အတ်-တောင်ဘ · 31/129
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တောင်ဘ
اتَّخَذُوا أَحْبَارَهُمْ وَرُهْبَانَهُمْ أَرْبَابًا مِّن دُونِ اللَّهِ وَالْمَسِيحَ ابْنَ مَرْيَمَ وَمَا أُمِرُوا إِلَّا لِيَعْبُدُوا إِلَٰهًا وَاحِدًا ۖ لَّا إِلَٰهَ إِلَّا هُوَ ۚ سُبْحَانَهُ عَمَّا يُشْرِكُونَ ۝٣١
ittakhazooo ahbaarahum wa ruhbaanahum arbaabammin doonil laahi wal Maseehab na Maryama wa maaa umirooo illaa liya`budooo Ilaahanw Waa hidan laaa ilaaha illaa Hoo; Subhaanahoo `ammaa yushrikoon
📖 မြန်မာဘာသာ
ထိုသူတို့သည် မိမိတို့၏ တရားဟောဆရာ တို့ကိုလည်း ကောင်း၊ ဘုန်းကြီး ရဟန်းတို့ကိုလည်းကောင်း၊ ‘မရ်ယမ်’၏သားတော်’မစီဟ်’ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ (မိမိတို့၏)အရှင်သခင်များ ပြုလုပ်ထားခဲ့ကြလေသည်။အမှန်စင်စစ်သော်ကား ထိုသူတို့သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ရန်အမိန့်ပေးတေ်မူခြင်းကို ခံခဲ့ကြရလေသည်။ ထို(တစ်ဆူတည်းသော)အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍အလျှင်းမရှိပြီ။ ထိုအရှင်မြတ်သည် ၎င်းတို့တွဲဖက် နှိုင်းယှဉ်(ကိုးကွယ်)ကြသည်တို့မှ(လုံးဝ) သန့်ရှင်းစင်ကြယ်တော်မူချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်

  • အတ္တခ་ဇူ (اتَّخَذُوا) — သူတို့သည် ချီးမြှောက်ခဲ့ကြသည်၊ သတ်မှတ်ခဲ့ကြသည်။
  • အာဟ်ဗာရ် (أَحْبَار) — ဂျူးလူမျိုးတို့၏ ပညာရှင်များ၊ ဘာသာရေးခေါင်းဆောင်များ။
  • ရုဟ်ဗာန် (رُهْبَان) — ခရစ်ယာန်ဘာသာဝင်တို့၏ ဘုန်းတော်ကြီးများ၊ ဘာသာရေးဆရာများ။
  • အာရ်ဗာဗာ (أَرْبَابًا) — သခင်များ၊ ကိုးကွယ်ရာများ။
  • မီန်ဒူနိလ္လာဟ် (مِن دُونِ اللَّهِ) — အလ္လာဟ်အရှင်မြတ်ကို ချန်လှပ်၍။
  • အလ်မာစီးဟ် (الْمَسِيح) — မေရှိယ၊ တမန်တော်အီစာ (အ.စ)။
  • ဆုဗ်ဟာနဟူ (سُبْحَانَهُ) — အရှင်မြတ်သည် ချို့တဲ့မှုလုံးဝကင်းရှင်းတော်မူသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ဂျူးနှင့်ခရစ်ယာန်ဘာသာဝင်တို့၏ လွဲမှားသောလုပ်ရပ်ကို ဖော်ပြထားတော်မူသည်။ သူတို့သည် မိမိတို့၏ ပညာရှင်များနှင့် ဘာသာရေးဆရာများကို အလ္လာဟ်အရှင်မြတ်အား ချန်လှပ်၍ သခင်များအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဆိုလိုသည်မှာ ထိုပညာရှင်များနှင့် ဘာသာရေးဆရာများသည် အလ္လာဟ်အရှင်မြတ် ဟလာလ်ပြုထားတော်မူသည်ကို ဟရာမ်ပြုကြပြီး၊ ဟရာမ်ပြုထားတော်မူသည်ကို ဟလာလ်ပြုကြသောအခါ သူတို့သည် ထိုသူများ၏ စီရင်ချက်များကို လိုက်နာကြပြီး အလ္လာဟ်အရှင်မြတ်၏ ရှရီအသ်တော်ကို စွန့်လွှတ်ကြသည်။ ထို့ပြင် ခရစ်ယာန်တို့သည် တမန်တော်အီစာ (အ.စ) ကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်ရာအဖြစ် သတ်မှတ်ခဲ့ကြသည်။

သို့သော် သူတို့အား မိန့်ကြားထားတော်မူသည်မှာ တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ရန်ဖြစ်သည်။ အရှင်မြတ်သည် တစ်ဆူတည်းသော ကိုးကွယ်ရာဖြစ်တော်မူသည်။ အရှင်မြတ်မှတစ်ပါး ကိုးကွယ်ထိုက်သော အရှင်မရှိပါ။ အရှင်မြတ်သည် သူတို့တွဲဖက်ကိုးကွယ်နေသည့်အရာများမှ လုံးဝကင်းရှင်းတော်မူသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ

  • အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော ကိုးကွယ်ရာဖြစ်တော်မူကြောင်း နှလုံးသွင်းနိုင်သည်။ အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်းသည် အကြီးမားဆုံးသော မှားယွင်းမှုဖြစ်ကြောင်း သိရှိနိုင်သည်။
  • ဘာသာရေးခေါင်းဆောင်များကို အလ္လာဟ်အရှင်မြတ်၏ စီရင်ချက်များထက် ကျော်လွန်၍


📜 အာယာသ် 29-33 — စူရာ အတ်-တောင်ဘ

29قَاتِلُوا الَّذِينَ لَا يُؤْمِنُونَ بِاللَّهِ وَلَا بِالْيَوْمِ الْآخِرِ وَلَا يُحَرِّمُونَ مَا حَرَّمَ اللَّهُ وَرَسُولُهُ وَلَا يَدِينُونَ دِينَ الْحَقِّ مِنَ الَّذِينَ أُوتُوا الْكِتَابَ حَتَّىٰ يُعْطُوا الْجِزْيَةَ عَن يَدٍ وَهُمْ صَاغِرُونَ
(အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့)အသင်တို့သည် အတိတ်ခေတ် ကျမ်းဂန်ရရှိသော သူတို့ကို(မိမိတို့၏)လက်ဖြင့် အောက်ကြို့၍ လူခွန်တော်ကိုကြည်ဖြူစွာဆက်သခြင်း မပြုသမျှ ကာလပတ်လုံး တိုက်ခိုက်ကြလေကုန်။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်း ယုံကြည်ကြသည်မဟုတ်ပေ။ နောက်ဆုံးနေ့ကိုလည်း ယုံကြည်ကြသည် မဟုတ်ချေ။ ထို့ပြင် ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကလည်းကောင်း၊’ဟရာမ်’ ဟူ၍ တားမြစ်ထားတော်မူသောအရာများကို’ဟရာမ်’ တားမြစ်ထားသောအရာဟူ၍ မယူဆကြချေ။ ထိုနည်းတူစွာ ၎င်းတို့သည် မှန်ကန်သော(အစ္စလာမ်)သာသနာတော်ကိုလည်း ယုံကြည်လက်ခံခြင်းမပြုကြချေ။(ရကူ)
30وَقَالَتِ الْيَهُودُ عُزَيْرٌ ابْنُ اللَّهِ وَقَالَتِ النَّصَارَى الْمَسِيحُ ابْنُ اللَّهِ ۖ ذَٰلِكَ قَوْلُهُم بِأَفْوَاهِهِمْ ۖ يُضَاهِئُونَ قَوْلَ الَّذِينَ كَفَرُوا مِن قَبْلُ ۚ قَاتَلَهُمُ اللَّهُ ۚ أَنَّىٰ يُؤْفَكُونَ
စင်စစ်သော်ကား ယဟူဒီတို့က အုဇိုင်ရ် သည်အလ္လာဟ်အရှင်မြတ်၏ သားတော်ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြလေသည်။ နဆွ်ရာနီတို့ကလည်း မစီဟ်သည် အလ္လာဟ်အရှင်မြတ်၏ သားတော်ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြလေသည်။ဤသည်ကား ၎င်းတို့ မိမိတို့နှုတ်ဖြင့်ပြောဆိုကြသော (အခြေအနေကင်းမဲ့သည့်) စကားမျှသာ ဖြစ်ချေသတည်း။ ၎င်းတို့သည် (မိမိတို့) အလျင် ရှေးအထက်ကျော်ကာလ၌ ရှိခဲ့ကြသောကာဖိရ် ယုံကြည်မှုကင်းမဲ့သောသူတို့၏ ပြောဆိုမှုကိုလိုက်၍တုခဲ့ကြလေသည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဖျက်ဆီးတော်မူပါစေသတည်း။ ၎င်းတို့သည်(အမှန်ကိုပယ်၍ အမှားဘက်သို့) အသို့လျှင်ပြန်လှည့်သွားကြသနည်း။
31اتَّخَذُوا أَحْبَارَهُمْ وَرُهْبَانَهُمْ أَرْبَابًا مِّن دُونِ اللَّهِ وَالْمَسِيحَ ابْنَ مَرْيَمَ وَمَا أُمِرُوا إِلَّا لِيَعْبُدُوا إِلَٰهًا وَاحِدًا ۖ لَّا إِلَٰهَ إِلَّا هُوَ ۚ سُبْحَانَهُ عَمَّا يُشْرِكُونَ
ထိုသူတို့သည် မိမိတို့၏ တရားဟောဆရာ တို့ကိုလည်း ကောင်း၊ ဘုန်းကြီး ရဟန်းတို့ကိုလည်းကောင်း၊ ‘မရ်ယမ်’၏သားတော်’မစီဟ်’ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ (မိမိတို့၏)အရှင်သခင်များ ပြုလုပ်ထားခဲ့ကြလေသည်။အမှန်စင်စစ်သော်ကား ထိုသူတို့သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ရန်အမိန့်ပေးတေ်မူခြင်းကို ခံခဲ့ကြရလေသည်။ ထို(တစ်ဆူတည်းသော)အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍အလျှင်းမရှိပြီ။ ထိုအရှင်မြတ်သည် ၎င်းတို့တွဲဖက် နှိုင်းယှဉ်(ကိုးကွယ်)ကြသည်တို့မှ(လုံးဝ) သန့်ရှင်းစင်ကြယ်တော်မူချေသတည်း။
32يُرِيدُونَ أَن يُطْفِئُوا نُورَ اللَّهِ بِأَفْوَاهِهِمْ وَيَأْبَى اللَّهُ إِلَّا أَن يُتِمَّ نُورَهُ وَلَوْ كَرِهَ الْكَافِرُونَ
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ရောင်ခြည်တော်ကို မိမိတို့၏ပါးစပ်များဖြင့် ငြိမ်းစေလိုကြကုန်၏။ သို့ရာတွင်မူကား အလ္လာဟ်အဲရှင်မြတ်သည် ကာဖိရ် မယုံကြည်သွေဖည်ငြင်းပယ်သောသူတို့က မနှစ်မြို့ကြသော်လည်း မိမိ၏ရောင်ခြည်တော်ကို ပြည့်ဝစုံလင်စေတော်မူခြင်း မှတစ်ပါး(အခြား) မည်သည့်တစ်စုံတစ်ရာကိုမျှ သဘောတူတော် မူမည်မဟုတ်ပေ။
33هُوَ الَّذِي أَرْسَلَ رَسُولَهُ بِالْهُدَىٰ وَدِينِ الْحَقِّ لِيُظْهِرَهُ عَلَى الدِّينِ كُلِّهِ وَلَوْ كَرِهَ الْمُشْرِكُونَ
ထို (အလ္လာဟ်) အရှင်မြတ်သည်အကြင်အရှင်မြတ် ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်’မွတ်ရှ်ရစ်က်’ များက မနှစ်သက်ကြသော်လည်း မိမိရစူလ်တမန်တော်အား ဘာသာသာသနာ အားလုံးတို့အပေါ်ဝယ် လွှမ်းမိုးစေခြင်းငှာတရားဓမ္မနှင့်အတူလည်းကောင်း၊ မှန်ကန်သော ‘ဒီန်’ သာသနာနှင့်အတူစေလွှတ်တော်မူခဲ့လေသတည်း။
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
31အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 31

စူရာ အတ်-တောင်ဘ အာယာသ် 31 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုသူတို့သည် မိမိတို့၏ တရားဟောဆရာ တို့ကိုလည်း ကောင်း၊ ဘုန်းကြီး ရဟန်းတို့ကိုလည်းကောင်း၊ ‘မရ်ယမ်’၏သားတော်’မစီဟ်’ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ (မိမိတို့၏)အရှင်သခင်များ…

စူရာ အာယာသ် 31/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 29–33. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, October 20, 2026

Don't forget us in your sincere prayers