قَالُوا يَا صَالِحُ قَدْ كُنتَ فِينَا مَرْجُوًّا قَبْلَ هَٰذَا ۖ أَتَنْهَانَا أَن نَّعْبُدَ مَا يَعْبُدُ آبَاؤُنَا وَإِنَّنَا لَفِي شَكٍّ مِّمَّا تَدْعُونَا إِلَيْهِ مُرِيبٍ ٦٢
🔤 Transliteration
Qaaloo yaa Saalihu qad kunta feenaa marjuwwan qabla haazaaa atanhaanaaa an na`bu da maa ya`budu aabaaa`unaa wa innanaa lafee shakkim mimmaa tad`oonaaa ilaihi mureeb
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်း(ဆမူဒ်အမျိုးသား)တို့က(ဤသို့) ပြောဆိုခဲ့ကြလေသည်။ အို- ဆွာလိဟ် ယခင်ကမူ ဧကန်အမှန် အသင်သည် ကျွန်ုပ်တို့တွင် မျှော်လင့်ချက် ထားရှိခြင်းခံရသူ(တစ်ဦး)ဖြစ်ခဲ့လေသည်။ (ယခုသော်ကား) အသင်သည် ကျွန်ုပ်တို့၏အဖ၊ ဘိုး၊ ဘေးများ၊ ကိုးကွယ်ဆည်းကပ်ကြကုန်သောဘုရားများကို ဆည်းကပ်ကိုးကွယ် ခဝပ်ခြင်းမပြုကြရန် ကျွန်ုပ်တို့အားတားမြစ်လေသလော။ စင်စစ်သော်ကား ဧကန်မလွဲ ကျွန်ုပ်တို့သည်အသင် ကျွန်ုပ်တို့အား(ယုံကြည်လိုက်နာရန် ဖိတ်ခေါ်လျက်ရှိသော တရားဓမ္မနှင့်စပ်လျဉ်း၍ ယုံမှားသံသယ ဖြစ်စေသောဒွိဟသံသယ၌ ရှိနေကြပေသတည်း။)
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်။ မာဂျူဝွန် (مَرْجُوًّا ) — မျှော်လင့်ခံရသူ၊ ခေါင်းဆောင်အဖြစ် မျှော်မှန်းထားခံရသူ။ ရိုင်ဗသ် (رِيبة ) — စိတ်နှလုံးတွင် သံသယနှင့် မငြိမ်မသက်ဖြစ်ခြင်း၊ စိတ်ငြိမ်းချမ်းမှု ကင်းမဲ့ခြင်း။ မုရီးဗ် (مُرِيب ) — သံသယကို ဖြစ်ပေါ်စေသော၊ စိတ်ကို မတည်ငြိမ်စေသော။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။ ဆမూఒ်လူမျိုးတို့သည် သူတို့၏ တမန်တော် ဆွာလိဟ် (အလိုင်ဟိစ်စလာမ်) အား ပြောဆိုကြသည်။ သူတို့က “အို ဆွာလိဟ်၊ ဤအဆိုကို မပြောမီက သင်သည် ကျွန်ုပ်တို့အကြားတွင် ခေါင်းဆောင်တစ်ဦးအဖြစ် မျှော်လင့်ခံရသူ၊ ဂုဏ်သတင်းကြီးသူတစ်ဦး ဖြစ်ခဲ့သည်။ ကျွန်ုပ်တို့သည် သင့်အား ပညာရှိ၊ အကြံဉာဏ်ကောင်းပေးသူတစ်ဦးအဖြစ် မျှော်လင့်ခဲ့ကြသည်။ ယခုမူ ကျွန်ုပ်တို့၏ ဘိုးဘေးများ ကိုးကွယ်ခဲ့ကြသော ရုပ်တုများကို ကျွန်ုပ်တို့ မကိုးကွယ်ရန် သင်တားမြစ်သလော။ အမှန်စင်စစ် သင်ခေါ်ဆိုနေသော အလ္လာဟ်အရှင်မြတ်တစ်ပါးတည်း ကိုးကွယ်ရေးကိစ္စတွင် ကျွန်ုပ်တို့သည် ကြီးမားသော သံသယတွင် ရှိနေကြသည်။ ထိုသံသယသည် ကျွန်ုပ်တို့၏ စိတ်နှလုံးကို မငြိမ်မသက်ဖြစ်စေပြီး သင်သည် အလ္လာဟ်အရှင်မြတ်အပေါ် မဟုတ်မမှန်စွာ စွပ်စွဲပြောဆိုနေသည်ဟု ကျွန်ုပ်တို့ ထင်မြင်မိကြသည်” ဟု ဆိုကြသည်။
ဤတွင် သတိပြုရမည့်အချက်မှာ ဆမూఒ်လူမျိုးတို့သည် ဆွာလိဟ် (အလိုင်ဟိစ်စလာမ်) အား မကောင်းသောသူအဖြစ် မမြင်ခဲ့ကြပါ။ သူ့ကို လေးစားကြပြီး ခေါင်းဆောင်အဖြစ် မျှော်လင့်ခဲ့ကြသည်။ သို့သော် သူသည် အလ္လာဟ်အရှင်မြတ်၏ သတင်းစကားကို ယူဆောင်လာသောအခါ သူတို့၏ ဘိုးဘေးများ၏ လမ်းစဉ်ကို စွန့်လွှတ်ရန် ခေါ်ဆိုသောကြောင့် သူတို့၏ မာန်မာနနှင့် အစဉ်အလာအပေါ် တွယ်တာမှုက သူတို့ကို အမှန်တရားကို လက်ခံရန် တားဆီးခဲ့သည်။ သူတို့သည် အမှန်တရားကို ဆင်ခြင်သုံးသပ်ရန် ငြင်းပယ်ပြီး သံသယနှင့် ဇဝေဇဝါဖြစ်မှုကို အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့ကြသည်။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။ ပထမ — အမှန်တရားကို လက်ခံရန် မာန်မာနနှင့် အစဉ်အလ
قَالُواْ يَٰصَٰلِحُ قَدۡ كُنتَ فِينَا مَرۡجُوًّا قَبۡلَ هَٰذَآۖ أَتَنۡهَىٰنَآ أَن نَّعۡبُدَ مَا يَعۡبُدُ ءَابَآؤُنَا وَإِنَّنَا لَفِي شَكٍّ مِّمَّا تَدۡعُونَآ إِلَيۡهِ مُرِيبٍ ٦٢
၎င်း(ဆမူဒ်အမျိုးသား)တို့က(ဤသို့) ပြောဆိုခဲ့ကြလေသည်။ အို- ဆွာလိဟ် ယခင်ကမူ ဧကန်အမှန် အသင်သည် ကျွန်ုပ်တို့တွင် မျှော်လင့်ချက် ထားရှိခြင်းခံရသူ(တစ်ဦး)ဖြစ်ခဲ့လေသည်။ (ယခုသော်ကား) အသင်သည် ကျွန်ုပ်တို့၏အဖ၊ ဘိုး၊ ဘေးများ၊ ကိုးကွယ်ဆည်းကပ်ကြကုန်သောဘုရားများကို ဆည်းကပ်ကိုးကွယ် ခဝပ်ခြင်းမပြုကြရန် ကျွန်ုပ်တို့အားတားမြစ်လေသလော။ စင်စစ်သော်ကား ဧကန်မလွဲ ကျွန်ုပ်တို့သည်အသင် ကျွန်ုပ်တို့အား(ယုံကြည်လိုက်နာရန် ဖိတ်ခေါ်လျက်ရှိသော တရားဓမ္မနှင့်စပ်လျဉ်း၍ ယုံမှားသံသယ ဖြစ်စေသောဒွိဟသံသယ၌ ရှိနေကြပေသတည်း။)
🖼️ Save Image
🎬 Save Video
📜 အာယာသ် 60-64 — စူရာ ဟူဒ်
60 وَأُتْبِعُوا فِي هَٰذِهِ الدُّنْيَا لَعْنَةً وَيَوْمَ الْقِيَامَةِ ۗ أَلَا إِنَّ عَادًا كَفَرُوا رَبَّهُمْ ۗ أَلَا بُعْدًا لِّعَادٍ قَوْمِ هُودٍ
ထို့ပြင် ၎င်းတို့သည် ဤပစ္စုပ္ပန်မျက်မှောက်လောကီဘဝ၌လည်းကောင်း၊ ကိယာမတ်ရှင်ပြန်ထရမည့် နေ့တွင်လည်း ကောင်း၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းကို(မိမိတို့)နောက်မှ ထက်ကြပ်မကွာလိုက်စေခြင်းကို ခံခဲ့ကြရလေသည်။သတိပြုကြလေကုန်။ ဧကန်မလွဲ အာဒ် အမျိုးသားတို့သည်မိမိတို့အရှင်မြတ်အား ငြင်းပယ်ခဲ့ကြလေသည်။ သတိပြုကြလေကုန်။ (နဗီတမန်တော်)ဟူဒ်၏အမျိုးသားများဖြစ်ကုန်သောအာဒ်အမျိုးသားတို့၌ (ကရုဏာတော်မှ)ကင်းဝေးခြင်းသည်ရှိစေသတည်း။
61 ۞ وَإِلَىٰ ثَمُودَ أَخَاهُمْ صَالِحًا ۚ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ هُوَ أَنشَأَكُم مِّنَ الْأَرْضِ وَاسْتَعْمَرَكُمْ فِيهَا فَاسْتَغْفِرُوهُ ثُمَّ تُوبُوا إِلَيْهِ ۚ إِنَّ رَبِّي قَرِيبٌ مُّجِيبٌ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ဆမူဒ်အမျိုးသားတို့ထံ ၎င်းတို့၏အစ်ကို (နဗီတမန်တော်)ဆွာလိဟ်အား(စေလွှတ်တော်မူလေသည်။) ထို(နဗီတမန်တော်) ဆွာလိဟ်သည်(မိမိအမျိုးသားတို့အား ဤသို့)ပြောဆိုဟောကြားခဲ့လေသည်။အို-ငါ၏အမျိုးသားတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ် ဆည်းကပ်ကြလေကုန်။ ထိုအရှင်မြတ်မှတစ်ပါး အသင်တို့အဖို့ ကိုးကွယ်ဆည်းကပ်ရာအရှင်ဟူ၍အလျဉ်းမရှိချေ။ ထိုအရှင်မြတ်သည်ပင် အသင်တို့အား မြေမှဖြစ်ထွန်းစေတော်မူခဲ့လေသည်။ (စတင်ဖန်ဆင်း တော်မူခဲ့လေသည်)။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် အသင်တို့အားထိုမြေဝယ် နေထိုင်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ထိုအရှင်မြတ်အထံတော်၌ ချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ ထို့နောက် အသင်တို့သည် ထိုအရှင်မြတ်ဘက်သို့သာ လှည့်ကြလေကုန်။ စင်စစ် ငါ၏အရှင်မြတ်သည်နီးကပ်တော်မူသောအရှင်၊ အကျိုး ပြန်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသည်။
62 قَالُوا يَا صَالِحُ قَدْ كُنتَ فِينَا مَرْجُوًّا قَبْلَ هَٰذَا ۖ أَتَنْهَانَا أَن نَّعْبُدَ مَا يَعْبُدُ آبَاؤُنَا وَإِنَّنَا لَفِي شَكٍّ مِّمَّا تَدْعُونَا إِلَيْهِ مُرِيبٍ
၎င်း(ဆမူဒ်အမျိုးသား)တို့က(ဤသို့) ပြောဆိုခဲ့ကြလေသည်။ အို- ဆွာလိဟ် ယခင်ကမူ ဧကန်အမှန် အသင်သည် ကျွန်ုပ်တို့တွင် မျှော်လင့်ချက် ထားရှိခြင်းခံရသူ(တစ်ဦး)ဖြစ်ခဲ့လေသည်။ (ယခုသော်ကား) အသင်သည် ကျွန်ုပ်တို့၏အဖ၊ ဘိုး၊ ဘေးများ၊ ကိုးကွယ်ဆည်းကပ်ကြကုန်သောဘုရားများကို ဆည်းကပ်ကိုးကွယ် ခဝပ်ခြင်းမပြုကြရန် ကျွန်ုပ်တို့အားတားမြစ်လေသလော။ စင်စစ်သော်ကား ဧကန်မလွဲ ကျွန်ုပ်တို့သည်အသင် ကျွန်ုပ်တို့အား(ယုံကြည်လိုက်နာရန် ဖိတ်ခေါ်လျက်ရှိသော တရားဓမ္မနှင့်စပ်လျဉ်း၍ ယုံမှားသံသယ ဖြစ်စေသောဒွိဟသံသယ၌ ရှိနေကြပေသတည်း။)
63 قَالَ يَا قَوْمِ أَرَأَيْتُمْ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَآتَانِي مِنْهُ رَحْمَةً فَمَن يَنصُرُنِي مِنَ اللَّهِ إِنْ عَصَيْتُهُ ۖ فَمَا تَزِيدُونَنِي غَيْرَ تَخْسِيرٍ
ထို(နဗီတမန်တော် ဆွာလိဟ်)သည် (၎င်းတို့အားဤသို့) ပြန်ကြားခဲ့လေသည်။ အို-ငါ၏ အမျိုးသားတို့၊အကယ်၍ ငါသည် မိမိအရှင်မြတ် အထံတော်မှ ထင်ရှားစွာသော သက်သေခံအပေါ်၌ တည်ရှိနေသည့်ပြင် ထိုအရှင်မြတ်သည် ငါ့အား မိမိအထံတော်မှ တမန်တော်၏အဖြစ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ပါလျှင် အသင်တို့သည် မည်သို့ ယူဆကြမည်ကို ငါ့အား ပြောပြကြလေကုန်။ တစ်ဖန် အကယ်၍ ငါသည် အလ္လာဟ်အရှင်မြတ်၏(အမိန့်တော်)ကို ဖီဆန်ခဲ့ပါမူမည်သူသည် ငါ့အားထိုအရှင် မြတ်၏ပြစ်ဒဏ်မှ ကာကွယ်နိုင်မည်နည်း။ ထိုသို့ ဖြစ်ခဲ့လျှင် အသင်တို့သည် ငါ့အား ကျိုးယုတ်နစ်နာဆုံးရှုံးစေခြင်းမှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ တိုးပွားစေနိုင်ကြမည် မဟုတ်ပေတကား။
64 وَيَا قَوْمِ هَٰذِهِ نَاقَةُ اللَّهِ لَكُمْ آيَةً فَذَرُوهَا تَأْكُلْ فِي أَرْضِ اللَّهِ وَلَا تَمَسُّوهَا بِسُوءٍ فَيَأْخُذَكُمْ عَذَابٌ قَرِيبٌ
၎င်းပြင် အို-ငါ၏အမျိုးသားတို့၊ အလ္လာဟ်အရှင်မြတ်၏ကုလားအုတ်မသည် အသင်တို့အဖို့ သက်သေလက္ခဏာတရပ်ပင်။ သို့ဖြစ်ပေရာ အသင် တို့သည် ထိုကုလားအုတ်မကိုအလ္လာဟ်အရှင်မြတ်၏ ပထဝီမြေ၌ စားသောက်နေထိုင်ရန်လွှတ်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် ယင်းကုလားအုတ်မအား အကျိုးယုတ်စေသော ရည်ရွယ်ချက်ဖြင့် မထိကြကုန်လင့်။ ထိုသို့ပြုခဲ့ကြလျှင် ချက်ချင်း ဆိုက်ရောက်လာမည်ဖြစ်သောပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီး (ကွပ်မျက်) အံ့သတည်း။
ဘာသာပြန် — ဟူဒ် 62 စူရာ ဟူဒ် အာယာသ် 62 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်း(ဆမူဒ်အမျိုးသား)တို့က(ဤသို့) ပြောဆိုခဲ့ကြလေသည်။ အို- ဆွာလိဟ် ယခင်ကမူ ဧကန်အမှန် အသင်သည် ကျွန်ုပ်တို့တွင် မျှော်လင့်ချက် ထားရှိခြင်းခံရသူ(တစ်ဦး)ဖြစ်ခဲ့လေသည်။…
စူရာ အာယာသ် 62/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 60–64. မြန်မာဘာသာ: ภาษาไทย.