အလ်-အန်အာမ် · 104/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
قَدْ جَاءَكُم بَصَائِرُ مِن رَّبِّكُمْ ۖ فَمَنْ أَبْصَرَ فَلِنَفْسِهِ ۖ وَمَنْ عَمِيَ فَعَلَيْهَا ۚ وَمَا أَنَا عَلَيْكُم بِحَفِيظٍ ۝١٠٤
Qad jaaa`akum basaaa`iru mir Rabbikum faman absara falinafsihee wa man `amiya fa`alaihaa; wa maaa ana `alaikum bihafeez
📖 မြန်မာဘာသာ
(အို-နဗီတမန်တော် အသင်သည် ဤသို့ ပြောဆိုပါလေ) ဧကန်စင်စစ် အသင်တို့ထံ၊ အသင်တို့၏အရှင်မြတ်အထံတော်မှ သက်သေခံများသည် ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ မည်သူမဆို(ထိုသက်သေခံ များကို)မြင်ပါလျှင်၊ ထိုသူ၏အဖို့သာ အကျိုးရှိအံ့။ ထိုနည်းတူစွာ မည်သူမဆိုမျက်စိကန်းလျက်နေပါလျှင် ထိုသူ၏အပေါ်၌သာ နစ်နာမှုရှိအံ့။ အမှန်သော်ကား ကျွန်ုပ်သည် အသင်တို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူမဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါပဒဖွင့်ဆိုချက်

  • بَصَائِرُ (ဗစွာရိရ်) — “ဗစွာရဟ်” ၏ အများကိန်းဖြစ်ပြီး “ထင်ရှားသော သက်သေအထောက်အထားများ၊ ဉာဏ်အလင်းဖွင့်ပေးသော အထောက်အထားများ” ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် ကုရ်အာန်နှင့် တမန်တော်မုဟမ္မဒ် (ဆွ) ယူဆောင်လာသော ထင်ရှားသည့် သက်သေအထောက်အထားများကို ဆိုလိုသည်။
  • أَبْصَرَ (အဗ်ဆွာရာ) — “မြင်သည်၊ သိမြင်နားလည်သည်” ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် သက်သေအထောက်အထားများကို သိမြင်နားလည်၍ လက်ခံယုံကြည်ခြင်းကို ဆိုလိုသည်။
  • عَمِيَ (အမိယာ) — “မျက်စိကန်းသည်” ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် သက်သေအထောက်အထားများကို မသိမမြင်ဘဲ ငြင်းပယ်ခြင်းကို ဆိုလိုသည်။
  • حَفِيظٍ (ဟဖီးဇ်) — “စောင့်ရှောက်ထိန်းသိမ်းသူ၊ ကြီးကြပ်သူ” ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် လူတို့၏ လုပ်ရပ်များကို မှတ်တမ်းတင်ကြီးကြပ်သူဟု ဆိုလိုသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို လူသားတို့၊ သင်တို့ထံသို့ သင်တို့၏ အရှင်သခင် (အလ္လာဟ်) ထံမှ ထင်ရှားသော သက်သေအထောက်အထားများနှင့် ဉာဏ်အလင်းဖွင့်ပေးသော အထောက်အထားများ ရောက်ရှိလာပြီဖြစ်သည်။ ထိုအထောက်အထားများမှာ ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော်မုဟမ္မဒ် (ဆွ) ယူဆောင်လာခဲ့သော ထင်ရှားသည့် သက်သေများဖြစ်သည်။ ထိုအထောက်အထားများကို မြင်နားလည်၍ လက်ခံယုံကြည်သူအတွက် ထိုယုံကြည်ခြင်း၏ အကျိုးကျေးဇူးသည် သူ့ကိုယ်တိုင်အတွက်သာ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ ထိုအထောက်အထားများကို မမြင်မနာဘဲ ငြင်းပယ်သူအတွက်မူ ထိုငြင်းပယ်မှု၏ ဆိုးကျိုးသည် သူ့ကိုယ်တိုင်အပေါ်သာ ကျရောက်မည်ဖြစ်သည်။ တမန်တော်သည် သူတို့အား “ကျွန်ုပ်သည် သင်တို့အပေါ် ကြီးကြပ်စောင့်ရှောက်သူ မဟုတ်ပါ။ ကျွန်ုပ်၏ တာဝန်မှာ အလ္လာဟ်၏ သတင်းစကားကို ပို့ဆောင်ခြင်းသာဖြစ်သည်။ အလ္လာဟ်သာလျှင် သင်တို့၏ လုပ်ရပ်များကို ကြီးကြပ်စောင့်ရှောက်တော်မူသူဖြစ်သည်” ဟု မိန့်ကြားရမည်ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား လမ်းမှန်ရရှိရန် ထင်ရှားသော သက်သေအထောက်အထားများနှင့် ဉာဏ်အလင်းများကို ပေးအပ်တော်မူသည်။ ဤအရာသည် အလ္လာဟ်၏ ကြီးမ


📜 အာယာသ် 102-106 — စူရာ အလ်-အန်အာမ်

102ذَٰلِكُمُ اللَّهُ رَبُّكُمْ ۖ لَا إِلَٰهَ إِلَّا هُوَ ۖ خَالِقُ كُلِّ شَيْءٍ فَاعْبُدُوهُ ۚ وَهُوَ عَلَىٰ كُلِّ شَيْءٍ وَكِيلٌ
(ဤသည်) ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသောအလ္လာဟ် အရှင်မြတ်ပင်တည်း။ ထိုအရှင်မြတ်မှတပါး ခဝပ်ကိုးကွယ်ရာအရှင်မရှိပြီ။(ထိုအရှင်မြတ်သည်) အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်ကိုသာခဝပ်ကိုးကွယ်ကြလေကုန်။ စင်စစ်သော် ကားထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို စီမံခန့်ခွဲပြီးငြိမ်းစေတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
103لَّا تُدْرِكُهُ الْأَبْصَارُ وَهُوَ يُدْرِكُ الْأَبْصَارَ ۖ وَهُوَ اللَّطِيفُ الْخَبِيرُ
(မံသ)စက္ခုများသည် ထိုအရှင်မြတ်အား (စိတ်ငုံ)မိနိုင်သည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်မှာကား(မံသ)စက္ခုများကို (စိတ်ငုံ) ငုံမိလျက် ရှိတော်မူချေသည်။စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလွန်နက်နဲသိမ်မွေ့တော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်မြတ် ဖြစ်ပေသတည်း။
104قَدْ جَاءَكُم بَصَائِرُ مِن رَّبِّكُمْ ۖ فَمَنْ أَبْصَرَ فَلِنَفْسِهِ ۖ وَمَنْ عَمِيَ فَعَلَيْهَا ۚ وَمَا أَنَا عَلَيْكُم بِحَفِيظٍ
(အို-နဗီတမန်တော် အသင်သည် ဤသို့ ပြောဆိုပါလေ) ဧကန်စင်စစ် အသင်တို့ထံ၊ အသင်တို့၏အရှင်မြတ်အထံတော်မှ သက်သေခံများသည် ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ မည်သူမဆို(ထိုသက်သေခံ များကို)မြင်ပါလျှင်၊ ထိုသူ၏အဖို့သာ အကျိုးရှိအံ့။ ထိုနည်းတူစွာ မည်သူမဆိုမျက်စိကန်းလျက်နေပါလျှင် ထိုသူ၏အပေါ်၌သာ နစ်နာမှုရှိအံ့။ အမှန်သော်ကား ကျွန်ုပ်သည် အသင်တို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူမဟုတ်ပေ။
105وَكَذَٰلِكَ نُصَرِّفُ الْآيَاتِ وَلِيَقُولُوا دَرَسْتَ وَلِنُبَيِّنَهُ لِقَوْمٍ يَعْلَمُونَ
၎င်းပြင် ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် သက်သေ လက္ခဏာတော်များကို အမျိုးမျိုးအဖုံဖုံ ရှင်းလင်းပြတော်မူသည်။ (ယင်းသို့ရှင်းလင်း ပြတော်မူသည့်အခါ)ထိုကာဖိရ်များကအသင်သည်သင်ယူထားသည်ဟုပြောဆိုကြပေမည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထို(ကုရ်အာန်)ကို အသိတရားရှိသူများအဖို့ အထူးလင်းပြတော်မူရန်အလို့ငှာဖြစ်၏။
106اتَّبِعْ مَا أُوحِيَ إِلَيْكَ مِن رَّبِّكَ ۖ لَا إِلَٰهَ إِلَّا هُوَ ۖ وَأَعْرِضْ عَنِ الْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်သည် အသင့်အားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ မိမိထံကျရောက်လာသော ဝဟ်ယ် အမိန့်တော်များကို လိုက်နာ၍နေပါလေ။ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိ။၎င်းပြင် အသင်သည် မုရှ်ရစ်က် များဖက်မှ မျက်နှာလွှဲထားပါလေ။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
104အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 104

စူရာ အလ်-အန်အာမ် အာယာသ် 104 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော် အသင်သည် ဤသို့ ပြောဆိုပါလေ) ဧကန်စင်စစ် အသင်တို့ထံ၊ အသင်တို့၏အရှင်မြတ်အထံတော်မှ သက်သေခံများသည် ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ…

စူရာ အာယာသ် 104/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 102–106. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers