အလ်-အစ်ရာ · 53/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
وَقُل لِّعِبَادِي يَقُولُوا الَّتِي هِيَ أَحْسَنُ ۚ إِنَّ الشَّيْطَانَ يَنزَغُ بَيْنَهُمْ ۚ إِنَّ الشَّيْطَانَ كَانَ لِلْإِنسَانِ عَدُوًّا مُّبِينًا ۝٥٣
Wa qul li`ibaadee yaqoolul latee hiya ahsan; innash shaitaana yanzaghu bainahum; innash shaitaana kaana lil insaani `aduwwam mubeenaa
📖 မြန်မာဘာသာ
၎င်းပြင် (အို-နဗီတမန်တော်)ငါအရှင်မြတ်၏(မုအ်မင်န်) ကျွန်များအား အကောင်းဆုံးသော စကားကိုသာပြောဆိုကြရန်အသင်ပြောကြားပါလေ။ ဧကန်အမှန် ရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့၏စပ်ကြားတွင် နှောင့်ယှက်ဖျက်ဆီးလေ့ရှိပေသည်။ မလွဲဧကန် ရှိုင်တွာန်မိစ္ဆာကောင်သည် မနုဿလူသားတို့၏ အလွန်ထင်ရှားသောရန်သူပင် ဖြစ်ချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 51-55 — စူရာ အလ်-အစ်ရာ

51أَوْ خَلْقًا مِّمَّا يَكْبُرُ فِي صُدُورِكُمْ ۚ فَسَيَقُولُونَ مَن يُعِيدُنَا ۖ قُلِ الَّذِي فَطَرَكُمْ أَوَّلَ مَرَّةٍ ۚ فَسَيُنْغِضُونَ إِلَيْكَ رُءُوسَهُمْ وَيَقُولُونَ مَتَىٰ هُوَ ۖ قُلْ عَسَىٰ أَن يَكُونَ قَرِيبًا
သို့တည်းမဟုတ် အသင်တို့၏ စိတ်နှလုံး၌ အဖန်ဆင်းခံများအနက်မှ အလွန် ကြီးကျယ်လှသည်ဟု (အသင်တို့)ထင်မြင်ယူဆသော အရာဝတ္ထု တစ်စုံ တစ်ရာ ဖြစ်ကြလေကုန်။သို့ဖြစ်လျှင်လည်း (ထိုအရှင်မြတ်သည် ရှင်စေတော်မူနိုင်သည်)ထို့နောက် ၎င်းတို့က မည်သူသည် ကျွန်ုပ်တို့အား ရှင်ပြန်ထစေမည်နည်းဟုပြောဆိုကြဦးအံ့။ (အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား) အသင်တို့အား ပထမအကြိမ် ဖန်ဆင်းတော်မူခဲ့သောအရှင်မြတ်သည်ပင်လျှင်(ရှင်ပြန်ထစေတော်မူအံ့ဟု) ပြောဆိုဖြေကြားပါလေ။ ထိုအခါ ၎င်းတို့သည် အသင်၏ရှေ့ဝယ်မိမိတို့၏ဦးခေါင်းများကို (အံ့ဩစွာ)ခါ၍ ယင်းရှင်ပြန်ထ စေခြင်းသည် မည်သည့်အခါ၌ ဖြစ်အံ့နည်းဟု ပြောဆို ကြဦးပေမည်။အသင်သည် (၎င်းတို့အား) ထို(အချိန်)သည်နီးကပ်ပြီးဖြစ်ဟန်တူသည်ဟု ပြောဆိုဖြေကြားပါလေ။
52يَوْمَ يَدْعُوكُمْ فَتَسْتَجِيبُونَ بِحَمْدِهِ وَتَظُنُّونَ إِن لَّبِثْتُمْ إِلَّا قَلِيلًا
အကြင်နေ့တွင် ထိုအရှင်မြတ်သည် အသင်တို့အား ခေါ်တော်မူမည်။ ထိုအခါ အသင်တို့သည် ထို အရှင်မြတ်အား ချီးမွမ်းကာထူးကြပေမည်။ (အမိန့် တော်နာခံကြပေမည်)ထို့ပြင် အသင်တို့သည် မိမိတို့မှာ(လူ့လောကတွင်) အနည်းငယ်မျှသာနေထိုင်ခဲ့သည်ဟု ထင်မြင်ယူဆကြပေမည်။
53وَقُل لِّعِبَادِي يَقُولُوا الَّتِي هِيَ أَحْسَنُ ۚ إِنَّ الشَّيْطَانَ يَنزَغُ بَيْنَهُمْ ۚ إِنَّ الشَّيْطَانَ كَانَ لِلْإِنسَانِ عَدُوًّا مُّبِينًا
၎င်းပြင် (အို-နဗီတမန်တော်)ငါအရှင်မြတ်၏(မုအ်မင်န်) ကျွန်များအား အကောင်းဆုံးသော စကားကိုသာပြောဆိုကြရန်အသင်ပြောကြားပါလေ။ ဧကန်အမှန် ရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့၏စပ်ကြားတွင် နှောင့်ယှက်ဖျက်ဆီးလေ့ရှိပေသည်။ မလွဲဧကန် ရှိုင်တွာန်မိစ္ဆာကောင်သည် မနုဿလူသားတို့၏ အလွန်ထင်ရှားသောရန်သူပင် ဖြစ်ချေသတည်း။
54رَّبُّكُمْ أَعْلَمُ بِكُمْ ۖ إِن يَشَأْ يَرْحَمْكُمْ أَوْ إِن يَشَأْ يُعَذِّبْكُمْ ۚ وَمَا أَرْسَلْنَاكَ عَلَيْهِمْ وَكِيلًا
အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်တို့အား အကြွင်းမဲ့ သိတော် မူသောအရှင်မြတ်ပင်။ အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား သနားတော်မူပေမည်။ သို့တည်းမဟုတ် အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင်အသင်တို့အား ပြစ်ဒဏ်ခတ်တော် မူပေမည်။ စင်စစ် (အိုနဗီတမန်တော်)ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့အပေါ်၌ ကြီးကြပ်အုပ်ထိန်း သူ(တာဝန်ခံ)အဖြစ် စေလွှတ်တော်မူသည်မဟုတ်ပေ။
55وَرَبُّكَ أَعْلَمُ بِمَن فِي السَّمَاوَاتِ وَالْأَرْضِ ۗ وَلَقَدْ فَضَّلْنَا بَعْضَ النَّبِيِّينَ عَلَىٰ بَعْضٍ ۖ وَآتَيْنَا دَاوُودَ زَبُورًا
ထိုမှတစ်ပါး အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မိုးကောင်းကင်များ၌လည်း ကောင်း၊ပထဝီမြေ၌လည်းကောင်း၊ ရှိသူတို့အား ကောင်းမွန်စွာသိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေ၏။ ထိုမှတစ်ပါး မလွဲဧကန် ငါအရှင်မြတ်သည် အချို့သောနဗီတမန်တော်များအားအချို့(သောနဗီတမန်တော်တို့)ထက် သာစေတော်မူခဲ့လေ၏။ထို့ပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်) ဒါဝူဒ်အား ဇဗူရ်ကျမ်းတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေ၏။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
53အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 53

စူရာ အလ်-အစ်ရာ အာယာသ် 53 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (အို-နဗီတမန်တော်)ငါအရှင်မြတ်၏(မုအ်မင်န်) ကျွန်များအား အကောင်းဆုံးသော စကားကိုသာပြောဆိုကြရန်အသင်ပြောကြားပါလေ။ ဧကန်အမှန် ရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့၏စပ်ကြားတွင် နှောင့်ယှက်ဖျက်ဆီးလေ့ရှိပေသည်။ မလွဲဧကန်…

စူရာ အာယာသ် 53/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 51–55. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers