အလ်-အန်ဖာလ် · 52/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
كَدَأْبِ آلِ فِرْعَوْنَ ۙ وَالَّذِينَ مِن قَبْلِهِمْ ۚ كَفَرُوا بِآيَاتِ اللَّهِ فَأَخَذَهُمُ اللَّهُ بِذُنُوبِهِمْ ۗ إِنَّ اللَّهَ قَوِيٌّ شَدِيدُ الْعِقَابِ ۝٥٢
Kadaabi Aali Fir`awna wal lazeena min qablihim; kafaroo bi Aayaatil laahi fa akhazahu mul laahu bizunoobihim; innal laaha qawiyyun shadeedul `iqaab
📖 မြန်မာဘာသာ
(ကုဖ်ရ် သွေဖည်မှုကြောင့် ပြစ်ဒဏ်ခံစားရရာ၌ အဆိုပါကာဖိရ်များ၏အခြေအနေကား) ဖစ်ရ်အောင်န်၏အခြွေအရံများ၏အခြေအနေကဲ့သို့ လည်းကောင်း၊ ယင်း(ဖစ်ရ်အောင်န်၏အခြွေအရံများ)၏အလျင် ရှေးအထက်ကျော်ကာရီက ရှိခဲ့ကြသော သူတို့၏အခြေအနေကဲ့သို့လည်းကောင်း၊ဖြစ်ချေသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ဒေသနာတော်များကို မယုံကြည်ငြင်းပယ်ခဲ့ကြလေသည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ထိုသူတို့၏ ပြစ်မှုဒုစရိုက်များကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့လေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အင်အားနှင့်အလွန်ပြည့်စုံတော်မူသောအရှင်၊ ပြင်းထန်စွာပြစ်ဒဏ်ပေးတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 50-54 — စူရာ အလ်-အန်ဖာလ်

50وَلَوْ تَرَىٰ إِذْ يَتَوَفَّى الَّذِينَ كَفَرُوا ۙ الْمَلَائِكَةُ يَضْرِبُونَ وُجُوهَهُمْ وَأَدْبَارَهُمْ وَذُوقُوا عَذَابَ الْحَرِيقِ
ထို့ပြင် (အို-နဗီတမန်တော်) အကယ်၍သာ’မလာအိကဟ်’ ကောင်းကင်တမန်များသည် ‘ကာဖိရ်’ မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့၏အသက် ဇီဝိန်ကိုနှုတ်ယူသောအချိန်တွင် ယင်းတို့၏မျက်နှာများကိုလည်းကောင်း၊ ယင်းတို့၏ ကျောက်ကုန်းများကိုလည်းကောင်း၊ ရိုက်နှက်ကြ၍အသင်တို့သည် (ငရဲ)မီး၏ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန်ဟု ပြောဆိုကြသည့် စက်ဆုပ်ရွံ့ရှာဖွယ်ရာအဖြစ်ကို (အသင်)မုချ တွေ့မြင်ခဲ့ရပေမည်။
51ذَٰلِكَ بِمَا قَدَّمَتْ أَيْدِيكُمْ وَأَنَّ اللَّهَ لَيْسَ بِظَلَّامٍ لِّلْعَبِيدِ
ဤ(ပြစ်ဒဏ်)သည် အသင်တို့၏ လက်များကတင်ကြို၍ ပို့ထားနှင့်ပြီးဖြစ်သော (အကုသိုလ်ဒုစရိုက်များ)ကြောင့်ပင်ဖြစ်ချေသည်။ အမှန်စင်စစ်�ူကား အလ္လာဟ်အရှင်မြတ်သည်(မိမိ)၏ကျွန်များအား နှိပ်စက်ညှဉ်းပန်းတော်မူသောအရှင်အလျင်းမဟုတ်ပေ၊
52كَدَأْبِ آلِ فِرْعَوْنَ ۙ وَالَّذِينَ مِن قَبْلِهِمْ ۚ كَفَرُوا بِآيَاتِ اللَّهِ فَأَخَذَهُمُ اللَّهُ بِذُنُوبِهِمْ ۗ إِنَّ اللَّهَ قَوِيٌّ شَدِيدُ الْعِقَابِ
(ကုဖ်ရ် သွေဖည်မှုကြောင့် ပြစ်ဒဏ်ခံစားရရာ၌ အဆိုပါကာဖိရ်များ၏အခြေအနေကား) ဖစ်ရ်အောင်န်၏အခြွေအရံများ၏အခြေအနေကဲ့သို့ လည်းကောင်း၊ ယင်း(ဖစ်ရ်အောင်န်၏အခြွေအရံများ)၏အလျင် ရှေးအထက်ကျော်ကာရီက ရှိခဲ့ကြသော သူတို့၏အခြေအနေကဲ့သို့လည်းကောင်း၊ဖြစ်ချေသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ဒေသနာတော်များကို မယုံကြည်ငြင်းပယ်ခဲ့ကြလေသည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ထိုသူတို့၏ ပြစ်မှုဒုစရိုက်များကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့လေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အင်အားနှင့်အလွန်ပြည့်စုံတော်မူသောအရှင်၊ ပြင်းထန်စွာပြစ်ဒဏ်ပေးတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသည်။
53ذَٰلِكَ بِأَنَّ اللَّهَ لَمْ يَكُ مُغَيِّرًا نِّعْمَةً أَنْعَمَهَا عَلَىٰ قَوْمٍ حَتَّىٰ يُغَيِّرُوا مَا بِأَنفُسِهِمْ ۙ وَأَنَّ اللَّهَ سَمِيعٌ عَلِيمٌ
ဤသည်ကား အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် အကြင်လူမျိုးတမျိုး၏ အပေါ်၌ပြုတော်မူခဲ့သော မည်သည့်ကျေးဇူးတော်ကိုမျှ ထိုလူမျိုးတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့၏ အခြေအနေကို မပြောင်းလဲသမျှ ကာလပတ်လုံး ပြောင်းလဲပေးတော်မူသည်ဟူ၍မရှိချေ။ ၎င်းပြင်ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။
54كَدَأْبِ آلِ فِرْعَوْنَ ۙ وَالَّذِينَ مِن قَبْلِهِمْ ۚ كَذَّبُوا بِآيَاتِ رَبِّهِمْ فَأَهْلَكْنَاهُم بِذُنُوبِهِمْ وَأَغْرَقْنَا آلَ فِرْعَوْنَ ۚ وَكُلٌّ كَانُوا ظَالِمِينَ
(မိမိတို့၏ အခြေအနေကို ပြောင်းလဲရာတွင် ထိုကာဖိရ်များ၏အခြေအနေကား)ဖရ်အောန်၏အခြွေအရံများ၏အခြေအနေကဲ့သို့လည်းကောင်း၊ ယင်း(ဖစ်ရ်အောင်န်၏အခြွေအရံများ) ၏အလျင် ရှေးအထက်ကျော်ကာရီက ရှိခဲ့ကြကုန်သောသူတို့၏ အခြေအနေကဲ့သို့လည်းကောင်း၊ ဖြစ်ပေသည်။ထိုသူတို့သည် မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား၎င်းတို့၏ပြစ်မှုဒုစရိုက်များကြောင့် ဖျက်ဆီးတော်မူခဲ့လေသည်။ထို့ပြင် ငါအရှင်မြတ်သည် ဖစ်ရ်အောင်န်၏အခြွေအရံတို့ကိုနစ်မြုပ်စေတော်မူခဲ့လေသည်။ အမှန်စင်စစ်သော်ကား ၎င်းတို့အားလုံးသည်ပင် မတရားကျူးလွန်သူများ ဖြစ်ခဲ့ကြကုန်သတည်း။
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
52အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 52

စူရာ အလ်-အန်ဖာလ် အာယာသ် 52 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ကုဖ်ရ် သွေဖည်မှုကြောင့် ပြစ်ဒဏ်ခံစားရရာ၌ အဆိုပါကာဖိရ်များ၏အခြေအနေကား) ဖစ်ရ်အောင်န်၏အခြွေအရံများ၏အခြေအနေကဲ့သို့ လည်းကောင်း၊ ယင်း(ဖစ်ရ်အောင်န်၏အခြွေအရံများ)၏အလျင် ရှေးအထက်ကျော်ကာရီက ရှိခဲ့ကြသော သူတို့၏အခြေအနေကဲ့သို့လည်းကောင်း၊ဖြစ်ချေသည်။…

စူရာ အာယာသ် 52/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 50–54. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers