وَإِذَا مَسَّ الْإِنسَانَ الضُّرُّ دَعَانَا لِجَنبِهِ أَوْ قَاعِدًا أَوْ قَائِمًا فَلَمَّا كَشَفْنَا عَنْهُ ضُرَّهُ مَرَّ كَأَن لَّمْ يَدْعُنَا إِلَىٰ ضُرٍّ مَّسَّهُ ۚ كَذَٰلِكَ زُيِّنَ لِلْمُسْرِفِينَ مَا كَانُوا يَعْمَلُونَ ١٢
🔤 Transliteration
Wa izaa massal insaanad durru da`aanaa lijambiheee aw qaa`idan aw qaaa`iman falammaa kashafnaa `anhu durrahoo marra ka al lam yad`unaaa ilaa durrim massah; kazaalika zuyyina lilmusrifeena maa kaanoo ya`maloon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
သို့ရာတွင် လူသား၌ ဘေးဒုက္ခ(အချို့) ဆိုက်ရောက်လာသောအခါ ၎င်း သည် ငါအရှင်မြတ်အား လဲလျောင်းလျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ မတ်တတ်ရပ်လျက်ဖြစ်စေ ဟစ်ခေါ်လေတော့၏။ တစ်ဖန် ငါအရှင်မြတ်သည် ၎င်း ၏ဘေးဒုက္ခ ကို ကင်းဝေးပပျောက်စေတော်မူခဲ့သည်ရှိသော် ၎င်း သည်ငါအရှင်မြတ်အား မိမိ၌ ဆိုက်ရောက်ခဲ့သော ဘေးဒုက္ခအတွက်(တစ်ကြိမ်တစ်ခါမျှ) ဟစ်ခေါ်ခြင်း မပြုခဲ့ဘိသကဲ့သို့ပင် ဖြစ်သွားပြန်၏။ ဤကဲ့သို့ပင် စည်းမဲ့ကမ်းမဲ့ ပြုလုပ်သော သူတို့အမြင်၌ ၎င်း တို့ ပြုလုပ်လျက် ရှိခဲ့သည်များသည် လှပတင့်တယ်စွာ တွေ့မြင်ရလေသတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ مَسَّ (မတ်စ်စ) — ထိခြင်း၊ သက်ရောက်ခြင်း။ ဤနေရာတွင် ဒုက္ခဆင်းရဲ ရောက်ရှိခြင်းကို ဆိုလိုသည်။الضُّرُّ (ဒွရ်ရ်) — ဒုက္ခ၊ ဆင်းရဲဒုက္ခ၊ ရောဂါ၊ ဘေးအန္တရာယ်။لِجَنبِهِ (လိဂျန်ဗိဟိ) — သူ၏ဘေးစောင်းဖြင့်၊ လဲလျောင်းလျက်။كَشَفْنَا (ကာရှဖ်နာ) — ငါအရှင်မြတ်သည် ဖယ်ရှားပေးတော်မူခဲ့သည်။مَرَّ (မရ်ရ) — ဖြတ်သန်းသွားသည်၊ ဆက်လက်လျှောက်သွားသည်။زُيِّنَ (ဇုယ်ယိန) — လှပစွာ တန်ဆာဆင်ပေးခဲ့သည်၊ ကောင်းမွန်သည်ဟု ထင်မြင်စေခဲ့သည်။الْمُسْرِفِينَ (မုစ်ရိဖီန) — အတိုင်းအဆလွန်ကျူးသူများ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် လူသားတစ်ဦးထံ ဒုက္ခဆင်းရဲ ရောက်ရှိလာသောအခါ သူသည် လဲလျောင်းနေသည့်အခြေအနေ၊ ထိုင်နေသည့်အခြေအနေ၊ ရပ်နေသည့်အခြေအနေ — မည်သည့်အခြေအနေတွင်မဆို ငါအရှင်မြတ်ထံ နှိမ့်ချစွာ ဆုတောင်းပန်ကြားလေသည်။ ထိုသို့ ဆုတောင်းရခြင်းမှာ သူ့ထံရောက်ရှိနေသော ဒုက္ခဆင်းရဲကို ဖယ်ရှားပေးတော်မူရန် ဖြစ်သည်။ သို့သော် ငါအရှင်မြတ်သည် သူ၏ဒုက္ခဆင်းရဲကို ဖယ်ရှားပေးတော်မူပြီးသောအခါ သူသည် ဒုက္ခမရောက်ဖူးသကဲ့သို့၊ ငါအရှင်မြတ်ထံ ဆုတောင်းပန်ကြားခဲ့ဖူးသည်ကို မေ့လျော့သကဲ့သို့ ဖြတ်သန်းသွားလေသည်။ ရှေးယခင်က သူလျှောက်လှမ်းခဲ့သော လမ်းစဉ်အတိုင်း ဆက်လက်လျှောက်သွားလေသည်။ ဤကဲ့သို့ပင် အတိုင်းအဆလွန်ကျူးသူများအတွက် သူတို့ပြုလုပ်ခဲ့သော ကုဖ်ရ် (မယုံကြည်မှု) နှင့် မာဆိယသ် (အပြစ်များ) ကို လှပစွာ တန်ဆာဆင်ပေးထားခြင်းခံရလေသည်။ သူတို့သည် ထိုလုပ်ရပ်များကို စွန့်လွှတ်ကြသည်မရှိပေ။
ဆိုလိုသည်မှာ — လူသားသည် ဒုက္ခရောက်သောအခါ အလ္လာဟ်အရှင်မြတ်ကို အလွန်နှိမ့်ချစွာ ခေါ်ဆိုဆုတောင်းလေ့ရှိသည်။ သို့သော် ဒုက္ခလွတ်မြောက်သွားသောအခါ အရှင်မြတ်ကို ကျေးဇူးတင်ခြင်းမရှိဘဲ မေ့လျော့သွားကာ ယခင်အတိုင်း ဆက်လက်ပြုမူနေထိုင်လေသည်။ ဤသည်မှာ အရှင်မြတ်ကို မယုံကြည်သော၊ အတိုင်းအဆလွန်ကျူးသော သူများ၏ သဘောသဘာဝဖြစ်သည်။ ရှိုင်သွာန်သည် သူတို့၏အပြစ်လုပ်ရပ်များကို လှပကောင်းမွန်သည်ဟု ထင်မြင်စေခဲ့သည်။
**၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခ
وَإِذَا مَسَّ ٱلۡإِنسَٰنَ ٱلضُّرُّ دَعَانَا لِجَنۢبِهِۦٓ أَوۡ قَاعِدًا أَوۡ قَآئِمًا فَلَمَّا كَشَفۡنَا عَنۡهُ ضُرَّهُۥ مَرَّ كَأَن لَّمۡ يَدۡعُنَآ إِلَىٰ ضُرٍّ مَّسَّهُۥۚ كَذَٰلِكَ زُيِّنَ لِلۡمُسۡرِفِينَ مَا كَانُواْ يَعۡمَلُونَ ١٢
သို့ရာတွင် လူသား၌ ဘေးဒုက္ခ(အချို့) ဆိုက်ရောက်လာသောအခါ ၎င်း သည် ငါအရှင်မြတ်အား လဲလျောင်းလျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ မတ်တတ်ရပ်လျက်ဖြစ်စေ ဟစ်ခေါ်လေတော့၏။ တစ်ဖန် ငါအရှင်မြတ်သည် ၎င်း ၏ဘေးဒုက္ခ ကို ကင်းဝေးပပျောက်စေတော်မူခဲ့သည်ရှိသော် ၎င်း သည်ငါအရှင်မြတ်အား မိမိ၌ ဆိုက်ရောက်ခဲ့သော ဘေးဒုက္ခအတွက်(တစ်ကြိမ်တစ်ခါမျှ) ဟစ်ခေါ်ခြင်း မပြုခဲ့ဘိသကဲ့သို့ပင် ဖြစ်သွားပြန်၏။ ဤကဲ့သို့ပင် စည်းမဲ့ကမ်းမဲ့ ပြုလုပ်သော သူတို့အမြင်၌ ၎င်း တို့ ပြုလုပ်လျက် ရှိခဲ့သည်များသည် လှပတင့်တယ်စွာ တွေ့မြင်ရလေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 10-14 — စူရာ ယူနူစ်
10 دَعْوَاهُمْ فِيهَا سُبْحَانَكَ اللَّهُمَّ وَتَحِيَّتُهُمْ فِيهَا سَلَامٌ ۚ وَآخِرُ دَعْوَاهُمْ أَنِ الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ
ယင်းသုခဘုံနန်းဥယျာဉ်များတွင် ထိုသူတို့၏စကားသည် အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါ၏ ဟူ၍လည်းကောင်း၊ ထိုသူတို့၏နှုတ်ခွန်းဆက်ခြင်းသည် စလာမ်ဟူ၍လည်းကောင်း၊ ထိုသူတို့၏နောက်ဆုံး (နိဂုံးချုပ်) စကားသည် ချီးမွမ်းထောမနာပြုခြင်းအပေါင်းတို့အား စကြဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ အပ်စပ်သည်ဟူ၍ လည်းကောင်း ဖြစ်အံ့သတည်း။
11 ۞ وَلَوْ يُعَجِّلُ اللَّهُ لِلنَّاسِ الشَّرَّ اسْتِعْجَالَهُم بِالْخَيْرِ لَقُضِيَ إِلَيْهِمْ أَجَلُهُمْ ۖ فَنَذَرُ الَّذِينَ لَا يَرْجُونَ لِقَاءَنَا فِي طُغْيَانِهِمْ يَعْمَهُونَ
၎င်း ပြင် အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူများထံသို့ ၎င်း တို့အကောင်းကို အလျင်အမြန်တောင်းဆိုသကဲ့သို့ အဆိုးကို ပို့ဆောင်(သက်ရောက်) စေတော်မူပါလျှင် ၎င်း တို့၏သက်တမ်းသည် မုချ အဆုံးသတ်ပြီး ဖြစ်ချေမည်။ သို့ရာတွင် ငါအရှင်မြတ်သည် ငါအရှင်မြတ် နှင့်တွေ့ရမည်ကို မမျှော်လင့်သောသူများအား ၎င်း တို့၏ မောက်မာဆိုးသွမ်းမှု၌ တဝေ့လည်လည် ဖြစ်ရှိနေကြရန် စွန့်ပစ်၍ ထားတော်မူသည်။
12 وَإِذَا مَسَّ الْإِنسَانَ الضُّرُّ دَعَانَا لِجَنبِهِ أَوْ قَاعِدًا أَوْ قَائِمًا فَلَمَّا كَشَفْنَا عَنْهُ ضُرَّهُ مَرَّ كَأَن لَّمْ يَدْعُنَا إِلَىٰ ضُرٍّ مَّسَّهُ ۚ كَذَٰلِكَ زُيِّنَ لِلْمُسْرِفِينَ مَا كَانُوا يَعْمَلُونَ
သို့ရာတွင် လူသား၌ ဘေးဒုက္ခ(အချို့) ဆိုက်ရောက်လာသောအခါ ၎င်း သည် ငါအရှင်မြတ်အား လဲလျောင်းလျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ မတ်တတ်ရပ်လျက်ဖြစ်စေ ဟစ်ခေါ်လေတော့၏။ တစ်ဖန် ငါအရှင်မြတ်သည် ၎င်း ၏ဘေးဒုက္ခ ကို ကင်းဝေးပပျောက်စေတော်မူခဲ့သည်ရှိသော် ၎င်း သည်ငါအရှင်မြတ်အား မိမိ၌ ဆိုက်ရောက်ခဲ့သော ဘေးဒုက္ခအတွက်(တစ်ကြိမ်တစ်ခါမျှ) ဟစ်ခေါ်ခြင်း မပြုခဲ့ဘိသကဲ့သို့ပင် ဖြစ်သွားပြန်၏။ ဤကဲ့သို့ပင် စည်းမဲ့ကမ်းမဲ့ ပြုလုပ်သော သူတို့အမြင်၌ ၎င်း တို့ ပြုလုပ်လျက် ရှိခဲ့သည်များသည် လှပတင့်တယ်စွာ တွေ့မြင်ရလေသတည်း။
13 وَلَقَدْ أَهْلَكْنَا الْقُرُونَ مِن قَبْلِكُمْ لَمَّا ظَلَمُوا ۙ وَجَاءَتْهُمْ رُسُلُهُم بِالْبَيِّنَاتِ وَمَا كَانُوا لِيُؤْمِنُوا ۚ كَذَٰلِكَ نَجْزِي الْقَوْمَ الْمُجْرِمِينَ
ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အလျင်(များစွာသော)အမျိုးနွယ်များကို ��င်း တို့ မတော်မတရားကျူးလွန်ခဲ့ကြသောအခါ ဖျက်ဆီးတော်မူခဲ့လေသည်။ အမှန်စင်စစ်သော်ကား ၎င်း တို့ထံ ၎င်း တို့၏ ရစူလ်တမန်တော်များသည် ထင်ရှားလှစွာသောသက်သေ၊ လက္ခဏာတော်များကိုယူဆောင်လာခဲ့ကြကုန်၏။ စင်စစ်သော်ကား ၎င်း တို့သည်သက်ဝင်ယုံကြည်ကြမည့်သူများ မဟုတ်ကြချေ။ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သူတို့အား ဤကဲ့သို့ပင်အစားပေးတော်မူလေသည်။
14 ثُمَّ جَعَلْنَاكُمْ خَلَائِفَ فِي الْأَرْضِ مِن بَعْدِهِمْ لِنَنظُرَ كَيْفَ تَعْمَلُونَ
ထို့နောက် ငါအရှင်မြတ်သည် ၎င်း တို့၏နောက်အသင်တို့ မည်သို့ပြုလုပ်ကြသည်ကို ကြည့်ရှုတော်မူရန် အသင်တို့အား ကမ္ဘာမြေပြင်ဝယ် ကိုယ်စားလှယ်များ ပြုလုပ် တော်မူသတည်း။
ဘာသာပြန် — ယူနူစ် 12 စူရာ ယူနူစ် အာယာသ် 12 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် လူသား၌ ဘေးဒုက္ခ(အချို့) ဆိုက်ရောက်လာသောအခါ ၎င်း သည် ငါအရှင်မြတ်အား လဲလျောင်းလျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ မတ်တတ်ရပ်လျက်ဖြစ်စေ…
စူရာ အာယာသ် 12/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 10–14. မြန်မာဘာသာ: ภาษาไทย.