အတ်-တောင်ဘ · 30/129
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တောင်ဘ
وَقَالَتِ الْيَهُودُ عُزَيْرٌ ابْنُ اللَّهِ وَقَالَتِ النَّصَارَى الْمَسِيحُ ابْنُ اللَّهِ ۖ ذَٰلِكَ قَوْلُهُم بِأَفْوَاهِهِمْ ۖ يُضَاهِئُونَ قَوْلَ الَّذِينَ كَفَرُوا مِن قَبْلُ ۚ قَاتَلَهُمُ اللَّهُ ۚ أَنَّىٰ يُؤْفَكُونَ ۝٣٠
Q qaalatil yahoodu `Uzairunib nul laahi wa qaalatin Nasaaral Maseehub nul laahi zaalika qawluhum bi afwaahihim yudaahi`oona qawlal lazeena kafaroo min qabl; qatalahumul laah; annaa yu`fakoon
📖 မြန်မာဘာသာ
စင်စစ်သော်ကား ယဟူဒီတို့က အုဇိုင်ရ် သည်အလ္လာဟ်အရှင်မြတ်၏ သားတော်ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြလေသည်။ နဆွ်ရာနီတို့ကလည်း မစီဟ်သည် အလ္လာဟ်အရှင်မြတ်၏ သားတော်ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြလေသည်။ဤသည်ကား ၎င်းတို့ မိမိတို့နှုတ်ဖြင့်ပြောဆိုကြသော (အခြေအနေကင်းမဲ့သည့်) စကားမျှသာ ဖြစ်ချေသတည်း။ ၎င်းတို့သည် (မိမိတို့) အလျင် ရှေးအထက်ကျော်ကာလ၌ ရှိခဲ့ကြသောကာဖိရ် ယုံကြည်မှုကင်းမဲ့သောသူတို့၏ ပြောဆိုမှုကိုလိုက်၍တုခဲ့ကြလေသည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဖျက်ဆီးတော်မူပါစေသတည်း။ ၎င်းတို့သည်(အမှန်ကိုပယ်၍ အမှားဘက်သို့) အသို့လျှင်ပြန်လှည့်သွားကြသနည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • အုဇိုင်ရ် (عُزَيْرٌ): ယဟူဒီများ နဗီတစ်ပါးအဖြစ် သတ်မှတ်ကြသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
  • အလ်မစီဟ် (الْمَسِيحُ): နဗီအီဆာ (အလိုင်ဟိစ်စလာမ်) ကို ရည်ညွှန်းသည်။
  • ယုဒါဟိအုန် (يُضَاهِئُونَ): တူညီအောင် လုပ်ဆောင်ကြသည်၊ အတုယူ ပြောဆိုကြသည် ဟု အဓိပ္ပာယ်ရသည်။
  • ကာသာလဟုမုလ္လာဟ် (قَاتَلَهُمُ اللَّهُ): အလ္လာဟ်အရှင်မြတ်သည် သူတို့ကို ဖျက်ဆီးတော်မူပါစေ၊ ကြစုတ်ပါစေ ဟု အဓိပ္ပာယ်ရသော ပြင်းထန်သည့် သတိပေးချက် ဖြစ်သည်။
  • အန္နာ ယုအ်ဖကုန် (أَنَّىٰ يُؤْفَكُونَ): မည်သို့ လမ်းလွဲသွားကြသနည်း၊ မည်သို့ လှည့်ဖျားခံရကြသနည်း ဟု အဓိပ္ပာယ်ရသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်:

ယဟူဒီများက “အုဇိုင်ရ်သည် အလ္လာဟ်အရှင်မြတ်၏ သားတော် ဖြစ်သည်” ဟု ဆိုကြသည်။ ခရစ်ယာန်များကလည်း “အလ်မစီဟ် (အီဆာ) သည် အလ္လာဟ်အရှင်မြတ်၏ သားတော် ဖြစ်သည်” ဟု ဆိုကြသည်။ ဤသို့ ဆိုခြင်းသည် သူတို့၏ ပါးစပ်များမှ ထွက်လာသော စကားမျှသာ ဖြစ်သည်။ မည်သည့် အထောက်အထား၊ သက်သေခံချက်မျှ မရှိဘဲ သူတို့၏ စိတ်အလိုအတိုင်း လုပ်ကြံပြောဆိုခြင်း ဖြစ်သည်။ ဤသို့ ပြောဆိုခြင်းသည် ရှေးကာလက ကာဖိရ်များ (မယုံကြည်သူများ) ပြောဆိုခဲ့ကြသည့် စကားများနှင့် တူညီနေသည်။ ရှေးကာလက ကာဖိရ်များသည် မိမိတို့၏ ကိုးကွယ်ရာများကို အလ္လာဟ်အရှင်မြတ်၏ သားသမီးများအဖြစ် သတ်မှတ်ပြောဆိုခဲ့ကြသည်။ ဤသို့သော မိစ္ဆာအယူအဆများကို ပြောဆိုသူများကို အလ္လာဟ်အရှင်မြတ်သည် ကြစုတ်တော်မူပါစေ။ ထိုသူတို့သည် ထင်ရှားလှသော အမှန်တရားကို မြင်နေရပါလျက် မည်သို့သော အကြောင်းကြောင့် လမ်းလွဲသွားကြသနည်း။ မည်သို့သော အင်အားဖြင့် အမှန်တရားမှ လှည့်ထွက်သွားကြသနည်း။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော အရှင်ဖြစ်တော်မူသည်။ မည်သည့် သတ္တဝါမျှ အလ္လာဟ်အရှင်မြတ်၏ သားတော်၊ သမီးတော် မဟုတ်ပါ။ ဤအချက်သည် အစ္စလာမ်၏ အခြေခံအုတ်မြစ် ဖြစ်သော တောင်ဟီဒ် (အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကို ယုံကြည်ခြင်း) ၏ အဓိကအချ


📜 အာယာသ် 28-32 — စူရာ အတ်-တောင်ဘ

28يَا أَيُّهَا الَّذِينَ آمَنُوا إِنَّمَا الْمُشْرِكُونَ نَجَسٌ فَلَا يَقْرَبُوا الْمَسْجِدَ الْحَرَامَ بَعْدَ عَامِهِمْ هَٰذَا ۚ وَإِنْ خِفْتُمْ عَيْلَةً فَسَوْفَ يُغْنِيكُمُ اللَّهُ مِن فَضْلِهِ إِن شَاءَ ۚ إِنَّ اللَّهَ عَلِيمٌ حَكِيمٌ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့။မွရှ်ရစ်က်တို့ကား ညစ်ညမ်းသောသူများသာ ဖြစ်ကြကုန်၏။သို့ဖြစ်ပေရာ ၎င်းတို့သည် ဤနှစ်ကုန်ဆုံးပြီးလျှင် ‘မတ်စ်ဂျိဒေဟရာမ်’ ထူးမြတ်သော ဗလီကျောင်းတော်၏အပါးသို့ပင်ချဉ်းကပ်ခြင်း မပြုကြရချေ။ ၎င်းပြင် အကယ်၍ အသင်တို့သည် ဆင်းရဲနွမ်းပါးမှုကို စိုးရိမ်ကြပါလျှင်၊ အလ္လာဟ် အရှင်မြတ်သည် အလိုရှိတော်မူပါက မကြာမြင့်မီအတွင်း အသင်တို့အား မိမိကျေးဇူးတော်ဖြင့် ဥစ္စာပစ္စည်း ကုံလုံကြွယ်ဝ ပြည့်စုံစေတော်မူအံ့။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလုံးစုံကိုအကြွင်းမဲ့ သိတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
29قَاتِلُوا الَّذِينَ لَا يُؤْمِنُونَ بِاللَّهِ وَلَا بِالْيَوْمِ الْآخِرِ وَلَا يُحَرِّمُونَ مَا حَرَّمَ اللَّهُ وَرَسُولُهُ وَلَا يَدِينُونَ دِينَ الْحَقِّ مِنَ الَّذِينَ أُوتُوا الْكِتَابَ حَتَّىٰ يُعْطُوا الْجِزْيَةَ عَن يَدٍ وَهُمْ صَاغِرُونَ
(အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့)အသင်တို့သည် အတိတ်ခေတ် ကျမ်းဂန်ရရှိသော သူတို့ကို(မိမိတို့၏)လက်ဖြင့် အောက်ကြို့၍ လူခွန်တော်ကိုကြည်ဖြူစွာဆက်သခြင်း မပြုသမျှ ကာလပတ်လုံး တိုက်ခိုက်ကြလေကုန်။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်း ယုံကြည်ကြသည်မဟုတ်ပေ။ နောက်ဆုံးနေ့ကိုလည်း ယုံကြည်ကြသည် မဟုတ်ချေ။ ထို့ပြင် ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကလည်းကောင်း၊’ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသောအရာများကို’ဟရာမ်’ တားမြစ်ထားသောအရာဟူ၍ မယူဆကြချေ။ ထိုနည်းတူစွာ ၎င်းတို့သည် မှန်ကန်သော(အစ္စလာမ်)သာသနာတော်ကိုလည်း ယုံကြည်လက်ခံခြင်းမပြုကြချေ။(ရကူ)
30وَقَالَتِ الْيَهُودُ عُزَيْرٌ ابْنُ اللَّهِ وَقَالَتِ النَّصَارَى الْمَسِيحُ ابْنُ اللَّهِ ۖ ذَٰلِكَ قَوْلُهُم بِأَفْوَاهِهِمْ ۖ يُضَاهِئُونَ قَوْلَ الَّذِينَ كَفَرُوا مِن قَبْلُ ۚ قَاتَلَهُمُ اللَّهُ ۚ أَنَّىٰ يُؤْفَكُونَ
