ယူနူစ် · 19/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
وَمَا كَانَ النَّاسُ إِلَّا أُمَّةً وَاحِدَةً فَاخْتَلَفُوا ۚ وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ لَقُضِيَ بَيْنَهُمْ فِيمَا فِيهِ يَخْتَلِفُونَ ۝١٩
Wa maa kaanan naasu illaaa ummmatanw waahidatan fakh talafoo; wa law laa kalimatun sabaqat mir Rabbika laqudiya bainahum fee maa feehi yakhtalifoon
📖 မြန်မာဘာသာ
စင်စစ်သော်ကား လူသားတို့သည်(ယခင်မူလက)ဘာသာဝါဒ တူညီသော လူတစ်စုတည်းသာလျှင် ဖြစ်ခဲ့ကြကုန်၏။ ထို့နောက် ၎င်း တို့သည်(ဘာသာဝါဒ၌)သဘောကွဲလွဲခဲ့ကြကုန်၏။ စင်စစ် သော်ကား အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ စကားတစ်ရပ်သည် ရှေးဦးပထမကပင် ရှိနှင့်ခဲ့ပြီး မဖြစ်ပါလျှင် မုချဧကန်၎င်း တို့အချင်းချင်း သဘောကွဲလွဲနေသော အရာနှင့်စပ်လျဉ်း၍စီရင်ဆုံးဖြတ်ပြီး ဖြစ်ချိမ့်မည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ

  • أُمَّةً وَاحِدَةً (အုမ္မသန် ဝါဟိဒသန်) — တစ်ခုတည်းသော လူမျိုးအဖွဲ့အစည်း၊ ဆိုလိုသည်မှာ တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ဆည်းကပ်သော တစ်ညီတစ်ညွတ်တည်း လူ့အဖွဲ့အစည်းကို ဆိုလိုသည်။
  • فَاخْتَلَفُوا (ဖခ်သလဖူ) — ထို့နောက် သူတို့သည် ကွဲပြားသွားကြသည်၊ အယူဝါဒများ ကွဲပြားသွားကြသည်။
  • كَلِمَةٌ سَبَقَتْ مِن رَّبِّكَ (ကာလိမသွန် စဗကသ် မිန် ရဗ္ဗိက) — သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ကြိုတင်ဆုံးဖြတ်ထားတော်မူသော စကားတော်တစ်ခု၊ ဆိုလိုသည်မှာ ဤလောကတွင် ချက်ချင်းစီရင်ဆုံးဖြတ်တော်မမူဘဲ ကိယာမသ်နေ့တွင်မှ စီရင်ဆုံးဖြတ်တော်မူမည်ဟူသော ကတိတော်ကို ဆိုလိုသည်။
  • لَقُضِيَ بَيْنَهُمْ (လကုဒွီယာ ဗိုင်နဟွမ်) — သူတို့အကြားတွင် ချက်ချင်း စီရင်ဆုံးဖြတ်တော်မူခဲ့မည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

လူသားအားလုံးတို့သည် မူလအစတွင် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကို ကိုးကွယ်ဆည်းကပ်သော တစ်ခုတည်းသော လူ့အဖွဲ့အစည်းအဖြစ် ရှိခဲ့ကြသည်။ ထို့နောက်တွင် သူတို့သည် ကွဲပြားသွားကြပြီး အချို့သည် အီမာန်သက်ဝင်ယုံကြည်မှုအပေါ် တည်ကြည်နေကြသော်လည်း အချို့မှာ ကုဖ်ရ်ကို ကျူးလွန်ကာ လမ်းလွဲသွားကြသည်။ အကယ်၍ အရှင်မြတ်ထံတော်မှ ကြိုတင်ဆုံးဖြတ်ထားတော်မူသော စကားတော်တစ်ခု မရှိခဲ့လျှင် — ဆိုလိုသည်မှာ ဤလောကီဘဝတွင် သူတို့၏ ကွဲပြားမှုများကို ချက်ချင်းစီရင်ဆုံးဖြတ်တော်မမူဘဲ ကိယာမသ်နေ့တွင်မှ စီရင်ဆုံးဖြတ်တော်မူမည်ဟူသော ကတိတော် မရှိခဲ့လျှင် — မှားယွင်းသူများကို ဖျက်ဆီးတော်မူပြီး မှန်ကန်သူများကို ကယ်တင်တော်မူလျက် သူတို့အကြားတွင် ချက်ချင်း စီရင်ဆုံးဖြတ်တော်မူခဲ့မည် ဖြစ်သည်။ သို့သော် အရှင်မြတ်သည် မိမိ၏ ဉာဏ်ပညာတော်နှင့် အချိန်ကာလ သတ်မှတ်ချက်အရ ဤလောကတွင် စီရင်ဆုံးဖြတ်တော်မမူဘဲ ကိယာမသ်နေ့အထိ ရွှေ့ဆိုင်းထားတော်မူသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • လူသားအားလုံး၏ မူလဇစ်မြစ်သည် တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ဆည်းကပ်သော တ


📜 အာယာသ် 17-21 — စူရာ ယူနူစ်

17فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِآيَاتِهِ ۚ إِنَّهُ لَا يُفْلِحُ الْمُجْرِمُونَ
သို့ဖြစ်ပေရာ အကြင်သူထက် ပိုမို၍ မတရားသောသူသည် မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို ကြံဖန်လီဆယ်၍ စွပ်စွဲခဲ့လေသည်။ သို့တည်းမဟုတ် ထိုသူသည် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့လေသည်။ ဧကန် စင်စစ် ပြစ်မှုကျူးလွန်သူတို့သည် အောင်မြင်မှုအလျင်းရရှိကြမည် မဟုတ်ပေတကား။
18وَيَعْبُدُونَ مِن دُونِ اللَّهِ مَا لَا يَضُرُّهُمْ وَلَا يَنفَعُهُمْ وَيَقُولُونَ هَٰؤُلَاءِ شُفَعَاؤُنَا عِندَ اللَّهِ ۚ قُلْ أَتُنَبِّئُونَ اللَّهَ بِمَا لَا يَعْلَمُ فِي السَّمَاوَاتِ وَلَا فِي الْأَرْضِ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ
စင်စစ်သော်ကား ၎င်း တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်ပယ်၍ အကြင်အရာများကို ကိုးကွယ်ဆည်းကပ်ကြလေသည်။ ထိုအရာများသည် ၎င်း တို့အား အကျိုးယုတ်စေနိုင်ကြသည်လည်း မဟုတ်ပေ။ ထို့ပြင် ထိုအရာများသည်၎င်း တို့အား အကျိုး ဖြစ်ထွန်းစေနိုင်ကြသည်လည်း မဟုတ်ပေ။ထိုမှတပါး ၎င်း တို့က ဤသည်တို့ကား ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်အထံတော်၌ ကြားဝင် အသနားခံပေးမည့်အရာများပင်ဖြစ်ကြသည်ဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်း တို့အား ဤသို့)ပြောြားပါလေ။ (အချင်းတို့)အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ထိုအရှင်မြတ်သိတော်မမူသောအရာနှင့်စပ်လျဉ်း၍ သတင်းပေးကြသလော။ ထိုအရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူသည့်အပြင် ထိုအရှင်မြတ်သည် ၎င်း တို့တွဲဖက်နှ�ုင်းယှဉ် ကိုးကွယ်ကြကုန်သောအရာများထက် မြင့်မြတ်လှတော်မူ၏။
19وَمَا كَانَ النَّاسُ إِلَّا أُمَّةً وَاحِدَةً فَاخْتَلَفُوا ۚ وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ لَقُضِيَ بَيْنَهُمْ فِيمَا فِيهِ يَخْتَلِفُونَ
စင်စစ်သော်ကား လူသားတို့သည်(ယခင်မူလက)ဘာသာဝါဒ တူညီသော လူတစ်စုတည်းသာလျှင် ဖြစ်ခဲ့ကြကုန်၏။ ထို့နောက် ၎င်း တို့သည်(ဘာသာဝါဒ၌)သဘောကွဲလွဲခဲ့ကြကုန်၏။ စင်စစ် သော်ကား အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ စကားတစ်ရပ်သည် ရှေးဦးပထမကပင် ရှိနှင့်ခဲ့ပြီး မဖြစ်ပါလျှင် မုချဧကန်၎င်း တို့အချင်းချင်း သဘောကွဲလွဲနေသော အရာနှင့်စပ်လျဉ်း၍စီရင်ဆုံးဖြတ်ပြီး ဖြစ်ချိမ့်မည်။
20وَيَقُولُونَ لَوْلَا أُنزِلَ عَلَيْهِ آيَةٌ مِّن رَّبِّهِ ۖ فَقُلْ إِنَّمَا الْغَيْبُ لِلَّهِ فَانتَظِرُوا إِنِّي مَعَكُم مِّنَ الْمُنتَظِرِينَ
ထိုမှတစ်ပါး ၎င်း တို့သည် (ဤသို့)ပြောဆိုကြကုန်၏။ အဘယ်ကြောင့် ထို(ရစူလ်တမန်တော်မြတ်) ၏အပေါ်၌၎င်း ၏ အရှင်မြတ်အထံတော်မှ သက်သေလက္ခဏာ တစ်စုံတစ်ရာ မကျရောက်ခဲ့ပါသနည်း။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည ်(၎င်း တို့အား ဤသို့)ဖြေကြားပါလေ။ အကယ်စင်စစ် အကွယ်၌ရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် စောင့်မျှော်၍နေကြလေကုန်။ ငါသည်လည်း အသင်တို့နှင့်အတူ စောင့်မျှော်သူတို့တွင် တဦးအပါအဝင် ဖြစ်သတည်း။
21وَإِذَا أَذَقْنَا النَّاسَ رَحْمَةً مِّن بَعْدِ ضَرَّاءَ مَسَّتْهُمْ إِذَا لَهُم مَّكْرٌ فِي آيَاتِنَا ۚ قُلِ اللَّهُ أَسْرَعُ مَكْرًا ۚ إِنَّ رُسُلَنَا يَكْتُبُونَ مَا تَمْكُرُونَ
အမှန်သော်ကား ငါအရှင်မြတ်သည် လူတို့အား၎င်း တို့၌ ဘေးဒုက္ခဆိုက်ရောက်ခဲ့ပြီးနောက် (မိမိ၏) ကရုဏာတော်(၏အရသာ)ကို မြည်းစမ်းစေ တော်မူသော် ရုတ်တရက်၎င်း တို့၌ ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ အကြံ အစည်များပေါ်လာလေ့ရှိပေသည်။ (အိုနဗီတမန်တော်)အသင်သည် (၎င်း တို့အား) ‘အလ္လာဟ်အရှင်မြတ်သည် အကြံအစည်ပြုရာ၌ (၎င်း တို့ထက်) ပိုမို၍ပင်လျင်မြန်တော်မူသောအရှင် ဖြစ်တော်မူသည်ဟု ပြောကြားပါလေ။ ဧကန်အမှန် ငါအရှင်မြတ်၏(ကောင်းကင်)စေတမန်များသည် အသင်တို့ ကြံစည်လျက်ရှိသည်တို့ကို ရေးမှတ်လျက်ရှိကြ၏။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
19အာယာသ်

ဘာသာပြန် — ယူနူစ် 19

စူရာ ယူနူစ် အာယာသ် 19 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား လူသားတို့သည်(ယခင်မူလက)ဘာသာဝါဒ တူညီသော လူတစ်စုတည်းသာလျှင် ဖြစ်ခဲ့ကြကုန်၏။ ထို့နောက် ၎င်း တို့သည်(ဘာသာဝါဒ၌)သဘောကွဲလွဲခဲ့ကြကုန်၏။ စင်စစ် သော်ကား…

စူရာ အာယာသ် 19/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 17–21. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 11, 2026

Don't forget us in your sincere prayers