အလ်-အန်ဖာလ် · 53/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
ذَٰلِكَ بِأَنَّ اللَّهَ لَمْ يَكُ مُغَيِّرًا نِّعْمَةً أَنْعَمَهَا عَلَىٰ قَوْمٍ حَتَّىٰ يُغَيِّرُوا مَا بِأَنفُسِهِمْ ۙ وَأَنَّ اللَّهَ سَمِيعٌ عَلِيمٌ ۝٥٣
Zaalika bi annal laaha lam yaku mughaiyiran ni matan an`amahaa `alaa qawmin hattaa yughaiyiroo maa bianfusihim wa annallaaha samee un `Aleem
📖 မြန်မာဘာသာ
ဤသည်ကား အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် အကြင်လူမျိုးတမျိုး၏ အပေါ်၌ပြုတော်မူခဲ့သော မည်သည့်ကျေးဇူးတော်ကိုမျှ ထိုလူမျိုးတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့၏ အခြေအနေကို မပြောင်းလဲသမျှ ကာလပတ်လုံး ပြောင်းလဲပေးတော်မူသည်ဟူ၍မရှိချေ။ ၎င်းပြင်ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • ذَٰلِكَ (ဇာလိက): ထို (အပြစ်ဒဏ်) သည်။
  • مُغَيِّرًا (မုဂိုင်ယိရန်): ပြောင်းလဲစေသူ၊ ဖျက်ဆီးသူ။
  • نِعْمَةً (နိအ်မသန်): ကောင်းချီးကျေးဇူး။
  • أَنْعَمَهَا (အန်အ်မဟာ): သူပေးအပ်ခဲ့သော ကျေးဇူး။
  • سَمِيعٌ (သမီအွန်): အလွန်ကြားနာတော်မူသော။
  • عَلِيمٌ (အလီမွန်): အလွန်သိတော်မူသော။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအပြစ်ဒဏ်သည် ထိုသူတို့အပေါ် ကျရောက်ရခြင်း၏ အကြောင်းရင်းမှာ အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူမျိုးအပေါ်တွင်မဆို ကျေးဇူးတော်တစ်ခုကို ပေးအပ်တော်မူပြီးနောက် ထိုလူမျိုးတို့ကိုယ်တိုင် မိမိတို့၏ အတွင်းစိတ်နှလုံးနှင့် ပြုမူဆောင်ရွက်မှုများကို ကောင်းမွန်သောအခြေအနေမှ ဆိုးရွားသောအခြေအနေသို့ ပြောင်းလဲခြင်းမရှိသရွေ့ ထိုကျေးဇူးတော်ကို ဖျက်ဆီးပြောင်းလဲတော်မူသည် မဟုတ်ပေ။ ဆိုလိုသည်မှာ လူတို့သည် အီမာန်ယုံကြည်မှု၊ ဖြောင့်မတ်မှုနှင့် ကျေးဇူးတော်ကို ချီးမွမ်းသောအခြေအနေမှ ကုဖ်ရ်ငြင်းပယ်မှု၊ အပြစ်ကျူးလွန်မှုနှင့် ကျေးဇူးတော်ကို ငြင်းဆန်မှုသို့ ပြောင်းလဲကြသောအခါမှသာ အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ်ရှိ ကျေးဇူးတော်ကို ဖျက်ဆီးပြောင်းလဲတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏ ပြောဆိုမှုအားလုံးကို အလွန်ကြားနာတော်မူသောအရှင်၊ သူတို့၏ လုပ်ဆောင်မှုအားလုံးကို အလွန်သိတော်မူသောအရှင် ဖြစ်တော်မူသည်။ မည်သည့်အရာမျှ သူ့ထံမှ ကွယ်ဝှက်နေသည် မဟုတ်ပေ။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးတော်များကို ရုတ်တရက် ရုပ်သိမ်းတော်မူသည် မဟုတ်ဘဲ လူတို့ကိုယ်တိုင် မိမိတို့၏ အခြေအနေကို ပြောင်းလဲသည့်အခါမှသာ ပြောင်းလဲစေတော်မူကြောင်း သိရှိရသည်။ ဤအချက်သည် အလ္လာဟ်အရှင်မြတ်၏ တရားမျှတမှုနှင့် ကရုဏာတော်ကို ထင်ဟပ်စေသည်။
  • ကျေးဇူးတော်များ တည်မြဲစေလိုပါက အီမာန်ယုံကြည်မှု၊ ဖြောင့်မတ်မှုနှင့် ကျေးဇူးတော်ကို ချီးမွမ်းခြင်းတွင် မြဲမြံနေရမည် ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို ကြားနာတော်မူပြီး သိတော်မူသောကြောင့် လူသားတို့သည် မိမိတို့၏ ပြ


📜 အာယာသ် 51-55 — စူရာ အလ်-အန်ဖာလ်

51ذَٰلِكَ بِمَا قَدَّمَتْ أَيْدِيكُمْ وَأَنَّ اللَّهَ لَيْسَ بِظَلَّامٍ لِّلْعَبِيدِ
ဤ(ပြစ်ဒဏ်)သည် အသင်တို့၏ လက်များကတင်ကြို၍ ပို့ထားနှင့်ပြီးဖြစ်သော (အကုသိုလ်ဒုစရိုက်များ)ကြောင့်ပင်ဖြစ်ချေသည်။ အမှန်စင်စစ်�ူကား အလ္လာဟ်အရှင်မြတ်သည်(မိမိ)၏ကျွန်များအား နှိပ်စက်ညှဉ်းပန်းတော်မူသောအရှင်အလျင်းမဟုတ်ပေ၊
52كَدَأْبِ آلِ فِرْعَوْنَ ۙ وَالَّذِينَ مِن قَبْلِهِمْ ۚ كَفَرُوا بِآيَاتِ اللَّهِ فَأَخَذَهُمُ اللَّهُ بِذُنُوبِهِمْ ۗ إِنَّ اللَّهَ قَوِيٌّ شَدِيدُ الْعِقَابِ
(ကုဖ်ရ် သွေဖည်မှုကြောင့် ပြစ်ဒဏ်ခံစားရရာ၌ အဆိုပါကာဖိရ်များ၏အခြေအနေကား) ဖစ်ရ်အောင်န်၏အခြွေအရံများ၏အခြေအနေကဲ့သို့ လည်းကောင်း၊ ယင်း(ဖစ်ရ်အောင်န်၏အခြွေအရံများ)၏အလျင် ရှေးအထက်ကျော်ကာရီက ရှိခဲ့ကြသော သူတို့၏အခြေအနေကဲ့သို့လည်းကောင်း၊ဖြစ်ချေသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ဒေသနာတော်များကို မယုံကြည်ငြင်းပယ်ခဲ့ကြလေသည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ထိုသူတို့၏ ပြစ်မှုဒုစရိုက်များကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့လေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အင်အားနှင့်အလွန်ပြည့်စုံတော်မူသောအရှင်၊ ပြင်းထန်စွာပြစ်ဒဏ်ပေးတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသည်။
53ذَٰلِكَ بِأَنَّ اللَّهَ لَمْ يَكُ مُغَيِّرًا نِّعْمَةً أَنْعَمَهَا عَلَىٰ قَوْمٍ حَتَّىٰ يُغَيِّرُوا مَا بِأَنفُسِهِمْ ۙ وَأَنَّ اللَّهَ سَمِيعٌ عَلِيمٌ
ဤသည်ကား အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် အကြင်လူမျိုးတမျိုး၏ အပေါ်၌ပြုတော်မူခဲ့သော မည်သည့်ကျေးဇူးတော်ကိုမျှ ထိုလူမျိုးတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့၏ အခြေအနေကို မပြောင်းလဲသမျှ ကာလပတ်လုံး ပြောင်းလဲပေးတော်မူသည်ဟူ၍မရှိချေ။ ၎င်းပြင်ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။
54كَدَأْبِ آلِ فِرْعَوْنَ ۙ وَالَّذِينَ مِن قَبْلِهِمْ ۚ كَذَّبُوا بِآيَاتِ رَبِّهِمْ فَأَهْلَكْنَاهُم بِذُنُوبِهِمْ وَأَغْرَقْنَا آلَ فِرْعَوْنَ ۚ وَكُلٌّ كَانُوا ظَالِمِينَ
(မိမိတို့၏ အခြေအနေကို ပြောင်းလဲရာတွင် ထိုကာဖိရ်များ၏အခြေအနေကား)ဖရ်အောန်၏အခြွေအရံများ၏အခြေအနေကဲ့သို့လည်းကောင်း၊ ယင်း(ဖစ်ရ်အောင်န်၏အခြွေအရံများ) ၏အလျင် ရှေးအထက်ကျော်ကာရီက ရှိခဲ့ကြကုန်သောသူတို့၏ အခြေအနေကဲ့သို့လည်းကောင်း၊ ဖြစ်ပေသည်။ထိုသူတို့သည် မိမိတို့အား မွေးမြူတော်မူသောအရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား၎င်းတို့၏ပြစ်မှုဒုစရိုက်များကြောင့် ဖျက်ဆီးတော်မူခဲ့လေသည်။ထို့ပြင် ငါအရှင်မြတ်သည် ဖစ်ရ်အောင်န်၏အခြွေအရံတို့ကိုနစ်မြုပ်စေတော်မူခဲ့လေသည်။ အမှန်စင်စစ်သော်ကား ၎င်းတို့အားလုံးသည်ပင် မတရားကျူးလွန်သူများ ဖြစ်ခဲ့ကြကုန်သတည်း။
55إِنَّ شَرَّ الدَّوَابِّ عِندَ اللَّهِ الَّذِينَ كَفَرُوا فَهُمْ لَا يُؤْمِنُونَ
မလွဲဧကန် အလ္လာဟ်အရှင်မြတ်အထံတော်တွင်အဆိုးဆုံးသော သတ္တဝါတို့ကား (ဤ)အကြင်မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ပင်တည်း။ သို့ဖြစ်ပေရာ ၎င်းတို့သည်သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ချေ။
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
53အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 53

စူရာ အလ်-အန်ဖာလ် အာယာသ် 53 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသည်ကား အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် အကြင်လူမျိုးတမျိုး၏ အပေါ်၌ပြုတော်မူခဲ့သော မည်သည့်ကျေးဇူးတော်ကိုမျှ ထိုလူမျိုးတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့၏ အခြေအနေကို…

စူရာ အာယာသ် 53/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 51–55. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers