အလ်-အစ်ရာ · 54/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
رَّبُّكُمْ أَعْلَمُ بِكُمْ ۖ إِن يَشَأْ يَرْحَمْكُمْ أَوْ إِن يَشَأْ يُعَذِّبْكُمْ ۚ وَمَا أَرْسَلْنَاكَ عَلَيْهِمْ وَكِيلًا ۝٥٤
Rabbukum a`lamu bikum iny yashaaa yarhamkum aw iny yashaa yu`azzibkum; wa maaa arsalnaaka `alaihim wakeelaa
📖 မြန်မာဘာသာ
အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်တို့အား အကြွင်းမဲ့ သိတော် မူသောအရှင်မြတ်ပင်။ အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား သနားတော်မူပေမည်။ သို့တည်းမဟုတ် အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင်အသင်တို့အား ပြစ်ဒဏ်ခတ်တော် မူပေမည်။ စင်စစ် (အိုနဗီတမန်တော်)ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့အပေါ်၌ ကြီးကြပ်အုပ်ထိန်း သူ(တာဝန်ခံ)အဖြစ် စေလွှတ်တော်မူသည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အရှင်မြတ်သည် သင်တို့အား အသိဆုံးဖြစ်တော်မူ၏။ အကယ်၍ အလိုတော်ရှိပါက သင်တို့အား ကရုဏာပြုတော်မူမည်။ သို့မဟုတ် အကယ်၍ အလိုတော်ရှိပါက သင်တို့အား အပြစ်ဒဏ်ပေးတော်မူမည်။ ငါအရှင်မြတ်သည် သင့်အား သူတို့အပေါ် အာမခံသူအဖြစ် မစေလွှတ်ခဲ့ပါ။
  2. ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးအား မိန့်ကြားတော်မူသည်မှာ သင်တို့၏အရှင်သခင်သည် သင်တို့၏အခြေအနေများကို အသိဆုံးဖြစ်တော်မူသည်။ သင်တို့၏ လျှို့ဝှက်ချက်များ၊ ထင်ရှားသောအရာများ၊ သင်တို့၏ စိတ်နှလုံးအတွင်းရှိ အရာများကို ကောင်းစွာသိတော်မူသည်။ အကယ်၍ အရှင်မြတ်သည် သင်တို့အား ကရုဏာပြုလိုပါက အီမာန်ယုံကြည်မှုနှင့် ကောင်းသောလုပ်ရပ်များကို လုပ်ဆောင်နိုင်ရန် လမ်းညွှန်ပေးတော်မူမည်။ အကယ်၍ အရှင်မြတ်သည် သင်တို့အား အပြစ်ဒဏ်ပေးလိုပါက သင်တို့အား အီမာန်မှ လွဲချော်စေပြီး ကုဖ်ရ် (မယုံကြည်မှု) အပေါ်၌ သေဆုံးစေတော်မူမည်။ ထို့နောက် အရှင်မြတ်သည် သင်တို့အား အပြစ်ဒဏ်ပေးတော်မူမည်။

အို ရစူလ်တမန်တော်၊ ငါအရှင်မြတ်သည် သင့်အား လူသားများအပေါ် အာမခံသူ၊ သူတို့၏ကိစ္စများကို စီမံခန့်ခွဲသူ၊ သူတို့၏လုပ်ရပ်များအတွက် အစားပေးသူအဖြစ် မစေလွှတ်ခဲ့ပါ။ သင့်တာဝန်မှာ အရှင်မြတ်ထံတော်မှ သင့်အား ပေးအပ်ထားသော သတင်းစကားကို ပို့ချခြင်းနှင့် ဖြောင့်မတ်သောလမ်းကို ရှင်းလင်းစွာ ရှင်းပြခြင်းသာဖြစ်သည်။ လူသားများကို အီမာန်ယုံကြည်ရန် အတင်းအကြပ် ခိုင်းစေခြင်း သို့မဟုတ် ကုဖ်ရ်မှ တားဆီးခြင်းသည် သင့်တာဝန်မဟုတ်ပါ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးကို အသိဆုံးဖြစ်တော်မူသည်။ မည်သူက အီမာန်ယုံကြည်ရန် ထိုက်တန်သည်၊ မည်သူက မထိုက်တန်သည်ကို အရှင်မြတ်သာ အကောင်းဆုံးသိတော်မူသည်။ ထို့ကြောင့် လူသားများအနေဖြင့် အရှင်မြတ်၏ ဆုံးဖြတ်ချက်ကို လက်ခံပြီး အရှင်မြတ်ထံ ပြန်လှည့်ရမည်။
  • အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိပါက မည်သူ့ကိုမဆို ကရုဏာပြုနိုင်သည်။ ထို့ကြောင့် လူသားများအနေဖြင့် အရှင်မြတ်၏ ကရုဏာတော်ကို မျှော်လင့်ပြီး အရှင်မြတ်ထံ ဆုတောင်းရမည်။ အရ


📜 အာယာသ် 52-56 — စူရာ အလ်-အစ်ရာ

52يَوْمَ يَدْعُوكُمْ فَتَسْتَجِيبُونَ بِحَمْدِهِ وَتَظُنُّونَ إِن لَّبِثْتُمْ إِلَّا قَلِيلًا
အကြင်နေ့တွင် ထိုအရှင်မြတ်သည် အသင်တို့အား ခေါ်တော်မူမည်။ ထိုအခါ အသင်တို့သည် ထို အရှင်မြတ်အား ချီးမွမ်းကာထူးကြပေမည်။ (အမိန့် တော်နာခံကြပေမည်)ထို့ပြင် အသင်တို့သည် မိမိတို့မှာ(လူ့လောကတွင်) အနည်းငယ်မျှသာနေထိုင်ခဲ့သည်ဟု ထင်မြင်ယူဆကြပေမည်။
53وَقُل لِّعِبَادِي يَقُولُوا الَّتِي هِيَ أَحْسَنُ ۚ إِنَّ الشَّيْطَانَ يَنزَغُ بَيْنَهُمْ ۚ إِنَّ الشَّيْطَانَ كَانَ لِلْإِنسَانِ عَدُوًّا مُّبِينًا
၎င်းပြင် (အို-နဗီတမန်တော်)ငါအရှင်မြတ်၏(မုအ်မင်န်) ကျွန်များအား အကောင်းဆုံးသော စကားကိုသာပြောဆိုကြရန်အသင်ပြောကြားပါလေ။ ဧကန်အမှန် ရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့၏စပ်ကြားတွင် နှောင့်ယှက်ဖျက်ဆီးလေ့ရှိပေသည်။ မလွဲဧကန် ရှိုင်တွာန်မိစ္ဆာကောင်သည် မနုဿလူသားတို့၏ အလွန်ထင်ရှားသောရန်သူပင် ဖြစ်ချေသတည်း။
54رَّبُّكُمْ أَعْلَمُ بِكُمْ ۖ إِن يَشَأْ يَرْحَمْكُمْ أَوْ إِن يَشَأْ يُعَذِّبْكُمْ ۚ وَمَا أَرْسَلْنَاكَ عَلَيْهِمْ وَكِيلًا
အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်တို့အား အကြွင်းမဲ့ သိတော် မူသောအရှင်မြတ်ပင်။ အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား သနားတော်မူပေမည်။ သို့တည်းမဟုတ် အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင်အသင်တို့အား ပြစ်ဒဏ်ခတ်တော် မူပေမည်။ စင်စစ် (အိုနဗီတမန်တော်)ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့အပေါ်၌ ကြီးကြပ်အုပ်ထိန်း သူ(တာဝန်ခံ)အဖြစ် စေလွှတ်တော်မူသည်မဟုတ်ပေ။
55وَرَبُّكَ أَعْلَمُ بِمَن فِي السَّمَاوَاتِ وَالْأَرْضِ ۗ وَلَقَدْ فَضَّلْنَا بَعْضَ النَّبِيِّينَ عَلَىٰ بَعْضٍ ۖ وَآتَيْنَا دَاوُودَ زَبُورًا
ထိုမှတစ်ပါး အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိုးကောင်းကင်များ၌လည်း ကောင်း၊ပထဝီမြေ၌လည်းကောင်း၊ ရှိသူတို့အား ကောင်းမွန်စွာသိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေ၏။ ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် အချို့သောနဗီတမန်တော်များအားအချို့(သောနဗီတမန်တော်တို့)ထက် သာစေတော်မူခဲ့လေ၏။ထို့ပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်) ဒါဝူဒ်အား ဇဗူရ်ကျမ်းတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေ၏။
56قُلِ ادْعُوا الَّذِينَ زَعَمْتُم مِّن دُونِهِ فَلَا يَمْلِكُونَ كَشْفَ الضُّرِّ عَنكُمْ وَلَا تَحْوِيلًا
(အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ။ အသင်တို့သည် ထိုအရှင်မြတ်အားစွန့်၍ (ကိုးကွယ်ရာများအဖြစ်)ထင်မှတ်(ကိုးကွယ်) ခဲ့သူတို့အားဟစ်ခေါ်တမ်းတကြလေကုန်။ သို့(အသင် တို့ထင်မှတ်ကိုးကွယ်ကြ)ပါလည်း၊ ၎င်းတို့သည် အသင်တို့အပေါ်မှ ဘေးဒုက္ခကိုပပျောက်စေနိုင်ကြသည်လည်း မဟုတ်ချေ။ (ယင်းဘေးဒုက္ခကို)လွှဲပြောင်းနိုင်ကြ သည်လည်း မဟုတ်ပေ။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
54အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 54

စူရာ အလ်-အစ်ရာ အာယာသ် 54 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်တို့အား အကြွင်းမဲ့ သိတော် မူသောအရှင်မြတ်ပင်။ အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား…

စူရာ အာယာသ် 54/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 52–56. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers