يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نَاجَيْتُمُ الرَّسُولَ فَقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَةً ۚ ذَٰلِكَ خَيْرٌ لَّكُمْ وَأَطْهَرُ ۚ فَإِن لَّمْ تَجِدُوا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ ١٢
🔤 Transliteration
Yaaa ayyuhal lazeena aamanooo izaa naajitumur Rasoola faqaddimoo baina yadai najwaakum sadaqah; zaalika khairul lakum wa athar; fa il lam tajidoo fa innal laaha ghafoorur Raheem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် ရစူလ်တမန်တော်မြတ်နှင့် လျှို့ဝှက်ပြောဆို တိုင်ပင်ကြသောအခါ မိမိတို့ လျှို့ဝှက် ပြောဆိုတိုင်ပင်မှု မပြုကြမီ အလှူဒါန တစ်စုံတစ်ရာကို ကြိုတင်ပေးနှင့်ကြလေကုန်။ဤသည် အသင်တို့အဖို့ အကောင်းဆုံးလည်းဖြစ်၏။ အသန့်ရှင်းဆုံးလည်းဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည်(အလှူဒါနပြုရန် ဝတ္ထုပစ္စည်းတစ်စုံတစ်ရာကို) မရခဲ့ကြလျှင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ သနားကရုဏာပြုတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
نَاجَيْتُمُ (နာဂျိုင်သုမု): သင်တို့သည် လျှို့ဝှက်စွာ စကားပြောကြသောအခါ။ ဤနေရာတွင် တမန်တော်မုဟမ္မဒ် (ဆွ) နှင့် သီးသန့်လျှို့ဝှက်စွာ စကားပြောဆိုခြင်းကို ဆိုလိုသည်။ فَقَدِّمُوا (ဖကဒ္ဒိမု): သင်တို့သည် ကြိုတင်၍ ပေးလှူကြပါ။ بَيْنَ يَدَيْ (ဗိုင်န ယဒိုင်း): ရှေ့တွင်၊ မတိုင်မီ။ صَدَقَةً (ဆွဒကသန်): ဆွဒကဟ် (အလှူဒါန)။ أَطْهَرُ (အသ်ဟရု): ပို၍ သန့်ရှင်းစင်ကြယ်သည်။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အို အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် တမန်တော်မြတ် (ဆွ) နှင့် လျှို့ဝှက်စွာ စကားပြောလိုသောအခါ ထိုလျှို့ဝှက်စကားပြောခြင်း မပြုမီ ဆွဒကဟ် (အလှူဒါန) တစ်ခုကို ကြိုတင်ပေးလှူကြပါ။ ထိုသို့ ကြိုတင်ပေးလှူခြင်းသည် သင်တို့အတွက် ပို၍ကောင်းမြတ်သည်။ သင်တို့၏ စိတ်နှလုံးများကိုလည်း ပို၍ သန့်ရှင်းစင်ကြယ်စေသည်။ အကယ်၍ သင်တို့သည် ပေးလှူရန် ပစ္စည်းဥစ္စာ မတွေ့ရှိကြလျှင် အပြစ်မရှိပါ။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူသည်။
ဤအာယသ်တော်သည် အစ္စလာမ်သမိုင်းတွင် အထူးအခြေအနေတစ်ခု၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဆွဟာဗာများ (တမန်တော်မြတ်၏ အပေါင်းအဖော်များ) သည် တမန်တော်မြတ် (ဆွ) နှင့် လျှို့ဝှက်စွာ စကားပြောဆိုခြင်းကို အလွန်အကျွံ ပြုလုပ်လာကြသောအခါ အလ္လာဟ်အရှင်မြတ်သည် ဤအမိန့်တော်ကို ချမှတ်တော်မူခဲ့သည်။ သို့ဖြင့် လျှို့ဝှက်စွာ စကားပြောလိုသူတိုင်း ဦးစွာ ဆွဒကဟ် ပေးလှူရမည်ဟု သတ်မှတ်ခဲ့သည်။ ဤအမိန့်တော်သည် လူတို့အား လျှို့ဝှက်စွာ စကားပြောခြင်းကို လျှော့ချစေရန်နှင့် စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေရန် ရည်ရွယ်ခဲ့သည်။
ထို့နောက် ချမ်းသာသူများသည် ဆွဒကဟ် ပေးလှူရမည်ကို စိုးရိမ်သဖြင့် လျှို့ဝှက်စွာ စကားပြောခြင်းကို ရှောင်ကြဉ်လာကြပြီး ဆင်းရဲသူများမှာလည်း ပေးလှူရန် ပစ္စည်းဥစ္စာ မရှိသဖြင့် လျှို့ဝှက်စွာ စကားပြောခြင်းကို ရပ်ဆိုင်းလာကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်၏ နောက်ဆုံးအပိုင်းဖြင့် သက်သာခွင့်ကို ပေးတော
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا نَٰجَيۡتُمُ ٱلرَّسُولَ فَقَدِّمُواْ بَيۡنَ يَدَيۡ نَجۡوَىٰكُمۡ صَدَقَةًۚ ذَٰلِكَ خَيۡرٌ لَّكُمۡ وَأَطۡهَرُۚ فَإِن لَّمۡ تَجِدُواْ فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ١٢
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် ရစူလ်တမန်တော်မြတ်နှင့် လျှို့ဝှက်ပြောဆို တိုင်ပင်ကြသောအခါ မိမိတို့ လျှို့ဝှက် ပြောဆိုတိုင်ပင်မှု မပြုကြမီ အလှူဒါန တစ်စုံတစ်ရာကို ကြိုတင်ပေးနှင့်ကြလေကုန်။ဤသည် အသင်တို့အဖို့ အကောင်းဆုံးလည်းဖြစ်၏။ အသန့်ရှင်းဆုံးလည်းဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည်(အလှူဒါနပြုရန် ဝတ္ထုပစ္စည်းတစ်စုံတစ်ရာကို) မရခဲ့ကြလျှင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ သနားကရုဏာပြုတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 10-14 — စူရာ အလ်-မူဂျာဒီလာ
10 إِنَّمَا النَّجْوَىٰ مِنَ الشَّيْطَانِ لِيَحْزُنَ الَّذِينَ آمَنُوا وَلَيْسَ بِضَارِّهِمْ شَيْئًا إِلَّا بِإِذْنِ اللَّهِ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
(မကောင်းမှုကျူးလွန်ရန်)လျှို့ဝှက်တိုင်ပင်မှုကား "ရှိုင်တွာန်"မိစ္ဆာကောင်၏ထံမှ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား စိတ်ဒုက္ခ ဖြစ်စေရန်သာဖြစ်၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏အလိုတော်မရှိဘဲ ယင်း "ရှိုင်တွာန်"မိစ္ဆာကောင်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား အနည်းငယ် စိုးစဉ်းမျှပင် ကျိုးယုတ်စေနိုင်သူမဟုတ်ပြီ။ သို့ဖြစ်ပေရာ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ကား အလ္လာဟ် အရှင်မြတ်အပေါ်၌သာလျှင် ယုံပုံလွှဲအပ် အားထားကြရာသတည်း။
11 يَا أَيُّهَا الَّذِينَ آمَنُوا إِذَا قِيلَ لَكُمْ تَفَسَّحُوا فِي الْمَجَالِسِ فَافْسَحُوا يَفْسَحِ اللَّهُ لَكُمْ ۖ وَإِذَا قِيلَ انشُزُوا فَانشُزُوا يَرْفَعِ اللَّهُ الَّذِينَ آمَنُوا مِنكُمْ وَالَّذِينَ أُوتُوا الْعِلْمَ دَرَجَاتٍ ۚ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် "နေရာချဲ့ပေးကြလေကုန်" ဟု ပြောဆိုခြင်းကို ခံကြရလေသောအခါ နေရာချဲ၍ ပေးကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ နေရာချဲ့ပေးတော်မူမည်။ ထိုနည်းတူစွာ အသင်တို့သည် "မတ်တတ်ထကြလေကုန်" ဟု ပြောဆိုခြင်းကို ခံကြရလေသောအခါ မတ်တတ်ထကြလေကုန်။ အရှင်မြတ်သည် အသင်တို့အနက် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား လည်းကောင်း၊ အသိပညာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့အား လည်းကောင်း၊ အဆင့်အတန်းများစွာ မြှင့်တင်ပေးတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
12 يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نَاجَيْتُمُ الرَّسُولَ فَقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَةً ۚ ذَٰلِكَ خَيْرٌ لَّكُمْ وَأَطْهَرُ ۚ فَإِن لَّمْ تَجِدُوا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် ရစူလ်တမန်တော်မြတ်နှင့် လျှို့ဝှက်ပြောဆို တိုင်ပင်ကြသောအခါ မိမိတို့ လျှို့ဝှက် ပြောဆိုတိုင်ပင်မှု မပြုကြမီ အလှူဒါန တစ်စုံတစ်ရာကို ကြိုတင်ပေးနှင့်ကြလေကုန်။ဤသည် အသင်တို့အဖို့ အကောင်းဆုံးလည်းဖြစ်၏။ အသန့်ရှင်းဆုံးလည်းဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည်(အလှူဒါနပြုရန် ဝတ္ထုပစ္စည်းတစ်စုံတစ်ရာကို) မရခဲ့ကြလျှင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ သနားကရုဏာပြုတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။
13 أَأَشْفَقْتُمْ أَن تُقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَاتٍ ۚ فَإِذْ لَمْ تَفْعَلُوا وَتَابَ اللَّهُ عَلَيْكُمْ فَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَأَطِيعُوا اللَّهَ وَرَسُولَهُ ۚ وَاللَّهُ خَبِيرٌ بِمَا تَعْمَلُونَ
အသင်တို့သည် မိမိတို့လျှို့ဝှက် ပြောဆိုမှု မပြုမီ အလှူဒါနများပေးနှင့်ရန် ကြောက်ရွံ့ခဲ့ကြလေပြီလော။ သို့ဖြစ်လျှင် အသင်တို့သည် (ယင်းသို့ အလှူဒါနပေးခြင်းကို) မပြုလုပ်နိုင်ခဲ့ကြသည်ဖြစ်ရာ၊ အလ္လာဟ်အရှင်မြတ်သည်လည်း အသင်တို့ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူသည် ဖြစ်ပေရာ၊အသင်တို့သည် "ဆွလာတ်"ဝတ်ပြုမှုကို ဆောက်တည် ကြလေကုန်။ ၎င်းပြင် အသင်တို့သည် "ဇကာတ်" ပေးဆောင်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်ကိုလည်းကောင်း၊ လိုက်နာကြလေကုန်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက်ရှိကြသည်တို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
14 ۞ أَلَمْ تَرَ إِلَى الَّذِينَ تَوَلَّوْا قَوْمًا غَضِبَ اللَّهُ عَلَيْهِم مَّا هُم مِّنكُمْ وَلَا مِنْهُمْ وَيَحْلِفُونَ عَلَى الْكَذِبِ وَهُمْ يَعْلَمُونَ
(အို-နဗီတမန်တော်၊)အသင်သည် အကြင်အမျိုးသားတှို့အား အဆွေခင်ပွန်း ပြုလုပ်ခဲ့ကြသောသူတို့(၏အခြေအနေကို) သုံးသပ်ဆင်ခြင် တွေ့မြင်ခဲ့လေပြီ မဟုတ်လော။ ထိုအမျိုးသားတို့ အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည် အမျက်ထွက်တော်မူခဲ့၏။ ထိုအမျိုးသားတို့ကား အသင်တို့အနက်မှလည်း မဟုတ်ကြပေ။ ၎င်းတို့အနက်မှလည်း မဟုတ်ကြချေ၊ ထိုအမျိုးသားတို့မှာ သိလျက်နှင့်ပင် မုသားနှင့်စပ်လျဉ်း၍ ကျိန်တွယ်ကြကုန်၏။
ဘာသာပြန် — အလ်-မူဂျာဒီလာ 12 စူရာ အလ်-မူဂျာဒီလာ အာယာသ် 12 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် ရစူလ်တမန်တော်မြတ်နှင့် လျှို့ဝှက်ပြောဆို တိုင်ပင်ကြသောအခါ မိမိတို့ လျှို့ဝှက် ပြောဆိုတိုင်ပင်မှု…
စူရာ အာယာသ် 12/22 — စူရာ အလ်-မူဂျာဒီလာ المجادلة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မူဂျာဒီလာ နားထောင်, စူရာ အလ်-မူဂျာဒီလာ ဘာသာပြန်, စူရာ အလ်-မူဂျာဒီလာ mp3, စူရာ အလ်-မူဂျာဒီလာ pdf. အာယာသ် 10–14. မြန်မာဘာသာ: ภาษาไทย.