အတ်-တောင်ဘ · 87/129
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တောင်ဘ
رَضُوا بِأَن يَكُونُوا مَعَ الْخَوَالِفِ وَطُبِعَ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَفْقَهُونَ ۝٨٧
Radoo bi ai yakoonoo ma`al khawaalifi wa tubi`a `alaa quloobihim fahum laa yafqahoon
📖 မြန်မာဘာသာ
ထိုသူတို့သည် (စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်မလိုက်ကြပဲ) နောက်၌ကျန်ရစ်ခဲ့သော အမျိုးသမီးတို့နှင့်အတူနေရစ်ခဲ့ခြင်းကိုပင်၊ နှစ်သက်ခဲ့ကြလေသည်။ ၎င်းပြင် ထိုသူတို့၏ စိတ်နှလုံးများအပေါ်၌လည်း တံဆိပ်ခတ်နှိပ်ပြီး ဖြစ်ခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် (ဂျိဟာဒ် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း၏ သဘောတရား အစစ်အမှန်ကို အလျှင်း)သိမြင်နားလည်ကြသည် မဟုတ်ချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်
  • الْخَوَالِفِ: နောက်တွင်ကျန်ရစ်ခဲ့သူများ၊ အိမ်တွင်နေရစ်ခဲ့သော အမျိုးသမီးများ၊ ကလေးများနှင့် ခြေလက်အင်္ဂါချို့တဲ့သူများ။
  • طُبِعَ: တံဆိပ်ခတ်နှိပ်ခြင်းခံရသည်။ ဆိုလိုသည်မှာ စိတ်နှလုံးများပေါ်တွင် တံဆိပ်ခတ်နှိပ်ခံရပြီး ကောင်းမှုကို လက်ခံနိုင်စွမ်းမရှိတော့ခြင်းဖြစ်သည်။
  • يَفْقَهُونَ: နားလည်သဘောပေါက်ကြသည်။ ဤနေရာတွင် ကောင်းကျိုးနှင့်အကျိုးရှိသောအရာများကို နားလည်သဘောပေါက်ခြင်းကို ဆိုလိုသည်။
  1. အာယသ်တော်၏အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤမုနာဖိကူန်များ (အယောင်ဆောင်မွတ်စ်လင်မ်များ) သည် ဂျိဟာဒ်စစ်ပွဲမှ နောက်တွင်ကျန်ရစ်ခဲ့ကြပြီး အိမ်တွင်နေရစ်ခဲ့သော အမျိုးသမီးများ၊ ကလေးများနှင့် ဆင်ခြေပေးသူများနှင့်အတူ ရှိနေခြင်းကို ကျေနပ်လက်ခံခဲ့ကြသည်။ သူတို့သည် ဂုဏ်သိက္ခာကျဆင်းခြင်းနှင့် အရှက်ရခြင်းကို မိမိတို့အတွက် ရွေးချယ်ခဲ့ကြသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ကုဖ်ရ်နှင့် မုနာဖိက္(အယောင်ဆောင်)အပြစ်များကြောင့် သူတို့၏စိတ်နှလုံးများပေါ်တွင် တံဆိပ်ခတ်နှိပ်တော်မူခဲ့သည်။ ထို့ကြောင့် သူတို့သည် မိမိတို့အတွက် အကျိုးရှိမည့်အရာနှင့် လမ်းမှန်ကို နားလည်သဘောပေါက်နိုင်စွမ်းမရှိတော့ပေ။ ဂျိဟာဒ်တွင် ပါဝင်ခြင်းနှင့် ရစူလ်တမန်တော်(ဆွ)နှင့်အတူ ရှိခြင်းတွင် မည်သည့်ကောင်းကျိုးနှင့် ပျော်ရွှင်မှုရှိသည်ကိုလည်းကောင်း၊ နောက်တွင်ကျန်ရစ်ခြင်းတွင် မည်သည့်ဆိုးကျိုးနှင့် ပျက်စီးမှုရှိသည်ကိုလည်းကောင်း သူတို့နားမလည်ကြပေ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အစ္စလာမ်သည် ဂုဏ်သိက္ခာနှင့် ရဲစွမ်းသတ္တိရှိသော ဘာသာဖြစ်သည်။ မိမိကိုယ်ကို အားနည်းသူများ၊ ဆင်ခြေပေးသူများနှင့် တန်းတူထားခြင်းကို လက်မခံပါ။
  • စိတ်နှလုံးကို အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မှုဖြင့် ထိန်းသိမ်းထားရမည်။ မုနာဖိက္(အယောင်ဆောင်)အပြစ်နှင့် ကုဖ်ရ်အပြစ်များသည် စိတ်နှလုံးကို တံဆိပ်ခတ်နှိပ်ခံရစေပြီး အမှန်တရားကို နားလည်နိုင်စွမ်းဆုံးရှုံးစေသည်။
  • ကောင်းမှုကို ရွေးချယ်ခြင်းသည် မိမိကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုဖြစ်သည်။ ဂျိဟာဒ်ကဲ့


📜 အာယာသ် 85-89 — စူရာ အတ်-တောင်ဘ

85وَلَا تُعْجِبْكَ أَمْوَالُهُمْ وَأَوْلَادُهُمْ ۚ إِنَّمَا يُرِيدُ اللَّهُ أَن يُعَذِّبَهُم بِهَا فِي الدُّنْيَا وَتَزْهَقَ أَنفُسُهُمْ وَهُمْ كَافِرُونَ
ထို့ပြင် ယင်းသူတို့၏ ဥစ္စာပစ္စည်းများသည်လည်းကောင်း၊ ယင်းသူတို့၏ သားသမီးများသည်လည်းကောင်း အသင့်အား အံ့ဩခြင်းကိုမဖြစ်စေရ။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ယင်းဥစ္စာပစ္စည်းများနှင့်သားသမီးများအားဖြင့် လောကီဘဝတွင်ပြစ်ဒဏ်ပေးတော်မူရန်နှင့် ထိုသူတို့သည် ကာဖိရ်သွေဖည်ငြင်းပယ်သူများအဖြစ်နှင့်၊ ထိုသူတို့၏အသက်ဇီဝိန်ထွက်သွားရန်ကိုသာ ရည်စူးတော်မူလေသတည်း။
86وَإِذَا أُنزِلَتْ سُورَةٌ أَنْ آمِنُوا بِاللَّهِ وَجَاهِدُوا مَعَ رَسُولِهِ اسْتَأْذَنَكَ أُولُو الطَّوْلِ مِنْهُمْ وَقَالُوا ذَرْنَا نَكُن مَّعَ الْقَاعِدِينَ
စင်စစ်သော်ကား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား (စိတ်ရောကိုယ်ပါ) သက်ဝင်ယုံကြည်သည့်ပြင်ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်နှင့်အတူ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းကိုလည်း ပြုကြလေကုန် ဟူသောအမိန့်တော်ပါရှိသည့် ကဏ္ဍတစ်ခုခုသည် ကျရောက်လာသောအခါ၊၎င်းတို့ အနက်မှ ဥစ္စာဓနကြွယ်ဝသောသူများကပင်လျှင်ကျွန်တော်မျိုးတို့အား ခွင့်လွှတ်ပါ။ ကျွန်တော်မျိုးတို့သည် ထိုင်၍နေရစ်ခဲ့သောသူတို့နှင့်အတူ နေရစ်ခဲ့ကြပါရစေ ဟူ၍ အသင့်ထံပြောဆို ခွင့်ပန်လာကြ ကုန်သတည်း။
87رَضُوا بِأَن يَكُونُوا مَعَ الْخَوَالِفِ وَطُبِعَ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَفْقَهُونَ
ထိုသူတို့သည် (စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်မလိုက်ကြပဲ) နောက်၌ကျန်ရစ်ခဲ့သော အမျိုးသမီးတို့နှင့်အတူနေရစ်ခဲ့ခြင်းကိုပင်၊ နှစ်သက်ခဲ့ကြလေသည်။ ၎င်းပြင် ထိုသူတို့၏ စိတ်နှလုံးများအပေါ်၌လည်း တံဆိပ်ခတ်နှိပ်ပြီး ဖြစ်ခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် (ဂျိဟာဒ် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း၏ သဘောတရား အစစ်အမှန်ကို အလျှင်း)သိမြင်နားလည်ကြသည် မဟုတ်ချေ။
88لَٰكِنِ الرَّسُولُ وَالَّذِينَ آمَنُوا مَعَهُ جَاهَدُوا بِأَمْوَالِهِمْ وَأَنفُسِهِمْ ۚ وَأُولَٰئِكَ لَهُمُ الْخَيْرَاتُ ۖ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
သို့ရာတွင်မူကား ရစူလ်တမန်တော်မြတ်နှင့်ထိုရစူလ်တမန်တော်နှင့်အတူ အီမာန်သက်ဝင်ယုံကြည်ကြသောသူတို့မူကား၊ မိမိတို့၏ဥစ္စာပစ္စည်းများဖြင့် လည်းကောင်း၊မိမိတို့၏ အသက်ဇီဝိန်များဖြင့် လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြလေသည်။ စင်စစ်သော်ကား ထိုသူတို့အဖို့သာလျှင် ကောင်းခြင်းအဖြာဖြာတို့သည် ရှိကြပေသည်။ ထိုနည်းတူစွာ ထိုသူတို့သည်သာလျှင် အောင်မြင်သောသူများဖြစ်ကြကုန်သတည်း။
89أَعَدَّ اللَّهُ لَهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ ذَٰلِكَ الْفَوْزُ الْعَظِيمُ
အလ္လာဟ်အရှင်မြတ်သည် 4င်းတို့အဖို့ အကြင်ဥယျာဉ်များကို အဆင်သင့်ပြုလုပ်ထားတော်မူခဲ့လေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများသည် စီးထွေလျက်ရှိကြချေသည်။ (4င်းတို့သည်) ထိုဥယျာဉ်များ၌ ထာဝစဉ်နေထိုင်စံမြန်းလျက် ရှိကြပေမည်။ ဤသည်ကား အလွန်ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ-17)ရှိကြပေမည်။ (ထိုသူတို့ သည်) ၎င်းဥယျာဉ်များတွင် ထာဝစဉ်နေထိုင်လျက် ရှိကြပေမည်။ ထို့ပြင် (ထိုအရှင်မြတ်သည်) ထာဝစဉ် တည်သောဥယျာဉ်များ၌ ကောင်းမွန်စင်ကြယ်သောဗိမာန်များကို (ချီးမြှင့်တော်မူရန်)လည်း (ကတိပြု ထားတော်မူခဲ့လေသည်။) ၎င်းပြင် အလ္လာဟ်အရှင်မြတ် ၏ကျေနပ်မှုမှာကား အကြီးကျယ်ဆုံးပင် ဖြစ်ပေသည်။ ဤသည် ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ)
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
87အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 87

စူရာ အတ်-တောင်ဘ အာယာသ် 87 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုသူတို့သည် (စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်မလိုက်ကြပဲ) နောက်၌ကျန်ရစ်ခဲ့သော အမျိုးသမီးတို့နှင့်အတူနေရစ်ခဲ့ခြင်းကိုပင်၊ နှစ်သက်ခဲ့ကြလေသည်။ ၎င်းပြင် ထိုသူတို့၏ စိတ်နှလုံးများအပေါ်၌လည်း တံဆိပ်ခတ်နှိပ်ပြီး…

စူရာ အာယာသ် 87/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 85–89. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers