အလ်-မူဂျာဒီလာ · 7/22
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မူဂျာဒီလာ
أَلَمْ تَرَ أَنَّ اللَّهَ يَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۖ مَا يَكُونُ مِن نَّجْوَىٰ ثَلَاثَةٍ إِلَّا هُوَ رَابِعُهُمْ وَلَا خَمْسَةٍ إِلَّا هُوَ سَادِسُهُمْ وَلَا أَدْنَىٰ مِن ذَٰلِكَ وَلَا أَكْثَرَ إِلَّا هُوَ مَعَهُمْ أَيْنَ مَا كَانُوا ۖ ثُمَّ يُنَبِّئُهُم بِمَا عَمِلُوا يَوْمَ الْقِيَامَةِ ۚ إِنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ ۝٧
Alam tara annal laaha ya`lamu maa fis samaawaati wa maa fil ardi maa yakoonu min najwaa salaasatin illaa Huwa raabi`uhum wa laa khamsatin illaa huwa saadisuhum wa laaa adnaa min zaalika wa laaa aksara illaa huwa ma`ahum ayna, maa kaanoo summa yunabbi`uhum bimaa `amiloo yawmal qiyaamah; innal laaha bikulli shai`in aleem
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်၊) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များ၌ရှိသည်တို့ကို လည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့ကို လည်းကောင်း၊ သိရှိတော်မူကြောင်း အသင်သည် စဉ်းစားဆင်ခြင် သိမြင်ခဲ့ပြီး မဟုတ်ပါလော။ (လူ)သုံးဦး လျှို့ဝှက်တိုင်ပင်ကြသည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ် သည် ၎င်းတို့အနက် စတုတ္ထ ဖြစ်တော်မူ၏။ ထိုနည်းတူစွာ(လူ)ငါးဦး(လျှို့ဝှက်တိုင်ပင်ကြသည်) မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့အနက် ဆဋ္ဌမ ဖြစ်တော်မူ၏။ ထို့ပြင် ထို(သုံးဦး)ထက်လျော့၍လည်းကောင်း၊(ငါးဦး)ထက်ပို၍ လည်းကောင်း၊ (လျှို့ဝှက်တိုင်ပင်ကြသည်)မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့ မည်သည့်နေရာ၌ ရှိနေကြသည်ဖြစ်စေ ၎င်းတို့နှင့်အတူ ရှိနေတော်မူ၏။ထို့နောက် ထိုအရှင်မြတ်သည် "ကိယာမသ်" ရှင်ပြန်ထမည့်နေ့တွင် ၎င်းတို့အား ၎င်းတို့ ကျင့်မူခဲ့သည်တို့ကို သိစေတော်မူပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • နဂျ်ဝါ (نجوى): လျှို့ဝှက်စွာ တီးတိုးပြောဆိုခြင်း၊ လျှို့ဝှက်အစည်းအဝေး ပြုလုပ်ခြင်း။
  • ရာဗိအုဟုမ် (رابعهم): သူတို့၏ စတုတ္ထမြောက်။
  • စာဒိစုဟုမ် (سادسهم): သူတို့၏ ဆဋ္ဌမမြောက်။
  • အက်နာ (أدنى): ထိုထက်နည်းသော။
  • အက္ကသာ (أكثر): ထိုထက်ပိုသော။
  • မာအဟုမ် (معهم): သူတို့နှင့်အတူ။
  • ယုနဗ္ဗိအုဟုမ် (ينبئهم): သူတို့အား အသိပေးမည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များတွင်ရှိသမျှနှင့် မြေပြင်တွင်ရှိသမျှ အရာအားလုံးကို အကြွင်းမဲ့ သိတော်မူကြောင်း သင်မသိပါသလော။ လျှို့ဝှက်စွာ တီးတိုးပြောဆိုနေကြသော လူသုံးဦးရှိလျှင် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ စတုတ္ထမြောက်အဖြစ် အရှင့်အသိဉာဏ်တော်ဖြင့် ရှိတော်မူသည်။ လူငါးဦး လျှို့ဝှက်စွာ ပြောဆိုနေကြလျှင်လည်း အရှင်မြတ်သည် သူတို့၏ ဆဋ္ဌမမြောက်အဖြစ် ရှိတော်မူသည်။ ထိုအရေအတွက်ထက် နည်းသည်ဖြစ်စေ၊ ပိုသည်ဖြစ်စေ အရှင်မြတ်သည် သူတို့နှင့်အတူ အရှင့်အသိဉာဏ်တော်ဖြင့် အမြဲရှိတော်မူသည်။ သူတို့ မည်သည့်နေရာတွင်ရှိစေကာမူ အရှင်မြတ်၏ အသိဉာဏ်တော်သည် သူတို့ကို လွှမ်းခြုံထားသည်။ သူတို့၏ လျှို့ဝှက်စကားများထဲမှ မည်သည့်အရာမျှ အရှင်မြတ်ထံမှ မကွယ်နိုင်ပါ။ ထို့နောက် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်ခဲ့သမျှသော ကောင်းမှုနှင့် မကောင်းမှုများကို သူတို့အား အသိပေးတော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့ သိတော်မူသော အရှင်ဖြစ်တော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့ သိတော်မူကြောင်း ယုံကြည်ခြင်းသည် လူသားတို့အား ကောင်းမှုပြုရန် အားပေးပြီး မကောင်းမှုမှ ရှောင်ကြဉ်ရန် တွန်းအားပေးသည်။
  • လျှို့ဝှက်စွာ ပြောဆိုသည့်အခါတွင်ပင် အလ္လာဟ်အရှင်မြတ် သိတော်မူကြောင်း သတိရခြင်းသည် အခြားသူများအကြောင်း မကောင်းပြောခြင်း၊ ကုန်းချောခြင်းမှ ကင်းဝေးစေသည်။
  • အလ္လာဟ်အရှင်မြတ်သည် မည်သည့်နေရာတွင်မဆို မိမိတို့နှင့


📜 အာယာသ် 5-9 — စူရာ အလ်-မူဂျာဒီလာ

5إِنَّ الَّذِينَ يُحَادُّونَ اللَّهَ وَرَسُولَهُ كُبِتُوا كَمَا كُبِتَ الَّذِينَ مِن قَبْلِهِمْ ۚ وَقَدْ أَنزَلْنَا آيَاتٍ بَيِّنَاتٍ ۚ وَلِلْكَافِرِينَ عَذَابٌ مُّهِينٌ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ ကဏ္ဍက ပြုလုပ်ကြသောသူတို့ကား မိမိတို့အလျင်ရှိခဲ့ကြသော ရှေးသူဟောင်းတို့ ဂုဏ်ရည်သေးသိမ်စေခြင်း ခံခဲ့ကြရသည့်နည်းတူ ဂုဏ်ရည် သေးသိမ်စေခြင်းကို ခံကြရပေမည်။အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည် ထင်ရှားလှစွာသော သက်သေ လက္ခဏာတော်များကို ချပေးတော်မူခဲ့ပြီးဖြစ်၏။၎င်းပြင် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့၌ ဂုဏ်ရည်ပျက်ပြားစေသော ပြစ်ဒဏ်သည် ရှိပေမည်။
6يَوْمَ يَبْعَثُهُمُ اللَّهُ جَمِيعًا فَيُنَبِّئُهُم بِمَا عَمِلُوا ۚ أَحْصَاهُ اللَّهُ وَنَسُوهُ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ
အကြင်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားလုံးကို ရှင်ပြန်ထစေတော်မူပြီးနောက် ၎င်းတို့ ကျင့်မူခဲ့သမျှတို့ကို ၎င်းတို့အား သိစေတော်မူပေမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုအကျင့်အမူကို ရေတွက် မှတ်သား၍ ထားရှိတော်မူ၏။ သို့ရာတွင် ၎င်းတို့မှာမူကား ယင်းအကျင့်အမူကို မေ့ပျောက်ကြကုန်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် မျက်မြင်သက်သေ ဖြစ်တော်မူ၏။
7أَلَمْ تَرَ أَنَّ اللَّهَ يَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۖ مَا يَكُونُ مِن نَّجْوَىٰ ثَلَاثَةٍ إِلَّا هُوَ رَابِعُهُمْ وَلَا خَمْسَةٍ إِلَّا هُوَ سَادِسُهُمْ وَلَا أَدْنَىٰ مِن ذَٰلِكَ وَلَا أَكْثَرَ إِلَّا هُوَ مَعَهُمْ أَيْنَ مَا كَانُوا ۖ ثُمَّ يُنَبِّئُهُم بِمَا عَمِلُوا يَوْمَ الْقِيَامَةِ ۚ إِنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
(အို-နဗီတမန်တော်၊) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များ၌ရှိသည်တို့ကို လည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့ကို လည်းကောင်း၊ သိရှိတော်မူကြောင်း အသင်သည် စဉ်းစားဆင်ခြင် သိမြင်ခဲ့ပြီး မဟုတ်ပါလော။ (လူ)သုံးဦး လျှို့ဝှက်တိုင်ပင်ကြသည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ် သည် ၎င်းတို့အနက် စတုတ္ထ ဖြစ်တော်မူ၏။ ထိုနည်းတူစွာ(လူ)ငါးဦး(လျှို့ဝှက်တိုင်ပင်ကြသည်) မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့အနက် ဆဋ္ဌမ ဖြစ်တော်မူ၏။ ထို့ပြင် ထို(သုံးဦး)ထက်လျော့၍လည်းကောင်း၊(ငါးဦး)ထက်ပို၍ လည်းကောင်း၊ (လျှို့ဝှက်တိုင်ပင်ကြသည်)မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့ မည်သည့်နေရာ၌ ရှိနေကြသည်ဖြစ်စေ ၎င်းတို့နှင့်အတူ ရှိနေတော်မူ၏။ထို့နောက် ထိုအရှင်မြတ်သည် "ကိယာမသ်" ရှင်ပြန်ထမည့်နေ့တွင် ၎င်းတို့အား ၎င်းတို့ ကျင့်မူခဲ့သည်တို့ကို သိစေတော်မူပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
8أَلَمْ تَرَ إِلَى الَّذِينَ نُهُوا عَنِ النَّجْوَىٰ ثُمَّ يَعُودُونَ لِمَا نُهُوا عَنْهُ وَيَتَنَاجَوْنَ بِالْإِثْمِ وَالْعُدْوَانِ وَمَعْصِيَتِ الرَّسُولِ وَإِذَا جَاءُوكَ حَيَّوْكَ بِمَا لَمْ يُحَيِّكَ بِهِ اللَّهُ وَيَقُولُونَ فِي أَنفُسِهِمْ لَوْلَا يُعَذِّبُنَا اللَّهُ بِمَا نَقُولُ ۚ حَسْبُهُمْ جَهَنَّمُ يَصْلَوْنَهَا ۖ فَبِئْسَ الْمَصِيرُ
(အို-နဗီတမန်တော်၊) အသင်သည် အကြင်သူတို့(၏အခြေအနေ)ကို ဆင်ခြင်သုံးသပ် မြင်ခဲ့သည် မဟုတ်လော။ ထိုသူတို့သည် လျှို့ဝှက်တိုင်ပင်မှု မပြုရန် တားမြစ်ခြင်းကို ခံခဲ့ရလေ၏။ ထို့နောက် ၎င်းတို့သည် မိမိတို့ တားမြစ်ခြင်းခံခဲ့ကြရသော အမှုကိစ္စကိုပင် ထပ်မံ၍ ပြုလုပ်ကြကုန်၏။ စင်စစ် ထိုသူတို့ကား ပြစ်မှုကျူးလွန်ရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ကျူးကျော်ရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ရစူလ်တမန်တော်မြတ်၏အမိန့်ကို သွေဖည်ဆန့်ကျင်မှု ပြုလုပ်ရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ လျှို့ဝှက်တိုင်ပင်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အသင့်ထံသို့ လာကြသောအခါ အလ္လာဟ်အရှင်မြတ်က အသင့်အား မေတ္တာပို့တော်မမူခဲ့သော နည်းမျိုးဖြင့် မေတ္တာပို့သ နှုတ်ခွန်းဆက်ကြပေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ စိတ်ထဲတွင် (တွေးတော) ပြောဆိုကြကုန်၏။ "အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့၏ပြောဆိုမှုကြောင့် ကျွန်ုပ်တို့အား အဘယ်ကြောင့် ပြစ်ဒဏ်ပေးတော်မမူပါသနည်း။" ၎င်းတို့၌ အကြင် "ဂျဟန္နမ်" ငရဲသည် လုံလောက်ပေသည်။ ၎င်းတို့သည် ယင်း "ဂျဟန္နမ်" ငရဲသို့ ဝင်ရောက်ကြရပေမည်။ စင်စစ်သော်ကား ယင်း "ဂျဟန္နမ်"ငရဲမှာ လွန်စွာဆိုးရွားလှသော ပြန်လည်ရာ စခန်း ဖြစ်ပေသည်။
9يَا أَيُّهَا الَّذِينَ آمَنُوا إِذَا تَنَاجَيْتُمْ فَلَا تَتَنَاجَوْا بِالْإِثْمِ وَالْعُدْوَانِ وَمَعْصِيَتِ الرَّسُولِ وَتَنَاجَوْا بِالْبِرِّ وَالتَّقْوَىٰ ۖ وَاتَّقُوا اللَّهَ الَّذِي إِلَيْهِ تُحْشَرُونَ
အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် လျှို့ဝှက်တိုင်ပင်ကြသောအခါ ပြစ်မှုကျူးလွန်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကျူးကျော်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရစူလ်တမန်တော်မြတ်၏အမိန့်ကို သွေဖည်ဆန့်ကျင်ဘက်ပြုခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊လျှို့ဝှက်တိုင်ပင် ခြင်း မပြုကြကုန်လင့်။ သို့ရာတွင် အသင်တို့သည် ကောင်းမှုပြုလုပ်ရန်လည်းကောင်း၊ ပြစ်မှုဒုစရိုက်များမှ ရှောင်ကြဉ်ရန်လည်းကောင်း၊ လျှို့ဝှက်တိုင်ပင် ကြလေကုန်။ထိုမှတစ်ပါး အသင်တို့သည် အကြင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ထို အရှင်မြတ်အထံတော်သို့ပင် အသင်တို့သည် ပြန်လည် စုရုံးကြရပေမည်။
အလ်-မူဂျာဒီလာကုရ်အာန် ညွှန်းကိန်း
22အာယာသ်
MedinanRevelation
7အာယာသ်

ဘာသာပြန် — အလ်-မူဂျာဒီလာ 7

စူရာ အလ်-မူဂျာဒီလာ အာယာသ် 7 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်၊) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များ၌ရှိသည်တို့ကို လည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့ကို လည်းကောင်း၊ သိရှိတော်မူကြောင်း အသင်သည် စဉ်းစားဆင်ခြင်…

စူရာ အာယာသ် 7/22 — စူရာ အလ်-မူဂျာဒီလာ المجادلة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မူဂျာဒီလာ နားထောင်, စူရာ အလ်-မူဂျာဒီလာ ဘာသာပြန်, စူရာ အလ်-မူဂျာဒီလာ mp3, စူရာ အလ်-မူဂျာဒီလာ pdf. အာယာသ် 5–9. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, November 8, 2026

Don't forget us in your sincere prayers