ယူနူစ် · 20/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
وَيَقُولُونَ لَوْلَا أُنزِلَ عَلَيْهِ آيَةٌ مِّن رَّبِّهِ ۖ فَقُلْ إِنَّمَا الْغَيْبُ لِلَّهِ فَانتَظِرُوا إِنِّي مَعَكُم مِّنَ الْمُنتَظِرِينَ ۝٢٠
W yaqooloona law laaa unzila `alaihi aayatum mir Rabbihee faqul innamal ghaibu lillaahi fantaziroo innee ma`akum minal muntazireen
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ၎င်း တို့သည် (ဤသို့)ပြောဆိုကြကုန်၏။ အဘယ်ကြောင့် ထို(ရစူလ်တမန်တော်မြတ်) ၏အပေါ်၌၎င်း ၏ အရှင်မြတ်အထံတော်မှ သက်သေလက္ခဏာ တစ်စုံတစ်ရာ မကျရောက်ခဲ့ပါသနည်း။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည ်(၎င်း တို့အား ဤသို့)ဖြေကြားပါလေ။ အကယ်စင်စစ် အကွယ်၌ရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် စောင့်မျှော်၍နေကြလေကုန်။ ငါသည်လည်း အသင်တို့နှင့်အတူ စောင့်မျှော်သူတို့တွင် တဦးအပါအဝင် ဖြစ်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဝါစာ၏ ဝေါဟာရအနက်များ
  • လောင်လာ (لَوْلَا) — ဤနေရာတွင် “အဘယ်ကြောင့် … မဖြစ်သနည်း၊ ဖြစ်သင့်သည်မဟုတ်လော” ဟု တိုက်တွန်းမေးမြန်းသော အနက်ဖြစ်သည်။
  • အာယသွန် (آيَةٌ) — နိမိတ်လက္ခဏာ၊ သက်သေအထောက်အထား။ ဤနေရာတွင် သူတို့တောင်းဆိုသော မျက်မြင်ထင်ရှားသည့် အံ့ဖွယ်နိမိတ်ကို ဆိုလိုသည်။
  • အလ်ဂိုင်ဘု (الْغَيْبُ) — မမြင်နိုင်သော၊ ဖုံးကွယ်နေသော အရာများ။
  • ဖန်သန္သိရူ (فَانتَظِرُوا) — သင်တို့ စောင့်ဆိုင်းကြပါ။
  • အလ်မုန်သန္သိရီန (الْمُنتَظِرِينَ) — စောင့်ဆိုင်းသူများ။
  1. ကမ္မဝါစာ၏ အဓိပ္ပာယ်ရှင်းလင်းချက်

မက္ကာမြို့သား မုရှ်ရိကူန်များသည် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) အား “သင့်အား သင့်အရှင်မြတ်ထံမှ ကျွန်ုပ်တို့တောင်းဆိုသည့်အတိုင်း မျက်မြင်ထင်ရှားသော အံ့ဖွယ်နိမိတ်တစ်ခု အဘယ်ကြောင့် မချပေးသနည်း” ဟု ဆိုကြသည်။ သူတို့သည် ယုံကြည်မှုကို အမှန်တကယ်ရှာဖွေလိုခြင်းမဟုတ်ဘဲ၊ မိမိတို့ဆန္ဒအတိုင်း နိမိတ်လက္ခဏာများ ချပေးရန် တောင်းဆိုခြင်းဖြင့် အမှန်တရားကို ရှောင်လွှဲရန် ကြိုးစားခြင်းဖြစ်သည်။

ထိုအခါ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်အား “ပြောလိုက်ပါ — မမြင်နိုင်သော အရာများ၏ အသိပညာသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်သည်” ဟု မိန့်တော်မူသည်။ ဆိုလိုသည်မှာ နိမိတ်လက္ခဏာများ ချပေးခြင်း၊ မချပေးခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ဆန္ဒတော်နှင့် ဉာဏ်ပညာတော်အပေါ် မူတည်သည်။ မည်သူမျှ ထိုအရာကို ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ ထို့နောက် “သင်တို့ စောင့်ဆိုင်းကြပါ၊ ငါလည်း သင်တို့နှင့်အတူ စောင့်ဆိုင်းသူများထဲမှ ဖြစ်သည်” ဟု မိန့်တော်မူသည်။ ဆိုလိုသည်မှာ အမှန်တရားကို ငြင်းပယ်သူများအတွက် အလ္လာဟ်အရှင်မြတ်၏ စီရင်ချက်နှင့် အပြစ်ဒဏ်ကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး၊ အမှန်တရားကို လိုက်နာသူများအတွက် အောင်မြင်မှုနှင့် ကူညီစောင်မမှုကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

  1. ဤကမ္မဝါစာမှ ရရှိနိုင်သော အကျိုးကျေးဇူးများ
  • မမြင်နိုင်သော အရာများ၏ အသိပညာသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်ကြောင်း သိရှိရသည်။ လူသားများသည် မိမိတို့၏ အသိပညာအတိုင်းအတာကို သိရှိပြီး အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်ကိုးစားမှု ထ


📜 အာယာသ် 18-22 — စူရာ ယူနူစ်

18وَيَعْبُدُونَ مِن دُونِ اللَّهِ مَا لَا يَضُرُّهُمْ وَلَا يَنفَعُهُمْ وَيَقُولُونَ هَٰؤُلَاءِ شُفَعَاؤُنَا عِندَ اللَّهِ ۚ قُلْ أَتُنَبِّئُونَ اللَّهَ بِمَا لَا يَعْلَمُ فِي السَّمَاوَاتِ وَلَا فِي الْأَرْضِ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ
စင်စစ်သော်ကား ၎င်း တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်ပယ်၍ အကြင်အရာများကို ကိုးကွယ်ဆည်းကပ်ကြလေသည်။ ထိုအရာများသည် ၎င်း တို့အား အကျိုးယုတ်စေနိုင်ကြသည်လည်း မဟုတ်ပေ။ ထို့ပြင် ထိုအရာများသည်၎င်း တို့အား အကျိုး ဖြစ်ထွန်းစေနိုင်ကြသည်လည်း မဟုတ်ပေ။ထိုမှတပါး ၎င်း တို့က ဤသည်တို့ကား ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်အထံတော်၌ ကြားဝင် အသနားခံပေးမည့်အရာများပင်ဖြစ်ကြသည်ဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်း တို့အား ဤသို့)ပြောြားပါလေ။ (အချင်းတို့)အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ထိုအရှင်မြတ်သိတော်မမူသောအရာနှင့်စပ်လျဉ်း၍ သတင်းပေးကြသလော။ ထိုအရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူသည့်အပြင် ထိုအရှင်မြတ်သည် ၎င်း တို့တွဲဖက်နှ�ုင်းယှဉ် ကိုးကွယ်ကြကုန်သောအရာများထက် မြင့်မြတ်လှတော်မူ၏။
19وَمَا كَانَ النَّاسُ إِلَّا أُمَّةً وَاحِدَةً فَاخْتَلَفُوا ۚ وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ لَقُضِيَ بَيْنَهُمْ فِيمَا فِيهِ يَخْتَلِفُونَ
စင်စစ်သော်ကား လူသားတို့သည်(ယခင်မူလက)ဘာသာဝါဒ တူညီသော လူတစ်စုတည်းသာလျှင် ဖြစ်ခဲ့ကြကုန်၏။ ထို့နောက် ၎င်း တို့သည်(ဘာသာဝါဒ၌)သဘောကွဲလွဲခဲ့ကြကုန်၏။ စင်စစ် သော်ကား အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ စကားတစ်ရပ်သည် ရှေးဦးပထမကပင် ရှိနှင့်ခဲ့ပြီး မဖြစ်ပါလျှင် မုချဧကန်၎င်း တို့အချင်းချင်း သဘောကွဲလွဲနေသော အရာနှင့်စပ်လျဉ်း၍စီရင်ဆုံးဖြတ်ပြီး ဖြစ်ချိမ့်မည်။
20وَيَقُولُونَ لَوْلَا أُنزِلَ عَلَيْهِ آيَةٌ مِّن رَّبِّهِ ۖ فَقُلْ إِنَّمَا الْغَيْبُ لِلَّهِ فَانتَظِرُوا إِنِّي مَعَكُم مِّنَ الْمُنتَظِرِينَ
ထိုမှတစ်ပါး ၎င်း တို့သည် (ဤသို့)ပြောဆိုကြကုန်၏။ အဘယ်ကြောင့် ထို(ရစူလ်တမန်တော်မြတ်) ၏အပေါ်၌၎င်း ၏ အရှင်မြတ်အထံတော်မှ သက်သေလက္ခဏာ တစ်စုံတစ်ရာ မကျရောက်ခဲ့ပါသနည်း။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည ်(၎င်း တို့အား ဤသို့)ဖြေကြားပါလေ။ အကယ်စင်စစ် အကွယ်၌ရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် စောင့်မျှော်၍နေကြလေကုန်။ ငါသည်လည်း အသင်တို့နှင့်အတူ စောင့်မျှော်သူတို့တွင် တဦးအပါအဝင် ဖြစ်သတည်း။
21وَإِذَا أَذَقْنَا النَّاسَ رَحْمَةً مِّن بَعْدِ ضَرَّاءَ مَسَّتْهُمْ إِذَا لَهُم مَّكْرٌ فِي آيَاتِنَا ۚ قُلِ اللَّهُ أَسْرَعُ مَكْرًا ۚ إِنَّ رُسُلَنَا يَكْتُبُونَ مَا تَمْكُرُونَ
အမှန်သော်ကား ငါအရှင်မြတ်သည် လူတို့အား၎င်း တို့၌ ဘေးဒုက္ခဆိုက်ရောက်ခဲ့ပြီးနောက် (မိမိ၏) ကရုဏာတော်(၏အရသာ)ကို မြည်းစမ်းစေ တော်မူသော် ရုတ်တရက်၎င်း တို့၌ ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ အကြံ အစည်များပေါ်လာလေ့ရှိပေသည်။ (အိုနဗီတမန်တော်)အသင်သည် (၎င်း တို့အား) ‘အလ္လာဟ်အရှင်မြတ်သည် အကြံအစည်ပြုရာ၌ (၎င်း တို့ထက်) ပိုမို၍ပင်လျင်မြန်တော်မူသောအရှင် ဖြစ်တော်မူသည်ဟု ပြောကြားပါလေ။ ဧကန်အမှန် ငါအရှင်မြတ်၏(ကောင်းကင်)စေတမန်များသည် အသင်တို့ ကြံစည်လျက်ရှိသည်တို့ကို ရေးမှတ်လျက်ရှိကြ၏။
22هُوَ الَّذِي يُسَيِّرُكُمْ فِي الْبَرِّ وَالْبَحْرِ ۖ حَتَّىٰ إِذَا كُنتُمْ فِي الْفُلْكِ وَجَرَيْنَ بِهِم بِرِيحٍ طَيِّبَةٍ وَفَرِحُوا بِهَا جَاءَتْهَا رِيحٌ عَاصِفٌ وَجَاءَهُمُ الْمَوْجُ مِن كُلِّ مَكَانٍ وَظَنُّوا أَنَّهُمْ أُحِيطَ بِهِمْ ۙ دَعَوُا اللَّهَ مُخْلِصِينَ لَهُ الدِّينَ لَئِنْ أَنجَيْتَنَا مِنْ هَٰذِهِ لَنَكُونَنَّ مِنَ الشَّاكِرِينَ
ထိုအရှင်မြတ်သည် ထိုအရှင်မြတ်ပင်။ထိုအရှင်မြတ်သည်သာလျှင် အသင်တို့အား ကုန်းကြောင်း၌လည်းကောင်း၊ သမုဒ္ဒရာပင်လယ်ရေကြောင်း၌လည်းကောင်း၊ခရီးသွားလာစေတော်မူ၏။ သို့ဖြစ်သောကြောင့် အသင်တို့သည် သင်္ဘောများ တွင်ရှိနေကြသောအခါ သင်္ဘောများသည်လေညင်းလေ ပြည် ဖြင့် ၎င်း တို့အား သယ်ဆောင်သွားလေ၏။၎င်း တို့သည်လည်း ထိုလေပြည်ကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကြ၏။ ထိုအခါ(ရုတ်တရက်) ထိုသင်္ဘောများကိုလေပြင်းမုန်တိုင်းသည် ရိုက်ခတ်လာ၍ လှိုင်းတံပိုးများသည်၎င်း တို့အပေါ်၌ အဖက် ဖက်မှ လွှမ်းမိုးလာသဖြင့် ၎င်း တို့သည်ဧကန်မလွဲ မိမိတို့မှာ ဝိုင်းဝန်းခြင်းကို ခံကြရလေပြီဟု ထင်မှတ်ခဲ့ကြလေသည်။ (ထိုအခါ) ၎င်း တို့သည် အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်၌သာလျှင်(အာရုံစူးစိုက်)သဒ္ဓါကြည်ဖြူလျှက် (အို-အရှင်) အကယ်၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤ(ဘေး အန္တရာယ်)မှ လွတ်မြောက်စေတော် မူပါလျင်ဧကန်မလွဲ ကျွန် တော်မျိုးတို့သည် ကျေးဇူး တော်ကို သိတတ်ကြသောသူတို့တွင် အပါအဝင် ဖြစ်ကြပါမည်ဟု ဟစ်ခေါ်ဆုတောင်းကြ၏။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
20အာယာသ်

ဘာသာပြန် — ယူနူစ် 20

စူရာ ယူနူစ် အာယာသ် 20 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ၎င်း တို့သည် (ဤသို့)ပြောဆိုကြကုန်၏။ အဘယ်ကြောင့် ထို(ရစူလ်တမန်တော်မြတ်) ၏အပေါ်၌၎င်း ၏ အရှင်မြတ်အထံတော်မှ သက်သေလက္ခဏာ…

စူရာ အာယာသ် 20/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 18–22. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers