ဟူဒ် · 61/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
۞ وَإِلَىٰ ثَمُودَ أَخَاهُمْ صَالِحًا ۚ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ هُوَ أَنشَأَكُم مِّنَ الْأَرْضِ وَاسْتَعْمَرَكُمْ فِيهَا فَاسْتَغْفِرُوهُ ثُمَّ تُوبُوا إِلَيْهِ ۚ إِنَّ رَبِّي قَرِيبٌ مُّجِيبٌ ۝٦١
Wa ilaa Samooda akhaahum Saalihaa; qaala yaa qawmi` budul laaha maa lakum min ilaahim ghairuhoo Huwa ansha akum minal ardi wasta` marakum feehaa fastaghfiroohu summa toobooo ilaih; inna Rabbee Qareebum Mujeeb
📖 မြန်မာဘာသာ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ဆမူဒ်အမျိုးသားတို့ထံ ၎င်းတို့၏အစ်ကို (နဗီတမန်တော်)ဆွာလိဟ်အား(စေလွှတ်တော်မူလေသည်။) ထို(နဗီတမန်တော်) ဆွာလိဟ်သည်(မိမိအမျိုးသားတို့အား ဤသို့)ပြောဆိုဟောကြားခဲ့လေသည်။အို-ငါ၏အမျိုးသားတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ် ဆည်းကပ်ကြလေကုန်။ ထိုအရှင်မြတ်မှတစ်ပါး အသင်တို့အဖို့ ကိုးကွယ်ဆည်းကပ်ရာအရှင်ဟူ၍အလျဉ်းမရှိချေ။ ထိုအရှင်မြတ်သည်ပင် အသင်တို့အား မြေမှဖြစ်ထွန်းစေတော်မူခဲ့လေသည်။ (စတင်ဖန်ဆင်း တော်မူခဲ့လေသည်)။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် အသင်တို့အားထိုမြေဝယ် နေထိုင်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ထိုအရှင်မြတ်အထံတော်၌ ချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ ထို့နောက် အသင်တို့သည် ထိုအရှင်မြတ်ဘက်သို့သာ လှည့်ကြလေကုန်။ စင်စစ် ငါ၏အရှင်မြတ်သည်နီးကပ်တော်မူသောအရှင်၊ အကျိုး ပြန်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ စူရဟ် ဟူဒ် (အခန်း ၁၁)၊ အာယသ် ၆၁ ၏ အနက်အဓိပ္ပာယ် ရှင်းလင်းချက်

အခက်အခဲရှိသော ဝေါဟာရများ၏ အဓိပ္ပာယ်

  • ဆမూఒ် (ثَمُود): ရှေးခေတ် အာရဗီလူမျိုးတစ်မျိုး၏ အမည်။ သူတို့သည် ဟိဂျာဇ်ဒေသတွင် နေထိုင်ခဲ့ကြပြီး ကျောက်တောင်များကို ထွင်းထု၍ နေအိမ်များ ဆောက်လုပ်ခဲ့ကြသည်။
  • ဆွာလိဟ် (صَالِحًا): အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူသော တမန်တော်တစ်ပါး။ ဆမూఒ်လူမျိုး၏ ညီအစ်ကိုတော်စပ်သူ။
  • အိဗာဒသ် (اعْبُدُوا): ခဝပ်ကိုးကွယ်ခြင်း။ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ရန်။
  • အန်ရှာအ (أَنشَأَكُم): အရှင်မြတ်သည် သင်တို့ကို ဖန်ဆင်းတော်မူခဲ့သည်။
  • အစ္စသာအ်မာရကုမ် (اسْتَعْمَرَكُمْ): အရှင်မြတ်သည် သင်တို့ကို ကမ္ဘာမြေပေါ်တွင် နေထိုင်စေတော်မူခဲ့သည်။ ကမ္ဘာမြေကို ပြုပြင်ထိန်းသိမ်းသူများ ဖြစ်စေတော်မူခဲ့သည်။
  • အစ္စသိဂ်ဖာရ် (اسْتَغْفِرُوهُ): အရှင်မြတ်ထံ ခွင့်လွှတ်မှု တောင်းခံကြပါ။
  • တောင်ဗဟ် (تُوبُوا): အရှင်မြတ်ထံ ပြန်လည်လှည့်ပြီး အပြစ်များမှ ရှောင်ကြဉ်ကာ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းဖြင့် အရှင်မြတ်ထံ ပြန်လည်ချဉ်းကပ်ခြင်း။
  • ကိုရီဗ် (قَرِيبٌ): နီးကပ်တော်မူသော။
  • မုဂျီဗ် (مُجِيبٌ): ဆုတောင်းချက်များကို လက်ခံဖြေကြားတော်မူသော။

အာယသ်၏ အနက်အဓိပ္ပာယ် ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်သည် ဆမూఒ်လူမျိုးထံသို့ သူတို့၏ ညီအစ်ကိုတော်စပ်သူ ဆွာလိဟ်ကို တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့သည်။ ဆွာလိဟ်သည် သူ၏လူမျိုးများအား “အို ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ကြပါ။ သင်တို့အတွက် ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ထိုက်သော အခြားအရှင်မြတ် မရှိပါ။ ထိုအရှင်မြတ်သည် သင်တို့၏ဖခင်ကြီး အာဒမ်ကို မြေကြီးမှ ဖန်ဆင်းတော်မူခဲ့ပြီး သင်တို့ကိုလည်း ထိုမြေကြီးမှ ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်သည် သင်တို့အား ကမ္ဘာမြေပေါ်တွင် နေထိုင်စေတော်မူပြီး ကမ္ဘာမြေကို ပြုပြင်ထိန်းသိမ်းသူများ ဖြစ်စေတော်မူခဲ့သည်။ ထို့ကြောင့် အရှင်မြတ်ထံ ခွင့်လွှတ်မှု တောင်းခံ



📜 အာယာသ် 59-63 — စူရာ ဟူဒ်

59وَتِلْكَ عَادٌ ۖ جَحَدُوا بِآيَاتِ رَبِّهِمْ وَعَصَوْا رُسُلَهُ وَاتَّبَعُوا أَمْرَ كُلِّ جَبَّارٍ عَنِيدٍ
စင်စစ်သော်ကား ဤသည် အာဒ်အမျိုးသားများပင်။ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏သက်သေလက္ခဏာများကို ငြင်းပယ်ခဲ့ကြလေသည်။ ၎င်းတို့သည် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များကိုဖီဆန်ခဲ့ကြလေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် ခေါင်းမာသော၊ နိုင်ထက် ကလူပြုမူသောလူတိုင်း၏ အမိန့်ကို လိုက်နာခဲ့ကြကုန်သတည်း။
60وَأُتْبِعُوا فِي هَٰذِهِ الدُّنْيَا لَعْنَةً وَيَوْمَ الْقِيَامَةِ ۗ أَلَا إِنَّ عَادًا كَفَرُوا رَبَّهُمْ ۗ أَلَا بُعْدًا لِّعَادٍ قَوْمِ هُودٍ
ထို့ပြင် ၎င်းတို့သည် ဤပစ္စုပ္ပန်မျက်မှောက်လောကီဘဝ၌လည်းကောင်း၊ ကိယာမတ်ရှင်ပြန်ထရမည့် နေ့တွင်လည်း ကောင်း၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းကို(မိမိတို့)နောက်မှ ထက်ကြပ်မကွာလိုက်စေခြင်းကို ခံခဲ့ကြရလေသည်။သတိပြုကြလေကုန်။ ဧကန်မလွဲ အာဒ် အမျိုးသားတို့သည်မိမိတို့အရှင်မြတ်အား ငြင်းပယ်ခဲ့ကြလေသည်။ သတိပြုကြလေကုန်။ (နဗီတမန်တော်)ဟူဒ်၏အမျိုးသားများဖြစ်ကုန်သောအာဒ်အမျိုးသားတို့၌ (ကရုဏာတော်မှ)ကင်းဝေးခြင်းသည်ရှိစေသတည်း။
61۞ وَإِلَىٰ ثَمُودَ أَخَاهُمْ صَالِحًا ۚ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ هُوَ أَنشَأَكُم مِّنَ الْأَرْضِ وَاسْتَعْمَرَكُمْ فِيهَا فَاسْتَغْفِرُوهُ ثُمَّ تُوبُوا إِلَيْهِ ۚ إِنَّ رَبِّي قَرِيبٌ مُّجِيبٌ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ဆမူဒ်အမျိုးသားတို့ထံ ၎င်းတို့၏အစ်ကို (နဗီတမန်တော်)ဆွာလိဟ်အား(စေလွှတ်တော်မူလေသည်။) ထို(နဗီတမန်တော်) ဆွာလိဟ်သည်(မိမိအမျိုးသားတို့အား ဤသို့)ပြောဆိုဟောကြားခဲ့လေသည်။အို-ငါ၏အမျိုးသားတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ် ဆည်းကပ်ကြလေကုန်။ ထိုအရှင်မြတ်မှတစ်ပါး အသင်တို့အဖို့ ကိုးကွယ်ဆည်းကပ်ရာအရှင်ဟူ၍အလျဉ်းမရှိချေ။ ထိုအရှင်မြတ်သည်ပင် အသင်တို့အား မြေမှဖြစ်ထွန်းစေတော်မူခဲ့လေသည်။ (စတင်ဖန်ဆင်း တော်မူခဲ့လေသည်)။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် အသင်တို့အားထိုမြေဝယ် နေထိုင်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ထိုအရှင်မြတ်အထံတော်၌ ချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ ထို့နောက် အသင်တို့သည် ထိုအရှင်မြတ်ဘက်သို့သာ လှည့်ကြလေကုန်။ စင်စစ် ငါ၏အရှင်မြတ်သည်နီးကပ်တော်မူသောအရှင်၊ အကျိုး ပြန်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသည်။
62قَالُوا يَا صَالِحُ قَدْ كُنتَ فِينَا مَرْجُوًّا قَبْلَ هَٰذَا ۖ أَتَنْهَانَا أَن نَّعْبُدَ مَا يَعْبُدُ آبَاؤُنَا وَإِنَّنَا لَفِي شَكٍّ مِّمَّا تَدْعُونَا إِلَيْهِ مُرِيبٍ
၎င်း(ဆမူဒ်အမျိုးသား)တို့က(ဤသို့) ပြောဆိုခဲ့ကြလေသည်။ အို- ဆွာလိဟ် ယခင်ကမူ ဧကန်အမှန် အသင်သည် ကျွန်ုပ်တို့တွင် မျှော်လင့်ချက် ထားရှိခြင်းခံရသူ(တစ်ဦး)ဖြစ်ခဲ့လေသည်။ (ယခုသော်ကား) အသင်သည် ကျွန်ုပ်တို့၏အဖ၊ ဘိုး၊ ဘေးများ၊ ကိုးကွယ်ဆည်းကပ်ကြကုန်သောဘုရားများကို ဆည်းကပ်ကိုးကွယ် ခဝပ်ခြင်းမပြုကြရန် ကျွန်ုပ်တို့အားတားမြစ်လေသလော။ စင်စစ်သော်ကား ဧကန်မလွဲ ကျွန်ုပ်တို့သည်အသင် ကျွန်ုပ်တို့အား(ယုံကြည်လိုက်နာရန် ဖိတ်ခေါ်လျက်ရှိသော တရားဓမ္မနှင့်စပ်လျဉ်း၍ ယုံမှားသံသယ ဖြစ်စေသောဒွိဟသံသယ၌ ရှိနေကြပေသတည်း။)
63قَالَ يَا قَوْمِ أَرَأَيْتُمْ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَآتَانِي مِنْهُ رَحْمَةً فَمَن يَنصُرُنِي مِنَ اللَّهِ إِنْ عَصَيْتُهُ ۖ فَمَا تَزِيدُونَنِي غَيْرَ تَخْسِيرٍ
ထို(နဗီတမန်တော် ဆွာလိဟ်)သည် (၎င်းတို့အားဤသို့) ပြန်ကြားခဲ့လေသည်။ အို-ငါ၏ အမျိုးသားတို့၊အကယ်၍ ငါသည် မိမိအရှင်မြတ် အထံတော်မှ ထင်ရှားစွာသော သက်သေခံအပေါ်၌ တည်ရှိနေသည့်ပြင် ထိုအရှင်မြတ်သည် ငါ့အား မိမိအထံတော်မှ တမန်တော်၏အဖြစ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ပါလျှင် အသင်တို့သည် မည်သို့ ယူဆကြမည်ကို ငါ့အား ပြောပြကြလေကုန်။ တစ်ဖန် အကယ်၍ ငါသည် အလ္လာဟ်အရှင်မြတ်၏(အမိန့်တော်)ကို ဖီဆန်ခဲ့ပါမူမည်သူသည် ငါ့အားထိုအရှင် မြတ်၏ပြစ်ဒဏ်မှ ကာကွယ်နိုင်မည်နည်း။ ထိုသို့ ဖြစ်ခဲ့လျှင် အသင်တို့သည် ငါ့အား ကျိုးယုတ်နစ်နာဆုံးရှုံးစေခြင်းမှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ တိုးပွားစေနိုင်ကြမည် မဟုတ်ပေတကား။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
61အာယာသ်

ဘာသာပြန် — ဟူဒ် 61

စူရာ ဟူဒ် အာယာသ် 61 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ဆမူဒ်အမျိုးသားတို့ထံ ၎င်းတို့၏အစ်ကို (နဗီတမန်တော်)ဆွာလိဟ်အား(စေလွှတ်တော်မူလေသည်။) ထို(နဗီတမန်တော်) ဆွာလိဟ်သည်(မိမိအမျိုးသားတို့အား ဤသို့)ပြောဆိုဟောကြားခဲ့လေသည်။အို-ငါ၏အမျိုးသားတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင်…

စူရာ အာယာသ် 61/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 59–63. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers