ဟူဒ် · 64/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
وَيَا قَوْمِ هَٰذِهِ نَاقَةُ اللَّهِ لَكُمْ آيَةً فَذَرُوهَا تَأْكُلْ فِي أَرْضِ اللَّهِ وَلَا تَمَسُّوهَا بِسُوءٍ فَيَأْخُذَكُمْ عَذَابٌ قَرِيبٌ ۝٦٤
Wa yaa qawmi haazihee naaqatul laahi lakum aayatan fazaroohaa taakul feee ardil laahi wa laa tamassoohaa bisooo`in fa yaakhuzakum azaabun qareeb
📖 မြန်မာဘာသာ
၎င်းပြင် အို-ငါ၏အမျိုးသားတို့၊ အလ္လာဟ်အရှင်မြတ်၏ကုလားအုတ်မသည် အသင်တို့အဖို့ သက်သေလက္ခဏာတရပ်ပင်။ သို့ဖြစ်ပေရာ အသင် တို့သည် ထိုကုလားအုတ်မကိုအလ္လာဟ်အရှင်မြတ်၏ ပထဝီမြေ၌ စားသောက်နေထိုင်ရန်လွှတ်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် ယင်းကုလားအုတ်မအား အကျိုးယုတ်စေသော ရည်ရွယ်ချက်ဖြင့် မထိကြကုန်လင့်။ ထိုသို့ပြုခဲ့ကြလျှင် ချက်ချင်း ဆိုက်ရောက်လာမည်ဖြစ်သောပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီး (ကွပ်မျက်) အံ့သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ခက်ခဲသောဝေါဟာရများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

  • نَاقَةُ اللَّهِ — အလ္လာဟ်အရှင်မြတ်၏ ကုလားအုတ်မ။ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်က အံ့ဖွယ်နိမိတ်လက္ခဏာအဖြစ် ဖန်ဆင်းပေးအပ်တော်မူသော ကုလားအုတ်မကို ဆိုလိုသည်။
  • آيَةً — နိမိတ်လက္ခဏာ၊ သက်သေအထောက်အထား။
  • فَذَرُوهَا — ထို့ကြောင့် ထိုကုလားအုတ်မကို လွှတ်ထားကြပါ၊ အတားအဆီးမပြုကြပါနှင့်။
  • تَمَسُّوهَا بِسُوءٍ — မည်သည့်ဘေးအန္တရာယ်မျှ မထိခိုက်စေကြပါနှင့်။ ဤနေရာတွင် သတ်ဖြတ်ခြင်း၊ ထိခိုက်နာကျင်စေခြင်းကို ဆိုလိုသည်။
  • عَذَابٌ قَرِيبٌ — နီးကပ်သော အပြစ်ဒဏ်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော် ဆွာလိဟ် (အလိုင်ဟိဆလာမ်) က မိမိလူမျိုးတို့အား ဤသို့ပြောဆိုခဲ့သည် — အို ကျွန်ုပ်၏လူမျိုးတို့၊ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ ကုလားအုတ်မဖြစ်သည်။ အရှင်မြတ်က ဤကုလားအုတ်မကို ကျွန်ုပ်တို့အတွက် နိမိတ်လက္ခဏာတစ်ရပ်အဖြစ် ဖန်ဆင်းပေးအပ်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် တမန်တော်အဖြစ် ရောက်ရှိလာသူဖြစ်ကြောင်း ဤကုလားအုတ်မသည် ထင်ရှားသော သက်သေအထောက်အထားဖြစ်သည်။ သို့ဖြစ်၍ ထိုကုလားအုတ်မကို အလ္လာဟ်အရှင်မြတ်၏ မြေပြင်ပေါ်တွင် လွတ်လပ်စွာ စားသောက်ရှာဖွေခွင့်ပြုကြပါ။ သူမ၏ စားရိတ်စရိတ်ကို ကျွန်ုပ်တို့အပေါ် တာဝန်မထားပါ။ အရှင်မြတ်သာ သူမကို ကျွေးမွေးတော်မူမည်။ ထိုကုလားအုတ်မကို မည်သည့်ဘေးအန္တရာယ်မျှ မပြုလုပ်ကြပါနှင့်။ အကယ်၍ သူမကို ထိခိုက်သတ်ဖြတ်ခဲ့ကြလျှင် သူမကို ထိခိုက်သည့်အချိန်နှင့် နီးကပ်စွာ အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်တော်သည် ကျွန်ုပ်တို့ထံ ရောက်ရှိလာမည်ဖြစ်သည်။ ထိုအပြစ်ဒဏ်သည် သုံးရက်အတွင်း ဆိုက်ရောက်လာမည်ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိတမန်တော်များကို ထောက်ခံအားပေးတော်မူပြီး လူမျိုးတို့၏ မျက်မှောက်တွင် ထင်ရှားသော အံ့ဖွယ်နိမိတ်လက္ခဏာများကို ပေးအပ်တော်မူကြောင်း သိရှိရသည်။
  • အလ္လာဟ်အရှင်မြတ်သည် သတ္တဝါအားလုံး၏ ရိက္ခာကို ဖန်ဆင်းပေးတော်မူသောအရှင်ဖြစ်ကြောင်း၊ မည်သည့်သတ္တဝါမျှ အရှင်မြတ်၏ စီမံခန့်ခွဲမှ


📜 အာယာသ် 62-66 — စူရာ ဟူဒ်

62قَالُوا يَا صَالِحُ قَدْ كُنتَ فِينَا مَرْجُوًّا قَبْلَ هَٰذَا ۖ أَتَنْهَانَا أَن نَّعْبُدَ مَا يَعْبُدُ آبَاؤُنَا وَإِنَّنَا لَفِي شَكٍّ مِّمَّا تَدْعُونَا إِلَيْهِ مُرِيبٍ
၎င်း(ဆမူဒ်အမျိုးသား)တို့က(ဤသို့) ပြောဆိုခဲ့ကြလေသည်။ အို- ဆွာလိဟ် ယခင်ကမူ ဧကန်အမှန် အသင်သည် ကျွန်ုပ်တို့တွင် မျှော်လင့်ချက် ထားရှိခြင်းခံရသူ(တစ်ဦး)ဖြစ်ခဲ့လေသည်။ (ယခုသော်ကား) အသင်သည် ကျွန်ုပ်တို့၏အဖ၊ ဘိုး၊ ဘေးများ၊ ကိုးကွယ်ဆည်းကပ်ကြကုန်သောဘုရားများကို ဆည်းကပ်ကိုးကွယ် ခဝပ်ခြင်းမပြုကြရန် ကျွန်ုပ်တို့အားတားမြစ်လေသလော။ စင်စစ်သော်ကား ဧကန်မလွဲ ကျွန်ုပ်တို့သည်အသင် ကျွန်ုပ်တို့အား(ယုံကြည်လိုက်နာရန် ဖိတ်ခေါ်လျက်ရှိသော တရားဓမ္မနှင့်စပ်လျဉ်း၍ ယုံမှားသံသယ ဖြစ်စေသောဒွိဟသံသယ၌ ရှိနေကြပေသတည်း။)
63قَالَ يَا قَوْمِ أَرَأَيْتُمْ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَآتَانِي مِنْهُ رَحْمَةً فَمَن يَنصُرُنِي مِنَ اللَّهِ إِنْ عَصَيْتُهُ ۖ فَمَا تَزِيدُونَنِي غَيْرَ تَخْسِيرٍ
ထို(နဗီတမန်တော် ဆွာလိဟ်)သည် (၎င်းတို့အားဤသို့) ပြန်ကြားခဲ့လေသည်။ အို-ငါ၏ အမျိုးသားတို့၊အကယ်၍ ငါသည် မိမိအရှင်မြတ် အထံတော်မှ ထင်ရှားစွာသော သက်သေခံအပေါ်၌ တည်ရှိနေသည့်ပြင် ထိုအရှင်မြတ်သည် ငါ့အား မိမိအထံတော်မှ တမန်တော်၏အဖြစ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ပါလျှင် အသင်တို့သည် မည်သို့ ယူဆကြမည်ကို ငါ့အား ပြောပြကြလေကုန်။ တစ်ဖန် အကယ်၍ ငါသည် အလ္လာဟ်အရှင်မြတ်၏(အမိန့်တော်)ကို ဖီဆန်ခဲ့ပါမူမည်သူသည် ငါ့အားထိုအရှင် မြတ်၏ပြစ်ဒဏ်မှ ကာကွယ်နိုင်မည်နည်း။ ထိုသို့ ဖြစ်ခဲ့လျှင် အသင်တို့သည် ငါ့အား ကျိုးယုတ်နစ်နာဆုံးရှုံးစေခြင်းမှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ တိုးပွားစေနိုင်ကြမည် မဟုတ်ပေတကား။
64وَيَا قَوْمِ هَٰذِهِ نَاقَةُ اللَّهِ لَكُمْ آيَةً فَذَرُوهَا تَأْكُلْ فِي أَرْضِ اللَّهِ وَلَا تَمَسُّوهَا بِسُوءٍ فَيَأْخُذَكُمْ عَذَابٌ قَرِيبٌ
၎င်းပြင် အို-ငါ၏အမျိုးသားတို့၊ အလ္လာဟ်အရှင်မြတ်၏ကုလားအုတ်မသည် အသင်တို့အဖို့ သက်သေလက္ခဏာတရပ်ပင်။ သို့ဖြစ်ပေရာ အသင် တို့သည် ထိုကုလားအုတ်မကိုအလ္လာဟ်အရှင်မြတ်၏ ပထဝီမြေ၌ စားသောက်နေထိုင်ရန်လွှတ်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် ယင်းကုလားအုတ်မအား အကျိုးယုတ်စေသော ရည်ရွယ်ချက်ဖြင့် မထိကြကုန်လင့်။ ထိုသို့ပြုခဲ့ကြလျှင် ချက်ချင်း ဆိုက်ရောက်လာမည်ဖြစ်သောပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီး (ကွပ်မျက်) အံ့သတည်း။
65فَعَقَرُوهَا فَقَالَ تَمَتَّعُوا فِي دَارِكُمْ ثَلَاثَةَ أَيَّامٍ ۖ ذَٰلِكَ وَعْدٌ غَيْرُ مَكْذُوبٍ
သို့(သတိပေးခဲ့)ပါလျက် ၎င်းတို့သည် ယင်းကုလားအုတ်မ၏ခြေများကို ဖြတ်တောက်ခဲ့ကြလေသည်။ ထိုအခါထို(နဗီတမန်တော်)ဆွာလိဟ်သည် (၎င်းတို့အား ဤသို့)ပြောကြားခဲ့လေသည်။ (ဟယ်အချင်းတို့) အသင်တို့သည် သုံးရက်မျှတိုင်အောင် မိမိတို့၏နေအိမ်များတွင် စည်းစိမ်ခံ၍နေ ထိုင်ကြဦးလော့။ (ထို့နောက်တွင် ပြစ်ဒဏ်သက်ရောက်တော်မူမည်)။ဤသည်မုသားမဟုတ်၊ (ပကတိမှန်ကန်)သော ချိန်းချက်ပင်တည်း။
66فَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا صَالِحًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِّنَّا وَمِنْ خِزْيِ يَوْمِئِذٍ ۗ إِنَّ رَبَّكَ هُوَ الْقَوِيُّ الْعَزِيزُ
တစ်ဖန်(သုံးရက်ကုန်၍)ငါအရှင်မြတ်၏ အမိန့်တော်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် (နဗီတမန်တော်)ဆွာလိဟ်နှင့်တကွ ထို(နဗီတမန်တော်) ဆွာလိဟ်နှင့်အတူ သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့ကိုပါ မိမိကရုဏာတော်ဖြင့် ပျက်စီးခြင်း၏ပြစ်ဒဏ်မှလည်းကောင်း၊ ထိုနေ့တွင် အရှက်တကွဲအကျိုးနည်းဖြစ်ခြင်းမှလည်းကောင်း ကယ်တင်တော်မူခဲ့လေသည်။ ဧကန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည် ခွန်အားကြီးမားတော် မူသောအရှင်၊လွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူပေတည်း။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
64အာယာသ်

ဘာသာပြန် — ဟူဒ် 64

စူရာ ဟူဒ် အာယာသ် 64 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အို-ငါ၏အမျိုးသားတို့၊ အလ္လာဟ်အရှင်မြတ်၏ကုလားအုတ်မသည် အသင်တို့အဖို့ သက်သေလက္ခဏာတရပ်ပင်။ သို့ဖြစ်ပေရာ အသင် တို့သည် ထိုကုလားအုတ်မကိုအလ္လာဟ်အရှင်မြတ်၏ ပထဝီမြေ၌…

စူရာ အာယာသ် 64/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 62–66. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 25, 2026

Don't forget us in your sincere prayers