စင်စစ်သော်ကား ယဟူဒီတို့က အုဇိုင်ရ် သည်အလ္လာဟ်အရှင်မြတ်၏ သားတော်ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြလေသည်။ နဆွ်ရာနီတို့ကလည်း မစီဟ်သည် အလ္လာဟ်အရှင်မြတ်၏ သားတော်ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြလေသည်။ဤသည်ကား ၎င်းတို့ မိမိတို့နှုတ်ဖြင့်ပြောဆိုကြသော (အခြေအနေကင်းမဲ့သည့်) စကားမျှသာ ဖြစ်ချေသတည်း။ ၎င်းတို့သည် (မိမိတို့) အလျင် ရှေးအထက်ကျော်ကာလ၌ ရှိခဲ့ကြသောကာဖိရ် ယုံကြည်မှုကင်းမဲ့သောသူတို့၏ ပြောဆိုမှုကိုလိုက်၍တုခဲ့ကြလေသည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဖျက်ဆီးတော်မူပါစေသတည်း။ ၎င်းတို့သည်(အမှန်ကိုပယ်၍ အမှားဘက်သို့) အသို့လျှင်ပြန်လှည့်သွားကြသနည်း။
31اتَّخَذُوا أَحْبَارَهُمْ وَرُهْبَانَهُمْ أَرْبَابًا مِّن دُونِ اللَّهِ وَالْمَسِيحَ ابْنَ مَرْيَمَ وَمَا أُمِرُوا إِلَّا لِيَعْبُدُوا إِلَٰهًا وَاحِدًا ۖ لَّا إِلَٰهَ إِلَّا هُوَ ۚ سُبْحَانَهُ عَمَّا يُشْرِكُونَ
ထိုသူတို့သည် မိမိတို့၏ တရားဟောဆရာ တို့ကိုလည်း ကောင်း၊ ဘုန်းကြီး ရဟန်းတို့ကိုလည်းကောင်း၊ ‘မရ်ယမ်’၏သားတော်’မစီဟ်’ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ (မိမိတို့၏)အရှင်သခင်များ ပြုလုပ်ထားခဲ့ကြလေသည်။အမှန်စင်စစ်သော်ကား ထိုသူတို့သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ရန်အမိန့်ပေးတေ်မူခြင်းကို ခံခဲ့ကြရလေသည်။ ထို(တစ်ဆူတည်းသော)အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍အလျှင်းမရှိပြီ။ ထိုအရှင်မြတ်သည် ၎င်းတို့တွဲဖက် နှိုင်းယှဉ်(ကိုးကွယ်)ကြသည်တို့မှ(လုံးဝ) သန့်ရှင်းစင်ကြယ်တော်မူချေသတည်း။
32يُرِيدُونَ أَن يُطْفِئُوا نُورَ اللَّهِ بِأَفْوَاهِهِمْ وَيَأْبَى اللَّهُ إِلَّا أَن يُتِمَّ نُورَهُ وَلَوْ كَرِهَ الْكَافِرُونَ
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ရောင်ခြည်တော်ကို မိမိတို့၏ပါးစပ်များဖြင့် ငြိမ်းစေလိုကြကုန်၏။ သို့ရာတွင်မူကား အလ္လာဟ်အဲရှင်မြတ်သည် ကာဖိရ် မယုံကြည်သွေဖည်ငြင်းပယ်သောသူတို့က မနှစ်မြို့ကြသော်လည်း မိမိ၏ရောင်ခြည်တော်ကို ပြည့်ဝစုံလင်စေတော်မူခြင်း မှတစ်ပါး(အခြား) မည်သည့်တစ်စုံတစ်ရာကိုမျှ သဘောတူတော် မူမည်မဟုတ်ပေ။
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
30အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 30

စူရာ အတ်-တောင်ဘ အာယာသ် 30 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား ယဟူဒီတို့က အုဇိုင်ရ် သည်အလ္လာဟ်အရှင်မြတ်၏ သားတော်ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြလေသည်။ နဆွ်ရာနီတို့ကလည်း မစီဟ်သည် အလ္လာဟ်အရှင်မြတ်၏ သားတော်ဖြစ်သည်ဟူ၍…

စူရာ အာယာသ် 30/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 28–32. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, October 20, 2026

Don't forget us in your sincere prayers