အလ်-အန်ဖာလ် · 29/75
ဘာသာပြန် အသံနိုင်ငံ — အလ်-အန်ဖာလ်
يَا أَيُّهَا الَّذِينَ آمَنُوا إِن تَتَّقُوا اللَّهَ يَجْعَل لَّكُمْ فُرْقَانًا وَيُكَفِّرْ عَنكُمْ سَيِّئَاتِكُمْ وَيَغْفِرْ لَكُمْ ۗ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ ٢٩
Transliteration
Yaaa aiyuhal lazeena aamanooo in tattaqul laaha yaj`al lakum furqaananw wa yukaffir `ankum saiyi aatikum wa yaghfir lakum; wallaahu zul fadlil `azeem
ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ရိုသေကြပါမူ၊ ထိုအရှင်မြတ်သည် အသင်တို့အား(အမှားနှင့်အမှန်ကို) ခွဲခြားစိတ်ဖြာ သိမြင်နိုင်စေသော အရာကို ချီးမြှင့်ပေးသနားတော်မူအံ့။ ထို့ပြင် အသင်တို့၏ မကောင်းမှုဒုစရိုက် များကိုလည်း မပျောက်စေတော်မူသည့်ပြင် အသင်တို့အား အပြစ်မှလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူအံ့။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အနန္တကျေးဇူးတော်ရှင် ဖြစ်တော်မူပေသတည်း။
Additional reference in ภาษาไทย
🎧 နားထောင်
📜 အာယာသ် 27-31 — အလ်-အန်ဖာလ်
27يَا أَيُّهَا الَّذِينَ آمَنُوا لَا تَخُونُوا اللَّهَ وَالرَّسُولَ وَتَخُونُوا أَمَانَاتِكُمْ وَأَنتُمْ تَعْلَمُونَ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ စောင့်ထိမ်းအပ်သော တာဝန်ဝတ္တရားများကိုလည်းကောင်း၊ ရစူလ်တမန်တော်နှင့်ပတ်သက်၍ စောင့်ထိမ်းအပ်သော တာဝန်ဝတ္တရားများကိုလည်းကောင်း၊ အလွဲသုံးစားမပြုကြကုန်လင့်။ထိုနည်းတူ စွာ အသင်တို့သည် မိမိတို့ယုံကြည်အပ်နှံခြင်း ခံကြရသောကိစ္စများကိုလည်း သစ္စာအလွဲသုံးစားမပြုကြကုန်လင့်။အမှန်မှာ အသင်တို့သည် (အလွဲသုံးစားပြုခြင်းဖြင့် ဖြစ်ပေါ်လာမည့်ဆုံးရှုံးမှုများနှင့် အလွဲသုံးစားပြုခြင်းသည် ဟရာမ်ဖြစ်သည်ကို)အသိပင် ဖြစ်ကြပေသည်။
28وَاعْلَمُوا أَنَّمَا أَمْوَالُكُمْ وَأَوْلَادُكُمْ فِتْنَةٌ وَأَنَّ اللَّهَ عِندَهُ أَجْرٌ عَظِيمٌ
ထို့ပြင် အသင်တို့၏ဥစ္စာပစ္စည်းများနှင့်သားသ္မီးများသည် စမ်းသပ်မှုတရပ်သာလျှင်ဖြစ်သည်ကို လည်းကောင်း၊အလ္လာဟ်အရှင်မြတ်အထံတော်တွင် အလွန်ကြီးကျယ်သောအကျိုးဆုလာဘ်သည် ဧကန်စင်စစ်ရှိသည်ကိုလည်းကောင်း၊အသင်တို့ (ကောင်းစွာ) သိထားကြလေကုန်။(ရကူ)
29يَا أَيُّهَا الَّذِينَ آمَنُوا إِن تَتَّقُوا اللَّهَ يَجْعَل لَّكُمْ فُرْقَانًا وَيُكَفِّرْ عَنكُمْ سَيِّئَاتِكُمْ وَيَغْفِرْ لَكُمْ ۗ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ရိုသေကြပါမူ၊ ထိုအရှင်မြတ်သည် အသင်တို့အား(အမှားနှင့်အမှန်ကို) ခွဲခြားစိတ်ဖြာ သိမြင်နိုင်စေသော အရာကို ချီးမြှင့်ပေးသနားတော်မူအံ့။ ထို့ပြင် အသင်တို့၏ မကောင်းမှုဒုစရိုက် များကိုလည်း မပျောက်စေတော်မူသည့်ပြင် အသင်တို့အား အပြစ်မှလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူအံ့။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အနန္တကျေးဇူးတော်ရှင် ဖြစ်တော်မူပေသတည်း။
30وَإِذْ يَمْكُرُ بِكَ الَّذِينَ كَفَرُوا لِيُثْبِتُوكَ أَوْ يَقْتُلُوكَ أَوْ يُخْرِجُوكَ ۚ وَيَمْكُرُونَ وَيَمْكُرُ اللَّهُ ۖ وَاللَّهُ خَيْرُ الْمَاكِرِينَ
၎င်းပြင် (အို-နဗီတမန်တော် အသင်သည် ပြန်လည်၍ သတိရပါလေ။) အကြင်အခါ၌ ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့သည် အသင်နှင့် ပတ်သက်၍အသင့် အား ဖမ်းဆီးချုပ်နှောင် ကြရန်သော်လည်းကောင်း၊အသင့်အား သတ်ဖြတ်ကြ ရန်သော်လည်းကောင်း၊ အသင့်အား(မက္ကဟ်မြို့မှ) နှင်ထုတ်ကြရန်သော်လည်းကောင်း၊ လျို့ဝှက်စွာကြံစည်လျက်ရှိကြကုန်၏။ (ထိုစဉ်အခါဝယ်)၎င်းတို့သည် (မိမိတို့၏ အကြံအစည်များကို) ကြံစည်လျက် ရှိကြလေသည်။အလ္လာဟ်အရှင်မြတ်သည်လည်း (မိမိအကြံအစည်ကို)ကြံစည်လျက် ရှိတော်မူ၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးကြံစည်နိုင် တော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
31وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا قَالُوا قَدْ سَمِعْنَا لَوْ نَشَاءُ لَقُلْنَا مِثْلَ هَٰذَا ۙ إِنْ هَٰذَا إِلَّا أَسَاطِيرُ الْأَوَّلِينَ
စင်စစ်သော်ကား ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ကျမ်းဂန်လာ ဒေသနာတော်များကို ရွတ်ဖတ်၍ ပြခဲ့ပါလျှင်၊၎င်းတို့က ငါတို့သည် အမှန်ပင် (ဤသည်တို့ကို အဖန်တလဲလဲ)ကြားခဲ့ဖူးကြချေပြီ။ ငါတို့သည် အလိုရှိလျှင် ငါတို့သည်လည်းဤအတိုင်းပင် ဧကန်မလွဲ (စီကုံး)ပြောဆိုနိုင်ကြပေသည်။ ဤသည်ကား ရှေးသူတော်ကောင်းတို့၏ ဒဏ္ဍာရီပုံပြင်မျှသာ ဖြစ်သည် ဟုပြောဆိုကြကုန်သတည်း။
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
29အာယာသ်
ဘာသာပြန် — အလ်-အန်ဖာလ် 29
စူရာ အလ်-အန်ဖာလ် အာယာသ် 29 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ရိုသေကြပါမူ၊ ထိုအရှင်မြတ်သည် အသင်တို့အား(အမှားနှင့်အမှန်ကို) ခွဲခြားစိတ်ဖြာ သိမြင်နိုင်စေသော အရာကို…စူရာ အာယာသ် 29/75 — အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အန်ဖာလ် နားထောင်, အလ်-အန်ဖာလ် ဘာသာပြန်, အလ်-အန်ဖာလ် mp3, အလ်-အန်ဖာလ် pdf. အာယာသ် 27–31. မြန်မာဘာသာ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers








