အလ်-အန်ဖာလ် · 68/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
لَّوْلَا كِتَابٌ مِّنَ اللَّهِ سَبَقَ لَمَسَّكُمْ فِيمَا أَخَذْتُمْ عَذَابٌ عَظِيمٌ ۝٦٨
Law laa Kitaabum minal laahi sabaqa lamassakum fee maaa akhaztum `azaabun `azeem
📖 မြန်မာဘာသာ
အကယ်၍သာ အလ္လာဟ်အရှင်မြတ်အထံတော်မှဥပဒေတရပ်သည် မူလကပင်မရှိခဲ့ပါမူ အသင်တို့ ယူငင်ခဲ့ကြသည်နှင့် စပ်လျဉ်း၍ ကြီးကျယ် (ပြင်းထန်)သောပြစ်ဒဏ်သည်အသင်တို့၌ ဧကန်မလွဲ ထိရောက်ခဲ့ပြီး ဖြစ်ချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 66-70 — စူရာ အလ်-အန်ဖာလ်

66الْآنَ خَفَّفَ اللَّهُ عَنكُمْ وَعَلِمَ أَنَّ فِيكُمْ ضَعْفًا ۚ فَإِن يَكُن مِّنكُم مِّائَةٌ صَابِرَةٌ يَغْلِبُوا مِائَتَيْنِ ۚ وَإِن يَكُن مِّنكُمْ أَلْفٌ يَغْلِبُوا أَلْفَيْنِ بِإِذْنِ اللَّهِ ۗ وَاللَّهُ مَعَ الصَّابِرِينَ
ယခုသော်ကား အလ္လာဟ် အရှင်မြတ်သည်(အသင်တို့၏ဝန်ထုပ်ကို) အသင်တို့မှ ပေါ့ပါးစေတော် မူခဲ့ပေပြီ။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၌ အားအင်သတ္တိနည်းပါးသည်ကိုလည်း သိရှိတော်မူလေပြီ။ သို့ဖြစ်ပေရာအကယ်၍ အသင်တို့အနက် စွဲမြဲ(စွာတိုက်ခိုက်မည့်)သူ တစ်ရာရှိကြပါလျှင် ၎င်းတို့သည် (ရန်သူတို့ဘက်မှလူ) နှစ်ရာကို နှိမ်နင်းနိုင်ကြပေမည်။ ထိုနည်းတူစွာ အကယ်၍ အသင်တို့ အနက်(စွဲမြဲစွာတိုက်ခိုက်မည့်သူ)တစ်ထောင်ရှိခဲ့မူ ၎င်းတို့သည်အလ္လာဟ် အရှင်မြတ်၏အမိန့်တော်နှင့် (ရန်သူတို့ဘက်မှလူ)နှစ်ထောင်ကိုနှိမ်နင်းနိုင်ကြပေမည်။ အမှန်စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် စွဲမြဲကြံ့ခိုင်သူတို့နှင့် အတူရှိတော်မူချေသတည်း။
67مَا كَانَ لِنَبِيٍّ أَن يَكُونَ لَهُ أَسْرَىٰ حَتَّىٰ يُثْخِنَ فِي الْأَرْضِ ۚ تُرِيدُونَ عَرَضَ الدُّنْيَا وَاللَّهُ يُرِيدُ الْآخِرَةَ ۗ وَاللَّهُ عَزِيزٌ حَكِيمٌ
မည်သည့်နဗီတမန်တော်မဆို ကမ္ဘာမြေပြင်ဝယ် (ကောင်းစွာ) တိုက်ခိုက်သတ်ဖြတ်အောင်မြင်မှုကို မပြုသေးသမျှ ကာလပတ်လုံး ထိုနဗီတမန်တော်၌ (စစ်မြေအရပ်မှ)လက်ရဖမ်းဆီး၍ မိခဲ့သောသုံ့ပန်းများသည် မရှိသင့်ပေ။အသင်တို့သည် ပစ္စုပ္ပန်လောကီ ပစ္စည်းကိုအလိုရှိကြ၏။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အဖို့) နောင်တမလွန်ဘဝ(၏ စည်းစိမ်ရိပ်ငြိမ်)ကိုလိုလားတော်မူ၏။ စင်စစ်အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့်ပြည့် စုံတော်မူသောအရှင်၊ နက်နဲသိမ်မွေ့ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
68لَّوْلَا كِتَابٌ مِّنَ اللَّهِ سَبَقَ لَمَسَّكُمْ فِيمَا أَخَذْتُمْ عَذَابٌ عَظِيمٌ
အကယ်၍သာ အလ္လာဟ်အရှင်မြတ်အထံတော်မှဥပဒေတရပ်သည် မူလကပင်မရှိခဲ့ပါမူ အသင်တို့ ယူငင်ခဲ့ကြသည်နှင့် စပ်လျဉ်း၍ ကြီးကျယ် (ပြင်းထန်)သောပြစ်ဒဏ်သည်အသင်တို့၌ ဧကန်မလွဲ ထိရောက်ခဲ့ပြီး ဖြစ်ချေသတည်း။
69فَكُلُوا مِمَّا غَنِمْتُمْ حَلَالًا طَيِّبًا ۚ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ
ယခုမူ အသင်တို့သည်(၎င်းတို့ထံမှလက်ရပစ္စည်းအဖြစ်) မိမိတို့ရယူခဲ့ကြသည်များကို တရားဝင်သော သန့်စင်သော ပစ္စည်းများအဖြစ် စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားသာ ကြောက်ရွံ့ကြလေကုန်။ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာသနား ကြင်နာညှာတာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။(ရကူ)
70يَا أَيُّهَا النَّبِيُّ قُل لِّمَن فِي أَيْدِيكُم مِّنَ الْأَسْرَىٰ إِن يَعْلَمِ اللَّهُ فِي قُلُوبِكُمْ خَيْرًا يُؤْتِكُمْ خَيْرًا مِّمَّا أُخِذَ مِنكُمْ وَيَغْفِرْ لَكُمْ ۗ وَاللَّهُ غَفُورٌ رَّحِيمٌ
အို-နဗီတမန်တော်၊ အသင်သည် မိမိတို့၏လက်တွင်း၌ရှိကုန်သော လက်ရဖမ်းဆီးမိသည့် သုံ့ပန်းများကို(ဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများတွင် တစ်စုံတစ်ရာကောင်းခြင်းကို အကယ်၍ သိရှိတော်မူပါလျှင်၊ ထိုအရှင်မြတ်သည် (ယခု)အသင်တို့ထံမှယူခဲ့ပြီး ဖြစ်သော (လျော်ကြေး)ပစ္စည်းထက် သာလွန် မြင့်မြတ်သောအရာကို အသင်တို့အား ချီးမြှင့်ပေးသနားတော်မူအံ့။ ထိုအရှင်မြတ်သည် အသင်တို့အား (အပြစ်များမှ) ချမ်းသာခွင့်လည်းပေးသနားတော်မူအံ့။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအသျှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူသည်။
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
68အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 68

စူရာ အလ်-အန်ဖာလ် အာယာသ် 68 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကယ်၍သာ အလ္လာဟ်အရှင်မြတ်အထံတော်မှဥပဒေတရပ်သည် မူလကပင်မရှိခဲ့ပါမူ အသင်တို့ ယူငင်ခဲ့ကြသည်နှင့် စပ်လျဉ်း၍ ကြီးကျယ် (ပြင်းထန်)သောပြစ်ဒဏ်သည်အသင်တို့၌ ဧကန်မလွဲ ထိရောက်ခဲ့ပြီး…

စူရာ အာယာသ် 68/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 66–70. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers