وَلَقَدْ أَرْسَلْنَا نُوحًا وَإِبْرَاهِيمَ وَجَعَلْنَا فِي ذُرِّيَّتِهِمَا النُّبُوَّةَ وَالْكِتَابَ ۖ فَمِنْهُم مُّهْتَدٍ ۖ وَكَثِيرٌ مِّنْهُمْ فَاسِقُونَ ٢٦
🔤 Transliteration
Wa laqad arsalnaa Noohanw wa Ibraaheema wa ja`alnaa fee zurriyyatihiman nubuwwata wal Kitaaba faminhum muhtad; wa kaseerum minhum faasiqoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် (နဗီတမန်တော်) ‘နူဟ်’အားလည်းကောင်း၊ (နဗီတမန်တော်) ‘အိဗ်ရာဟီမ်’အားလည်းကောင်း၊ စေလွှတ်တော်မူ၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)’နူဟ်’ နှင့်(နဗီတမန်တော်)’အီဗ်ရာဟီမ်’ နှစ်ပါးတို့၏သား၊ မြေးတို့၌ နဗီတမန်တော် ဖြစ်မှုကိုလည်းကောင်း၊ ကျမ်းဂန်ကိုလည်းကောင်း၊ သတ်မှတ်၍ ပေးသနားတော်မူခဲ့ရာ ၎င်းတို့တွင် တရားလမ်းမှန်ကို ရရှိသူများလည်း ရှိခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့အနက် မြောက်မြားစွာသောသူတို့မှာ သွေဖည်သူများပင် ဖြစ်ခဲ့ကြ၏။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ် အရ်စလ်နာ (أَرْسَلْنَا ): ငါအရှင်မြတ်သည် စေလွှတ်တော်မူခဲ့သည်။ဇုရ်ရိယျသ် (ذُرِّيَّة ): သားစဉ်မြေးဆက်၊ မျိုးဆက်။နုဗုဝ်းဝသ် (النُّبُوَّة ): တမန်တော်ဖြစ်ခြင်း၊ နဗီတမန်တော်အဖြစ် ခန့်အပ်ခြင်း။ကသာဗ် (الْكِتَاب ): ကျမ်းတော်များ (အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသော ကျမ်းများ)။မုဟ်သာဒ် (مُهْتَدٍ ): လမ်းမှန်ကို ရရှိသူ၊ တရားလမ်းစဉ်ကို လိုက်နာသူ။ဖာစိကူန် (فَاسِقُونَ ): အမိန့်တော်ကို ဖီဆန်သူများ၊ နာခံမှုမှ လွန်ကျူးသူများ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အလ္လာဟ်အရှင်မြတ်သည် တမန်တော် နူးဟ် (အလိုင်ဟိစ်စလာမ်) နှင့် တမန်တော် အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) တို့အား သူတို့၏ လူမျိုးများထံသို့ စေလွှတ်တော်မူခဲ့ကြောင်း မိန့်တော်မူသည်။ ထို့နောက် ထိုတမန်တော်နှစ်ပါး၏ သားစဉ်မြေးဆက်များထဲတွင် တမန်တော်ဖြစ်ခြင်းနှင့် ကျမ်းတော်များကို ချီးမြှင့်ပေးသနားတော်မူခဲ့သည်။ ထိုသားစဉ်မြေးဆက်များထဲမှ အချို့သည် လမ်းမှန်ကို ရရှိပြီး အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မှုကို ခံယူကြသည်။ သို့သော် သူတို့ထဲမှ အများစုမှာမူ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို ဖီဆန်ပြီး နာခံမှုမှ လွန်ကျူးကြသည်။
ဤအာယသ်တော်သည် တမန်တော် နူးဟ်နှင့် တမန်တော် အိဗ်ရာဟီမ်တို့အား ဂုဏ်ပြုခြင်းနှင့် သူတို့နှစ်ပါး၏ မျိုးဆက်များတွင် တမန်တော်ဖြစ်ခြင်းနှင့် ကျမ်းတော်များကို ပေးသနားတော်မူခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ကြီးမားသော ကျေးဇူးတော်ဖြစ်ကြောင်း ဖော်ပြသည်။ တမန်တော် အိဗ်ရာဟီမ်၏ မျိုးဆက်များထဲမှပင် တောင်ရာသ်၊ ဇဗူရ်၊ အိန်ဂျီးလ်နှင့် ကုရ်အာန်ကျမ်းတော်မြတ်တို့ကို ချမှတ်ပေးသနားတော်မူခဲ့သည်။ သို့သော် မျိုးဆက်တစ်ခုလုံး လမ်းမှန်ရရှိကြသည်မဟုတ်၊ အချို့သာ လမ်းမှန်ကို ရရှိကြပြီး အများစုမှာ ဖီဆန်လွန်ကျူးသူများ ဖြစ်ကြသည်။ ဤအချက်က လမ်းညွှန်မှုသည် အလ္လာဟ်အရှင်မြတ်၏ ဆန္ဒတော်နှင့် လူသားတို့၏ ရွေးချယ်မှုအပေါ် မူတည်ကြောင်း သွန်သင်ပေးသည်။
**၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူ
وَلَقَدۡ أَرۡسَلۡنَا نُوحًا وَإِبۡرَٰهِيمَ وَجَعَلۡنَا فِي ذُرِّيَّتِهِمَا ٱلنُّبُوَّةَ وَٱلۡكِتَٰبَۖ فَمِنۡهُم مُّهۡتَدٍۖ وَكَثِيرٌ مِّنۡهُمۡ فَٰسِقُونَ ٢٦
ထိုမှတစ်ပါး ငါအရှင်မြတ်သည် (နဗီတမန်တော်) ‘နူဟ်’အားလည်းကောင်း၊ (နဗီတမန်တော်) ‘အိဗ်ရာဟီမ်’အားလည်းကောင်း၊ စေလွှတ်တော်မူ၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)’နူဟ်’ နှင့်(နဗီတမန်တော်)’အီဗ်ရာဟီမ်’ နှစ်ပါးတို့၏သား၊ မြေးတို့၌ နဗီတမန်တော် ဖြစ်မှုကိုလည်းကောင်း၊ ကျမ်းဂန်ကိုလည်းကောင်း၊ သတ်မှတ်၍ ပေးသနားတော်မူခဲ့ရာ ၎င်းတို့တွင် တရားလမ်းမှန်ကို ရရှိသူများလည်း ရှိခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့အနက် မြောက်မြားစွာသောသူတို့မှာ သွေဖည်သူများပင် ဖြစ်ခဲ့ကြ၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 24-28 — စူရာ အလ်-ဟဒီးဒ်
24 الَّذِينَ يَبْخَلُونَ وَيَأْمُرُونَ النَّاسَ بِالْبُخْلِ ۗ وَمَن يَتَوَلَّ فَإِنَّ اللَّهَ هُوَ الْغَنِيُّ الْحَمِيدُ
(၎င်းတို့ကား)အကြင်သူများပင်။ ထိုသူတို့သည် မိမိတို့ကိုယ်တိုင် စေးနှဲကြသည်သာမက၊ သူတစ်ပါးတို့အားလည်း စေးနှဲကြရန် အမိန့်ပေးကြကုန်၏။ စင်စစ်သော်ကား မည်သူမဆို (သုံးစွဲလှူဒါန်း ခြင်းမပြုဘဲ) မျက်နှာလွှဲ၍ ထွက်သွားလျှင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းအပ်သော ဝိသေသဂုဏ်ထူးအပေါင်းတို့နှင့် ပြည့်စုံတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသတည်း။
25 لَقَدْ أَرْسَلْنَا رُسُلَنَا بِالْبَيِّنَاتِ وَأَنزَلْنَا مَعَهُمُ الْكِتَابَ وَالْمِيزَانَ لِيَقُومَ النَّاسُ بِالْقِسْطِ ۖ وَأَنزَلْنَا الْحَدِيدَ فِيهِ بَأْسٌ شَدِيدٌ وَمَنَافِعُ لِلنَّاسِ وَلِيَعْلَمَ اللَّهُ مَن يَنصُرُهُ وَرُسُلَهُ بِالْغَيْبِ ۚ إِنَّ اللَّهَ قَوِيٌّ عَزِيزٌ
ဧကန်မလွဲ ငါအရှင်မြတ်သည် မိမိ ရစူလ်တမန်တော်များအား ထင်ရှားစွာသော သက်သေ လက္ခဏာများနှင့်တကွ စေလွှတ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုရစူလ်တမန်တော်များနှင့်အတူ လူတို့သည် တရားမျှတမှုပေါ်၌ ရပ်တည်ကြအံ့သောငှာ ကျမ်းဂန်ကိုလည်းကောင်း၊ တရားမျှတမှုကိုလည်းကောင်း ချပေးသနားတော်မူခဲ့၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် သံသတ္တုကို ချပေးတော်မူခဲ့၏။ယင်းသံသတ္တု၌ ကြီးကျယ်ပြင်းထန်လှသော စွမ်းအင်ရှိပေသည်။ လူသားတို့အဖို့ အကျိုးကျေးဇူးများလည်း ရှိသည်။ထိုမှတစ်ပါး မည်သူသည် မမြင်ဘဲလျက် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များအားလည်းကောင်း၊ ကူညီသည်ကို အလ္လာဟ်အရှင်မြတ်သည် သိတော်မူအံ့သောငှာ (ချပေးတော်မူခြင်းလည်းဖြစ်၏)။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်မှာမူကား အလွန်တရာ အားအင် ပြည့်စုံသောအရှင်၊ အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသတည်း။
26 وَلَقَدْ أَرْسَلْنَا نُوحًا وَإِبْرَاهِيمَ وَجَعَلْنَا فِي ذُرِّيَّتِهِمَا النُّبُوَّةَ وَالْكِتَابَ ۖ فَمِنْهُم مُّهْتَدٍ ۖ وَكَثِيرٌ مِّنْهُمْ فَاسِقُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် (နဗီတမန်တော်) ‘နူဟ်’အားလည်းကောင်း၊ (နဗီတမန်တော်) ‘အိဗ်ရာဟီမ်’အားလည်းကောင်း၊ စေလွှတ်တော်မူ၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)’နူဟ်’ နှင့်(နဗီတမန်တော်)’အီဗ်ရာဟီမ်’ နှစ်ပါးတို့၏သား၊ မြေးတို့၌ နဗီတမန်တော် ဖြစ်မှုကိုလည်းကောင်း၊ ကျမ်းဂန်ကိုလည်းကောင်း၊ သတ်မှတ်၍ ပေးသနားတော်မူခဲ့ရာ ၎င်းတို့တွင် တရားလမ်းမှန်ကို ရရှိသူများလည်း ရှိခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့အနက် မြောက်မြားစွာသောသူတို့မှာ သွေဖည်သူများပင် ဖြစ်ခဲ့ကြ၏။
27 ثُمَّ قَفَّيْنَا عَلَىٰ آثَارِهِم بِرُسُلِنَا وَقَفَّيْنَا بِعِيسَى ابْنِ مَرْيَمَ وَآتَيْنَاهُ الْإِنجِيلَ وَجَعَلْنَا فِي قُلُوبِ الَّذِينَ اتَّبَعُوهُ رَأْفَةً وَرَحْمَةً وَرَهْبَانِيَّةً ابْتَدَعُوهَا مَا كَتَبْنَاهَا عَلَيْهِمْ إِلَّا ابْتِغَاءَ رِضْوَانِ اللَّهِ فَمَا رَعَوْهَا حَقَّ رِعَايَتِهَا ۖ فَآتَيْنَا الَّذِينَ آمَنُوا مِنْهُمْ أَجْرَهُمْ ۖ وَكَثِيرٌ مِّنْهُمْ فَاسِقُونَ
ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့၏နောက်တွင် မိမိရစူလ်တမန်တော်များအား အဆက်မပြတ် စေလွှတ်တော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ‘မရ်ယမ်’၏သားတော် (နဗီတမန်တော်)’အီစာ’ အား စေလွှတ်တော်မူခဲ့၏။၎င်းပြင် ငါအရှင်မြတ်သည် ထို’အီစာ’အား ‘အင်န်ဂျီလ်’ကျမ်းတော်ကို ချီးမြှင့် ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို’အီစာ’ ၏နောက်သို့ လိုက်ခဲ့ကြသောသူတို့၏ စိတ်နှလုံးများတွင် နူးညံ့သိမ်မွေ့မှုကိုလည်းကောင်း၊ ကရုဏာတရားကိုလည်းကောင်း ထည့်သွင်းပေးတော် မူခဲ့၏။ သို့ရာတွင်(၎င်းတို့ကိုယ်တိုင်) အလ္လာဟ်အရှင်မြတ်၏ နှစ်မြို့မှုရှာဖွေအံ့သောငှာ (တောထွက် လမ်းစဉ်ကို လိုက်နာကျင့်သုံးခဲ့ကြကုန်၏)။သို့ပါသော်လည်း ၎င်းတို့သည် ယင်းတောထွက်လမ်းစဉ်ကို စောင့်စည်းအပ်သောဝတ္တရားနှင့်အညီ စောင့်စည်းနိုင်ကြသည် မရှိချေ။မည်သို့ပင်ဖြစ်စေ ငါအရှင်မြတ်သည် ၎င်းတို့အနက် သက်ဝင် ယုံကြည်ခဲ့ကြသော သူတို့အား ၎င်းတို့၏အကျိုးကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ သို့ရာတွင် ၎င်းတို့အနက် မြောက်မြားစွာသော သူတို့မှာကား သွေဖည်သူများပင် ဖြစ်ကြကုန်သတည်း။
28 يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَآمِنُوا بِرَسُولِهِ يُؤْتِكُمْ كِفْلَيْنِ مِن رَّحْمَتِهِ وَيَجْعَل لَّكُمْ نُورًا تَمْشُونَ بِهِ وَيَغْفِرْ لَكُمْ ۚ وَاللَّهُ غَفُورٌ رَّحِيمٌ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား ယုံကြည်ကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အား မိမိကရုဏာတော်မှ နှစ်ဆ ချီးမြှင့် ပေးသနားတော်မူမည့်ပြင်၊ အသင်တို့အဖို့ အကြင်အလင်းရောင်ကို ဖန်ဆင်း၍ ပေးသနားတော်မူပေမည်။ အသင်တို့သည် ယင်းအလင်းရောင်ဖြင့် လျှောက်သွားကြပေမည်။ ထိုမှတစ်ပါး အသင်တို့အား ခွင့်လွှတ်ချမ်းသာခွင့် ပေးသနားတော်မူပေမည်။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ ကြင်နာသနားတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
ဘာသာပြန် — အလ်-ဟဒီးဒ် 26 စူရာ အလ်-ဟဒီးဒ် အာယာသ် 26 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ငါအရှင်မြတ်သည် (နဗီတမန်တော်) ‘နူဟ်’အားလည်းကောင်း၊ (နဗီတမန်တော်) ‘အိဗ်ရာဟီမ်’အားလည်းကောင်း၊ စေလွှတ်တော်မူ၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)’နူဟ်’…
စူရာ အာယာသ် 26/29 — စူရာ အလ်-ဟဒီးဒ် الحديد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဒီးဒ် နားထောင်, စူရာ အလ်-ဟဒီးဒ် ဘာသာပြန်, စူရာ အလ်-ဟဒီးဒ် mp3, စူရာ အလ်-ဟဒီးဒ် pdf. အာယာသ် 24–28. မြန်မာဘာသာ: ภาษาไทย.