَانِيَّةً ابْتَدَعُوهَا مَا كَتَبْنَاهَا عَلَيْهِمْ إِلَّا ابْتِغَاءَ رِضْوَانِ اللَّهِ فَمَا رَعَوْهَا حَقَّ رِعَايَتِهَا ۖ فَآتَيْنَا الَّذِينَ آمَنُوا مِنْهُمْ أَجْرَهُمْ ۖ وَكَثِيرٌ مِّنْهُمْ فَاسِقُونَ ۝٢٧
Summa qaffainaa `alaa aasaarihim bi Rusulinaa wa qaffainaa be `Eesab ni Maryama wa aatainaahul Injeela wa ja`alnaa fee quloobil lazeenat taba` oohu raafatanw wa rahmatanw wa rahbaaniyyatanib tada` oohaa maa katanaahaa `alaihim illab tighaaa`a ridwaanil laahi famaa ra`awhaa haqqa ri`aayatihaa fa aatainal lazeena aamanoo minhum ajrahum wa kaseerum minhum faasiqoon
📖 မြန်မာဘာသာ
ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့၏နောက်တွင် မိမိရစူလ်တမန်တော်များအား အဆက်မပြတ် စေလွှတ်တော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ‘မရ်ယမ်’၏သားတော် (နဗီတမန်တော်)’အီစာ’ အား စေလွှတ်တော်မူခဲ့၏။၎င်းပြင် ငါအရှင်မြတ်သည် ထို’အီစာ’အား ‘အင်န်ဂျီလ်’ကျမ်းတော်ကို ချီးမြှင့် ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို’အီစာ’ ၏နောက်သို့ လိုက်ခဲ့ကြသောသူတို့၏ စိတ်နှလုံးများတွင် နူးညံ့သိမ်မွေ့မှုကိုလည်းကောင်း၊ ကရုဏာတရားကိုလည်းကောင်း ထည့်သွင်းပေးတော် မူခဲ့၏။ သို့ရာတွင်(၎င်းတို့ကိုယ်တိုင်) အလ္လာဟ်အရှင်မြတ်၏ နှစ်မြို့မှုရှာဖွေအံ့သောငှာ (တောထွက် လမ်းစဉ်ကို လိုက်နာကျင့်သုံးခဲ့ကြကုန်၏)။သို့ပါသော်လည်း ၎င်းတို့သည် ယင်းတောထွက်လမ်းစဉ်ကို စောင့်စည်းအပ်သောဝတ္တရားနှင့်အညီ စောင့်စည်းနိုင်ကြသည် မရှိချေ။မည်သို့ပင်ဖြစ်စေ ငါအရှင်မြတ်သည် ၎င်းတို့အနက် သက်ဝင် ယုံကြည်ခဲ့ကြသော သူတို့အား ၎င်းတို့၏အကျိုးကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ သို့ရာတွင် ၎င်းတို့အနက် မြောက်မြားစွာသော သူတို့မှာကား သွေဖည်သူများပင် ဖြစ်ကြကုန်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ

  • قَفَّيْنَا (ကဖ်ဖိုင်နာ) — နောက်မှ လိုက်၍ စေလွှတ်ခဲ့သည်၊ ဆက်လက်၍ ပို့ခဲ့သည်။
  • رَأْفَةً (ရာအ်ဖသန်) — အလွန်နူးညံ့သော ကရုဏာ၊ သနားကြင်နာမှု။
  • رَحْمَةً (ရဟ်မသန်) — ကရုဏာတော်၊ သနားခြင်း။
  • رَهْبَانِيَّةً (ရဟ်ဗာနီယသန်) — ဘာသာရေးအရ အလွန်အကျွံ ခက်ခဲကြမ်းတမ်းစွာ ကျင့်သုံးခြင်း၊ အိမ်ထောင်မပြုဘဲ တောတောင်များတွင် ဘာသာရေးကျင့်သုံးခြင်း။
  • ابْتَدَعُوهَا (အိဗ်သ�အူဟာ) — သူတို့ကိုယ်တိုင် အသစ်တီထွင်ခဲ့ကြသည်။
  • مَا كَتَبْنَاهَا عَلَيْهِمْ (မာ ကသဗ်နာဟာ အလိုင်ဟိမ်) — ငါအရှင်မြတ်သည် သူတို့အပေါ် မပြဋ္ဌာန်းခဲ့ပါ။
  • ابْتِغَاءَ رِضْوَانِ اللَّهِ (အိဗ်သိဂါအ ရိဒ်ွာနိလ္လာဟ်) — အလ္လာဟ်အရှင်မြတ်၏ ကျေနပ်မှုကို ရှာဖွေလိုခြင်း။
  • فَمَا رَعَوْهَا حَقَّ رِعَايَتِهَا (ဖမာ ရအောင်ဟာ ဟက္က ရိအာယသိဟာ) — သူတို့သည် ယင်းကို မှန်ကန်စွာ မထိန်းသိမ်းခဲ့ကြပါ။
  • فَاسِقُونَ (ဖာစိကူန်) — အမိန့်တော်ကို ဖီဆန်သူများ၊ နာခံမှုမှ လွတ်ထွက်သွားသူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ထို့နောက် ငါအရှင်မြတ်သည် နူဟ် (အလိုင်ဟိစ္စလာမ်) နှင့် အိဗ်ရာဟီမ် (အလိုင်ဟိစ္စလာမ်) တို့၏ နောက်တွင် ရစူလ်တမန်တော်များကို ဆက်လက်၍ စေလွှတ်တော်မူခဲ့သည်။ ထို့နောက် မရ်ယမ်၏သား အီစာ (အလိုင်ဟိစ္စလာမ်) ကို စေလွှတ်တော်မူခဲ့ပြီး သူ့အား အိန္ဂျီလ် ကျမ်းတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့သည်။ ထို့ပြင် သူ့ကို နာခံလိုက်နာခဲ့ကြသူများ၏ နှလုံးသားများတွင် နူးညံ့သော ကရုဏာနှင့် သနားကြင်နာမှုကို ဖြစ်ပေါ်စေတော်မူခဲ့သည်။ သူတို့သည် အချင်းချင်း ချစ်ခင်ကြင်နာစွာ ဆက်ဆံခဲ့ကြသည်။

သို့သော် သူတို့သည် ဘာသာရေးတွင် အလွန်အကျွံ ခက်ခဲကြမ်းတမ်းစွာ ကျင့်သုံးခြင်း (ရဟ်ဗာနီယသ်) ကို ကိုယ်တိုင် အသစ်တီထွင်ခဲ့ကြသည်။ အိမ်ထောင်ပြုခြင်းနှင့် အလ္လာဟ်အရှင်မြတ် ခွင့်ပြုထားသော သာယာမှုများကို စွန့်လွှတ်ခဲ့ကြသည်။ ငါအရှင်မြတ်သည် ယင်းကို သူတို့အပေါ် ပြဋ္ဌာန်းတော်မူခဲ့ခြင်း မရှိပါ။ သူတို့ကိုယ်တိုင် ဘာသာရေးတွင် အသစ်တ



📜 အာယာသ် 25-29 — စူရာ အလ်-ဟဒီးဒ်

25لَقَدْ أَرْسَلْنَا رُسُلَنَا بِالْبَيِّنَاتِ وَأَنزَلْنَا مَعَهُمُ الْكِتَابَ وَالْمِيزَانَ لِيَقُومَ النَّاسُ بِالْقِسْطِ ۖ وَأَنزَلْنَا الْحَدِيدَ فِيهِ بَأْسٌ شَدِيدٌ وَمَنَافِعُ لِلنَّاسِ وَلِيَعْلَمَ اللَّهُ مَن يَنصُرُهُ وَرُسُلَهُ بِالْغَيْبِ ۚ إِنَّ اللَّهَ قَوِيٌّ عَزِيزٌ
ဧကန်မလွဲ ငါအရှင်မြတ်သည် မိမိ ရစူလ်တမန်တော်များအား ထင်ရှားစွာသော သက်သေ လက္ခဏာများနှင့်တကွ စေလွှတ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုရစူလ်တမန်တော်များနှင့်အတူ လူတို့သည် တရားမျှတမှုပေါ်၌ ရပ်တည်ကြအံ့သောငှာ ကျမ်းဂန်ကိုလည်းကောင်း၊ တရားမျှတမှုကိုလည်းကောင်း ချပေးသနားတော်မူခဲ့၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် သံသတ္တုကို ချပေးတော်မူခဲ့၏။ယင်းသံသတ္တု၌ ကြီးကျယ်ပြင်းထန်လှသော စွမ်းအင်ရှိပေသည်။ လူသားတို့အဖို့ အကျိုးကျေးဇူးများလည်း ရှိသည်။ထိုမှတစ်ပါး မည်သူသည် မမြင်ဘဲလျက် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များအားလည်းကောင်း၊ ကူညီသည်ကို အလ္လာဟ်အရှင်မြတ်သည် သိတော်မူအံ့သောငှာ (ချပေးတော်မူခြင်းလည်းဖြစ်၏)။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်မှာမူကား အလွန်တရာ အားအင် ပြည့်စုံသောအရှင်၊ အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသတည်း။
26وَلَقَدْ أَرْسَلْنَا نُوحًا وَإِبْرَاهِيمَ وَجَعَلْنَا فِي ذُرِّيَّتِهِمَا النُّبُوَّةَ وَالْكِتَابَ ۖ فَمِنْهُم مُّهْتَدٍ ۖ وَكَثِيرٌ مِّنْهُمْ فَاسِقُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် (နဗီတမန်တော်) ‘နူဟ်’အားလည်းကောင်း၊ (နဗီတမန်တော်) ‘အိဗ်ရာဟီမ်’အားလည်းကောင်း၊ စေလွှတ်တော်မူ၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)’နူဟ်’ နှင့်(နဗီတမန်တော်)’အီဗ်ရာဟီမ်’ နှစ်ပါးတို့၏သား၊ မြေးတို့၌ နဗီတမန်တော် ဖြစ်မှုကိုလည်းကောင်း၊ ကျမ်းဂန်ကိုလည်းကောင်း၊ သတ်မှတ်၍ ပေးသနားတော်မူခဲ့ရာ ၎င်းတို့တွင် တရားလမ်းမှန်ကို ရရှိသူများလည်း ရှိခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့အနက် မြောက်မြားစွာသောသူတို့မှာ သွေဖည်သူများပင် ဖြစ်ခဲ့ကြ၏။
27ثُمَّ قَفَّيْنَا عَلَىٰ آثَارِهِم بِرُسُلِنَا وَقَفَّيْنَا بِعِيسَى ابْنِ مَرْيَمَ وَآتَيْنَاهُ الْإِنجِيلَ وَجَعَلْنَا فِي قُلُوبِ الَّذِينَ اتَّبَعُوهُ رَأْفَةً وَرَحْمَةً وَرَهْبَانِيَّةً ابْتَدَعُوهَا مَا كَتَبْنَاهَا عَلَيْهِمْ إِلَّا ابْتِغَاءَ رِضْوَانِ اللَّهِ فَمَا رَعَوْهَا حَقَّ رِعَايَتِهَا ۖ فَآتَيْنَا الَّذِينَ آمَنُوا مِنْهُمْ أَجْرَهُمْ ۖ وَكَثِيرٌ مِّنْهُمْ فَاسِقُونَ
ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့၏နောက်တွင် မိမိရစူလ်တမန်တော်များအား အဆက်မပြတ် စေလွှတ်တော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ‘မရ်ယမ်’၏သားတော် (နဗီတမန်တော်)’အီစာ’ အား စေလွှတ်တော်မူခဲ့၏။၎င်းပြင် ငါအရှင်မြတ်သည် ထို’အီစာ’အား ‘အင်န်ဂျီလ်’ကျမ်းတော်ကို ချီးမြှင့် ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို’အီစာ’ ၏နောက်သို့ လိုက်ခဲ့ကြသောသူတို့၏ စိတ်နှလုံးများတွင် နူးညံ့သိမ်မွေ့မှုကိုလည်းကောင်း၊ ကရုဏာတရားကိုလည်းကောင်း ထည့်သွင်းပေးတော် မူခဲ့၏။ သို့ရာတွင်(၎င်းတို့ကိုယ်တိုင်) အလ္လာဟ်အရှင်မြတ်၏ နှစ်မြို့မှုရှာဖွေအံ့သောငှာ (တောထွက် လမ်းစဉ်ကို လိုက်နာကျင့်သုံးခဲ့ကြကုန်၏)။သို့ပါသော်လည်း ၎င်းတို့သည် ယင်းတောထွက်လမ်းစဉ်ကို စောင့်စည်းအပ်သောဝတ္တရားနှင့်အညီ စောင့်စည်းနိုင်ကြသည် မရှိချေ။မည်သို့ပင်ဖြစ်စေ ငါအရှင်မြတ်သည် ၎င်းတို့အနက် သက်ဝင် ယုံကြည်ခဲ့ကြသော သူတို့အား ၎င်းတို့၏အကျိုးကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ သို့ရာတွင် ၎င်းတို့အနက် မြောက်မြားစွာသော သူတို့မှာကား သွေဖည်သူများပင် ဖြစ်ကြကုန်သတည်း။
28يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَآمِنُوا بِرَسُولِهِ يُؤْتِكُمْ كِفْلَيْنِ مِن رَّحْمَتِهِ وَيَجْعَل لَّكُمْ نُورًا تَمْشُونَ بِهِ وَيَغْفِرْ لَكُمْ ۚ وَاللَّهُ غَفُورٌ رَّحِيمٌ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား ယုံကြည်ကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အား မိမိကရုဏာတော်မှ နှစ်ဆ ချီးမြှင့် ပေးသနားတော်မူမည့်ပြင်၊ အသင်တို့အဖို့ အကြင်အလင်းရောင်ကို ဖန်ဆင်း၍ ပေးသနားတော်မူပေမည်။ အသင်တို့သည် ယင်းအလင်းရောင်ဖြင့် လျှောက်သွားကြပေမည်။ ထိုမှတစ်ပါး အသင်တို့အား ခွင့်လွှတ်ချမ်းသာခွင့် ပေးသနားတော်မူပေမည်။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ ကြင်နာသနားတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
29لِّئَلَّا يَعْلَمَ أَهْلُ الْكِتَابِ أَلَّا يَقْدِرُونَ عَلَىٰ شَيْءٍ مِّن فَضْلِ اللَّهِ ۙ وَأَنَّ الْفَضْلَ بِيَدِ اللَّهِ يُؤْتِيهِ مَن يَشَاءُ ۚ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
(ယင်းသို့ ချီးမြှင့် ပေးသနားတော်မူမည့် အကြောင်းမှာ) ရှေးကျမ်းကို ရရှိခဲ့သောသူတို့သည် ၎င်းတို့မှာ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်အနက် အနည်းငယ်မျှကိုပင် (ရယူ)နိုင်ကြသည် မဟုတ်ကြောင်းကိုလည်းကောင်း၊ ကျေးဇူးတော်မှာ အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်း၌သာရှိ၍ ထိုအရှင်မြတ်သည် မိမိ အလိုရှိတော်မူသောသူအား ယင်းကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူကြောင်းကိုလည်းကောင်း၊ သိရှိအံ့သောငှာဖြစ်၏။ အမှန်စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်လှသော ကျေးဇူးတော်ကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အလ်-ဟဒီးဒ်ကုရ်အာန် ညွှန်းကိန်း
29အာယာသ်
MedinanRevelation
27အာယာသ်

ဘာသာပြန် — အလ်-ဟဒီးဒ် 27

စူရာ အလ်-ဟဒီးဒ် အာယာသ် 27 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့၏နောက်တွင် မိမိရစူလ်တမန်တော်များအား အဆက်မပြတ် စေလွှတ်တော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ‘မရ်ယမ်’၏သားတော် (နဗီတမန်တော်)’အီစာ’…

စူရာ အာယာသ် 27/29 — စူရာ အလ်-ဟဒီးဒ် الحديد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဒီးဒ် နားထောင်, စူရာ အလ်-ဟဒီးဒ် ဘာသာပြန်, စူရာ အလ်-ဟဒီးဒ် mp3, စူရာ အလ်-ဟဒီးဒ် pdf. အာယာသ် 25–29. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers