အလ်-မူဂျာဒီလာ · 11/22
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မူဂျာဒီလာ
يَا أَيُّهَا الَّذِينَ آمَنُوا إِذَا قِيلَ لَكُمْ تَفَسَّحُوا فِي الْمَجَالِسِ فَافْسَحُوا يَفْسَحِ اللَّهُ لَكُمْ ۖ وَإِذَا قِيلَ انشُزُوا فَانشُزُوا يَرْفَعِ اللَّهُ الَّذِينَ آمَنُوا مِنكُمْ وَالَّذِينَ أُوتُوا الْعِلْمَ دَرَجَاتٍ ۚ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ ۝١١
Yaaa ayyuhal lazeena aamanoo izaa qeela lakum tafassahoo fil majaalisi fafsahoo yafsahil laahu lakum wa izaa qeelan shuzoo fanshuzoo yarfa`il laahul lazeena aamanoo minkum wallazeena ootul `ilma darajaat; wallaahu bimaa ta`maloona khabeer
📖 မြန်မာဘာသာ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် "နေရာချဲ့ပေးကြလေကုန်" ဟု ပြောဆိုခြင်းကို ခံကြရလေသောအခါ နေရာချဲ၍ ပေးကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ နေရာချဲ့ပေးတော်မူမည်။ ထိုနည်းတူစွာ အသင်တို့သည် "မတ်တတ်ထကြလေကုန်" ဟု ပြောဆိုခြင်းကို ခံကြရလေသောအခါ မတ်တတ်ထကြလေကုန်။ အရှင်မြတ်သည် အသင်တို့အနက် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား လည်းကောင်း၊ အသိပညာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့အား လည်းကောင်း၊ အဆင့်အတန်းများစွာ မြှင့်တင်ပေးတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • تَفَسَّحُوا: ကျယ်ဝန်းစေကြပါ၊ နေရာချဲ့ပေးကြပါ။
  • الْمَجَالِسِ: စုဝေးရာနေရာများ၊ ပရိသတ်ဝိုင်းများ။
  • انشُزُوا: ထ၍ နေရာဖယ်ပေးကြပါ၊ မတ်တတ်ထကြပါ။
  • دَرَجَاتٍ: အဆင့်အတန်းများ၊ ဂုဏ်အဆင့်များ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို အီမာန်ယုံကြည်သူအပေါင်းတို့၊ သင်တို့အား စုဝေးရာနေရာများတွင် နေရာချဲ့ပေးကြပါဟု ပြောဆိုခံရသောအခါ နေရာချဲ့ပေးကြပါ။ သင်တို့ နေရာချဲ့ပေးလျှင် အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် နေရာချဲ့ပေးတော်မူမည်။ ထို့ပြင် သင်တို့အား ထ၍ နေရာဖယ်ပေးကြပါဟု ပြောဆိုခံရသောအခါလည်း ထ၍ နေရာဖယ်ပေးကြပါ။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အနက် အီမာန်ယုံကြည်သူများကိုလည်းကောင်း၊ အသိပညာပေးအပ်ခံရသူများကိုလည်းကောင်း အဆင့်အတန်းများစွာ မြှင့်တင်ပေးတော်မူမည်။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အီမာန်ယုံကြည်သူများသည် အချင်းချင်း စာနာထောက်ထားမှုရှိရမည်။ စုဝေးရာနေရာများတွင် ညီအကိုမောင်နှမများအတွက် နေရာချဲ့ပေးခြင်းသည် အီမာန်၏ အရည်အသွေးတစ်ရပ် ဖြစ်သည်။
  • နေရာချဲ့ပေးခြင်းသည် လောကီဘဝတွင်သာမက နောင်တမလွန်ဘဝတွင်ပါ အလ္လာဟ်အရှင်မြတ်ထံမှ ကျယ်ဝန်းသော ဆုလာဘ်များကို ရရှိစေမည်။
  • အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများနှင့် အသိပညာရှင်များကို အဆင့်အတန်းမြင့်မားစွာ ချီးမြှင့်ပေးတော်မူသည်။ အထူးသဖြင့် အသိပညာရှင်များ၏ ဂုဏ်အဆင့်သည် အလွန်မြင့်မားသည်။
  • ဤအာယသ်တော်သည် အသိပညာကို လေ့လာဆည်းပူးခြင်း၏ မြင့်မြတ်မှုကို ညွှန်ပြသည်။ အသိပညာရှင်များသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အဆင့်အတန်းမြင့်မားသူများ ဖြစ်ကြသည်။
  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏ ပြုလုပ်မှုတိုင်းကို အကြွင်းမဲ့ သိတော်မူသည်။ ထို့ကြောင့် ကောင်းမှုကုသိုလ်များကို စိတ်ရင်းမှန်ဖြင့် ပြုလုပ်ရမည်။
  • ဤအာယသ်တော်သည် အစ္စလာမ်သာသနာ၏ လူမှုရေးစည်းမျဉ်းများကို သွန်သင်ပေးသည်။ အချင်းချင်း လေးစားမှု၊ နေရ


📜 အာယာသ် 9-13 — စူရာ အလ်-မူဂျာဒီလာ

9يَا أَيُّهَا الَّذِينَ آمَنُوا إِذَا تَنَاجَيْتُمْ فَلَا تَتَنَاجَوْا بِالْإِثْمِ وَالْعُدْوَانِ وَمَعْصِيَتِ الرَّسُولِ وَتَنَاجَوْا بِالْبِرِّ وَالتَّقْوَىٰ ۖ وَاتَّقُوا اللَّهَ الَّذِي إِلَيْهِ تُحْشَرُونَ
အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် လျှို့ဝှက်တိုင်ပင်ကြသောအခါ ပြစ်မှုကျူးလွန်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကျူးကျော်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရစူလ်တမန်တော်မြတ်၏အမိန့်ကို သွေဖည်ဆန့်ကျင်ဘက်ပြုခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊လျှို့ဝှက်တိုင်ပင် ခြင်း မပြုကြကုန်လင့်။ သို့ရာတွင် အသင်တို့သည် ကောင်းမှုပြုလုပ်ရန်လည်းကောင်း၊ ပြစ်မှုဒုစရိုက်များမှ ရှောင်ကြဉ်ရန်လည်းကောင်း၊ လျှို့ဝှက်တိုင်ပင် ကြလေကုန်။ထိုမှတစ်ပါး အသင်တို့သည် အကြင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ထို အရှင်မြတ်အထံတော်သို့ပင် အသင်တို့သည် ပြန်လည် စုရုံးကြရပေမည်။
10إِنَّمَا النَّجْوَىٰ مِنَ الشَّيْطَانِ لِيَحْزُنَ الَّذِينَ آمَنُوا وَلَيْسَ بِضَارِّهِمْ شَيْئًا إِلَّا بِإِذْنِ اللَّهِ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
(မကောင်းမှုကျူးလွန်ရန်)လျှို့ဝှက်တိုင်ပင်မှုကား "ရှိုင်တွာန်"မိစ္ဆာကောင်၏ထံမှ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား စိတ်ဒုက္ခ ဖြစ်စေရန်သာဖြစ်၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏အလိုတော်မရှိဘဲ ယင်း "ရှိုင်တွာန်"မိစ္ဆာကောင်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား အနည်းငယ် စိုးစဉ်းမျှပင် ကျိုးယုတ်စေနိုင်သူမဟုတ်ပြီ။ သို့ဖြစ်ပေရာ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ကား အလ္လာဟ် အရှင်မြတ်အပေါ်၌သာလျှင် ယုံပုံလွှဲအပ် အားထားကြရာသတည်း။
11يَا أَيُّهَا الَّذِينَ آمَنُوا إِذَا قِيلَ لَكُمْ تَفَسَّحُوا فِي الْمَجَالِسِ فَافْسَحُوا يَفْسَحِ اللَّهُ لَكُمْ ۖ وَإِذَا قِيلَ انشُزُوا فَانشُزُوا يَرْفَعِ اللَّهُ الَّذِينَ آمَنُوا مِنكُمْ وَالَّذِينَ أُوتُوا الْعِلْمَ دَرَجَاتٍ ۚ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် "နေရာချဲ့ပေးကြလေကုန်" ဟု ပြောဆိုခြင်းကို ခံကြရလေသောအခါ နေရာချဲ၍ ပေးကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ နေရာချဲ့ပေးတော်မူမည်။ ထိုနည်းတူစွာ အသင်တို့သည် "မတ်တတ်ထကြလေကုန်" ဟု ပြောဆိုခြင်းကို ခံကြရလေသောအခါ မတ်တတ်ထကြလေကုန်။ အရှင်မြတ်သည် အသင်တို့အနက် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား လည်းကောင်း၊ အသိပညာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့အား လည်းကောင်း၊ အဆင့်အတန်းများစွာ မြှင့်တင်ပေးတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
12يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نَاجَيْتُمُ الرَّسُولَ فَقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَةً ۚ ذَٰلِكَ خَيْرٌ لَّكُمْ وَأَطْهَرُ ۚ فَإِن لَّمْ تَجِدُوا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် ရစူလ်တမန်တော်မြတ်နှင့် လျှို့ဝှက်ပြောဆို တိုင်ပင်ကြသောအခါ မိမိတို့ လျှို့ဝှက် ပြောဆိုတိုင်ပင်မှု မပြုကြမီ အလှူဒါန တစ်စုံတစ်ရာကို ကြိုတင်ပေးနှင့်ကြလေကုန်။ဤသည် အသင်တို့အဖို့ အကောင်းဆုံးလည်းဖြစ်၏။ အသန့်ရှင်းဆုံးလည်းဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည်(အလှူဒါနပြုရန် ဝတ္ထုပစ္စည်းတစ်စုံတစ်ရာကို) မရခဲ့ကြလျှင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ သနားကရုဏာပြုတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။
13أَأَشْفَقْتُمْ أَن تُقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَاتٍ ۚ فَإِذْ لَمْ تَفْعَلُوا وَتَابَ اللَّهُ عَلَيْكُمْ فَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَأَطِيعُوا اللَّهَ وَرَسُولَهُ ۚ وَاللَّهُ خَبِيرٌ بِمَا تَعْمَلُونَ
အသင်တို့သည် မိမိတို့လျှို့ဝှက် ပြောဆိုမှု မပြုမီ အလှူဒါနများပေးနှင့်ရန် ကြောက်ရွံ့ခဲ့ကြလေပြီလော။ သို့ဖြစ်လျှင် အသင်တို့သည် (ယင်းသို့ အလှူဒါနပေးခြင်းကို) မပြုလုပ်နိုင်ခဲ့ကြသည်ဖြစ်ရာ၊ အလ္လာဟ်အရှင်မြတ်သည်လည်း အသင်တို့ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူသည် ဖြစ်ပေရာ၊အသင်တို့သည် "ဆွလာတ်"ဝတ်ပြုမှုကို ဆောက်တည် ကြလေကုန်။ ၎င်းပြင် အသင်တို့သည် "ဇကာတ်" ပေးဆောင်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်ကိုလည်းကောင်း၊ လိုက်နာကြလေကုန်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက်ရှိကြသည်တို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အလ်-မူဂျာဒီလာကုရ်အာန် ညွှန်းကိန်း
22အာယာသ်
MedinanRevelation
11အာယာသ်

ဘာသာပြန် — အလ်-မူဂျာဒီလာ 11

စူရာ အလ်-မူဂျာဒီလာ အာယာသ် 11 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် "နေရာချဲ့ပေးကြလေကုန်" ဟု ပြောဆိုခြင်းကို ခံကြရလေသောအခါ နေရာချဲ၍ ပေးကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည်…

စူရာ အာယာသ် 11/22 — စူရာ အလ်-မူဂျာဒီလာ المجادلة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မူဂျာဒီလာ နားထောင်, စူရာ အလ်-မူဂျာဒီလာ ဘာသာပြန်, စူရာ အလ်-မူဂျာဒီလာ mp3, စူရာ အလ်-မူဂျာဒီလာ pdf. အာယာသ် 9–13. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers