အလ်-ဟဒီးဒ် · 28/29
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟဒီးဒ်
يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَآمِنُوا بِرَسُولِهِ يُؤْتِكُمْ كِفْلَيْنِ مِن رَّحْمَتِهِ وَيَجْعَل لَّكُمْ نُورًا تَمْشُونَ بِهِ وَيَغْفِرْ لَكُمْ ۚ وَاللَّهُ غَفُورٌ رَّحِيمٌ ۝٢٨
Yaaa ayyuhal lazeena aamaanut taqullaaha wa aaminoo bi Rasoolihee yu`tikum kiflaini mir rahmatihee wa yaj`al lakum nooran tamshoona bihee wa yaghfir lakum; wallaahu Ghafoorur Raheem
📖 မြန်မာဘာသာ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား ယုံကြည်ကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အား မိမိကရုဏာတော်မှ နှစ်ဆ ချီးမြှင့် ပေးသနားတော်မူမည့်ပြင်၊ အသင်တို့အဖို့ အကြင်အလင်းရောင်ကို ဖန်ဆင်း၍ ပေးသနားတော်မူပေမည်။ အသင်တို့သည် ယင်းအလင်းရောင်ဖြင့် လျှောက်သွားကြပေမည်။ ထိုမှတစ်ပါး အသင်တို့အား ခွင့်လွှတ်ချမ်းသာခွင့် ပေးသနားတော်မူပေမည်။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ ကြင်နာသနားတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်

  • အတ္တကူလ္လာဟ (اتَّقُوا اللَّهَ) — အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ခြင်း၊ အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်း။
  • ကစ်ဖ်လိုင်နိ (كِفْلَيْنِ) — အစုနှစ်စု၊ အခန်းကဏ္ဍနှစ်ခု၊ အကျိုးအမြတ်နှစ်မျိုး။
  • နူရန် (نُورًا) — အလင်း၊ လမ်းညွှန်အလင်း၊ လမ်းပြအလင်း။
  • တမ်ရှူန ဗိဟိ (تَمْشُونَ بِهِ) — ထိုအလင်းဖြင့် လျှောက်လှမ်းကြသည်၊ ထိုအလင်းဖြင့် လမ်းညွှန်ခံရသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို အီမာန်ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါ။ အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာပြီး တားမြစ်ချက်များကို ရှောင်ကြဉ်ပါ။ ထို့အပြင် အရှင်မြတ်၏ ရစူလ်တမန်တော် (မုဟမ္မဒ် ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) အား အီမာန်ယုံကြည်ပါ။ သင်တို့သည် ထိုသို့ပြုလုပ်ပါက အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အရှင်မြတ်၏ ကရုဏာတော်မှ အကျိုးအမြတ်နှစ်စုကို ပေးသနားတော်မူမည်။ ယင်းမှာ ရှေးကျမ်းတော်များ (တောင်ရာသ်နှင့် အိန်ဂျီလ်) ကို ယုံကြည်ခြင်းအတွက် အကျိုးတစ်စု၊ ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) ကို ယုံကြည်ခြင်းအတွက် အကျိုးတစ်စုတို့ ဖြစ်သည်။ ထို့အပြင် အရှင်မြတ်သည် သင်တို့အား အလင်းတစ်ခုကို ဖြစ်စေတော်မူမည်။ ထိုအလင်းဖြင့် သင်တို့သည် ဤလောကီဘဝတွင် မှန်ကန်သောလမ်းစဉ်ကို လျှောက်လှမ်းနိုင်ကြမည်။ နောင်တမလွန်ဘဝတွင် သိရာသ်တံတားပေါ်၌လည်း ထိုအလင်းဖြင့် ဖြတ်သန်းနိုင်ကြမည်။ ထို့အပြင် အရှင်မြတ်သည် သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူမည်။ အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူသည်။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ခြင်းနှင့် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) အား အီမာန်ယုံကြည်ခြင်းသည် အကျိုးအမြတ်နှစ်စုကို ရရှိစေသော လမ်းစဉ်ဖြစ်သည်။
  • ဤဒုန်ယာဘဝတွင် မှန်ကန်သောလမ်းကို လျှောက်လှမ်းနိုင်ရ


📜 အာယာသ် 26-29 — စူရာ အလ်-ဟဒီးဒ်

26وَلَقَدْ أَرْسَلْنَا نُوحًا وَإِبْرَاهِيمَ وَجَعَلْنَا فِي ذُرِّيَّتِهِمَا النُّبُوَّةَ وَالْكِتَابَ ۖ فَمِنْهُم مُّهْتَدٍ ۖ وَكَثِيرٌ مِّنْهُمْ فَاسِقُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် (နဗီတမန်တော်) ‘နူဟ်’အားလည်းကောင်း၊ (နဗီတမန်တော်) ‘အိဗ်ရာဟီမ်’အားလည်းကောင်း၊ စေလွှတ်တော်မူ၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)’နူဟ်’ နှင့်(နဗီတမန်တော်)’အီဗ်ရာဟီမ်’ နှစ်ပါးတို့၏သား၊ မြေးတို့၌ နဗီတမန်တော် ဖြစ်မှုကိုလည်းကောင်း၊ ကျမ်းဂန်ကိုလည်းကောင်း၊ သတ်မှတ်၍ ပေးသနားတော်မူခဲ့ရာ ၎င်းတို့တွင် တရားလမ်းမှန်ကို ရရှိသူများလည်း ရှိခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့အနက် မြောက်မြားစွာသောသူတို့မှာ သွေဖည်သူများပင် ဖြစ်ခဲ့ကြ၏။
27ثُمَّ قَفَّيْنَا عَلَىٰ آثَارِهِم بِرُسُلِنَا وَقَفَّيْنَا بِعِيسَى ابْنِ مَرْيَمَ وَآتَيْنَاهُ الْإِنجِيلَ وَجَعَلْنَا فِي قُلُوبِ الَّذِينَ اتَّبَعُوهُ رَأْفَةً وَرَحْمَةً وَرَهْبَانِيَّةً ابْتَدَعُوهَا مَا كَتَبْنَاهَا عَلَيْهِمْ إِلَّا ابْتِغَاءَ رِضْوَانِ اللَّهِ فَمَا رَعَوْهَا حَقَّ رِعَايَتِهَا ۖ فَآتَيْنَا الَّذِينَ آمَنُوا مِنْهُمْ أَجْرَهُمْ ۖ وَكَثِيرٌ مِّنْهُمْ فَاسِقُونَ
ထို့နောက် ငါအရှင်မြတ်သည် ၎င်းတို့၏နောက်တွင် မိမိရစူလ်တမန်တော်များအား အဆက်မပြတ် စေလွှတ်တော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ‘မရ်ယမ်’၏သားတော် (နဗီတမန်တော်)’အီစာ’ အား စေလွှတ်တော်မူခဲ့၏။၎င်းပြင် ငါအရှင်မြတ်သည် ထို’အီစာ’အား ‘အင်န်ဂျီလ်’ကျမ်းတော်ကို ချီးမြှင့် ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို’အီစာ’ ၏နောက်သို့ လိုက်ခဲ့ကြသောသူတို့၏ စိတ်နှလုံးများတွင် နူးညံ့သိမ်မွေ့မှုကိုလည်းကောင်း၊ ကရုဏာတရားကိုလည်းကောင်း ထည့်သွင်းပေးတော် မူခဲ့၏။ သို့ရာတွင်(၎င်းတို့ကိုယ်တိုင်) အလ္လာဟ်အရှင်မြတ်၏ နှစ်မြို့မှုရှာဖွေအံ့သောငှာ (တောထွက် လမ်းစဉ်ကို လိုက်နာကျင့်သုံးခဲ့ကြကုန်၏)။သို့ပါသော်လည်း ၎င်းတို့သည် ယင်းတောထွက်လမ်းစဉ်ကို စောင့်စည်းအပ်သောဝတ္တရားနှင့်အညီ စောင့်စည်းနိုင်ကြသည် မရှိချေ။မည်သို့ပင်ဖြစ်စေ ငါအရှင်မြတ်သည် ၎င်းတို့အနက် သက်ဝင် ယုံကြည်ခဲ့ကြသော သူတို့အား ၎င်းတို့၏အကျိုးကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ သို့ရာတွင် ၎င်းတို့အနက် မြောက်မြားစွာသော သူတို့မှာကား သွေဖည်သူများပင် ဖြစ်ကြကုန်သတည်း။
28يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَآمِنُوا بِرَسُولِهِ يُؤْتِكُمْ كِفْلَيْنِ مِن رَّحْمَتِهِ وَيَجْعَل لَّكُمْ نُورًا تَمْشُونَ بِهِ وَيَغْفِرْ لَكُمْ ۚ وَاللَّهُ غَفُورٌ رَّحِيمٌ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား ယုံကြည်ကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အား မိမိကရုဏာတော်မှ နှစ်ဆ ချီးမြှင့် ပေးသနားတော်မူမည့်ပြင်၊ အသင်တို့အဖို့ အကြင်အလင်းရောင်ကို ဖန်ဆင်း၍ ပေးသနားတော်မူပေမည်။ အသင်တို့သည် ယင်းအလင်းရောင်ဖြင့် လျှောက်သွားကြပေမည်။ ထိုမှတစ်ပါး အသင်တို့အား ခွင့်လွှတ်ချမ်းသာခွင့် ပေးသနားတော်မူပေမည်။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ ကြင်နာသနားတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
29لِّئَلَّا يَعْلَمَ أَهْلُ الْكِتَابِ أَلَّا يَقْدِرُونَ عَلَىٰ شَيْءٍ مِّن فَضْلِ اللَّهِ ۙ وَأَنَّ الْفَضْلَ بِيَدِ اللَّهِ يُؤْتِيهِ مَن يَشَاءُ ۚ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
(ယင်းသို့ ချီးမြှင့် ပေးသနားတော်မူမည့် အကြောင်းမှာ) ရှေးကျမ်းကို ရရှိခဲ့သောသူတို့သည် ၎င်းတို့မှာ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်အနက် အနည်းငယ်မျှကိုပင် (ရယူ)နိုင်ကြသည် မဟုတ်ကြောင်းကိုလည်းကောင်း၊ ကျေးဇူးတော်မှာ အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်း၌သာရှိ၍ ထိုအရှင်မြတ်သည် မိမိ အလိုရှိတော်မူသောသူအား ယင်းကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူကြောင်းကိုလည်းကောင်း၊ သိရှိအံ့သောငှာဖြစ်၏။ အမှန်စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်လှသော ကျေးဇူးတော်ကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အလ်-ဟဒီးဒ်ကုရ်အာန် ညွှန်းကိန်း
29အာယာသ်
MedinanRevelation
28အာယာသ်

ဘာသာပြန် — အလ်-ဟဒီးဒ် 28

စူရာ အလ်-ဟဒီးဒ် အာယာသ် 28 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား…

စူရာ အာယာသ် 28/29 — စူရာ အလ်-ဟဒီးဒ် الحديد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဒီးဒ် နားထောင်, စူရာ အလ်-ဟဒီးဒ် ဘာသာပြန်, စူရာ အလ်-ဟဒီးဒ် mp3, စူရာ အလ်-ဟဒီးဒ် pdf. အာယာသ် 26–29. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers